အငှားဝယ်စနစ် (Hire Purchase) အကြောင်းသိကောင်းစရာ

အငှားဝယ်စနစ် (Hire Purchase) အကြောင်းသိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
7 May 2019 12:47 pm တွင် တင်ခဲ့သည်
2914 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ယခုအခါ ကုန်သွယ်မှုလုပ်ငန်း၏ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်ငန်းများ၌ ရောင်းသူနှင့်ဝယ်ယူသူတို့အကြား ဘဏ်မှ ကြားဝင်၍ ငွေကြေးစိုက်ထုတ်ဆောင်ရွက်ပေးသော အငှားဝယ်စနစ်ကို စတင်ကျင့်သုံး ဆောင်ရွက်နေကြပါသည်။ အငှားဝယ်စနစ်တွင် ဝယ်သူနှင့် ရောင်းသူတို့အကြား ဘဏ်မှငွေကြေး စိုက်ထုတ်ဝယ်ယူပေး၍ ပစ္စည်းတန်ဖိုးနှင့် ဘဏ်၏ဝန်ဆောင်ခများကို ဘဏ်သို့ အရစ်ကျဝယ်ယူသူက ပြန်လည်ပေးဆပ်ရသည်။ ဝယ်ယူသူသည် မိမိအလို ရှိသော ကုန်ပစ္စည်းကို ဝယ်ယူနိုင်ခြင်း၊ ရောင်းသူသည် မိမိပစ္စည်းကို တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်ခြင်း၊ ရောင်းချသော ကုန်ဖိုးငွေကို အကျေရရှိခြင်းနှင့် ကြားခံဆောင်ရွက်ပေးသော ဘဏ်အနေဖြင့်လည်း ဘဏ်၏ငွေကြေးလည်ပတ်မှုနှင့် ဘဏ်တိုး ဝန်ဆောင်ခကော်မရှင်များရရှိ၍ သုံးဦး သုံးဖလှယ် အကျိုးရှိသောလုပ်ငန်းစနစ် တစ်ခုဖြစ်ပါသည်။

အငှားဝယ်စနစ်တွင် အရောင်းအဝယ် ပြုခြင်း၊ ငွေထုတ်ချေးခြင်း၊ ပစ္စည်းကို ငှားရမ်းခြင်း၊ ဥပဒေသဘောများ ပါဝင်နေခြင်း ကြောင့် အရပ်လောက၌ ဝယ်-ချေး-ငှား ဟူ၍ ခေါ်ဆိုနေကြပါသည်။

အရစ်ကျကုန်ပစ္စည်း အကြွေးရောင်း သောစနစ်

ကုန်ပစ္စည်းအကြွေးရောင်းချသောစနစ်သည် ရောင်းသူက ဝယ်သူသို့ အရောင်း စာချုပ်ချုပ်ဆို၍ ကုန်ပစ္စည်းကို လွှဲပြောင်း ပေးအပ်လိုသဖြင့် ပိုင်ဆိုင်မှုသည် ဝယ်သူ ၏လက်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် ဝယ်သူသည် အရစ်ကျအကြွေးငွေပေးရန် ပျက်ကွက်ပါက ရောင်းသူသည် ကုန်ပစ္စည်း ကို ပြန်လည်သိမ်းယူခွင့်မရှိပါ။ အကြွေး ကျန်ငွေကိုသာ ဝယ်သူအပေါ် တရားစွဲဆိုနိုင်ပါသည်။

အငှားဝယ်စနစ်

ကုန်ပစ္စည်းပိုင်ရှင်က အငှားဝယ်သူ အား ကုန်ပစ္စည်း၏တန်ဖိုးငွေကို အရစ်ကျ ပေးဆပ်ရန် ကာလသတ်မှတ်ပြီး ငှားရမ်းမှု စာချုပ်ဖြင့် ကုန်ပစ္စည်းကို အငှားဝယ်သူ သို့ ပေးအပ်ထားပါသည်။အငှားဝယ်သူက အရစ်ကျငွေအား လုံးပေးဆပ်ပြီးမှသာ အငှားစာချုပ်ကို ဖျက်သိမ်း၍ ပိုင်ဆိုင်မှု ကိုအရောင်းစာချုပ်ဖြင့် လွှဲပြောင်းပေးအပ် ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ကုန်ပစ္စည်း အပေါ် ပိုင်ဆိုင်ခွင့်သည် ကုန်ပစ္စည်းပိုင်ရှင် ထံတွင်သာရှိနေပြီး အရစ်ကျငွေပေးဆပ်ရန် ပျက်ကွက်ပါက ပစ္စည်းကိုပြန်လည် သိမ်းယူနိုင်သည်။ ပေးချေပြီးသော အရစ်ကျ ငွေများကိုလည်း သိမ်းယူနိုင်သည်။ ငွေပြန်အမ်းရန် မလိုပါ။

