အိမ်ရှင် အိမ်ငှါး နှင့် အခွန်ထမ်းဆောင်ရခြင်း ပြဿနာ

အိမ်ရှင် အိမ်ငှါး နှင့် အခွန်ထမ်းဆောင်ရခြင်း ပြဿနာ - Property Knowledge in Myanmar from iMyanmarHouse.com
27 May 2019 1:11 pm တွင် တင်ခဲ့သည်
3139 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်ရှင် အိမ်ငှါး စာချုပ်ချုပ်တဲ့အခါလေ စာချုပ်ပါငွေရဲ့ ၁၀ ရာခိုင်နှုန်းက အခွန်ပေးရတယ် ပြောလို့ပါ။ အဲ့ဒါ အိမ်ရှင်က 2% အိမ်ငှါးက 8% ဆိုပြီးလဲြေ ပာကြသလို အိမ်ရှင်ကပဲ အားလုံးဆောင်ရတာလားဆိုတာလေး သိချင်လို့ပါ" လို့မေးလာပါတယ်။

ဒီမေးခွန်းလေးကို ကြည့်ပြီး အိမ်ရှင် အိမ်ငှါး အခွန်ထမ်းဆောင်ရတာကို ဝင်ငွေခွန် သဘောတရားရယ် ကုန်သွယ်ခွန် သဘောတရားရယ် 2% with holding tax ရယ် မကွဲပြားတဲ့ သဘောတရားလေးကို သွားတွေ့ တာနဲ့ အများအတွက်လည်း ရှင်းရှင်းလင်းလင်း သိရှိစေလိုတဲ့ ရည်ရွယ် ချက်နဲ့ ရေးတင်လိုက်ပါတယ်။

အိမ်ရှင် နဲ့ အိမ်ငှါး ဘယ်သူက အခွန်ဆောင်ရမှာလဲ

ကုန်သွယ်ခွန်ဘက်ကနေ အရင် ပြောပါမယ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အခန်း(၆)ကုန်သွယ် လုပ်ငန်းခွန် အပိုဒ် (၁၄)အပိုဒ်ခွဲ (ဃ)မှာ -

အောက်ဖော်ပြပါဝန်ဆောင်မှု လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် မကျ သင့်စေရ ဆိုပြီး ဇယား တစ်ခုဖြင့် ဖော်ပြထားသည့်အနက် ဇယားပါ အချက် (၁)မှာ စီးပွားရေး လုပ်ငန်းအဖြစ် နေအိမ်ငှါးရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းမှ အပ ဖြစ်သည့် နေအိမ်ငှါးရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်း။ လို့ ဖော်ပြပါရှိပါ တယ်။

ဒီအချက်အရ စီးပွားရေးလုပ်ငန်း အဖြစ် နေအိမ်ငှါးရမ်းခြင်း မဟုတ်ရင် ကုန် သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း မရှိပါဘူး။ သို့ပေမဲ့ ကုမ္ပဏီ ဖွင့်ဖို့ လိုမျိုး , တည်းခိုခန်း , မိုတယ်, စာသင်ခန်း စသဖြင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက် ရန် အလို့ငှါ ငှမ်းရမ်းခြင်း ကိစ္စ ဆိုရင်တော့ ကုန်သွယ်ခွန် ကျသင့်မှာ ဖြစ်ပါ တယ် ။ဒါဆိုရင် ကုန်သွယ်ခွန် ဆိုတာ စားသုံးသူ (end user )ရဲ့ ကိုယ် စား ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသူက ကိုယ်စားေ ဆာင်ပေးရတဲ့ (indirect tax ) အမျိုးအစား ဖြစ်လို့ကျသင့်အခွန်ကို စီးပွားရေး လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ငှါးရမ်းသူ (အိမ်ငှါး)က ပေးဆောင်ကျခံေ ပးရမှာ ဖြစ်ပြီး အဆိုပါ အိမ်ငှါးရဲ့ ကိုယ်စား အိမ်ရှင်က လက်ခံရရှိငွေမှ နှုတ် ယူ ဖြတ်တောက် အခွန်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

(မျက်လုံးထဲ စားသောက်ဆိုင် မှာ သွားစားတာလေး မြင်ကြည့်ပါ...

