အရပ်စာချုပ်နဲ့ဝယ်တဲ့ မြေကွက်အမည်မပြောင်းခင် အရင်ပိုင်ရှင်က နောက်တစ်ဦးကို ထပ်ရောင်း

အရပ်စာချုပ်နဲ့ဝယ်တဲ့ မြေကွက်အမည်မပြောင်းခင် အရင်ပိုင်ရှင်က နောက်တစ်ဦးကို ထပ်ရောင်း - Property Knowledge in Myanmar from iMyanmarHouse.com
11 Apr 2019 12:57 pm တွင် တင်ခဲ့သည်
6587 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အရပ်စာချုပ်နဲ့ မြေကွက်ဝယ်ထားတာ နှစ်ကြာနေပြီး အမည်မပြောင်းလဲပဲ ထားရာက အရင်အမည်ပေါက် ပိုင်ရှင်ရဲ့ မိသားစုဝင်က တခြားသူဆီလိမ်ရောင်းတာ ခံလိုက်ရတဲ့အတွက် ကိုထက်နိုင် (အမည်လွှဲ) တစ်ယောက် မြေကွက်ပြန်ရအောင် ဘယ်လို ပြန်လုပ်ရမလဲ မသိဖြစ်နေတယ်။

ကိုထက်နိုင်ရဲ့ ဖခင်က နယ်ဘက်မှာ မြေကွက်တစ်ကွက် ဝယ်ယူထားပြီး စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားတယ်။ နှစ်အတော်ကြာတဲ့အထိ သွားမကြည့်ဖြစ်ခဲ့ပဲ ဖခင်သေဆုံးသွားတော့မှ သွားကြည့်ခဲ့ရာ အိမ်ဆောက်ပြီး တစ်ခြားသူတွေ နေထိုင်နေတာ သိခဲ့ရတယ်။ စုံစမ်းကြည့်တော့ အရောင်းအ၀ယ် သုံးလေးဦး ပြောင်းနေတဲ့အထိ ဖြစ်နေတာပါ။

ကိုထက်နိုင်က "အခုမြေတိုင်းရုံးတွေ သက်ဆိုင်ရာ ဌာနတွေကို စာချုပ်စာတမ်းတွေ တင်ပြပြီးတော့ ပိုင်ဆိုင်ကြောင်း ပြထားတယ်၊ မြေကွက်ပြန်ရဖို့ တိုင်ပင်ဆွေးနွေးနေတယ်" လို့ ပြောပါတယ်။

ဝယ်ယူထားတဲ့ အဖေဖြစ်သူလည်း ဆုံးသွားပြီဖြစ်တဲ့အပြင် မြေကွက်ကလည်း ၀ယ်ယူထားတဲ့သူ အဆင့်ဆင့်ပြောင်းပြီး အရောင်းအ၀ယ် ဖြစ်ခဲ့တာကြောင့် သူ့မြေကွက်ကို ပြန်ရနိုင်ပါ့မလား စိုးရိမ်နေတာပါ။အကျိုးဆောင်ရှေ့နေ ဦးကျော်နိုင်က "ဒီလိုမျိုးပြသနာက သွားရတဲ့အဆင့်တော့ နည်းနည်းများတယ်၊ ဖခင်က မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်လုပ်ခဲ့တော့ ဥပဒေအရ တရားဝင်တယ်၊ အမွေဆက်ခံခွင့် အရင်လျှောက်ပြီး လိမ်ရောင်းတဲ့သူကို တရားစွဲရမယ်၊ နေထိုင်နေတဲ့သူတွေကိုလည်း တရားစွဲရမယ်'လို့ ရှင်းပြပါတယ်။

အမွေဆက်ခံသူအဖြစ် ကျမ်းကျိန်ပြီး သက်ဆိုင်ရာရုံးမှာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရမှာပါ။ ဒါတွေပြီးတော့မှ လိမ်ရောင်းသွားတဲ့ အရင်ပိုင်ရှင်ရဲ့ မိသားစုဝင်တွေကိုလည်း တရားစွဲဆိုရမှာပါ။ သူနဲ့အတူတူ အဆင့်ဆင့်ရောင်းသွားတဲ့ သူတွေကိုလည်း တရားပြိုင်အနေနဲ့ တရားစွဲဆိုရမယ်လို့ သိရပါတယ်။

မြေတန်ဖိုးအလိုက် သတ်မှတ်ထားတဲ့ တရားရုံးမှာ တရားစွဲဆိုပြီး မြေကွက်မှာ နေထိုင်နေသူတွေကိုလည်း ကျူးကျော်နေထိုင်နေသူတွေအဖြစ် ဖယ်ရှားနှင်ထုတ်နိုင်ဖို့နဲ့ မြေကွက်ကို လက်ရောက်ပြန်လည် ရယူလိုမှုနဲ့ တရားစွဲဆိုပြီး တောင်းယူရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

အမည်ပေါက်ဖြစ်နေမှသာ စိတ်ချထားလို့ ရမှာပါ။ ဒါတောင်တချို့နေရာတွေမှာ ကျူးကျော် ၀င်ရောက်နေထိုင်သူတွေ ကြုံတွေ့နေရတာရှိတယ်။ ၀ယ်သူကလည်း လိမ်လည်ရောင်းချတဲ့ မြေကွက်ကို ၀ယ်မိရင် ဆုံးရှုံးနစ်နာမှုတွေ ရှိနိုင်တာကြောင့် သေချာခိုင်လုံအောင် ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ ကန့်ကွက်နိုင်ကြောင်း ထည့်သွင်းမှု များပြားလာတာတွေက သည်လိုအရှု့ပ်အရှင်းတွေ ဖြစ်တဲ့အခါ သက်သေပြနိုင်အောင် ဖြစ်တယ်လို့ ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service