မြေငှါး စာချုပ်ပါအတိုင်း သဘောတူတာ သေချာရဲ့လား….

မြေငှါး စာချုပ်ပါအတိုင်း သဘောတူတာ သေချာရဲ့လား…. - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2019 1:28 pm တွင် တင်ခဲ့သည်
1942 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ခြံမြေဝယ်ယူထားသူများကို လေ့လာကြည့်ရင် အမှန်တကယ်အခြေချနေထိုင်ဖို့အတွက် ဝယ်ယူသူများရှိသလို ဝယ်ယူရင်းနှီးမြှုပ်နှံထားပြီး ဈေးကောင်းရမှ ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဝယ်ယူထားသူများလည်းရှိပါတယ်။အချို့သော သူများကျတော့လည်း အဲဒီရည်ရွယ်ချက်မျိုးမဟုတ်ဘဲ အဆောင်အဦးဆောက်ပြီး ငှါးစားကြသူတွေ တွေ့ရပြန်တယ်။

အဲဒီလို အဆောက်အဦးဆောက်ပြီး ငှါးရမ်းရရှိတဲ့ငွေနဲ့စီးပွားရှာသူတွေထဲမှာ “ကိုစိုးသူ ” တစ်ယောက်လည်းပါပါတယ်။ အဆောက်အဦးဆိုပေမယ့် သာမာန်အဆောက်အဦးမဟုတ်ပါ ( ၇၅ ပေ x ပေ ၁၅၀) အကျယ်ရှိတဲ့ မြေကွက်အပြည့်ဆောက်ထားတဲ့ အဆောက်အအုံကြီးပါ။

အဲဒီလို အဆောက်အအုံကြီးသလို ဆောက်လုပ်စရိတ်ကလည်းများပါတယ်။ ရင်းနှီးမြှုပ်နှံရတဲ့ စရိတ်များတဲ့အတွက် အဆောက်အဦးငှါးရမ်းတဲ့ အခါမှာလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများ မငှါးနိုင်ပါဘူး။လုပ်ငန်းကြီးလုပ်ကိုင်သူတွေအတွက် ရည်ရွယ်ဆောက်ထားတဲ့သဘောပါ။

ဒါကြောင့်လာရောက်ငှါးရမ်းသူတွေထဲမှာ ပြည်တွင်းကလုပ်ငန်းရှင်တွေရှိသလို ၊ နိုင်ငံခြားကလာရောက်ရင်းနှီးမြှုပ်တဲ့နိုင်ငံခြားသားတွေလည်းပါတာပေါ့။ ငှါးရမ်းသူဆိုတာကလည်း ပြည်တွင်းကဘဲဖြစ်ဖြစ်၊ ပြည်ပကဘဲ ဖြစ်ဖြစ် ငှါးရမ်းခကတော့ နည်းလေ ကောင်းလေပေါ့။

နိုင်ငံသားလည်း ပုထုဇဉ်လူသားဘဲ ၊ နိုင်ငံခြားသားလည်း ပုထုဇဉ်လူသားဘဲလေ ကိုယ်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုးလိုဘဲပေါ့ မဟုတ်ဘူးလား။

အခုလည်းကြည့်လေ “ ကိုစိုးသူ ” က သံဘော်ဒီနဲ့ဆောက်ထားတဲ့ အဆောက်အဦးကြီးကိုလာရောက်ငှါးရမ်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတစ်ဦးနဲ့ (၃)နှစ် အငှါးစာချုပ်စဉ်က အဆောက်အဦးတစ်ခုလုံးငှါးရမ်းပေးခဲ့ပါတယ်။ ငှါးရမ်းခ တစ်လ သိန်း (၂၀) နဲ့ တစ်နှစ်စာပေးရပါတယ်။ တစ်နှစ်စာ ငှါးရမ်းခ သိန်း (၂၄၀) ရတာပေါ့။ အဲဒီလိုတစ်နှစ် ငှါးရမ်းကာလပြည့်သွားရင် နောက်တစ်နှစ်စာကို အသစ်ပြန်ပြီး စာချုပ်ရပါတယ်။ အဲဒီလိုစာချုပ်တဲ့ အခါတိုင်း ကျွန်ုပ်ကို “ ကိုစိုးသူ ” က ခေါ်ပါတယ်။

