အိမ္ကေရဆင္းပိုက္ေတြကို ပိတ္ဆို႔ေစတဲ့ အေၾကာင္းရင္းမ်ား

အိမ္ကေရဆင္းပိုက္ေတြကို ပိတ္ဆို႔ေစတဲ့ အေၾကာင္းရင္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2019 1:21 pm တွင် တင်ခဲ့သည်
6529 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများတစ်အိမ်သားလုံးအတွက် ဒုက္ခအရောက်ရဆုံးအချိန်ဟာ အိမ်သာပိုက်ပိတ်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ရေဆွဲချလိုက်ရင် ကျသွားတာပဲဆိုတဲ့ အထင်နဲ့ အိမ်သာပိုက်ထဲကို မလိုချင်တော့တဲ့ အရာအားလုံး ပစ်ထည့်ခဲ့သမျှ ပိုက်တစ်ခုလုံး ပိတ်ဆို့သွားမှသာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပိုက်ပြင်ဆရာ ပြေးခေါ်ရတဲ့ အဖြစ်ကို ကြုံဖူးကြမှာပါ။ သို့ပေမယ့် အိမ်သာရေဆင်းပိုက်ကို ပိတ်ဆို့စေမယ်လို့ သင်မထင်ထားတဲ့ အောက်ပါပစ္စည်းတွေကလည်း အိမ်သာရေပိုက်ကို အကြီးအကျယ် ဒုက္ခပေးနိုင်တယ်ဆိုတာရော သတိပြုမိပါရဲ့လား။

သွားပွတ်ကြိုး

သွားကြားသန့်ရှင်းရေးအတွက် သုံးလေ့ရှိတဲ့ သွားပွတ်ကြိုးတွေကို အိမ်သာရေပိုက်ထဲမှာ စွန့်ပစ်မယ်ဆိုရင် ပမာဏများလာတဲ့အခါ ပိုက်လမ်းကြောင်းတစ်လျှောက်မှာ ချည်မျှင်အလုံးအထွေးကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး ပိတ်ဆို့သွားစေနိုင်ပါတယ်။ သွားပွတ်ကြိုးတွေကို အိမ်သာခွက်ထဲ စွန့်ပစ်တာဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သဘာဝချည်မျှင် မဟုတ်ဘဲ ဓာတုအခြေခံထုတ်လုပ်ထားတဲ့ သွားပွတ်ကြိုးမျိုးတွေဆိုရင် အလွယ်တကူ မပကျ်စီး၊ မဆွေးမြေ့နိုင်တဲ့အတွက် ရေဆင်းပိုက်ထဲမှာ ကာလကြာရှည် ပိတ်ဆို့နေစေပါလိမ့်မယ်။

ပီကေ

ပီကေတွေ ဝါးပြီး အချိုကုန်သွားတဲ့အခါ လွယ်လွယ်ကူကူပဲ အိမ်သာခွက်ထဲ ထွေးချလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ပီကေဟာ ရေမှာ မပျော်ဝင်နိုင်တဲ့အတွက် ပိုက်နံရံတွေမှာ ကပ်တွယ်ပြီး ရေဆင်းမယ့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပါတယ်။

ငါး

အိမ်မှာအလှမွေးငါးလေးတွေ မွေးထားတဲ့သူတွေ ကြုံဖူးမယ့်ကိစ္စမျိုးပါပဲ။ ငါးလေးတွေ သေသွားရင်ဖြစ်ဖြစ်၊ တစ်ခါတစ်လေ စိတ်ရူးပေါက်ပြီးပဲဖြစ်ဖြစ် ငါးတွေကို အိမ်သာပိုက်ထဲ စွန့်ပစ်မိမယ်ဆိုရင် ပိုက်ထဲမှာ အကြီးအကျယ် တစ်ဆို့စေနိုင်ပါတယ်။ တကယ်လို့ ပိုက်ထဲမှာ မပိတ်ခဲ့ရင်လည်း မိလ္လာရေပိုက်ကနေတစ်ဆင့် ရေပြင်ကျယ်ဆီ ရောက်သွားတဲ့အခါ ကန်ထဲက အခြားသော ငါးများကိုပါ သေဆုံးစေနိုင်တဲ့အန္တရာယ် ရှိပါတယ်။

