ဒလမြို့နယ်အတွင်း ကျူးကျော်အိမ်များဖျက်သိမ်းပေးရန် အကြိမ်ကြိမ်သတိပေးသော်လည်း ဖျက်သိမ်းခြင်းမရှိဘဲ ထပ်မံကျူးကျော်

ဒလမြို့နယ်အတွင်း ကျူးကျော်အိမ်များဖျက်သိမ်းပေးရန် အကြိမ်ကြိမ်သတိပေးသော်လည်း ဖျက်သိမ်းခြင်းမရှိဘဲ ထပ်မံကျူးကျော် - Property News in Myanmar from iMyanmarHouse.com
29 May 2019 10:39 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

ဒလမြို့နယ်  အတွင်း တာဝန်ရှိသူများပါ ပါဝင်ကျူးကျော်ထားသည့် ကျူးကျော်အိမ်များ ဖျက်သိမ်းပေးရန် တာဝန်ရှိသူများက အကြိမ် ကြိမ်သတိပေးသော်လည်း ထပ်မံကျူးကျော်နေ ကြောင်း ဒလမြို့နယ် အင်န်အယ်လ်ဒီ အလုပ် အမှုဆောင် ဦးသောင်းထွန်းက မေ ၂၇ ရက် တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရဲချောင်း ကျေးရွာအတွင်းရှိ ချောင်းကောမြေဖြစ်သည့် လယ်မြေပေါ်တွင် စည်းကမ်းမဲ့ဝင်ရောက် ဆောက်လုပ်သည့် ကျူးကျော်တဲ ၅၉ လုံးကို ပြန်ဖျက်ပေးရန် တာဝန်ရှိသူများက အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဖျက်သိမ်းပေးခြင်းမရှိဘဲ ယခုအချိန်တွင် ထပ်မံ၍ကျူးကျော် အိမ် ၁၃ လုံးတိုးလာကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။

" ကျွန်တော်တို့အင်န်အယ်လ်ဒီရုံးက ဒေသခံတစ်ဦး ဓာတ်ပုံအချက်အလက်နဲ့ ထပ်မံတားပေးဖို့ လာပြောပါတယ်။ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာကို အကြောင်းကြားပေးထားပါတယ်။ ဒါကို သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

စီးပွားဖြစ်ကျူးကျော်

အဆိုပါကျူးကျော်တဲများကို ဧပြီ ၁၇ ရက် မှစ၍ ဧပြီ ၂၄ ရက်အထိ ည ၁၂ နာရီ အချိန် ခန့်မှစ၍ ညတွင်းချင်း အပြီးဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်သူများမှာလည်း ရဲချောင်းဝရွာသားများပင်ဖြစ်ကာ အိမ်ပိုင်ဆိုင်သူများဖြစ်ကြောင်း၊ အချို့ဆိုလျှင် ကျုးကျော်တဲ ဆောက်လုပ်ပြီး ဈေးဆိုင်ခန်းများပင်ထိုးထားကာ စီးပွားဖြစ်ကျူးကျော်လျက်ရှိကြောင်း ဒေသခံ ဦးတင်မောင်လွင်က ပြောဆိုသည်။

"မဖျက်ပေးဘူးတဲ့။ သူတို့ကို ဆောက်ခိုင်းထားတာ၊ ရာအိမ်မှူးတွေ၊ ရပ်မိရပ်ဖတွေက ဆောက်ခိုင်းထားတာတဲ့။ မဖျက်ပေးနိုင်ဘူးလို့ ပြောတယ်။ တချို့က ကျူးကျော်အိမ်တွေကို ပိတ်ထားပြီး ရွာထဲက အိမ်တွေမှာ ပြန်နေကြ တယ်"ဟု ၎င်းက ပြောဆိုသည်။

ဒလမြို့နယ် အတွင်း တာဝန်ရှိသူများပါပါဝင်ကျူးကျော်ထားသည့် စည်းကမ်းမဲ့ကျူးကျော် အိမ်များ ဖျက်သိမ်းခြင်းမရှိပါက တရားစွဲဆို ဖယ်ရှားမည်ဖြစ်ကြောင်း ဒလမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် က မေ၂၅ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။

အခွင့်အရေးထပ်ယူ

"နေစရာမရှိလို့ ကျူးတယ်ဆိုရင် မပြော ဘူး။ အခုက ဒလကတာဝန်ရှိသူတွေကိုစိန်ခေါ်သလိုဖြစ်နေတယ်။ ရွာထဲမှာ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေထိုင်နေပြီး အခုက အခွင့် အရေးထပ်ယူ ကျူးနေကြတယ်။ တာဝန်ရှိသူ တွေ အကြိမ်ကြိမ်တားနေတာကို အခုလိုထပ် ကျူးနေတာက ရိုးသားမှုမရှိဘူးလို့ထင်တယ်။ ရည်ရွယ်ချက်ရှိရှိ ကျူးများကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုပါတယ်"ဟု ဒလ မြို့နယ် ဖွံ့ဖြိုးတိုးတက်စေချင်သူများ ကွန်ရက်မှ ဦးခေကြီးက ပြောဆိုသည်။

Credit: The Myamar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service