ငှါးရမ်းသူတွေသဘောကတော့ တစ်လ သိန်း (၂၀) နဲ့ ငှါးရမ်းထားတယ်ဆိုပေမယ့်လည်း တစ်နှစ်ပြည့်သွားလို့ စာချုပ်အသစ်ပြန်ချုပ်ရင် ဆင်ခြေတော့ပေးကြသေးတာဘဲ။ အရောင်းအဝယ်တွေ မကောင်းလို့ဈေးလျှော့ပါဦး။ ဒေါ်လာဈေးတွေတက်နေလို့ အမြတ်အစွန်းနည်းနေပါတယ်။အလုပ်သမားခတွေနှုတ်လိုက်ရင် အမြတ်မကျန်တော့ဘူး။ဒါကြောင့် တစ်လ (၁၈)သိန်း လောက်ထားပေးပါ။ စသဖြင့် ဈေးဆစ်တတ်ကြတယ်လေ။

အရောင်းအဝယ် မကောင်းတာနဲ့ ဒေါ်လာဈေးတက်တာကတော့ “ ကိုစိုးသူ” ကလည်း လုပ်ငန်းရှင်တစ်ယောက်ဆိုတော့ သိတာပေါ့။ ဒါပေမယ့်လည်း စာချုပ်ပါစည်းကမ်းချက်အတိုင်းကတော့ ငှါးရမ်းသူတိုင်းလိုက်နာရမှာဘဲလေ။ဈေးကွက်အခြေအနေကို ငှါးရမ်းသူသိသလို “ကိုစိုးသူ” ကလည်း သိနေတာဘဲ။ ဒါပေမဲ့လည်း လူဆိုတာ အတ္တသမားတွေမဟုတ်လား။ ဒီအထဲဘယ်သူတွေသင်ပေးလိုက်သလဲမသိပါဘူး။ မြန်မာနိုင်ငံမှာလာရောက်ပြီး ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာလိုဘဲ ဈေးဆစ်တတ်လာပြီနော်။

ဒါပေမယ့် မြန်မာလူမျိုးတို့ရဲ့ ဆိုရိုးကလေးတစ်ခုရှိတယ်လေ “ ချစ်ရင်အလကားပေးပါ ဒါပေမယ့် အရောင်းအဝယ်တော့ထုံးစံ အတိုင်းလုပ်ပါတဲ့ ” အခုလည်းဘယ်လိုဘဲ အကြောင်းတွေပြနေပါစေ “ ကိုစိုးသူ”တစ်ယောက် အလှူပေးနေတာမဟုတ်ပါ အဆောက်အဦး ငှါးရမ်းတာဖြစ်တဲ့အတွက် ထုံးစံအတိုင်း တစ်လ သိန်း (၂၀) နဲ့ဘဲ မြေနဲ့အဆောက်အဦးအငှါးစာချုပ် ချုပ်လိုက်ကြပါတယ်။

တကယ်တော့ သူတို့မပေးနိုင်တာမဟုတ်ပါဘူး။ဈေးဆစ်တဲ့ ဝါသနာပါနေလို့ပါ ၊ ဒီနေရာမှာ ငှါးရမ်းခြင်းအကြောင်းပတ်သက်လို့ မှတ်သားစရာ တစ်ခုသတိရလို့ပြောပြချင်ပါသေးတယ်။ အဆောက်အဦးတစ်ခု ငှါးရမ်းတယ်ဆိုတာလည်း ငှါးရမ်းသူနဲ့ အငှါးချထားသူ (ပိုင်ရှင်) တို့ နှစ်ဦးသဘောတူကတိပြုလိုက်တာဘဲ တနည်းအားဖြင့် ပဋိညာဉ်ပြုလိုက်တာဘဲလေ။ ကတိစာချုပ်ထဲမှာ (၃) နှစ်လို့ သဘောတူညီပြီးရင် (၃)နှစ် အပြည့် ငှါးရမ်းခပေးရမှာဘဲ။