အငှားဝယ်စနစ်တွင် ဘဏ်မှပါဝင် ဆောင်ရွက်ပေးမှု

ကုန်ပစ္စည်း အငှားဝယ်သူနှင့် ကုန်ပစ္စည်းပိုင်ရှင်တို့နှစ်ဦးအကြား ဘဏ်မှ ငွေကြေး စိုက်ထုတ်ဝယ်ယူပေးပြီး အငှား ဝယ်သူက ဘဏ်သို့အရစ်ကျ ပြန်လည် ပေးဆပ်ရပါသည်။ ပစ္စည်းမှာ ဘဏ်၏ပိုင်ဆိုင်မှုဖြစ်ပြီး အငှားဝယ်သူအားအရစ်ကျ ငွေကျေသည်အထိ ငှားရမ်းထားခြင်းဖြစ် ပါသည်။ ငွေကျေသောအခါ အငှားဝယ်သူသို့ ဘဏ်မှပိုင်ဆိုင်မှုကို အရောင်းအဝယ် စာချုပ်ဖြင့် ပိုင်ဆိုင်မှု လွှဲပြောင်းပေးအပ်ပါသည်။ ထို့ကြောင့် ဘဏ်သည်ကြားခံဆောင် ရွက်ပေးသော ငွေရေး၊ ကြေးရေးထောက်ပံ့ သည့် အဖွဲ့အစည်းဖြစ်ပါသည်။ အငှားစနစ် တစ်ခုပြုလုပ်ရာတွင် ပစ္စည်းရောင်းသူ၊ အငှားဝယ်ယူသူနှင့် ဘဏ်တို့အကြား အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက် ကြပါသည်။

ဘဏ်နှင့် ကုန်ပစ္စည်းရောင်းသူတို့ အကြားညှိနှိုင်းဆောင်ရွက်ခြင်း

ကုန်ပစ္စည်းရောင်းချလိုသူသည် ဘဏ်နှင့် ဆက်သွယ်၍ အငှားဝယ်စနစ်ဖြင့် ကုန်ပစ္စည်းများရောင်းချရန် သဘောတူ စာချုပ် ချုပ်ဆိုကြပါသည်။ အခွင့်ရ ဆက် သွယ်သူ သဘောတူစာချုပ် (Authorized Declearship Agreement) ဖြစ်ပါသည်။ ယင်းစာချုပ်တွင် ကုန်ပစ္စည်းရောင်းသူမှ ဆောင်ရွက်ရမည့်တာဝန်များ၊ ဘဏ်မှ ဆောင်ရွက်ရမည့် တာဝန်များရှိပါသည်။ ကုန်ပစ္စည်း ရောင်းသူက ယင်းဘဏ်တွင် ငွေစာရင်းတစ်ခု ဖွင့်လှစ်ထားရပါသည်။

