အမည္ေပါက္ဆီက ဝယ္မွာလား၊ တစ္ဆင့္ဂရန္ဆီက ဝယ္မွာလား

အမည္ေပါက္ဆီက ဝယ္မွာလား၊ တစ္ဆင့္ဂရန္ဆီက ဝယ္မွာလား - Property Knowledge in Myanmar from iMyanmarHouse.com
20 May 2019 12:59 pm တွင် တင်ခဲ့သည်
5955 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေဝယ်သူအများစုက အမှန်တကယ်နေထိုင်ဖို့ ဝယ်သူတွေဖြစ်ပြီး အိမ်ခြံမြေဝယ်တဲ့အခါ သိထားသင့်တဲ့အရာတချို့ ရှိပါတယ်။

အမည်ပေါက်ဆီက ဝယ်ရင်

ဂရန်နာမည်ပေါက်ဆီက ဝယ်ရင် အလုပ်မရှုပ်တော့ပါဘူး။ နာမည်ပေါက်က ဂရန်မြေပုံကူးယူ၊ မြေပုံကိုစည်ပင်ကရလာတဲ့နေ့မှာ ကျန်ငွေကိုပေးချေရတယ်။ ပြီးတော့ ရောင်းသူက ဝယ်သူကို အထူးကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်ရုံးမှာ လုပ်ပေးလိုက်ရင် ကိစ္စက ပြီးသွားပါတယ်။ ဝယ်သူက နောက်မှ အေးအေးဆေးဆေး အမည်ပေါက်ကိစ္စကို ဆောင်ရွက်နိုင်ပါတယ်။

တစ်ဆင့်ဂရန်ဝယ်ရင်

တစ်ဆင့်ဂရန်ကနေ ဝယ်မယ်ဆိုရင် တကယ်တမ်း ရောင်းသူမှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ ပြန်ရောင်းချခဲ့လို့ သူတို့ လက်ရှိဝယ်နေတာ၊ အထူးကိုယ်စားလှယ်လွှဲစာယူထားပြီး နာမည်မပြောင်းရသေးတာ၊ ပိုပြီး ခက်ခဲတာကတော့ ပါဝါလက်ခံထားသူက သေသွားပြန်တာ၊ အဲဒီတော့ သူတို့လက်ထဲမှာရှိတဲ့ ကိုယ်စားလှယ်လွှဲစာက သုံးမရပြန်ဘူး။ ဒါကြောင့် အသစ်ပြန်လုပ်ရင် အလုပ်ပိုရှုပ်နိုင်ပါတယ်။ အသစ်ပြန်လုပ်မယ်ဆိုရင် အရန် ဂရန်အမည်ပေါက်ခေါ် အထူးကိုယ်စားလှယ်လွှဲစာထပ်ယူ အမည်ပြောင်းတဲ့အထိ သွားရပါတယ်။

ပွဲစား

အိမ်ခြံမြေဝယ်တဲ့အခါ စည်ကားတဲ့ရပ်ကွက်၊ မြို့နယ်အတွင်းမှာ ဝယ်ကြတာ ဖြစ်တယ်။ ဒါကြောင့်မြို့သစ်တွေမှာ ဝယ်မယ်ဆိုရင် ကြုံတွေ့ရတာက ပွဲစားဖြစ်တယ်။ ပွဲစားတွေမှာ မြေပြင်မှာ တွေ့ရတဲ့ပွဲစားနဲ့ အွန်လိုင်းပေါ်မှာတွေ့ရတဲ့ ပွဲစားတွေ ရှိပါတယ်။ မြေနဲ့အိမ်ဝယ်ဖို့ အွန်လိုင်းပေါ်မှာတွေ့ပြီးတာနဲ့ အွန်လိုင်းက ပွဲစားနဲ့ဝယ်မယ်ဆိုရင် နေရာလိုက်ပြ၊ ကြိုက်ရင် ရောင်းဈေးပြောတယ်။ ဝယ်မယ်ဆိုရင် ရောင်းမယ့်သူနဲ့ ရောင်းမယ့်အိမ်မှာ လက်ရှိနေတဲ့ပိုင်ရှင်ကို ကိုယ်တိုင်တွေ့ဆုံကာ အကောင်းဆုံး ဖြစ်ပါတယ်။

