အခမဲ့ခွင့်ပြုချက်ဖြင့် ထားသူအား ဖယ်ရှားပေးရန် စွဲဆိုရမည့် စည်းကမ်းသတ်ကာလ

အခမဲ့ခွင့်ပြုချက်ဖြင့် ထားသူအား ဖယ်ရှားပေးရန် စွဲဆိုရမည့် စည်းကမ်းသတ်ကာလ - Property Knowledge in Myanmar from iMyanmarHouse.com
25 Mar 2019 12:46 pm တွင် တင်ခဲ့သည်
1337 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကျွန်တော်၏ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ နိုင်ငံခြားသင်္ဘောအရာရှိ ဦးမောင်မောင်ထွန်းသည် ဖုန်းနှင့်ဆက်သွယ်ချိန်းဆိုလာသောကြောင့် နေ့လယ်ပိုင်းဖြစ်နေသဖြင့် ကျွန်တော်၏ မြို့ထဲရုံးခန်းသို့ သာ တွေ့ဆုံကြရန် သဘောတူလိုက်ပါသည်။ ရောက်သည်နှင့်သူက “ သူငယ်ချင်း ရှေ့နေကြီးရေ ၊ ကိုယ်ပြဿနာလေးကို ကူညီပါဦးကွာ ”ဟု အားငယ်သံဖြင့် ပြောလာပါသည်။

ကျွန်တော်က “ ဘာဖြစ်လို့လဲ မောင်မောင်၊ သူငယ်ချင်းနဲ့ ကိုယ်တို့ မကြာမကြာ စကားပြောဖြစ်ကြသေးတာပဲ၊ ဘာကိစ္စ ၊ ဘာပြဿနာမှ ပြောဆိုတာ မကြားမိပါဘူး။ အခုက ဘယ်လိုဖြစ်ဖြစ်လာလို့လဲ ၊ ပြောပါဦးကွယ် ”ဟု ပြောလိုက်မှ “ ဒီလိုပါကွာ။ ကိုယ့်အမျိုးသမီးရဲ့ သူငယ်ချင်းတစ်ဦးကို ကိုယ်တို့ဝယ်ထားတဲ့ ကမာရွက်မြို့နယ် ၊ လှည်းတန်းလမ်းမ မြေညီထပ်အိမ်ခန်းမှာ အကူအညီတောင်းလို့ အခမဲ့ခွင့်ပြုချက်နဲ့ ထားပါတယ်။ သူက ဈေးဆိုင်ဖွင့်ပါရစေဆိုလို့ ကိုယ်တို့စုံတွဲက သနားပြီး ခွင့်ပြုပေးခဲ့ပါတယ်။ အခု အဲဒီဆိုင်ကိုကိုယ်က ပြန်ယူချင်တော့ ပြန်အပ်ခိုင်းတာ ပြောင်းပေးပါ့မယ်လို့သာ ပြောပါတယ်။ သူတို့တွေ နေလာကြတာက (၅)နှစ်ကျော် နေပါပြီ။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံညဏ်ပေးပါဦး ” ဟု ဆိုလာသဖြင့် ကျွန်တော်က “ ဒါနဲ့နေစမ်းပါဦး။ သူနောက်ဆုံးပြောင်းပေးပါ့မယ်လို့ သူငယ်ချင်းကို ပြောခဲ့တဲ့ ရက်စွဲမှတ်မိလား ” ဟု မေးမှ သူက “ မှတ်မိပြီလားကွာ။ ကိုယ်သင်္ဘောတက်နေလို့ ကိုယ့်အိမ်မှာ မရှိတဲ့အချိန် ၊ သူက ကိုယ့်ဇနီးကို စာနဲ့ရေးပြီး ပြောင်းပေးပါ့မယ်လို့ပြောပါတယ်။ဒါပေမဲ့ နေရာလေးကောင်းလို့ပါ။ ဖောက်သည်ပျက်မှာစိုးလို့ပါ ၊ ပစ္စည်းလာပို့ပေတဲ့သူတွေနဲ့ နေရာလွှဲမှာစိုးလို့ပါ ဆိုပြီး အကြောင်းပြနေတာနဲ့ အချိန်ဆွဲနေတယ်လို့ ထင်မိတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ ” ဟု အားကိုးသံဖြင့် ပြောပါသည်။

ကျွန်တော်က သူ့အနေနဲ့ လွယ်လွယ်နဲ့ ဖယ်မပေးရင်တော့ အားနာနေလို့ မဖြစ်ဘူး မောင်မောင်ရေ။ ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သူအား ဖယ်ရှားပေးစေလိုမှု စွဲဆိုရလိမ့်မယ်။အဲဒါကလည်း သူငယ်ချင်းအနေနဲ့ သင်္ဘောပြန်မတက်ခင် လုပ်ရလိမ့်မယ်။ သူငယ်ချင်းအနေနဲ့ သင်္ဘောနောက်တစ်ခေါက်တက်ပြီး ပြန်လာမှ စွဲဆိုမယ်ဆိုရင် ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အပိုဒ် ၁၂၀ အရ (၆)နှစ်အတွင်း စွဲဆိုရမှာဖြစ်လို့ ကျော်သွားမှာ စိုးရိမ်လိုပါ ”