အနာကပ်ပလာစတာ

ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခု ရရှိလို့ ကပ်ထားတဲ့ အနာကပ်ပလာစတာကို အများဆုံး ခွာမိတဲ့နေရာဟာ ရေချိုးခန်းနဲ့ အိမ်သာတွေပဲ ဖြစ်ပါတယ်။ သာမန် အနာကပ်ပလာစတာတစ်ခုဟာ ဖယောင်း၊ ရာဘာ၊ အဆီနဲ့ အခြားသော ပါဝင်ပစ္စည်းတွေ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ရေဆင်းပိုက်ထဲမှာ ကပ်ငြိပြီး ပိတ်ဆို့စေနိုင်ပါတယ်။

မျက်ကပ်မှန်

မျက်ကပ်မှန်တွေဟာ polymers လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ နှစ်ပေါင်းများစွာကြာအောင် မပျက်စီးနိုင်ပါဘူး။ မျက်ကပ်မှန်သေးသေးလေးဟာ အိမ်သာရေပိုက်ကိုတော့ ပိတ်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့အဆိုအရ နှစ်စဉ်နှစ်တိုင်း မျက်ကပ်မှန် တန်(၂၀)ကျော်ဟာ အိမ်သာရေဆင်းပိုက်ကနေတစ်ဆင့် စွန့်ပစ်ခံနေရပြီး ရေထုကို အကြီးအကျယ် ညစ်ညမ်းနေစေတယ်လို့ သိရပါတယ်။

ကြောင်ရဲ့မစင်

အိမ်သာခွက်ဟာ ပုံမှန်အားဖြင့် မစင်စွန့်တဲ့နေရာဖြစ်လို့ ကြောင်ရဲ့မစင်ကိုလည်း အတူတူပဲ စွန့်ပစ်လို့ရတယ်လို့ မထင်လိုက်ပါနဲ့။ ကြောင်ရဲ့မစင်ဟာ စွန့်ပစ်ပြီး နာရီအနည်းငယ်ကြာတဲ့အခါ အခဲအသွင်ပြောင်းသွားပြီး ပိုက်လိုင်းတစ်နေရာရာမှာ ပိတ်ဆို့နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိမ်မှာကြောင်မွေးထားတယ်ဆိုရင် ကြောင်မစင်ကို အခြားသော အမှိုက်တွေနဲ့အတူ အမှိုက်ထုပ်ထဲမှာသာ ရောနှောစွန့်ပစ်သင့်ပါတယ်။

မျက်နှာပေါင်းတင်ဆေး

ရွှံ့စေးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပေါင်းတင်ဆေးတွေကို လက်ဆေးကန်၊ ဒါမှမဟုတ် အိမ်သာခွက်တွေထဲကို ဆေးမချပစ်သင့်ပါဘူး။ တကယ်လို့ ဆေးချလိုက်မိမယ်ဆိုရင် ရက်ပေါင်းများလာတဲ့အခါ ပိုက်ထဲမှာအပြည့် ခဲပြီးပိတ်နေတဲ့ ရွှံ့ဆေးတွေနဲ့ အခက်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မျက်နှာပေါင်းတင်ဆေးရည်ကို လိမ်းကျံပြီး သန့်ရှင်းတဲ့အခါ ပထမဦးဆုံး အဝတ်သန့်နဲ့ သုတ်ပစ်ပြီး ကျန်ရှိနေတဲ့ အကြွင်းအကျန်လေးတွေကိုသာ ရေနဲ့စင်အောင် ဆေးပစ်သင့်ပါတယ်။

ဒါလေးတွေကတော့ လူတိုင်း အမှတ်မထင် ပြုလုပ်တတ်ပြီး မသိလိုက်တဲ့အချိန်အတွင်းမှာ ရေဆင်းပိုက်တွေ ပိတ်ဆို့ပြီး အခက်မတွေ့စေဖို့ မျှဝေပေးထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

 

Credit: bahututa.xyz

[Zawgyi]

