မြန်မာ့နှစ်သစ်ကူးအခါသမယအချိန်အခါ အိမ်ရာတစ်ဖန်အသစ်

မြန်မာ့နှစ်သစ်ကူးအခါသမယအချိန်အခါ အိမ်ရာတစ်ဖန်အသစ် - Property Knowledge in Myanmar from iMyanmarHouse.com
1 Apr 2019 12:45 pm တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

Unicode

 

မြန်မာ့နှစ်သစ်အချိန်အခါကိုရောက်လာတဲ့အချိန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေအားလုံး သင်္ကြန်ရေနဲ့ ဆေးချခဲ့ပြီးပါပြီ။ လူတိုင်းအားလုံး စိတ်သစ်လူသစ်နဲ့ ပန်းတိုင်တွေဆီကို လျှောက်လှမ်းကြပြီ။ စိတ်ဟောင်းလူဟောင်းကို သင်္ကြန်ရေနဲ့ ဆေးကြောသလို ကိုယ့်နေရာအိမ်ရာကိုလည်း အိမ်သစ်ရာသစ်ဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။

မလိုအပ်တဲ့ပစ္စည်းများကို စိစစ်ပါ။

ကိုယ်နေထိုင်ရာအိမ်ရာဝင်းအတွင်းမှာ လိုအပ်တာနဲ့ မလိုအပ်တာတွေကို ရှင်းထုတ်လိုက်ပါ။ ကိုယ့် အဝတ်အစား၊ စာအုပ်စာတမ်း၊ အရုပ်တွေ၊ မိတ်ကပ်ပစ္စည်းတွေ၊ ကျောပိုးအိတ်နဲ့ လက်ကိုင်အိတ်တွေ၊ Accessories နဲ့ နာရီတွေ ထွက်လာနိုင်ပါတယ်။

ရှင်းထုတ်တဲ့အခါ ထွက်လာတဲ့ပစ္စည်းတွေထဲမှာမှ အကောင်းအတိုင်းရှိနေသေးရင်လညး်ရှိနေနိုင်သေးတဲ့ ပစ္စည်းတွေပါလာပါလိမ့်မယ်။ ဒီပစ္စည်းတွေကို အသုံးလိုနေတဲ့သူတွေဆီ စွန့်ကြဲလိုက်ပါ။ စွန့်ကြဲတဲ့အခါ အခြားတစ်ဖက်ကို လေးစားသမှုအနေနဲ့ အသေအချာသန့်ရှင်းပြီးမှ ထုပ်ပိုးပြီး ပေးပေးပါ။

ရှငး်ထုတ်ပြီးသွားတဲ့အခါ အသုံးလိုတဲ့ပစ္စည်းများ စာရင်းချရေးပါ။

ကိုယ်ကိုယ်တိုင်မသုံးဖြစ်တဲ့ပစ္စည်းတွေနဲ့ ပစ္စည်းအဟောင်းတွေကို ရှင်းထုတ်ပြီးတဲ့အခါ ကိုယ်တကယ်အသုံးပြုပြီး အသုံးလိုတဲ့ပစ္စည်းတွေ ခေါင်းထဲဝင်လာပါလိမ့်မယ်။ ဥပမာ – အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ ထိုင်ခုံစွပ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ စာရေးကိရိယာတွေနဲ့ အဝတ်အစားတွေပဲဖြစ်ပါတယ်။ အဲဒါတွေကို စာရင်းပြုစုပြီး ချရေးပါ။ အရင်နှစ်ကလို ရှိတာနဲ့ ဖြစ်သလိုနေထိုင်မယ်ဆိုပြီး မနေထိုင်ပါနဲ့နော်။ ကိုယ့်ရဲ့စိတ်ကို ထုံထိုင်းစေပါတယ်။ ပုံမှန်နေနေကျပတ်ဝန်းကျင်ကနေ ရုန်းမထွက်နိုင်ခဲ့ရင် အတွေးသစ်အမြင်သစ်တွေမရနိုင်တော့ပါဘူး