CT 5% ပါဝင်ပြီး ဖြစ်တဲ့ price နဲ့ ကျသင့်ငွေကို ရှင်းပေးရလို့ ဆောင်ရတာက စားသုံးသူရဲ့ပိုက်ဆံ ရောင်းချတဲ့ ဆိုင်က စားသုံးသူ ကိုယ်စား ဖြတ်ေ တာက်နှုတ်ယူ ဆောင်ပေးတဲ့ သဘောတရားလေးလေ)

အရပ်စကားနဲ့ ပြောရရင် အခွန်တန်ဖိုးပါပြီးသား အိမ်ငှားက ပေးရတဲ့ rental price ကနေ အိမ်ရှင်မှ အခွန်ကို နှုတ်ယူ ပြီး ကုန်သွယ်ခွန် ပေးဆောင်ေ ပးရမှာ ဖြစ်ပါတယ်။

(ရှုပ်လား .... မရှုပ်ပါဘူးနော် .... ဝင်ငွေခွန် မပါသေးဘူး အဲ့ကျမှ ထပ်ရှုပ်မယ်)

ကဲ.... ဝင်ငွေခွန်ဘက်က ဆက်ကြည့်ကြစို့

ဝင်ငွေခွန် ဥပဒေ အခန်း(၅) ဝင်ငွေ ရရှိသည့် အချိန်၌ အခွန်ပေးဆောင်ခြင်း အခန်း ပုဒ်မ ၁၅ အရ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ် ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေ ရရှိလျှင် ထိုသို့ ဝင်ငွေ ရရှိချိန်၌ ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိစေရမည် ... လို့ ပြဌာန်းထားပါတယ်။

ဒါကြောင့် အိမ်ရှင် အိမ်ငှါး ကိစ္စ မှာ အိမ်ရှင်က ဝင်ငွေ ရတဲ့သူဆိုတော့ အိမ် ရှင်ရဲ့ ပိုက်ဆံနဲ့ဆောင်ရမှာပေါ့ ဒါဆို အိမ်ငှါးခရငွေ ဆိုတာ ဝင်ငွေ ရလမ်း (၇)မျိုးထဲက ဘယ်ခေါင်းစဉ်နဲ့ အကြုံးဝင်တာလဲ ဝင်ငွေခွန်ဥပဒေ အခန်း (၄) ပုဒ်မ ၈ အပိုဒ် (က)မှာ ဝင်ငွေရလမ်း ၇ မျိုး ကို ဖော်ပြထားပြီး ပုဒ်မ ၁၂ အပိုဒ် (က)မှာ မည်သူမဆို မြေ သို့မဟုတ် မြေနှင့်အဆောက်အဦး ငှါးရမ်းခြင်းမှ မိမိရရှိသော ဝင်ငွေ အတွက် ပစ္စည်း ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည် ဟု ပြဌာန်း ထားရှိပါတယ်။

ဒါဆို ဘယ်နှစ်ရာခိုင်နှုန်း ဆောင်ရမလဲ

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အခန်း (၇)ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၁၉ အပိုဒ် (ခ)အရ ဝင်ငွေခွန် ဥပဒေတွင် မည်သို့ ပြဌာန်း ပါရှိစေကာမူ မည်သူမဆို မြေငှါးရမ်းခြင်း၊ အဆောက်အဦး ငှါးရမ်းခြင်း၊ အခန်း ငှါးရမ်းခြင်း တို့မှ ရရှိသော စုစုပေါင်း ငှါးရမ်းခ ရငွေ အပေါ် ပုဒ်မ ၆ အရ သက်သာခွင့်များ နှုတ်ပယ်ပြီး (ပုဒ်မ ၆ က ဘာတွေလဲ တော့ ရေးမပြေ တာ့ဘူး ကိုယ့်ဘာသာ ရှာဖတ်တော့ နော်) ကျန်ငွေအပေါ် ၁၀% တစ်ဆယ် ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန် သီးခြား စည်းကြပ်ရမည်.... လို့ ပြဌာန်း ထားပါ တယ် ။ အဲ့ဒီမှာ ကြိုတင်အခွန်ထမ်းဆောင်တဲ့ 2% withholding tax ရဲ့ သဘောတရားလေးနဲ့ နည်းနည်းလေး ရှုပ်ထွေးတတ်ကြတာပါ။