စရန်ငွေပေးရင်

စရန်ငွေပေးတော့မယ်ဆိုရင် ဝယ်သူက စာချုပ်ပေးဖို့ ရှေ့နေ ရှာသင့်တယ်။ ရှေ့နေက စရန်ငွေမချခင် ဝယ်ချင်သူဘက်ကနေ ရောင်းသူကိုယ်တိုင်လား ဂရန်အမည်ပေါက် ဟုတ်ရဲ့လား၊ အက်(စ်)ပီ၊ ဂျီပီကိုယ်စားလှယ်လွှဲစာ ကိုင်ထားသူလား မေးကြည့်ပြီးမှ စရန်ငွေချတဲ့နေ့မှာ ပိုင်ဆိုင်မှုမှန်မမှန် စစ်ဆေးပေးပါတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ထားတာမှ ရောင်းသူက ထုတ်ပြတဲ့ စာချုပ်အဆက်အစပ်ကို စစ်ဆေးပေးမှ အံဝင်ခွင်ကျ ဖြစ်ပါမယ်။

ဒါကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင် အွန်လိုင်းပွဲစားနဲ့ ဝယ်ဝယ်၊ မြေပြင်အကျိုးဆောင်နဲ့ဝယ်ဝယ်၊ မြေနဲ့ အိမ်ရာဇဝင်ကို သေသေချာချာ စစ်ဆေးပြီးမှ ဝယ်သင့်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: The Kumudra

[Zawgyi]

အိမ္ၿခံေျမဝယ္သူအမ်ားစုက အမွန္တကယ္ေနထိုင္ဖို႔ ဝယ္သူေတြျဖစ္ၿပီး အိမ္ၿခံေျမဝယ္တဲ့အခါ သိထားသင့္တဲ့အရာတခ်ိဳ႕ ရွိပါတယ္။

အမည္ေပါက္ဆီက ဝယ္ရင္

ဂရန္နာမည္ေပါက္ဆီက ဝယ္ရင္ အလုပ္မရႈပ္ေတာ့ပါဘူး။ နာမည္ေပါက္က ဂရန္ေျမပံုကူးယူ၊ ေျမပံုကိုစည္ပင္ကရလာတဲ့ေန႔မွာ က်န္ေငြကိုေပးေခ်ရတယ္။ ၿပီးေတာ့ ေရာင္းသူက ဝယ္သူကို အထူးကိုယ္စားလွယ္လႊဲစာ မွတ္ပံုတင္႐ံုးမွာ လုပ္ေပးလုိက္ရင္ ကိစၥက ၿပီးသြားပါတယ္။ ဝယ္သူက ေနာက္မွ ေအးေအးေဆးေဆး အမည္ေပါက္ကိစၥကို ေဆာင္ရြက္ႏိုင္ပါတယ္။

တစ္ဆင့္ဂရန္ဝယ္ရင္

တစ္ဆင့္ဂရန္ကေန ဝယ္မယ္ဆိုရင္ တကယ္တမ္း ေရာင္းသူမွတ္ပံုတင္နဲ႔ တိုက္ဆိုင္စစ္ေဆးၾကည့္တဲ့အခါမွာ ျပန္ေရာင္းခ်ခဲ့လို႔ သူတို႔ လက္ရွိဝယ္ေနတာ၊ အထူးကိုယ္စားလွယ္လႊဲစာယူထားၿပီး နာမည္မေျပာင္းရေသးတာ၊ ပိုၿပီး ခက္ခဲတာကေတာ့ ပါဝါလက္ခံထားသူက ေသသြားျပန္တာ၊ အဲဒီေတာ့ သူတို႔လက္ထဲမွာရွိတဲ့ ကိုယ္စားလွယ္လႊဲစာက သံုးမရျပန္ဘူး။ ဒါေၾကာင့္ အသစ္ျပန္လုပ္ရင္ အလုပ္ပို႐ႈပ္ႏိုင္ပါတယ္။ အသစ္ျပန္လုပ္မယ္ဆိုရင္ အရန္ ဂရန္အမည္ေပါက္ေခၚ အထူးကိုယ္စားလွယ္လႊဲစာထပ္ယူ အမည္ေျပာင္းတဲ့အထိ သြားရပါတယ္။