ပြောင်းလဲတဲ့အခါ စိတ်လန်းဆန်းစေတဲ့အရောင်မျိုး အဓိကထား ဝယ်ယူပါ။

အသုံးလိုတဲ့ပစ္စည်းတွေကို စာရငး်ပြုစုပြီးတဲ့အခါမှာ မွဲပြာတဲ့အရောင်မျိုး၊ တက်ကြွမှုမရှိတဲ့အရောင်မျိုး ဝယ်ယူခြင်းရှောင်ကြဉ်ပါ။ စိတ်ကိုလန်းဆန်းစေတဲ့အရောင်များ၊ အတွေးသစ်အမြင်သစ်များတွေးခေါ်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်တဲ့အရောင်မျိုးကို ဝယ်ယူပါ။ ဥပမာ – အပြာနုရောင်၊ အဝါရောင်၊ ရွှေရောင်၊ ငွေရောင်၊ လိမ္မော်ရောင်နဲ့ အစိမ်းရောင်စတဲ့ သဘာဝနဲ့ လိုက်ဖက်မှုရှိတဲ့အရောင်လေးတွေကို အဓိကထားဝယ်ယူပါ။

အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေကိုပြောင်းလဲပြုပြင်ပြီးရင်တော့ လေကောင်းလေသန့်ရဖို့အတွက် သစ်ပင်ပန်းပင်လေးများ စိုက်ပျိုးပါ။

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေနေရင် လူသားတွေရဲ့ အသက်ရှူလမ်းကြောင်းဟာ ပိုပြီးမှန်ကန်သလို စိတ်ကိုလည်းပိုပြီးလန်းဆန်းနေစေပါတယ်။ ဒီအတွက် အခန်းတွင်း နေရောင်ရရှိတဲ့နေရာမှာ သစ်ပင်ပန်းပင်လေးတွေ ထားရှိပါ။

အခန်းအတွင်းမှာ စိုက်ပျိုးဖို့အကောင်းဆုံး သစ်ပင်လေးတွေကတော့ English Ivy ၊ Lady Palm ၊ Rubber Plant ၊ Lilypurf ၊ Barberton Daisy ၊ Bamboo Palm နှင့် အခြားအပင်များလည်းရှိပါသေးတယ်။ သူတို့လေးတွေက အခန်းတွင်းမှာရှိတဲ့လေထုကိုပါ သန့်စင်ပေးတဲ့အတွက် အမြဲလိုလို ကိုယ့်အခန်းထဲမှာ လေကောင်းလေသန့်ရနေမှာဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ အခန်းလေးကို အလှဆင်ပေးပါ။

ကိုယ့်အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းလေးတွေကို အသစ်လဲလှယ်ပြီးသွားပြီဆိုရင်တော့ အခန်းအလှဆင်ခြင်းစခန်းကို စတင်ပါ။ အခန်းအလှဆင်တဲ့အခါ Fairy Lights လေးတွေ၊ Photo Prints လေးတွေ၊ Tapestires လို့ခေါ်တဲ့ အခန်းအလှဆင်ပိတ်စလေးတွေ၊ အမွေးပွခေါင်းအုံးလေးတွေနဲ့ အလှဆင်သင့်ပါတယ်။

ဒီအချက်လေးတွေနဲ့ဆိုရင် ကိုယ့်ရဲ့ နေအိမ်လေးကို နှစ်သစ်မှာ အိမ်သစ်ရာသစ်ဖြစ်အောင် ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

စိတ်သစ်လူသစ်ဖြစ်နေဖို့လိုအပ်ပေမယ့် ကိုယ်နေထိုင်တဲ့ နေရာရပ်ဝန်းဖြစ်တဲ့ နေအိမ်လေးဟာလည်း သစ်လွင်ပြီး သန့်ရှင်းနေဖို့လိုအပ်ပါတယ်နော်။ အားလုံးပဲ နှစ်သစ်အချိန်အခါမှာ ကျန်းမာခြင်းနဲ့ လာဘ်လာဘများပြည့်စုံပါစေလို့ Akhayar မိသားစုအားလုံးကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

 

Credit: Akhayar

Zawgyi

ျမန္မာ့ႏွစ္သစ္ကူးအခါသမယအခ်ိန္အခါ အိမ္ရာတစ္ဖန္အသစ္

ျမန္မာ့ႏွစ္သစ္အခ်ိန္အခါကိုေရာက္လာတဲ့အခ်ိန္မွာ ႏွစ္ေဟာင္းက အညစ္အေၾကးေတြအားလံုး သၾကၤန္ေရနဲ႔ ေဆးခ်ခဲ့ျပီးပါျပီ။ လူတိုင္းအားလံုး စိတ္သစ္လူသစ္နဲ႔ ပန္းတိုင္ေတြဆီကို ေလွ်ာက္လွမ္းၾကျပီ။ စိတ္ေဟာင္းလူေဟာင္းကို သၾကၤန္ေရနဲ႔ ေဆးေၾကာသလို ကိုယ့္ေနရာအိမ္ရာကိုလည္း အိမ္သစ္ရာသစ္ျဖစ္ေအာင္ ဖန္တီးဖို႔လိုအပ္ပါတယ္။

