သင့်အိမ်မှာလူမရှိတဲ့အခါ သူခိုးမကပ်အောင်၊ ပစ္စည်းမပျောက်သွားအောင် ဘယ်လိုတွေပြုလုပ်သင့်လဲ???

သင့်အိမ်မှာလူမရှိတဲ့အခါ သူခိုးမကပ်အောင်၊ ပစ္စည်းမပျောက်သွားအောင် ဘယ်လိုတွေပြုလုပ်သင့်လဲ??? - Property Knowledge in Myanmar from iMyanmarHouse.com
4 Apr 2019 12:34 pm တွင် တင်ခဲ့သည်
5215 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

၁။ တန်းဖိုးကြီးပစ္စည်းတွေကို သေချာသိမ်းဆည်းပေးပါ။

မိမိရဲ့ အိမ်ကို လာနေကျသူ မဟုတ်ဘဲ သူစိမ်းတွေ လာတဲ့အခါ အတတ်နိုင်ဆုံး မိမိရဲ့ ပစ္စည်းတွေကို သိမ်းဆည်ထားဖို့လိုအပ်ပါတယ်။ မိမိအိမ်မှာ ပစ္စည်းတစ်ခုခု ပျက်လို့ ခေါ်ပြင်တဲ့အခါ ဒါမှမဟုတ် အခြားကိစ္စတစ်ခုခုကြောင့် သူစိမ်းသူလာတဲ့အခါ လက်ပတ်နာရီ၊ လက်စွပ် နဲ့ အခြား တန်ဖိုးကြီး ပစ္စည်းလေးတွေကို တွေ့ကရာနေရာမျိုးမှာ တင်ထားတာမျိုး စတဲ့ အချက်ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

၂။ အိမ်ဖုန်းကို အသံပိတ်ထားပေးပါ။

အိမ်မှာ လူမရှိတဲ့အခါ သင့်ရဲ့ အိမ်ဖုန်းကို ဖွင့်မထားပါနဲ့။ အချို့ သူခိုးတွေဟာ အိမ်ဖုန်းလာတဲ့အခါ ကိုယ့်အိမ်ရဲ့ အတွင်းရေးကိစ္စတွေကို ဖြေကြားမှုတွေကို သတင်းယူတတ်ကြပါတယ်။ ဒါ့ကြောင့် သင်အပြင်သွားတဲ့အခါ/အိမ်သား တစ်ယောက်မှ မရှိတဲ့အခါ ဖုန်းကိုအသံပိတ်ထားခြင်း/ စက်ပိတ်ထားခြင်းမျိုးကို ပြုလုပ်သင့်ပါတယ်။ ဖုန်းလာတဲ့အခါ တစ်ဖက်သူရဲ့ ဖုန်းဖြေကြားချက်က သူတို့အတွက် အားသာချက်တစ်ခုဖြစ်သွားနိုင်ပါတယ်။

၃။ လုံခြုံမှုရှိတဲ့ အာမခံသော့ကို အသုံးပြုပါ။

သူခိုးအများစုက အရှေ့တံခါးသော့ကို ဖျက်ဆီးပြီး ခိုးဝင်မှု ပြုလုပ်တာ ၇၃%လောက်ရှိကြပါတယ်။ သူတို့အတွက် သော့ကို ဖျက်ဆီးရတာ သာမန်သူတွေထက်တော့ ပိုပြီး လွယ်ကူပါတယ်။ ဒါ့ကြောင့် အိမ်ကို သော့ခတ်တဲ့အခါ လုံခြုံမှုရှိတဲ့ အာမခံသော့မျိုးကို ခတ်ဖို့အတွက် အကြံပြုပါရစေ။ သူခိုးတစ်ယောက်အတွက် သော့ကိုဖျက်ဆီးဖို့ အချိန် ၁မိနစ်လောက်ပဲ ကြာပါတယ်။ ဒါ့ကြောင့် အိမ်ကို သော့ခတ်မယ်ဆိုရင် Pin Tumbler သော့မျိုး နဲ့ Lever သော့ အမျိုးအစား နှစ်ခုစလုံးကို အသုံးပြုတာကသင့်အတွက် ပိုပြီး လုံခြုံမှုရှိပါတယ်။