အိမ္ကေရဆင္းပိုက္ေတြကို ပိတ္ဆို႔ေစတဲ့ အေၾကာင္းရင္းမ်ားတစ္အိမ္သားလုံးအတြက္ ဒုကၡအေရာက္ရဆုံးအခ်ိန္ဟာ အိမ္သာပိုက္ပိတ္တဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။ ေရဆြဲခ်လိုက္ရင္ က်သြားတာပဲဆိုတဲ့ အထင္နဲ႔ အိမ္သာပိုက္ထဲကို မလိုခ်င္ေတာ့တဲ့ အရာအားလုံး ပစ္ထည့္ခဲ့သမွ် ပိုက္တစ္ခုလုံး ပိတ္ဆို႔သြားမွသာ ေျခမကိုင္မိ လက္မကိုင္မိနဲ႔ ပိုက္ျပင္ဆရာ ေျပးေခၚရတဲ့ အျဖစ္ကို ႀကံဳဖူးၾကမွာပါ။ သို႔ေပမယ့္ အိမ္သာေရဆင္းပိုက္ကို ပိတ္ဆို႔ေစမယ္လို႔ သင္မထင္ထားတဲ့ ေအာက္ပါပစၥည္းေတြကလည္း အိမ္သာေရပိုက္ကို အႀကီးအက်ယ္ ဒုကၡေပးႏိုင္တယ္ဆိုတာေရာ သတိျပဳမိပါရဲ႕လား။

သြားပြတ္ႀကိဳး

သြားၾကားသန္႔ရွင္းေရးအတြက္ သုံးေလ့ရိွတဲ့ သြားပြတ္ႀကိဳးေတြကို အိမ္သာေရပိုက္ထဲမွာ စြန္႔ပစ္မယ္ဆိုရင္ ပမာဏမ်ားလာတဲ့အခါ ပိုက္လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ခ်ည္မွ်င္အလုံးအေထြးႀကီးတစ္ခုအျဖစ္ ေျပာင္းလဲၿပီး ပိတ္ဆို႔သြားေစႏိုင္ပါတယ္။ သြားပြတ္ႀကိဳးေတြကို အိမ္သာခြက္ထဲ စြန္႔ပစ္တာဟာ သဘာ၀ပတ္၀န္းက်င္ကိုလည္း ထိခိုက္မႈ ျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ သဘာ၀ခ်ည္မွ်င္ မဟုတ္ဘဲ ဓာတုအေျခခံထုတ္လုုပ္ထားတဲ့ သြားပြတ္ႀကိဳးမ်ိဳးေတြဆိုရင္ အလြယ္တကူ မပက်္စီး၊ မေဆြးေျမ႕ႏိုင္တဲ့အတြက္ ေရဆင္းပိုက္ထဲမွာ ကာလၾကာရွည္ ပိတ္ဆို႕ေနေစပါလိမ့္မယ္။

ပီေက

ပီေကေတြ ၀ါးၿပီး အခ်ိဳကုန္သြားတဲ့အခါ လြယ္လြယ္ကူကူပဲ အိမ္သာခြက္ထဲ ေထြးခ်လိုက္တာမ်ိဳး မလုပ္သင့္ပါဘူး။ ပီေကဟာ ေရမွာ မေပ်ာ္၀င္ႏိုင္တဲ့အတြက္ ပိုက္နံရံေတြမွာ ကပ္တြယ္ၿပီး ေရဆင္းမယ့္ လမ္းေၾကာင္းကို ပိတ္ဆို႔ထားႏိုင္ပါတယ္။

ငါး

အိမ္မွာအလွေမြးငါးေလးေတြ ေမြးထားတဲ့သူေတြ ႀကံဳဖူးမယ့္ကိစၥမ်ိဳးပါပဲ။ ငါးေလးေတြ ေသသြားရင္ျဖစ္ျဖစ္၊ တစ္ခါတစ္ေလ စိတ္ရူးေပါက္ၿပီးပဲျဖစ္ျဖစ္ ငါးေတြကို အိမ္သာပိုက္ထဲ စြန္႔ပစ္မိမယ္ဆိုရင္ ပိုက္ထဲမွာ အႀကီးအက်ယ္ တစ္ဆို႔ေစႏိုင္ပါတယ္။ တကယ္လို႔ ပိုက္ထဲမွာ မပိတ္ခဲ့ရင္လည္း မိလႅာေရပိုက္ကေနတစ္ဆင့္ ေရျပင္က်ယ္ဆီ ေရာက္သြားတဲ့အခါ ကန္ထဲက အျခားေသာ ငါးမ်ားကိုပါ ေသဆုံးေစႏိုင္တဲ့အႏၱရာယ္ ရိွပါတယ္။