မလိုအပ္တဲ့ပစၥည္းမ်ားကို စိစစ္ပါ။

ကိုယ္ေနထိုင္ရာအိမ္ရာဝင္းအတြင္းမွာ လိုအပ္တာနဲ႔ မလိုအပ္တာေတြကို ရွင္းထုတ္လုိက္ပါ။ ကိုယ့္ အဝတ္အစား၊ စာအုပ္စာတမ္း၊ အရုပ္ေတြ၊ မိတ္ကပ္ပစၥည္းေတြ၊ ေက်ာပိုးအိတ္နဲ႔ လက္ကိုင္အိတ္ေတြ၊ Accessories နဲ႔ နာရီေတြ ထြက္လာႏုိင္ပါတယ္။

ရွင္းထုတ္တဲ့အခါ ထြက္လာတဲ့ပစၥည္းေတြထဲမွာမွ အေကာင္းအတိုင္းရွိေနေသးရင္လညး္ရွိေနႏိုင္ေသးတဲ႔ ပစၥည္းေတြပါလာပါလိမ့္မယ္။ ဒီပစၥည္းေတြကို အသံုးလိုေနတဲ႔သူေတြဆီ စြန္႔ၾကဲလိုက္ပါ။ စြန္႔ၾကဲတဲ့အခါ အျခားတစ္ဖက္ကို ေလးစားသမႈအေနနဲ႔ အေသအခ်ာသန္႔ရွင္းျပီးမွ ထုပ္ပိုးျပီး ေပးေပးပါ။

ရွငး္ထုတ္ျပီးသြားတဲ့အခါ အသံုးလိုတဲ႔ပစၥည္းမ်ား စာရင္းခ်ေရးပါ။

ကိုယ္ကိုယ္တိုင္မသံုးျဖစ္တဲ့ပစၥည္းေတြနဲ႔ ပစၥည္းအေဟာင္းေတြကို ရွင္းထုတ္ျပီးတဲ့အခါ ကိုယ္တကယ္အသံုးျပဳျပီး အသံုးလိုတဲ႔ပစၥည္းေတြ ေခါင္းထဲဝင္လာပါလိမ့္မယ္။ ဥပမာ – အိပ္ရာခင္းေတြ၊ ေခါင္းအုံးစြပ္ေတြ၊ ထိုင္ခံုစြပ္ေတြ၊ မီးဖိုေခ်ာင္သံုးပစၥည္းေတြ၊ စာေရးကိရိယာေတြနဲ႔ အဝတ္အစားေတြပဲျဖစ္ပါတယ္။ အဲဒါေတြကို စာရင္းျပဳစုျပီး ခ်ေရးပါ။ အရင္ႏွစ္ကလို ရွိတာနဲ႔ ျဖစ္သလိုေနထိုင္မယ္ဆိုျပီး မေနထိုင္ပါနဲ႔ေနာ္။ ကုိယ့္ရဲ႕စိတ္ကို ထံုထိုင္းေစပါတယ္။ ပံုမွန္ေနေနက်ပတ္ဝန္းက်င္ကေန ရုန္းမထြက္ႏိုင္ခဲ့ရင္ အေတြးသစ္အျမင္သစ္ေတြမရနုိင္ေတာ့ပါဘူး

ေျပာင္းလဲတဲ့အခါ စိတ္လန္းဆန္းေစတဲ့အေရာင္မ်ိဳး အဓိကထား ဝယ္ယူပါ။

အသံုးလိုတဲ႔ပစၥည္းေတြကို စာရငး္ျပဳစုျပီးတဲ့အခါမွာ မြဲျပာတဲ့အေရာင္မ်ိဳး၊ တက္ၾကြမႈမရွိတဲ့အေရာင္မ်ဳိး ဝယ္ယူျခင္းေရွာင္ၾကဥ္ပါ။ စိတ္ကုိလန္းဆန္းေစတဲ့အေရာင္မ်ား၊ အေတြးသစ္အျမင္သစ္မ်ားေတြးေခၚနိုင္စြမ္းတို႔ကို ျမွင့္တင္ေပးႏိုင္တဲ့အေရာင္မ်ိဳးကို ဝယ္ယူပါ။

