မြို့တော်ခန်းမရှိ ပြည်သူ့ဝန်ဆောင်မှု ဌာနများကိုသာ ပြောင်းရွှေ့မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကျန်ဌာနများကို မူလအတိုင်း ထားမည်

မြို့တော်ခန်းမရှိ ပြည်သူ့ဝန်ဆောင်မှု ဌာနများကိုသာ ပြောင်းရွှေ့မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကျန်ဌာနများကို မူလအတိုင်း ထားမည် - Property News in Myanmar from iMyanmarHouse.com
18 Jun 2019 11:47 am တွင် တင်ခဲ့သည်
1272 ကြိမ် ကြည့်ရှု့ပြီး

မြို့တော်ခန်းမရှိ ပြည်သူ့ဝန်ဆောင်မှု ဌာနများကိုသာ ပြောင်းရွှေ့မည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် ကျန်ဌာနများကို မူလအတိုင်းထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း က ပြောကြားသည်။

ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီက ပြောင်းရွှေ့မှာမဟုတ်ဘူး။ ပြည်သူ့ ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ မြို့ပြ၊ မြေဝန်ဆောင်မှုတွေ ရှိတယ်။ အဆောက်အအုံနဲ့ ပတ်သက်လို့ ဝန်ဆောင်မှုတွေရှိတယ်။ အများပြည်သူက မြို့တော်ခန်းမကိုပဲ စုပြီး လာနေရလို့ လမ်းတွေ ကြပ်တယ်။ ဒီမြို့တော်ခန်းမကြီးမှာ လူစုလူဝေးတွေ ဖြစ်တယ်။ One Stop Service လုပ်ပေးချင်သော်လည်းပဲ ဒီမှာ တိုးဝှေ့ပြီးတော့ ဆောင်ရွက်နေရတဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ဝန်ဆောင်မှု ဌာနတွေကို အပြင်ကို ရွှေ့မှာ ဖြစ်တယ်” ဟု ဦးသန်းက ပြောကြားသည်။

မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ စီမံရေးရာဌာနနှင့် ဘတ်ဂျက်ရေးရာ ဌာနများကို မူလအတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

“ ၄၆ လမ်းက လေမှုတ်ထုတ်စက်ရုံနားမှာ မြေအပိုရှိတယ်။ အဲဒီမှာ အဆောက်အအုံဆောက်ဖို့ စီစဉ်ထားတယ်။ အဲဒါက မှတ်တမ်းရုံးထားဖို့ မြို့တော်ခန်းမမှာရှိတဲ့ အမှုခန်းက တန် ၇၀ ပဲခံနိုင်အားရှိတယ်။ အမှုတွဲတွေက တန် ၇၀ ထက်မကဘူး ရှိနေတယ်။ အဲဒီအတွက်ကြောင့် မှတ်တမ်းရုံးဆောက်ရင်းနဲ့ နောက်ဌာနတစ်ခုရမလား နှစ်ခုရမလား အဲဒီ မှာထည့်မှာ။ နောက်တစ်ခုက Time City ဆောက်နေတယ်။ အဲဒီအဆောက်အအုံကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြန်ရမယ့် အချိုးအစား တစ်ခုရှိတယ်။ အဲဒီမှာလည်း ပြောင်းသင့်တဲ့ ဌာနတွေပြောင်းဖို့ရှိတယ်။ လတ်တလော မဟုတ်သေးပါဘူး။ ရေရှည်အတွက်ပြောင်းဖို့ ရှိပါတယ်” ဟု ဦးသန်းက ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ် ရှိ လေမှုတ်ထုတ် စက်ရုံဝင်းအတွင်း မှတ်တမ်းဌာနတစ်ခု တည်ဆောက်ရန်အတွက် ကျပ်ဘီလျံ ၃၀ နီးပါး အကုန်အကျခံတည်ဆောက်ရန် မလိုအပ်ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

“ အခုခေတ်မှာ ဒစ်ဂျစ်တယ်စနစ်ကို အကုန်ပြောင်းနေကြပြီ၊ သေးသေးမွှားမွှားနဲ့ အကုန်သိမ်းနိုင်တဲ့ခေတ်ရောက်နေပြီ။ အဆောက်အအုံကြီးထဲမှာ စာရွက်စာတမ်းတွေနဲ့ သိမ်းတဲ့ခေတ်မှ မဟုတ်တော့တာ။ ကျွန်တော်တို့ ကိုယ်တိုင် E- Government ကို ပြောင်းနေတယ် ပြောနေတာ။ မှတ်တမ်းထိန်းသိမ်းဖို့ အဆောက်အအုံအတွက် ကျပ်ဘီလျံ ၃၀ နီးပါး သုံးတယ်ဆိုတာက လုံးဝအဓိပ္ပာယ်မရှိဘူး” ဟု ဦးရန်ရှင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ခြင်းအား ယခုနှစ်တွင် ကျပ်သန်း ၇၀၀၀ တောင်းခံထားခြင်းသည် On Going Process အရ တောင်းခံခြင်း ဖြစ်သော်လည်း အသေးစိတ် တွက်ချက်မှု တင်ပြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service