၎။ ပတ်ဝန်းကျင်နယ်မြေကို ဂရုစိုက်ပေးပါ။

သင့်ရဲ့ အိမ်ဟာ မှောင်ရိပ်ခိုလို့ ကောင်းမဲ့ နေရာမျိုးဆို သူခိုးတွေ ကပ်ဖို့အတွက် အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ သူအိမ်မှာ သစ်ပင်တွေ၊ ချုံတွေနဲ့ ပိတ်နေလျှင် သူခိုးလာတာကိုလည်း ဘေးပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေလည်း မမြင်နိုင်သလို တွေ့ခဲ့ရင်တောင် ပုန်းအောင်းလို့ရတဲ့အတွက် သူတို့အတွက် ဒီအချက်က အားသာချက်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သင်အိမ်ကို သေချာရှင်းလင်းဖို့ လိုအပ်ပါတယ်။

၅။ ဈေးကြီးထည့်ထားတဲ့ စက္ကူဘူးတွေကို ဖယ်ရှားပေးပါ။

သင့်အိမ်မှာ တီဗွီ၊ ရေခဲသေတ္တာ စတဲ့ ဈေးကြီး လျှပ်စစ်ပစ္စည်းတွေ ဝယ်ယူထားတဲ့အခါ အဆိုပါပစ္စည်းတွေကို ထည့်ထားတဲ့ စက္ကူဘူးတွေကို လွှင့်ပစ်လိုက်ပါ။ သူခိုးက ပစ္စည်းထည့်ထားတဲ့ ဘူးခွံကိုတွေ့တဲ့အခါ သင့်အိမ်က ပစ္စည်းတွေက အသစ်တွေဖြစ်ကြောင်းသိတဲ့အခါ သူတို့အတွက် ခိုးယူချင်စရာ မက်လုံးပေးသလိုဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ဒီပစ္စည်းတွေ ဝယ်ယူလာတဲ့အခါ ဘူးခွံတွေကို စုတ်ဖြဲပြီး လွှင့်ပစ်လိုက်ပါ။

၆။ ဟန်ဆောင်ကောင်းအောင်နေပါ။

သင်က တစ်ဦးတည်းနေသူဖြစ်ဆိုလျှင် အပြင်သွားတဲ့အခါ သင်အိမ်မှာ ဘယ်သူတစ်ဦးတစ်ယောက်မျှရှိမှာမဟုတ်ပါဘူး။ ဒီလို သင်အပြင်ထွက်ခါနီး သင့်တိုက်အောက်မှာ သူစိမ်း လူတစ်စုက ဝှေ့လည်ဝှေ့လည်လုပ်နေတဲ့အခါ သင့်အနေနဲ့ သင်အိမ်မှာ လူရှိသလိုဟန်ဆောင်ပြုမူဖို့လိုအပ်ပါတယ်။ သူတို့သတိထားမိအောင် အိမ်အောက်ရောက်တဲ့အခါ အပေါ်ကို လက်ပြ နှုတ်ဆက်တာမျိုး၊ ပါးစပ်ဖြင့် တစ်ခုခုအော်ပြောတာမျိုးကို ဟန်ဆောင်ပြုမူသင့်ပါတယ်။ ဒါဆို သင့်အိမ်မှာ တစ်ယောက်ယောက် ကျန်ခဲ့တယ်လို့ မသမာသူတွေကထင်သွားပါလိမ့်မယ်။