ဥပမာ – အျပာႏုေရာင္၊ အဝါေရာင္၊ ေရႊေရာင္၊ ေငြေရာင္၊ လိေမၼာ္ေရာင္နဲ႔ အစိမ္းေရာင္္စတဲ႔ သဘာဝနဲ႔ လိုက္ဖက္မႈရွိတဲ့အေရာင္ေလးေတြကို အဓိကထားဝယ္ယူပါ။

အခန္းထဲမွာရွိတဲ႔ ပရိေဘာဂပစၥည္းေတြကိုေျပာင္းလဲျပဳျပင္ျပီးရင္ေတာ့ ေလေကာင္းေလသန္႔ရဖို႔အတြက္ သစ္ပင္ပန္းပင္ေလးမ်ား စုိက္ပ်ိဳးပါ။

ပတ္ဝန္းက်င္စိမ္းလန္းစိုေျပေနရင္ လူသားေတြရဲ႕ အသက္ရွဴလမ္းေၾကာင္းဟာ ပိုျပီးမွန္ကန္သလို စိတ္ကိုလည္းပိုျပီးလန္းဆန္းေနေစပါတယ္။ ဒီအတြက္ အခန္းတြင္း ေနေရာင္ရရွိတဲ့ေနရာမွာ သစ္ပင္ပန္းပင္ေလးေတြ ထားရွိပါ။

အခန္းအတြင္းမွာ စိုက္ပ်ိဳးဖို႔အေကာင္းဆံုး သစ္ပင္ေလးေတြကေတာ့ English Ivy ၊ Lady Palm ၊ Rubber Plant ၊ Lilypurf ၊ Barberton Daisy ၊ Bamboo Palm ႏွင့္ အျခားအပင္မ်ားလည္းရွိပါေသးတယ္။ သူတို႔ေလးေတြက အခန္းတြင္းမွာရွိတဲ႔ေလထုကိုပါ သန္႔စင္ေပးတဲ့အတြက္ အျမဲလိုလို ကုိယ့္အခန္းထဲမွာ ေလေကာင္းေလသန္႔ရေနမွာျဖစ္ပါတယ္။

ေနာက္ဆံုးအခ်က္အေနနဲ႔ အခန္းေလးကို အလွဆင္ေပးပါ။

ကိုယ့္အခန္းထဲမွာရွိတဲ့ ပရိေဘာဂပစၥည္းေလးေတြကို အသစ္လဲလွယ္ျပီးသြားျပီဆုိရင္ေတာ့ အခန္းအလွဆင္ျခင္းစခန္းကို စတင္ပါ။ အခန္းအလွဆင္တဲ့အခါ Fairy Lights ေလးေတြ၊ Photo Prints ေလးေတြ၊ Tapestires လို႔ေခၚတဲ့ အခန္းအလွဆင္ပိတ္စေလးေတြ၊ အေမြးပြေခါင္းအံုးေလးေတြနဲ႔ အလွဆင္သင့္ပါတယ္။

ဒီအခ်က္ေလးေတြနဲ႔ဆိုရင္ ကိုယ့္ရဲ႕ ေနအိမ္ေလးကို ႏွစ္သစ္မွာ အိမ္သစ္ရာသစ္ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ျပီျဖစ္ပါတယ္။

စိတ္သစ္လူသစ္ျဖစ္ေနဖို႔လိုအပ္ေပမယ့္ ကိုယ္ေနထိုင္တဲ့ ေနရာရပ္ဝန္းျဖစ္တဲ့ ေနအိမ္ေလးဟာလည္း သစ္လြင္ျပီး သန္႔ရွင္းေနဖို႔လိုအပ္ပါတယ္ေနာ္။ အားလံုးပဲ ႏွစ္သစ္အခ်ိန္အခါမွာ က်န္းမာျခင္းနဲ႔ လာဘ္လာဘမ်ားျပည့္စံုပါေစလို႔ Akhayar မိသားစုအားလံုးကိုယ္စား ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္။

 

Credit: Akhayar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service