စလစ္မွ ဂရန္ ေျပာင္းေလွ်ာက္လိုလွ်င္ မူလပိုင္ရွင္ ေထာက္ခံရမည္

စလစ္မွ ဂရန္ ေျပာင္းေလွ်ာက္လိုလွ်င္ မူလပိုင္ရွင္ ေထာက္ခံရမည္ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2019 12:40 pm တွင် တင်ခဲ့သည်
2289 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

ေျမခ်ပါမစ္ စလစ္ေျမမ်ားအား အိမ္ျခံေျမေစ်းကြက္အတြင္း အေထြေထြကိုယ္စားလွယ္ လႊဲစာျဖင့္ အဆင့္ဆင့္လႊဲေျပာင္း ေရာင္းခ်ေနျခင္းေၾကာင့္ ေနာက္ဆံုး ဝယ္ယူထားသူအေနျဖင့္ ေျမဂရန္ ေလွ်ာက္ထားရာတြင္ မူလေျမခ်ပါမစ္ (စလစ္) ပါ မူရင္းပိုင္ရွင္၏ ေထာက္ခံခ်က္ လိုအပ္သည့္အတြက္ မူလ ပိုင္ရွင္မ်ားက ေငြေၾကး ေတာင္းခံမႈမ်ားရွိေနေၾကာင္း အိမ္ျခံေျမ အက်ဳိးေဆာင္မ်ား ႏွင့္ ဥပေဒ ပညာရွင္မ်ားထံမွ သိရသည္။

”စလစ္ေျမကို ဂရန္ေျမအျဖစ္ေျပာင္းခ်င္ရင္ မူလစလစ္ခ်ထားေပးတဲ့လူက လက္မွတ္ထိုးေပးရမယ္။ ပိုင္ရွင္ ဘယ္ႏွစ္ေယာက္ပဲ ေျပာင္းသြားပါေစ ေနာက္ဆံုးဝယ္တဲ့သူက အေရာင္းအဝယ္စာခ်ဳပ္ အဆင့္ဆင့္ကိုေတာင္းထားရမယ္။ မေပးႏိုင္ဘူးဆိုရင္ေတာ့ မဝယ္သင့္ဘူး။ မူလ စလစ္ ပိုင္ရွင္ေတြကလည္း သူတို႔ေရာင္းလိုက္တုန္းကရတဲ့ ေစ်းနဲ႔ အခုေစ်းက အရမ္းကြာေနေတာ့ အလြယ္တကူ လက္မွတ္မထိုးခ်င္ၾကဘူး။

ဒီေတာ့ ေနာက္ဆံုးဝယ္တဲ့သူက ဂရန္ေျပာင္းခ်င္ေတာ့ ေငြေၾကးႏႈန္းထား ညိႇၿပီး လက္မွတ္ထိုးခိုင္းလာၾကတယ္။ တျခားနည္းလမ္းေတြလည္း ရွိေပမယ့္ ကုန္က်စရိတ္ကအရမ္းမ်ားေတာ့ ဝယ္တဲ့သူ ေတာ္ေတာ္မ်ားမ်ားက အဲဒီအတိုင္းလုပ္တာ။ ေစ်းကြက္ထဲမွာ အမ်ားႀကီးပဲ” ဟု တရား လႊတ္ေတာ္ေရွ႕ေနဦးေအးမင္းက ေျပာသည္။

မူလပိုင္ရွင္မ်ားႏွင့္ လံုးဝ ဆက္သြယ္မရသည့္ ေျမကြက္မ်ားအေနျဖင့္ သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီ ႐ံုးမ်ားသို႔ သြားေရာက္ေလွ်ာက္ထားႏိုင္ ကာ သတင္းစာမ်ားထဲတြင္ ကန္႔ကြက္ႏိုင္သည့္ ေၾကာ္ျငာ မ်ားထည့္သြင္း၍ လုပ္ထံုးလုပ္နည္းမ်ားအရ ႏွစ္ပတ္ေစာင့္ဆိုင္းၿပီး ကန္႔ကြက္မည့္သူ မရွိပါက ေျမအမည္ေပါက္ ေလွ်ာက္ထားႏိုင္သည့္ နည္းလမ္းအျပင္ အိမ္ျခံေျမ ေစ်းကြက္ အတြင္း၌ မသမာေသာနည္းလမ္းမ်ားျဖင့္လည္း အိမ္ျခံေျမ အက်ဳိးေဆာင္အခ်ဳိ႕ႏွင့္ ေရွ႕ေနအခ်ဳိ႕ကအမည္ေပါက္ရရွိရန္ လုပ္ကိုင္ေပးေနျခင္းတို႔ ရွိေနေသာ္ လည္း ေငြကုန္ေၾကးက်မ်ားျခင္းေၾကာင့္ လက္ေရာက္ ပုိင္ဆုိင္သူ ေျမကြက္ပိုင္ရွင္မ်ားအေနျဖင့္ တရားဥပေဒ ေၾကာင္းအရ စလစ္ေျမကို ဂရန္ေျမအျဖစ္ေျပာင္းလဲေရးအတြက္ မူလပိုင္ရွင္ကိုရွာေဖြရန္ မျဖစ္မေနလိုအပ္လ်က္ ရွိသည္။

