နေအိမ်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေသော amazon တည်ထောင်သူ ဂျက်ဘီဇော့စ်က မန်ဟက်တန်ရှိ လူနေခန်း ၃ ခုကို ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူလိုက်ပြီ

နေအိမ်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေသော amazon တည်ထောင်သူ ဂျက်ဘီဇော့စ်က မန်ဟက်တန်ရှိ လူနေခန်း ၃ ခုကို ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
12 Jun 2019 11:47 am တွင် တင်ခဲ့သည်
705 ကြိမ် ကြည့်ရှု့ပြီး

amazon.com တည်ထောင်သူ ဂျက်ဘီဇော့စ်သည် မကြာသေးမီ လပိုင်းအတွင်း ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်နှင့်အတူ နေအိမ်ရှာဖွေမှုများ အဆက်မပြတ် ပြုလုပ်နေခဲ့ပြီး အဆိုပါသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက

(၁) https://www.imyanmarhouse.com/news/read/814521 

(၂) https://www.imyanmarhouse.com/news/read/820692  အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

ယခုအခါ ဂျက်ဘီဇော့စ်သည် နယူးယောက်မြို့ မန်ဟက်တန်အရပ် NoMad အဆောက်အအုံကြီး၏ အပေါ်ဆုံးအလွှာ ၄ ခုကို စုစုပေါင်းတန်ဖိုးငွေ ကန်ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူမှုများ အပြီးသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နယူးယောက်မြို့၊ Madison Square Park နှင့် ကပ်လျက် ပဉ္စမရိပ်သာလမ်း၊ အမှတ် ၂၁၂ အဆောက်အအုံကြီးတွင် အလွှာ ၃ လွှာဖြန့်ကျက်တည်ရှိသည့် penthouse ခန်းအပြင် အဆိုပါအခန်း၏ အောက်ထပ်တွင် ကပ်လျက်တည်ရှိသည့် အခန်း ၂ ခန်းကို ဝယ်ယူကာ အလွှာ ၄ လွှာရှိ အခန်းများအား စုပေါင်းကာ ကြီးမားသည့် နေအိမ်တစ်ခုအဖြစ် ဖွဲ့စည်းရန် ဂျက်ဘီဇော့က စီစဉ်ခြင်းဖြစ်သည်။

“အဆောက်အအုံကြီးမှာ နေထိုင်နေတဲ့သူတွေက ဒီကိစ္စကိုပဲ ပြောနေကြပါတယ်။ သူတို့ရဲ့ အဆောက်အအုံမှာ ဂျက်ဘ်ဘီဇော့စ် အိမ်နီးချင်းဖြစ်လာမှာကို စိတ်လှုပ်ရှားနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လူနေခန်းဈေးတွေ မြင့်တက်လာတော့မှာ ဖြစ်တာကြောင့်ပါ”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

ဂျက်ဘီဇော့စ်က အဆိုပါအခန်းများကို ကြိမ်ဖန်များစွာ ကြည့်ရှုပြီးနောက်တြွင် အရောင်းအဝယ်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံ developer ကမူ ဝယ်လက်မှာ ဂျက်ဘီဇော့စ်ဖြစ်သည်ဆိုသည့်အချက်ကို ငြင်းပယ်ထားသည်။

ဂျက်ဘီဇော့စ်က အဆိုပါအခန်းများကို ဝယ်ယူလိုက်ကြောင်း ပထမဆုံးစတင်ဖော်ပြခဲ့သည်မှာ ဝေါစထရိဂျာနယ်ကြီး ဖြစ်သည်။

Penthouse ခန်းသည် အလွှာ ၃ လွှာဖြန့်ကျက်တည်ရှိပြီး လူနေ နေရာများ ကျယ်ပြောစွာ ပါဝင်ကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းတို့ ပါဝင်သည်။

၂၀၁၇ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ ပထမဆုံးစတင်ဝင်ရောက်စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇၃ ဒသမ ၈ သန်းဖြစ်ပြီး လက်ရှိတွင်မူ ကန်ဒေါ်လာ ၅၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်။

ဂျက်ဘီဇော့စ်သည် အခန်းအားလုံးအတွက် ကန်ဒေါ်လာ ၈၇ ဒသမ ၈ သန်းခန့် သုံးစွဲခဲ့ရသည်ဟု ဆိုသည်။

Penthouse ခန်း၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၇၉ ရှိပြီး သီးသန့်ဓာတ်လှေကားတစ်ခုပါဝင်ကာ ရေကူးကန်ပါဝင်သည့် အခန်းတစ်ခန်းလည်း ပါဝင်သေးသည်။

ဂျက်ဘီဇော့စ် ဝယ်ယူဖြစ်ရန် အကြိုက်နှစ်သက်ဆုံးဖြစ်ခဲ့စေသည်မှာ မြင့်မားသော အုတ်နံရံများကြောင့်ဖြစ်နိုင်ပြီး စပ်စုမည့် မျက်လုံးများကို ကာကွယ်ပေးထားနိုင်သောကြောင့် ဖြစ်နိုင်သည်။

ဂျက်ဘီဇော့စ်နှင့် ဇနီးဖြစ်သူတို့၏ ကွာရှင်းမှုမှာ လူပြောအလွန်များခဲ့သည့် အကြောင်းရပ်ဖြစ်နေပြီး ၎င်းတို့ဇနီးမောင်နှံအကြား စကားပြောထားသည့် ညစ်ညမ်သော ပြောကြားချက်များမှာလည်း ပေါက်ကြားထားသည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service