ကုန်ပစ္စည်းဝယ်ယူခြင်း

အငှားဝယ်စနစ်ဖြင့် ကုန်ပစ္စည်းဝယ် ယူလိုသူသည် ဘဏ်နှင့် သဘောတူစာချုပ် ချုပ်ထားသော ကုန်ပစ္စည်း အရောင်းဆိုင်မှ ဝယ်ယူလိုသည့် ပစ္စည်းအမျိုးအမည်တန်ဖိုး တို့ပါဝင်သော ပြေစာတစ်စောင်ကို ရယူ၍ ဘဏ်၏ငွေချေးဌာနသို့ သတ်မှတ်ပုံစံဖြင့် လျှောက်ထားရပါသည်။ ဘဏ်၏ငွေချေး တာဝန်ခံမှ ပစ္စည်းဝယ်ယူလိုသူ၏ သတင်းအချက်အလက်များရယူပါသည်။ သတင်းအချက်အလက်များမှာ ဝယ်ယူရန်လျှောက် ထားသူ၏ အမည် ၊ အသက်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ် စာ၊ အိမ်ထောင်ရှိ/မရှိ၊ ခင်ပွန်းအမည်၊ ဇနီး၊ ခင်ပွန်း၏ အလုပ် အကိုင်၊ လျှောက်ထားသူ၏ဝင်ငွေ၊ အတူနေ သားသမီး၊ မိဘ၊ ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့၏ဝင်ငွေများ၊ ကြွေးမြီတင်ရှိခြင်း ရှိ/မရှိ၊ ရှိလျှင် ပေးဆပ်ရမည့်ပမာဏ၊ ပေးဆပ်ရမည့် ပုဂ္ဂိုလ်၊ နောက်ဆုံးပေး ဆပ်ရမည့်အချိန်၊ အခြားဘဏ်များတွင် စာရင်းဖွင့် လှစ်ထားခြင်း ရှိ/မရှိ ရှိလျှင် စာရင်းအမှတ်နှင့် အပ်ငွေပမာဏ၊ အခြားဘဏ်များ၌ အငှားဝယ်စနစ်ချေးငွေ ရှိ/ မရှိ၊ ရှိလျှင်ဝယ် သူပစ္စည်းနှင့် ငွေပမာဏ ဤအငှားဝယ်စနစ် ချေးငွေပေးဆပ်ရန် မိမိအား၊ အာမခံပေးမည့် ပုဂ္ဂိုလ်များ၊ မိမိ၏ အခြားပိုင်ဆိုင်ပစ္စည်းများနှင့် ဝယ်ယူလိုသည့် ပစ္စည်းအမျိုးအမည်နှင့် တန်ဖိုး စသည့်လိုအပ်သော အချက်အလက်များကို ဘဏ်မှအငှားဝယ်ယူလိုသူအား မေးမြန်း မည်ဖြစ်ပါသည်။ ဘဏ်ဒါရိုက်တာ အဖွဲ့သို့ တင်ပြပြီး ခွင့်ပြု/ မပြုဆုံးဖြတ်မည် ဖြစ်ပါ သည်။

အငှားဝယ်စနစ်ဖြင့် ပစ္စည်းဝယ်ယူခွင့် ပြုပါက အငှားဝယ်ယူသူအနေဖြင့် ကုန် ပစ္စည်းအရောင်းပြေစာတင်ပြ၍ ဘဏ်နှင့် ငွေချေးကတိစာချုပ်၊ အာမခံစာချုပ်၊ ကုန်ပစ္စည်းအငှားစာချုပ်၊ ပိုင်ဆိုင်မှုလွှဲပြောင်း ပေးခြင်းသဘောတူညီချက်စာချုပ်၊ အငှား ဝယ်သူ၏ကတိစာချုပ် စသည်များချုပ်ဆို ရပါသည်။ ထို့နောက် ဘဏ်မှ ကုန်ပစ္စည်း အရောင်းဆိုင်သို့ ကုန်ပစ္စည်းထုတ်ပေးရန် အကြောင်းကြားစာကိုယူ၍ အငှားဝယ်စနစ် ဖြင့်ဝယ်ယူသောပစ္စည်းကို ထုတ်ယူနိုင်ပါသည်။

အငှားဝယ်စနစ်၏ ငွေကြေးဆိုင်ရာများ

အငှားဝယ်စနစ်ဖြင့် ပစ္စည်းဝယ်ယူလို သူသည် ယင်းဘဏ်၌ ငွေစာရင်းဖွင့်ရပါ သည်။ အငှားဝယ်ယူသူသည် ဘဏ်မှ သတ်မှတ်ပေးထားသော ရာခိုင်နှုန်းအရ လက်ငင်းငွေ (Down Payment) ကို ဘဏ်သို့ ပေးသွင်းရပါသည်။ ဥပမာ-ပစ္စည်းတန်ဖိုးအပေါ်တွင် ၄၀% သတ်မှတ် ပါက ပစ္စည်းတန်ဖိုး ၁၀ဝ၀ဝ၀ိ/- ဖြစ်ပါမူ ငွေကျပ် ၄၀ဝ၀ဝိ/-ပေးသွင်းရပါမည်။ ထို့ ပြင် ဘဏ်ငွေပေးအမိန့်လွှာကော်မရှင် ဘဏ်ဝန်ဆောင်ခ၊ ငှားရမ်းခတို့အတွက် ပေးသွင်းရပါမည်။ အငှားဝယ်ယူသူသည် ကုန်ပစ္စည်း တန်ဖိုးမှ လက်ငင်းငွေကို နှုတ်၍ကျန်သော ငွေသည်ဘဏ်မှခွင့်ပြုသော ချေးငွေဖြစ် ၍ ယင်းဘဏ်ချေးငွေပေါ်တွင် ဘဏ်မှ သတ်မှတ်သော ဘဏ်တိုးငွေကို ငှားရမ်းခ အဖြစ် ပေးသွင်းရပါသည်။ ပေးသွင်းရာတွင် အငှားဝယ် စနစ်ကို (၂) နှစ် သတ်မှတ်ပါက (၂) နှစ်အတွက် ဘဏ်တိုး(ဝါ) ငှားရမ်းခကို (၂)နှစ်အတွက် တစ်ကြိမ်တည်းပေး သွင်းရပါသည်။