တကယ်လို့ အငှါးချထားသူ (ပိုင်ရှင်)က ကတိပဋိညာဉ်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ချို့အချက်ကိုပြင်ဆင် ပြောင်းလဲပေးခဲ့ရင်တော့ အဲဒီပြင်ဆင်ပြောင်းလဲပေးတဲ့ ကတိအတိုင်းဆောင်ရွက်ပေးနိုင်တာပေါ့။

ဥပမား။ ။ ငှါးရမ်းခလစာ သိန်း (၂၀) မှ (၁၈) သိန်း အထိ ပြင်ဆင်ပေးတာမျိုးပေါ့။ ရှေ့လူကြီးက မှတ်သားစရာထားခဲ့တာရှိတယ် “ နှုတ်တစ်ရာ စာတစ်လုံး ” ဆိုတဲ့စကားလေး၊ စာတစ်ကြောင်းက နှုတ် (ပါးစပ်) နဲ့ တစ်ရာပြောတာထက်ပိုမိုတိကျခိုင်လုံပါတယ်။

ဒါကြောင့် ကတိစာချုပ်တစ်ခုပြုလုပ်တော့မယ်ဆိုရင် နှစ်ဦးနှစ်ဘက်စလုံးက မိမိကိုလုပ်ပေးနိုင်တာ ဆောင်ရွက်ပေးနိုင်တာကိုဘဲ စာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုဖို့လိုအပ်ပါတယ် ၊ မဖြစ်နိုင်တာတွေထည့်သွင်းချုပ်ဆိုရင် အဲဒီ ကတိပဋိညာဉ်စာချုပ်မျိုးဟာ ရှင်းရတာခက်ခဲပါတယ်။ (ဥပမာ။ ။ ရောင်းချတဲ့ မြေနဲ့အိမ်ဟာ အမွေဆိုင် ဖြစ်နေခဲ့ရင် ဝယ်သူ (တစ်စိမ်း) ဖြစ်သူကို လွှဲပြောင်းပေးဖို့ ရောင်းသူတစ်ဦးတည်းကိုတောင်းဆိုပိုင်ခွင့်မရှိပါ

(ပဋိညာဉ်ဥပဒေပုဒ်မ ၄၄)

ဒါပေမယ့် လက်ရှိအချိန်မှာတော့ စီးပွားရေ ကျပ်တည်းလို့မြေနဲ့အိမ်ပိုင်ဆိုင်မှုဂရန်ကိုပေါင်နှံခဲ့ရင် အပေါင်ခံသူ (ငွေရှင်)တွေက အပေါင်စာချုပ်နဲ့ လက်မခံတော့ဘဲ မြေနဲ့အိမ်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရတဲ့အပြင် အိမ်သော့အပ်နံမှသာ ငွေချေးတာမျိုးတွေရှိနေပြီလို့ သိရပါတယ်။ ဒီလို စာချုပ်မျိုးတွေဟာ ကတိစာချုပ် အစစ်လား ၊ ဟန်ဆောင်စာချုပ်လားဆိုတာ သက်သေပြနိုင်ဖို့ မကျေမနပ်ဖြစ်ကြရင် တရားရုံးမှာ ထက်ပြီး အဆုံးအဖြတ်ခံယူကြရတာတွေဖြစ်လာတက်ပါတယ်။ဒါကြောင့် ကတိကဝတ်ပြုတဲ့ စာချုပ်တစ်ခုချုပ်တဲ့အခါ သေချာဖတ်ရှုလေ့လာပြီးမှ ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service