ပြဲစား

အိမ္ၿခံေျမဝယ္တဲ့အခါ စည္ကားတဲ့ရပ္ကြက္၊ ၿမိဳ႕နယ္အတြင္းမွာ ဝယ္ၾကတာ ျဖစ္တယ္။ ဒါေၾကာင့္ၿမိဳ႕သစ္ေတြမွာ ဝယ္မယ္ဆိုရင္ ႀကံဳေတြ႕ရတာက ပြဲစားျဖစ္တယ္။ ပြဲစားေတြမွာ ေျမျပင္မွာ ေတြ႕ရတဲ့ပြဲစားနဲ႔ အြန္လိုင္းေပၚမွာေတြ႕ရတဲ့ ပြဲစားေတြ ရွိပါတယ္။ ေျမနဲ႔အိမ္ဝယ္ဖို႔ အြန္လိုင္းေပၚမွာေတြ႕ၿပီးတာနဲ႔ အြန္လိုင္းက ပြဲစားနဲ႔ဝယ္မယ္ဆိုရင္ ေနရာလိုက္ျပ၊ ႀကိဳက္ရင္ ေရာင္းေစ်းေျပာတယ္။ ဝယ္မယ္ဆိုရင္ ေရာင္းမယ့္သူနဲ႔ ေရာင္းမယ့္အိမ္မွာ လက္ရွိေနတဲ့ပုိင္ရွင္ကို ကိုယ္တုိင္ေတြ႕ဆံုကာ အေကာင္းဆံုး ျဖစ္ပါတယ္။

စရန္ေငြေပးရင္

စရန္ေငြေပးေတာ့မယ္ဆိုရင္ ဝယ္သူက စာခ်ဳပ္ေပးဖို႔ ေရွ႕ေန ရွာသင့္တယ္။ ေရွ႕ေနက စရန္ေငြမခ်ခင္ ဝယ္ခ်င္သူဘက္ကေန ေရာင္းသူကိုယ္တုိင္လား ဂရန္အမည္ေပါက္ ဟုတ္ရဲ႕လား၊ အက္(စ္)ပီ၊ ဂ်ီပီကိုယ္စားလွယ္လႊဲစာ ကိုင္ထားသူလား ေမးၾကည့္ၿပီးမွ စရန္ေငြခ်တဲ့ေန႔မွာ ပိုင္ဆိုင္မႈမွန္မမွန္ စစ္ေဆးေပးပါတယ္။ အဲဒီလို ႀကိဳတင္ျပင္ဆင္ထားတာမွ ေရာင္းသူက ထုတ္ျပတဲ့ စာခ်ဳပ္အဆက္အစပ္ကို စစ္ေဆးေပးမွ အံဝင္ခြင္က် ျဖစ္ပါမယ္။

ဒါေၾကာင့္ အိမ္ၿခံေျမဝယ္မယ္ဆိုရင္ အြန္လိုင္းပြဲစားနဲ႔ ဝယ္ဝယ္၊ ေျမျပင္အက်ိဳးေဆာင္နဲ႔ဝယ္ဝယ္၊ ေျမနဲ႔ အိမ္ရာဇဝင္ကို ေသေသခ်ာခ်ာ စစ္ေဆးၿပီးမွ ဝယ္သင့္တယ္လို႔ အိမ္ၿခံေျမအက်ိဳးေဆာင္ေတြဆီက သိရပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service