အရစ်ကျငွေ ပေးဆပ်ခြင်း

အငှားဝယ်စနစ်ဖြင့် ပစ္စည်းဝယ်ယူသူ မှ သတ်မှတ်ထားသော အရစ်ကျငွေကို လစဉ် လဆန်း (၁) ရက်မှ(၃) ရက် သို့ မဟုတ် (၅) ရက်အတွင် ပေးသွင်းရပါသည်။ ပေးသွင်းရန် ပျက်ကွက်ခဲ့ပါက နောက်ကျ သည့်ရက်များအပေါ်တွင် ဘဏ်မှ နောက်ကျကြေးကောက်ယူမည် ဖြစ်ပါသည်။ ငွေပေးသွင်းရန် (၂) လပျက်ကွက်ခဲ့ပါက တရားစွဲဆို၍ ပစ္စည်းပြန်လည်သိမ်းယူနိုင်ပါသည်။

အငှားဝယ်ယူသူ၏ ငွေမကျေမီကုန် ပစ္စည်းနှင့်ပတ်သက်သော တာဝန်များ

ကုန်ပစ္စည်းသည် ပေးသွင်းရန် ငွေ မကျေမီ မိမိပိုင်ပစ္စည်းမဟုတ်ဘဲ ငှားရမ်း ထားသောပစ္စည်းဖြစ်၍ ကောင်းမွန်စွာ ထိန်သိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါ သည်။ ပစ္စည်း၏ ကြံ့ခိုင်မှုများပြုလုပ်ခြင်း၊ ပျက်စီးပါက ပြင်ဆင်ခြင်း၊ အခွန်အခများ ပေးဆောင်ခြင်း ပစ္စည်းပေါ်တွင် အလုံးစုံ အာမခံထားခြင်း ဘဏ်မှ စစ်ဆေးလျှင် ခွင့်ပြုခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော ကိစ္စများ၌ အသုံးမပြုခြင်း ကုန်ပစ္စည်း၏ အကျိုးခံစားခွင့်ပိုင်ဆိုင်ခွင့်တို့ကို ရောင်း ချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ပြု ခွင့်မရှိခြင်း၊ ထို့ပြင် ဘဏ်နှင့် ချုပ်ဆိုထား သော အငှားချထားခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာပါမည်။

အငှားဝယ်စနစ်ဖြင့် ဝယ်ယူနိုင်သော ပစ္စည်းများ

ယခုအခါတွင် ကုန်ပစ္စည်းထုတ်လုပ် ရောင်းချသူများသည် မိမိတို့၏ပစ္စည်း အရောင်းမြှင့်တင်ရေးအတွက် ဘဏ်များ နှင့် ချိတ်ဆက်ကာ အငှားဝယ်စနစ်ကို တွင်တွင် ကျယ်ကျယ် ဆောင်ရွက်လျက်ရှိ ကြပါသည်။ တန်ဖိုးကြီးမားသော လုံးချင်း တိုက်များ၊ ကွန်ဒိုတိုက်ခန်းများ၊ မော်တော် ယာဉ်များ၊ စက်ယန္တရားကြီးများမှအစ လျှပ်စစ်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂများ နှင့် လျှပ်စစ်ပစ္စည်းများအဆုံးထိ အငှား ဝယ်စနစ်ဖြင့် ရောင်းချနေကြပြီဖြစ်ပါ၍ အငှားဝယ်စနစ်အကြောင်း သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
Aung Theikdi Villa
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service