၇။ တံခါးလော့ကို သေချာစစ်ဆေးပေးပါ။

အပြင်က ပြန်လာတိုင်း သင့်အိမ်တံခါးသော့ကို စစ်ဆေးဖို့လိုအပ်ပါတယ်။ သင်မသွားခင်က ရှိတဲ့ ခြေရာလက်ရာမျိုးမဟုတ်ဘဲ ပုံပျက်ပန်းပျက်ဖြစ်နေခြင်း၊ တစ်ခုခုကို ဖျက်ဆီးဖို့ ကြိုးစားထားခြင်းတွေ့တဲ့အခါ အရေးပေါ် အကူအညီတောင်းပြီးအချိန်မနှောင်းခင် ဆောင်ရွက်ပါ။

၈။ ပြတင်းပေါက် လိုက်ကာကို အနည်းငယ်ဖွင့်ထားပေးပါ။

ခရီးသွားတဲ့အခါ အိမ်ကို နေရောင်ခြည်တောင် မဝင်နိုင်အောင် တံခါးတွေ အကုန်ပိတ်ဆို့သွားတာထက် အနည်းငယ် အလင်းဓာတ်လေးရှိအောင် ဖွင့်ထားပေးဖို့လိုအပ်ပါတယ်။ သင်အိမ်က အမြဲ ပိတ်မှောင်နေတဲ့အခါ အထဲမှာ လူမရှိဘူးဆိုတာမသာမာသူတွေက ရိပ်မိသွားပါလိမ့်မယ်။ ဒါ့ကြောင့် ခရီးသွားတဲ့အခါ သင့်အိမ်က ပြတင်းပေါက်မှန်တံခါကို သေချာပိတ်ပြီး အတွင်းလိုက်ကာကို အနည်းငယ် ဟထားပေးဖို့လိုအပ်ပါတယ်။ ဒါလိုပြုလုပ်ထားတာက မသမာသူတွေအတွက်အထဲမှာ လူရှိတယ်ထင်မှားအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

၉။ ခြံစည်းရိုးနေရာမှာ အပင်စိုက်ပါ။

သင့်အိမ်မှာ ခွေးမွေးထားတာက ခြံလုံသလို အပင်စိုက်တာကလည်း ခံကို အကာအကွယ်တစ်ခုပေးပါတယ်။ သင့်အိမ်ရဲ့ ခြံစည်းရိုးဘေးမှာ ဘယ်လိုအပင်မျိုးစိုက်သင့်သလဲဆိုတော့ ချုံလည်း အထူကြီး မဖြစ်အောင် အကာအကွယ်လဲ ရတဲ့ နှင်းဆီးပင်၊ဒါမှမဟုတ် အပင်အရမ်းမကြီးဘဲ အဆူးရှိတဲ့ ပန်းပင်၊ သီးပင်၊ စားပင်မျိုးတစ်ခုခုကို ခြံစည်းရိုးပတ်ပတ်လည်းမှာ စိုက်ပျိုးပေးထားလိုက်ပါ။ ဒါဆို မသမာသူတွေ သင့်အိမ်ကို ဝင်ဖို့အတွက် ခက်ခဲသွားပါလိမ့်မယ်။

၁၀။ ဖုန်းကနေတစ်ဆင့် မိမိအိမ်ရဲ့ အခြေအနေကိုမပြောမိအောင် ဆင်ခြင်ပါ။

မသမာသူဆီက သင့်ဖုန်းနံပါတ်ကို ရတဲ့အခါ သင့်အိမ်ရဲ့ အခြေအနေကို တစ်စေ့တစ်စောင်းနဲ့ စုံစမ်းတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကုမ္ပဏီတစ်ခုခုကလို၊ ဌာနတစ်ခုခုကလိုနဲ့ သင့်အိမ်ရဲ့ အခြေအနေကို မေးမြန်းခြင်းမျိုးပြုလုပ်တတ်ကြပါတယ်။ဒါ့ကြောင့် အခြားဖုန်းတွေနဲ့ သင့်ရဲ့ အကြောင်း၊ သင့်အိမ်အကြောင်းကို မေးမြန်စုံစမ်းတဲ့အခါ မပြောမိအောင် သတိထားဆင်ခြင်နေဖို့လိုအပ်ပါတယ်။

 

Credit: Lifestyle Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service