အနာကပ္ပလာစတာ

ထိခိုက္ဒဏ္ရာ တစ္စုံတစ္ခု ရရိွလို႔ ကပ္ထားတဲ့ အနာကပ္ပလာစတာကို အမ်ားဆုံး ခြာမိတဲ့ေနရာဟာ ေရခ်ိဳးခန္းနဲ႔ အိမ္သာေတြပဲ ျဖစ္ပါတယ္။ သာမန္ အနာကပ္ပလာစတာတစ္ခုဟာ ဖေယာင္း၊ ရာဘာ၊ အဆီနဲ႔ အျခားေသာ ပါ၀င္ပစၥည္းေတြ ေပါင္းစပ္ထုတ္လုပ္ထားတာျဖစ္လို႔ ေရဆင္းပိုက္ထဲမွာ ကပ္ၿငိၿပီး ပိတ္ဆို႔ေစႏိုင္ပါတယ္။

မ်က္ကပ္မွန္

မ်က္ကပ္မွန္ေတြဟာ polymers လို႔ေခၚတဲ့ ပစၥည္းတစ္မ်ိဳးနဲ႔ ထုတ္လုပ္ထားတာျဖစ္လို႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မပ်က္စီးႏိုင္ပါဘူး။ မ်က္ကပ္မွန္ေသးေသးေလးဟာ အိမ္သာေရပိုက္ကိုေတာ့ ပိတ္ေစႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြမ္းက်င္သူေတြရဲ႕အဆိုအရ ႏွစ္စဥ္ႏွစ္တိုင္း မ်က္ကပ္မွန္ တန္(၂၀)ေက်ာ္ဟာ အိမ္သာေရဆင္းပိုက္ကေနတစ္ဆင့္ စြန္႔ပစ္ခံေနရၿပီး ေရထုကို အႀကီးအက်ယ္ ညစ္ညမ္းေနေစတယ္လို႔ သိရပါတယ္။

ေၾကာင္ရဲ႕မစင္

အိမ္သာခြက္ဟာ ပုံမွန္အားျဖင့္ မစင္စြန္႕တဲ့ေနရာျဖစ္လို႔ ေၾကာင္ရဲ႕မစင္ကိုလည္း အတူတူပဲ စြန္႔ပစ္လို႔ရတယ္လို႔ မထင္လိုက္ပါနဲ႔။ ေၾကာင္ရဲ႕မစင္ဟာ စြန္႕ပစ္ၿပီး နာရီအနည္းငယ္ၾကာတဲ့အခါ အခဲအသြင္ေျပာင္းသြားၿပီး ပိုက္လိုင္းတစ္ေနရာရာမွာ ပိတ္ဆို႔ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အိမ္မွာေၾကာင္ေမြးထားတယ္ဆိုရင္ ေၾကာင္မစင္ကို အျခားေသာ အမိႈက္ေတြနဲ႔အတူ အမိႈက္ထုပ္ထဲမွာသာ ေရာေႏွာစြန္႔ပစ္သင့္ပါတယ္။

မ်က္ႏွာေပါင္းတင္ေဆး

ရႊံ႕ေစးကို အေျခခံၿပီး ထုတ္လုုပ္ထားတဲ့ ေပါင္းတင္ေဆးေတြကို လက္ေဆးကန္၊ ဒါမွမဟုတ္ အိမ္သာခြက္ေတြထဲကို ေဆးမခ်ပစ္သင့္ပါဘူး။ တကယ္လို႔ ေဆးခ်လိုက္မိမယ္ဆိုရင္ ရက္ေပါင္းမ်ားလာတဲ့အခါ ပိုက္ထဲမွာအျပည့္ ခဲၿပီးပိတ္ေနတဲ့ ရႊံ႕ေဆးေတြနဲ႔ အခက္ေတြ႕ရပါလိမ့္မယ္။ ဒါေၾကာင့္ မ်က္ႏွာေပါင္းတင္ေဆးရည္ကို လိမ္းက်ံၿပီး သန္႔ရွင္းတဲ့အခါ ပထမဦးဆုံး အ၀တ္သန္႔နဲ႔ သုတ္ပစ္ၿပီး က်န္ရိွေနတဲ့ အၾကြင္းအက်န္ေလးေတြကိုသာ ေရနဲ႔စင္ေအာင္ ေဆးပစ္သင့္ပါတယ္။

ဒါေလးေတြကေတာ့ လူတိုင္း အမွတ္မထင္ ျပဳလုုပ္တတ္ၿပီး မသိလိုက္တဲ့အခ်ိန္အတြင္းမွာ ေရဆင္းပိုက္ေတြ ပိတ္ဆို႔ၿပီး အခက္မေတြ႕ေစဖို႔ မွ်ေ၀ေပးထားတဲ့ ေဆာင္းပါးေလး ျဖစ္ပါတယ္။

 

Credit: bahututa.xyz

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service