မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ်

မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
26 Apr 2019 12:54 pm တွင် တင်ခဲ့သည်
15182 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲ ထားရုံဖြင့် ဘယ်လို ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ?

ကြည့်မှန် ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ?

အိမ်တွေ ဆိုင်တွေ မှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ?

စတဲ့ မှန်တစ်ချပ် ရဲ့အသုံးဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။

ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။

ဆန်းဗေဒင် မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ် က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင် သလို မိမိအိမ် က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာ ရှိ ပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။နောက်ပြီး မျက်နှာချင်းဆိုင် အိမ် က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိ အိမ်နဲ့ တည့်တည့် ကျရင် မိမိ အိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေ က မြန်မာ ဆန်းဗေဒင် မှာရော တရုတ် ဖုန်းရွှေပညာမှာ ပါရှိတဲ့ အကြောင်း အရာတွေပါ။

အဲဒီလို နေအိမ် ၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင့်သော တိုက်၊ အိမ် တစ်ခုခု ရှိနေပါက သင့်အိမ် ၏ ပြတင်းပေါက်တွင် ကြည့်မှန် တစ်ချပ် ကို တပ်ထားလိုက်ခြင်း အားဖြင့် ကံ အညံ့တွေပြယ်ပြီး မိမိ တို့လုပ်ကိုင်သမျှ အကြံအစည် များ အားလုံးအောင်မြင်စေနိုင်ပါသည်။

ထိုမှန် ကို မကွဲစေရန် ဂရုစိုက်သင့် ပါတယ်။ မတော်တဆ ကွဲသွားပါက ချက်ခြင်း အသစ် လဲလိုက်ပေါ့ဗျာ ။ မှန် ကို ခြေရင်း အိမ် ၊ခေါင်းရင်း အိမ်၊ မျက်နှာချင်းဆိုင် အိမ်တွေဘက် လှည့်ရ မှာနော်။ ပြောင်းပြန်လဲဖြစ်နေ ဦးမယ်။နောက်ပြီး မိမိ ရဲ့ အိပ်ယာ၊ ခုတင် ရဲ့ အပေါ် တည့်တည့် မှာ ထုတ်တန်းတွေ ရှိရင် သရဲစီး သလို ဘီလူးစီး သလို ခံစားရတတ် ပါတယ်။ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင်တော့ ကျန်းမာရေး အားနည်း မှုကြောင့်သော် လည်ကောင်း အိပ်တာ နည်းစနစ် မမှန်တာလဲဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲလိုမျိုး ကြုံလာပြီ ဆိုရင် ထို ထုပ်တန်းတွင် မှန်တစ်ချပ် ချိတ်ဆွဲထားလိုက်ပါ။

ကိုယ့် အလုပ်မှာ ရှိတဲ့ မိမိ ရဲ့ အလုပ်စားပွဲ အပေါ်တည့်တည့် မျက်နှာကြက်တွင် ထုပ်တန်း တစ်ခု ရှိပါက အလုပ် ၀န်ပိခြင်း ၊ မနိုင်ဝန် ထမ်းရခြင်း ၊စိတ်ပန်း လူပန်းဖြစ်ရခြင်း စသော ၀န်ပိခြင်း အမျိုးမျိုးကြုံရ တတ် ပါတယ်။ အဲလိုမျိုးကြုံရပြီ ဆိုရင် မိမိ အလုပ် စားပွဲလေးကို အနည်းငယ်ရွေ့ထားလိုက်စေချင်ပါတယ်။

အချို့ အိမ်တွေ မှာ ရှေ့ကနေ လင်မယားနှစ်ယောက်စလုံး စီးပွားရှာနေကြတဲ့ အတွက် မီးဖိုချောင် ကိစ္စတွေ အိမ်မှု ကိစ္စတွေ အတွက် အိမ်အကူ ဆိုတာမျိုးခေါ်ထားရတာတွေ ရှိပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲ ဆိုရင် အိမ်အကူ မမြဲတာ လူလိမ်တွေနဲ့တွေ့တာ မိသားစုလို သဘော ထားပြီးလုပ်ပေးတဲ့ အိမ်အကူတွေ အကြောင်း အမျိုးမျိုးကြောင့် အလုပ်က ထွက်တာမျိုး ကြုံရမျိုးတွေရှိပါတယ်။

အဲဒါ ဆိုရင်တော့ မီးဖိုဆောင်တွေ ထမင်း စားစားပွဲဘေးတွေ မှာ ကြည့်မှန် ချပ် ကြီးကြီး တပ်ဆင် ထားခြင်းဖြင့် အိမ် အကူ မြဲခြင်း အစားအသောက်ပေါများခြင်းများဖြစ်ပေါ်လာပါလိမ့်မယ်။

ဈေးဆိုင် ထမင်းဆိုင် ကုန်စုံဆိုင် လက်ဖက်ရည်ဆိုင် ဘယ်ဆိုင်တွေမှာ မဆို ထိုဆိုင် ရဲ့ ငွေသိမ်းကောင်တာ တွင် ကြည့်မှန် ကြီး တစ်ချပ် ချိတ်ထားခြင်းဖြင့် စီးပွားတတ်ခြင်း ၀င်ငွေနှစ်ဆ တိုးပွားခြင်းတွေဖြစ်ပေါ် လာတော့ တာပါပဲ။

ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ၊ကျူရှင်တွေ မူကြိုကျောင်းတွေ မှာ ကျောင်းသား နည်းနေတယ် ဆိုရင်တော့ Canteen လိုနေရာမျိုး မှာ ကြည့်မှန်ကြီးကြီး တစ်ချပ် ချိတ်ဆွဲထားခြင်းဖြင့် ကျောင်း သား ဦးရေ တိုးပွားလာပါလိမ့်မယ်။

ဝန်ထမ်းများများ ရှိတဲ့ ကုမ္ပဏီတွေ အလုပ်ရုံတွေ ဝပ်ရှော့တွေ စက်ရုံတွေ ဝန်ထမ်း မမြဲတာ မျိုးကြုံရပြီ ဆို ရင်တော့ dinning room လိုနေရာမျိုး မှာ မှန်တစ်ချပ် ချိတ်ဆွဲ ထားလိုက်ပါဗျ။ ဝန်ထမ်းမြဲလာပါလိမ့်မယ်။

မိမိတို့နေသော အိမ်ဟာ လှေဦးတိုက် လှည်းဦးတိုက် ဟုခေါ်သော T ပုံစံ လမ်းထိပ် တည့်တည့်တွင် ရှိနေ ခဲ့ပါက ကြည့်မှန် တစ်ချပ် ကို ၀င်ပေါက် ထိပ်တွင် တပ်ဆင်ထားခြင်း ဒါမှ မဟုတ်လမ်းဆုံထိပ် မှာရေချမ်း စင်လေး တည်ပေးထားခြင်းဖြင့် ကံကြမ္မာ အညံ့ အဆိုးတွေမှ လွတ်ကင်းစေပါလိမ့်မယ်ဗျ။

ဒီလောက် ဆိုရင်တော့ မှန်တစ်ချပ် နဲ့ ဓာတ်ဆင်ပုံ ဆင်နည်းတွေ ကို သိလောက်ပြီထင်ပါတယ်ဗျ။ အားလုံး သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ........

 

Credit: ငြိမ်းအေးလူ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service