" တခ်ဳိ႕ကလည္း လိုင္းရိုက္တဲ့အလုပ္ေတြ လုပ္ၾကတယ္။ ပိုက္ဆံလည္း ေျမကြက္တန္ဖိုးအလိုက္ေပးရတာရိွတယ္။ အိမ္၊ ၿခံ၊ ေျမ ေစ်းကြက္မွာ ဒီျပႆနာေတြက အမ်ားႀကီးပဲ။ လံုးဝအစ ေပ်ာက္ေနတာကို လုပ္ေပးတဲ့သူေတြလည္း ရိွေနေပမယ့္ ဥပေဒအရ မူလပိုင္ရွင္ကို မျဖစ္မေနရွာရမယ္။ လုပ္တဲ့လူေတြမွာလည္း သူတို႔ခ်ိတ္ေတြနဲ႔ လုပ္တာမ်ားတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အထူးသျဖင့္ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္းမွ စတင္ကာ ၿမိဳ႕ကြက္သစ္မ်ားအျဖစ္ ေဖာ္ထုတ္ခ်ထားေပးသည့္ ၿမိဳ႕နယ္မ်ားရိွ ေနထိုင္သူအမ်ားစုမွာ ယေန႔အခ်ိန္အိ ေျမခ်ဂရန္ထုတ္ၿပီးထားသည့္ လူေနအိမ္၊ ေျမကြက္မ်ားထက္ စလစ္ေျမမ်ားကိုသာ ပိုမို အေရာင္းအဝယ္လုပ္လာလိုၾကေၾကာင္း သိရသည္။

“၂၀၀၀ ျပည့္ႏွစ္တုန္းက ၁၅ သိန္းနဲ႔ ေရာင္းသြားတဲ့ စလစ္ေျမကို အခု ေနာက္ဆံုးပိုင္တဲ့သူက ဂရန္အျဖစ္ေျပာင္းခ်င္လို႔ မူလပိုင္ရွင္ကိုရွာေတာ့ ပိုက္ဆံဘယ္ေလာက္မွ လက္မွတ္ထိုးေပးမယ္လို႔ ျဖစ္ကုန္တယ္။ ဝယ္တဲ့သူကလည္း ဂရန္လိုခ်င္ေတာ့ ညိွၿပီး ပိုက္ဆံေပးလိုက္ေတာ့အဆင္ေျပသြား တယ္” ဟု ေရႊမာလာ အိမ္၊ ၿခံ၊ ေျမ အက်ိဳးေဆာင္လုပ္ငန္းမွ ေဒၚမာလာက ေျပာသည္။

စလစ္ႏွင့္ ေရာင္းခ်ထားေသာ ေျမမ်ားသာမက တိုက္ခန္း၊ ကြန္ဒို မ်ား အေရာင္းအဝယ္ ျပဳလုပ္ၿပီးပါက စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ရံုး၌ စာရင္းေပးသြင္းထားမွသာ ေျမယာပိုင္ဆိုင္မႈႏွင့္ ပတ္သက္၍ အမႈအခင္း မ်ားျဖစ္ပြားလာပါက တရားရံုးမ်ားတြင္ တရားဝင္သက္ေသအျဖစ္ တင္ျပႏိုင္သည့္ အခြင့္အေရးမ်ားရိွမည္ျဖစ္သည္။ “စာခ်ဳပ္စာတမ္း မွတ္ပုံတင္ရံုးမွာ ရာခိုင္ႏႈန္း အလိုက္ အခြန္ေဆာင္ရမယ္။ ၿပီးလို႔ စလစ္ထြက္လာမွ အမည္ေျပာင္းလို႔ရမယ္” ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးေအးမင္းက ေျပာသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit : ကိုေဇယ်ာလင္း

 

### Unicode Version ###

မြေချပါမစ် စလစ်မြေများအား အိမ်ခြံမြေဈေးကွက်အတွင်း အထွေထွေကိုယ်စားလှယ် လွှဲစာဖြင့် အဆင့်ဆင့် လွှဲပြောင်း ရောင်းချနေခြင်းကြောင့် နောက်ဆုံး ဝယ်ယူထားသူအနေဖြင့် မြေဂရန် လျှောက်ထားရာတွင် မူလမြေချပါမစ် (စလစ်) ပါ မူရင်းပိုင်ရှင်၏ ထောက်ခံချက် လိုအပ်သည့်အတွက် မူလ ပိုင်ရှင်များက ငွေကြေး တောင်းခံမှုများ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ နှင့် ဥပဒေ ပညာရှင်များထံမှ သိရသည်။

”စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှစ်ယောက်ပဲ ပြောင်းသွားပါစေ နောက်ဆုံး ဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကိုတောင်းထားရမယ်။ မပေးနိုင်ဘူးဆိုရင်တော့ မဝယ်သင့်ဘူး။ မူလ စလစ် ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့ အခုဈေးက အရမ်းကွာနေတော့ အလွယ်တကူ လက်မှတ်မထိုးချင်ကြဘူး။

ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ်ထိုးခိုင်းလာကြတယ်။ တခြားနည်းလမ်းတွေလည်း ရှိပေမယ့် ကုန်ကျစရိတ်ကအရမ်းများတော့ ဝယ်တဲ့သူ တော်တော်များများက အဲဒီအတိုင်းလုပ်တာ။ ဈေးကွက်ထဲမှာ အများကြီးပဲ” ဟု တရား လွှတ်တော်ရှေ့နေဦးအေးမင်းက ပြောသည်။

မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင်သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ်စောင့်ဆိုင်းပြီး ကန့်ကွက်မည့်သူ မရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည့် နည်းလမ်းအပြင် အိမ်ခြံမြေ ဈေးကွက် အတွင်း၌ မသမာသောနည်းလမ်းများဖြင့်လည်း အိမ်ခြံမြေ အကျိုးဆောင်အချို့နှင့် ရှေ့နေအချို့ကအမည်ပေါက်ရရှိရန် လုပ်ကိုင်ပေးနေခြင်းတို့ ရှိနေသော် လည်း ငွေကုန်ကြေးကျများခြင်းကြောင့် လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်လျက် ရှိသည်။

" တချို့ကလည်း လိုင်းရိုက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ပိုက်ဆံလည်း မြေကွက်တန်ဖိုးအလိုက်ပေးရတာရှိတယ်။ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဒီပြဿနာတွေက အများကြီးပဲ။ လုံးဝအစ ပျောက်နေတာကို လုပ်ပေးတဲ့သူတွေလည်း ရှိနေပေမယ့် ဥပဒေအရ မူလပိုင်ရှင်ကို မဖြစ်မနေရှာရမယ်။ လုပ်တဲ့လူတွေမှာလည်း သူတို့ချိတ်တွေနဲ့ လုပ်တာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြို့ကွက်သစ်များအဖြစ် ဖော်ထုတ်ချထားပေးသည့် မြို့နယ်များရှိ နေထိုင်သူအများစုမှာ ယနေ့အချိန်အိ မြေချဂရန် ထုတ်ပြီးထားသည့် လူနေအိမ်၊ မြေကွက်များထက် စလစ်မြေများကိုသာ ပိုမို အရောင်းအဝယ်လုပ်လာလိုကြကြောင်း သိရသည်။

“၂၀၀၀ ပြည့်နှစ်တုန်းက ၁၅ သိန်းနဲ့ ရောင်းသွားတဲ့ စလစ်မြေကို အခု နောက်ဆုံးပိုင်တဲ့သူက ဂရန်အဖြစ်ပြောင်းချင်လို့ မူလပိုင်ရှင်ကိုရှာတော့ ပိုက်ဆံ ဘယ်လောက်မှ လက်မှတ်ထိုးပေးမယ်လို့ ဖြစ်ကုန်တယ်။ ဝယ်တဲ့သူကလည်း ဂရန်လိုချင်တော့ ညှိပြီး ပိုက်ဆံပေးလိုက်တော့အဆင်ပြေသွား တယ်” ဟု ရွှေမာလာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

စလစ်နှင့် ရောင်းချထားသော မြေများသာမက တိုက်ခန်း၊ ကွန်ဒို များ အရောင်းအဝယ် ပြုလုပ်ပြီးပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ စာရင်းပေးသွင်းထားမှသာ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမှုအခင်း များဖြစ်ပွားလာပါက တရားရုံးများတွင် တရားဝင် သက်သေအဖြစ် တင်ပြနိုင်သည့် အခွင့်အရေးများ ရှိမည်ဖြစ်သည်။ “စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ရာခိုင်နှုန်း အလိုက် အခွန်ဆောင်ရမယ်။ ပြီးလို့ စလစ်ထွက်လာမှ အမည်ပြောင်းလို့ရမယ်” ဟု တရား လွှတ်တော် ရှေ့နေ ဦးအေးမင်းက ပြောသည်။

Credit : ကိုဇေယျာလင်း

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service