2% WHT ဟာ ဝင်ငွေခွန် အမျိုးအစား တစ်ရပ် ဖြစ်ပြီး ဝင်ငွေ ဖြစ်ထွန်းေ ပ်ါပေါက်ချိန်မှာ ပင်ရင်းမှ ဖြတ်တောက်နှုတ်ယူပြီး ဝင်ငွေ ရရှိသူကိုယ်စား ငွေပေးချေသူက ကိုယ်စား ဆောင်ပေးရတာ ဖြစ်ပြန်ပါရော။ အဲ့ဒီမှာ တစ်ေ ယာက်က ၂% ဆောင် တော့ ၁၀%မှာ ကျန်တဲ့ ၈% ကို နောက်တစ်ေ ယာက်က ဆောင်တာလား တွေ ဒွိဟ ဖြစ်ကုန်ရောပေါ့။

ဝင်ငွေ ဖြစ်ထွန်း ပေါ်ပေါက်ချိန်မှာ 2% WHT ဆိုတာ ပင်ရင်းမှ ဖြတ်ေ တာက်နှုတ်ယူပြီး ငွေပေးချေသူက ငွေလက်ခံရမယ့်သူကိုယ်စား ဆောင်ပေးရတာပါ။ ဒါကြောင့် အိမ်ရှင်ရမယ့် ဝင်ငွေ ထဲကနေ ကြိုတင်နှုတ်ယူပြီး 2%ေ ဆာင်ပေးတယ်လို့ အိမ်ငှါးက လျှော့ပေးချေမယ် /ကိုယ်စား ဆောင်ပေးမယ် ဆိုရင် အိမ်ရှင်ရဲ့ နာမည်နဲ့ ဆောင်ပေးရမှာ ဖြစ်ပြီး အဲ့လို အခွန်ပေးဆောင် ထားတဲ့ အထောက်အထားကို ဝင်ငွေ လက်ခံရရှိမယ့် သူက ပြန်လည် ရယူ ထားရမှာ ဖြစ်ပါတယ်။ ဒီဥပမာအရ ဆိုရင် 2% ဆောင်ပေးတာက အိမ် ငှါး ဖြစ်ပြီး ဆောင်ရတဲ့ ပိုက်ဆံက အိမ်ရှင်ရမယ့် ပိုက်ဆံထဲက ဖြစ်ပါတယ်။

ဒါဆို အိမ်ရှင်ဘက်က ပြန်ကြည့်ရအောင်

သူက ဝင်ငွေ ရရှိသူ ဖြစ်လို့ ပစ္စည်း ခေါင်းစဉ် ကနေ အိမ်ငှါးခရငွေ အတွက် ၁၀% အခွန်ထမ်းဆောင်တဲ့ အခါ ခုန ၂% ဆောင်ထားတဲ့ အထောက်အ ထား ပြန်လည် တင်ပြရင် ခုနှိမ်ပြီး ကျန်တဲ့ ၈% ကို မိမိ ကိုယ်တိုင် မိမိရဲ့ ဝင်ငွေ ကနေ direct tax အနေနဲ့ ဆောင်ရမှာ ဖြစ်ပါတယ်။ဒါဆို ၂% တွေ ၈% တွေ ၁၀%တွေ ရှင်းသွားမယ် ထင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

Credit : ခင်သီတာဇော်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service