ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဆိုင်ရာ အချက်များကို မြို့နယ်ငါးခုရှိပြည်သူများအား ရှင်းပြမည်

ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဆိုင်ရာ အချက်များကို မြို့နယ်ငါးခုရှိပြည်သူများအား ရှင်းပြမည် - Property News in Myanmar from iMyanmarHouse.com
28 May 2019 10:58 am တွင် တင်ခဲ့သည်
3555 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် မိုးပျံရထား လမ်း YUMRT ၏ စီမံကိန်းဆိုင်ရာအချက်အလက်များကို မြို့နယ် ငါးခုရှိပြည်သူများအား ဇွန်လ ၁ ရက်ကစ၍ ရှင်းပြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က မေလ ၂၇ ရက်တွင် ကြေညာသည်။

ရထားလမ်းကြောင်းအပိုင်း (က) ဖြစ်သည့် လှိုင်သာယာဘူတာမှ ပါရမီဘူတာအထိ ၁၁ မိုင် ကျော်အတွင်းပါဝင်သည့် လှိုင်သာယာ၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်း နှင့် တောင်ဥက္ကလာပမြို့ နယ် တို့မှ ပြည်သူများကို ရှင်းပြရန်စီစဉ်ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ် တွင် ဇွန်လ ၁ ရက်နံနက် ၉ နာရီ၌ အဆိုပါမြို့နယ်ရှိ အမှတ် (၆) ရပ်ကွက် ကျန်စစ်သားလမ်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံ၌လည်းကောင်း၊ မရမ်းကုန်း နှင့် လှိုင်မြို့ နယ် ၌ ဇွန်လ ၈ ရက်နံနက် ၉ နာရီတွင်မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်ရှိ ကုန်းမြင့်ရိပ်သာ ဓမ္မာရုံ၌ လည်းကောင်း၊ ရန်ကင်း နှင့် တောင်ဥက္ကလာပမြို့နယ် ၌ ဇွန်လ ၈ ရက်နေ့လယ် ၁ နာရီတွင် တောင်ဥက္ကလာပစေတီ ၀င်း၌လည်းကောင်း ရှင်းပြမည် ဟု တိုင်းအစိုးရကဆိုသည်။

ရှင်းလင်းရာတွင် စီမံကိန်းဆိုင်ရာ အချက်အလက်များအပြင် သဘာဝပတ်ဝန်းကျင် နှင့် လူမှုစီးပွားထိခိုက်မှုများအတွက် ဆန်းစစ်မှုများ၊ စီမံကိန်းအကျိုးသက်ရောက်မည့် ဧရိယာ တစ်ခုလုံးအတွက် စစ်တမ်းကောက်ယူခြင်းတို့ပါဝင်မည်ဖြစ် ပြီး အဆိုပါရှင်းလင်းပွဲများသို့ စိတ်ဝင်စားသူမည်သူမဆိုတက် ရောက်နိုင်သည်ဟု တိုင်းအစိုးရအဖွဲ့က ကြေညာထားသည်။

ယင်းအစီအစဉ်နှင့် ပတ်သက်၍ ရန်ကင်းမြို့နယ်တွင် နေထိုင်သူဦးနေလင်းအောင်က ‘‘စီမံကိန်းလုပ်မယ်ဆိုတာ ကြားပါတယ်။ နိုင်ငံတကာမှာလိုဖြစ်ချင်တာပေါ့။ အခုလို ရှင်းပြမယ်ဆိုတော့ မသိတာမေးလို့ရမယ်ဆိုရင်ကောင်းတာပေါ့။ သူ တို့ပြောချင်တာ ပြောတာနားထောင်ရမယ်ဆိုရင် မကောင်း ဘူးပေါ့ဗျာ’’ ဟု ပြောသည်။

ကန်ဒေါ်လာ တစ်ဘီလီယံတန်မိုးပျံရထားလမ်း စီမံကိန်း (အပိုင်း−က)အတွက်ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာ့ မီးရထားလုပ်ငန်းတို့က ၂၀၁၂ က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်း များကို ၂၀၂၁ တွင် စတင်မည် ဖြစ်ပြီး ၂၀၂၇ တွင် ရထားစတင် ပြေးဆွဲရန် စီစဉ်ထားသည်။

အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး၊ ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်စေရေး စီမံကိန်းအတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut Off Date) ကိုမေလ ၆ ရက်အဖြစ်သတ်မှတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကြေညာထားသည်။

ထိုစီမံကိန်းအတွက် မြေသိမ်းဆည်းရာတွင် လှိုင်သာယာဘူတာပရ၀ဏ်အတွင်းမြေ ၅၄ ဧကကျော်၊ ရန်ကုန် - ပုသိမ် လမ်းတစ်လျှောက်တွင် ရထားလမ်းအလယ်မျဉ်းမှ ဘေးတစ် ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ (၄၇ ပေခွဲ)၊ ပါရမီလမ်းဘေးတစ် ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ) ပါဝင်မည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service