ငလျင်ဒဏ်ကာကွယ်ရန်အဆောက်အအုံများ ကြိုတင်ပြင်ဆင်ထားသင့်သည့်နည်းလမ်းများနှင့် ဘေးကင်းရန် နေထိုင်သင့်သည့် နည်းလမ်းများ

ငလျင်ဒဏ်ကာကွယ်ရန်အဆောက်အအုံများ ကြိုတင်ပြင်ဆင်ထားသင့်သည့်နည်းလမ်းများနှင့် ဘေးကင်းရန် နေထိုင်သင့်သည့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Apr 2019 1:03 pm တွင် တင်ခဲ့သည်
1628 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ပထမဦးစွာအနေနှင့် မြန်မာနိုင်ငံအတွင်းတွင် ဘာကြောင့် ငလျင်လှုပ်ရလဲဆိုတာမှာ အကြောင်းကြီးနှစ်ချက်ရှိနေပါတယ်။

(၁) အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရွေ့လျားလာတဲ့ အိန္ဒိယပြတ်ရွေ့မြေထု။

(၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှ အနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ ပြတ်ရွေ့မြေထု။စတဲ့အကြောင်းကြီး နှစ်ချက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ငလျင်များလှုပ်နေရခြင်းဖြစ်သည်ဟုသိရသည်။

ငလျင်နှင့် ပတ်သတ်ပြီး ကာကွယ်သင့်သည့် နည်းလမ်းများကိုဖော်ပြပေးချင်ပါသည်။

(၁)အိမ်အပြင်ဘက်မှာရှိသော ပစ္စည်းများသည်လည်း အန္တရာယ်ဖြစ်စေနိုင်သည်။

သစ်ပင်၊ဓာတ်တိုင်၊ဓာတ်ကြိုးများသည်လည်း အန္တရာယ်ဖြစ်စေနိုင်သည်။အိမ်ပေါ်သို့ကျရောက်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ထားရမည်။

(၂)အိမ်ကို ပြုပြင်ရန်လိုအပ်လျှင်ပြုပြင်ထားသင့်သည်။

အားနည်းနေသော Foundation, အိမ်ခေါင်မိုးအုပ်ကြွပ်များသည် ငလျင်ကြောင့်ပျက်စီးစေနိုင်သည်။ခိုင်ခံ့အောင်ပြုလုပ်ထားခြင်း၊ပြုပြင်ခြင်းပြုလုပ်ထားသင့်သည်။

(၃)ပျက်စီးနေသော နံရံများကိုပြုပြင်ပါ

ငလျင်သည် နံရံများကို ပြိုကျခြင်းကင်းဝေးအောင် တိုင်များထောက်ထားသင့်သည်။

(၄)ငလျင်ဒဏ်ခံနိုင်ရန်အတွက် သံမဏိဘောင် သို့မဟုတ် အထပ်သားများကိုထည့်ပါ။

(၅) ပုံမှန်အားဖြင့် ပြတင်းပေါက်ဘောင်များသည် လေးထောင့်များသာဖြစ်သည်။စတုဂံပြတင်းပေါက်ဘောင်များသည် ၎င်းတို့၏ ထောင့်အက်နှင့်ဘောင်သည် ငလျင်၏ဖိအားကြောင့်ပြောင်းလဲလာနိုင်သည်။စတုဂံအစား ထောင့်ဝိုင်းလေးများ သုံးခြင်းဖြင့် ပြတင်းပေါက်၏ မူလအခြေအနေများကို ထိန်းသိမ်းနိုင်သည်။

(၆)ပြိုကျပျက်စီးလွယ်သော စာအုပ်စင်များ၊ကွန်ပြူတာများ၊ရေခဲသေတ္တာများ၊water heater များအား မြဲမြံစွာ စီမံထားပါ။

၂။ငလျင်ဖြစ်ပြီးနောက် ပျက်စီးမှုများအား ပြန်လည်ဆန်းစစ်ခြင်း

(၁)ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှု့ပါ။ဝါယာကြိုးများနှင့် ထိခိုက်စေနိုင်သော ပစ္စည်းများအား မထိပါနှင့်။

(၂)ဓာတုပစ္စည်းများသည်လည်း ဆိုးရွားသော တန်ပြန်သက်ရောက်မှုဖြစ်စေနိုင်သည်။

၃။ဘေးရန်ကင်းဖို့အတွက်

၁။ငလျင်လှုပ်လို့ အဆောက်အအုံ တစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူ တော်တော်များများဟာ တစ်ခုခု အောက်ထဲ ဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေ ကြရပါတယ်။ စာရေးစားပွဲတွေ၊ ကား တွေအစရှိတဲ့ အရာတွေအောက်ဝင် ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ ကြရပါတယ်။

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ရှိတာကို မြင်ဖူး ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြု ရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။ အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီးအရာ တွေဘေးမှာ ခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးရှိတတ်ပါတယ်။

၃။ငလျင်လှုပ်ချိန်မှာမော်တော်ယာဉ်တွေအတွင်း ဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပကအရာတွေသူတို့ အပေါ်ပိတဲ့အခါထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိ သူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက်ကွက်လပ် ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ။

၎။ညအချိန်ငလျင်လှုပ်တဲ့အခါခုတင် ပေါ်မှာတိုက်တိုက်ဆိုင် ဆိုင်ရောက် နေရင် ခုတင်ဘေးကိုသာလှိမ့်ချလိုက် ပါ။ ငလျင်လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့အကြံပြုချက်တွေကိုသာ ခုတင် ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထား ပေးနိုင်မယ်ဆိုရင် လူအသေအပျောက် နည်းသွားနိုင်ပါတယ်။

၅။ငလျင်လှုပ်နေစဉ်ကာလအတွင်း မှာ ပျဉ်ထောင်အိမ်တွေဟာ အလုံခြုံ ဆုံးပါပဲ။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့ အတူ အလိုက်သင့်လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး ပြိုကျတယ်ဆိုစေဦးတော၊့ နေရာလွတ်တွေအများကြီးချန်ထား ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာပြိုကျရင်ပိမယ့်အလေး ချိန်လည်းနည်းပါးပါတယ်။ အုတ် တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ်တစ်စစီပြိုကွဲကျသွား တတ်လို့ အောက်မှာရှိနေမယ့်လူတွေ အတွက် အန္တရာယ်ရှိပါတယ်။

၆။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက်ကနေပြေးထွက် ဖို့အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီးဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။

၇။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့  ကျည်းဘောင်ပြုတ်ထွက်သွား ချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစ ရှိတာတွေ ပြိုကျလာနိုင်လို့အခန် မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။

၈။ လှေကားခွင်ထဲမှာ ဘယ်တော့မှမ နေပါနဲ့။ လှေကားတွေဟာ ပင်မအ ဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိ တတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး အောက်မှာရှိတဲ့သူတွေကို လှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါတယ်။ အဆောက်အအုံပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ်စစ်ဆေး သင့်ပါတယ်။

၉။ နံရံတွေရဲ့အတွင်းဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ကြိုးစား ပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက် ရှာမရဖြစ်တတ်ပါတယ်။

၁၀။ ပြိုကျပျက်စီးနေတဲ့သတင်းစာ တိုက်တွေနဲ့စာရွက်အသုံးများတဲ့ အ ခြားရုံးတွေကိုဝင်ရောက် ကြည့်ရှုဖူး တဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံကြီးဘေး နားမှာဆိုရင်တော့ နေရာလွတ်ကြီး ကြီးမားမားကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ် မှာလက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျအဖြေထွက် ခဲ့ပါတယ်။

Credit: buildersguide

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service