“ သူငယ်ချင်းကို စိုးရိမ်လောက်စရာ ပြောရရင် အဲဒီလို ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သူအား နှင်လိုမှု စွဲဆိုခြင်းမှာ ကာလစည်းကမ်းသတ်ကျော်လွန်သွားတဲ့အတွက် ၊ ဆုံးရှုံးလိုက်ရတဲ့ ပိုင်ရှင်တွေ ရှိခဲ့ဖူးတယ်။ အဲဒါတို့ လှိုင်မြို့နယ်မှာပဲ မောင်မောင်ရေ့၊ သတိတော့ ထားရမှပေါ့ကွာ ”ဟု ပြောသဖြင့် သူက “ ဟုတ်လို့လား သူငယ်ချင်းရယ် ၊ ကိုယ်တို့တော့ ဒီလိုမဖြစ်မခံနိုင်ပါဘူးကွာ။နေစရာလည်း အခမဲ့ပေးရသေး ၊ နောက်ဆုံးကိုယ်ပိုင်ဆိုင်မှုကနေ သူ့ပိုင်ဆိုင်မှု ဖြစ်သွားတာတော့ အသည်းနာတယ် ရှေ့နေကြီးရယ်” ဟု ဒေါသစွက်လျက် ပြောပါသည်။

ကျွန်တော် “ အဲဒါကြောင့် ၊ ဂရုစိုက်ဖို့ လိုတယ်လို့ ပြောတာပေါ့ကွာ၊ မယုံမရှိနဲ့ ၊ တို့မြို့နယ်မှာ ဖြစ်ခဲ့တာလေး ပြောပြပါ့မယ်၊ ” “ဦးမောင်စိုး (ခ)ရပ်စ်တွမ်အလီနှင့် ဦးမောင်လှ ၊ ၁၉၉၂ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၉၉ ” စီရင်ထုံးမှာ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိသည်ဟု ဆုံးဖြတ်ခဲ့တယ် ”

“ အမှုမှာ ရန်ကုန်တိုင်းတရားရုံး ၁၉၈၆ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၃၉ (၄င်းနောက် ၁၉၈၉ခုနှစ် ၊ တရားမကြီးမှု အမှတ် ၄၅၀ သို့ပြောင်း )တွင် တရားလို ဦးမောင်လှက တရားပြိုင် ဦးမောင်စိုး (ခ)ရပ်စ်တွမ်းအလီအပေါ် ၊ လှိုင်မြို့နယ် ၊ (၉)ရပ်ကွက် ၊ ရန်ကုန်-အင်းစိန်လမ်း ၊ အမှတ် ၆၈ ရှိ ရှေ့ပိုင်းဆိုင်ခန်း ဥပစာနှင့် နောက်ဘက် နေအိမ်ဥပစာတို့နှင့် ပတ်သက်၍ ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သူအား ဖယ်ရှားပေးစေလိုမှု စွဲဆိုရာ စွဲသည့်အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးတယ် ”

“ တိုင်းတရားရုံး၏ ဒီကရီကို တရားပြိုင် ဦးမောင်စိုးက မကျေနပ်၍ တရားရူံးချုပ်သို့ ၁၉၉၀ ပြည့်နှစ်၊ တရားမ ပထမအထူးအယူခံမှု အမှတ် ၇၈ အရ ၊ ဝင်ရောက်သောအခါ ပလပ်ခြင်း ခံရသဖြင့် ၊ ဦးမောင်စိုးက တရားစီရင်ရေးဥပဒေပုဒ်မ ၆ အရ အထူးအယူခံဝင်ခွင့်ပြုရန် လျှောက်ထားသောအခါ အောက်ပါပြဿနာအား စုံညီခုံရုံးဖြင့် ကြားနားဆုံးဖြတ်နိုင်ရန်အတွက် တရားမ အယူခံမှု ပေါ်ပေါက်လာဖြင်း ဖြစ်တယ် ”

“ စုံညီခုံဖြင့် ကြားနာရန် ပြဿနာမှာလျှောက်ထားခံရသူ ဦးမောင် (တရားလို)က လျှောက်ထားသူ ဦးမောင်စိုး (တရားပြိုင်) အပေါ် ၊ အခွင့်အမိန့်အရ ၊ နှင်လိုမှု စွဲဆိုခြင်းမှာ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိမရှိ ”ဟူ၍ ဖြစ်တယ် ” “ တရားရုံးချုပ်က အထူးအယူခံဝင်ခွင့်ပြုသင့်ကြောင်း ဦးမောင်လှ၏ အဆိုလွှာအပိုဒ် ၇ တွင် တရားပြိုင်အား တရားလိုမှ ခွင့်ပြုသည့်ကာလ ၊ ကုန်ဆုံးသော ၇-၅-၇၈ ရက်နေ့တွင် ဆိုင်ခန်းအား ပြန်လည်ပေးအပ်ရန် ၊ တရားလိုမှ တရားပြိုင်ထံ တောင်းခံပြောဆိုရာ ၊ တရားပြိုင်က ဆိုင်ခန်းကို ပြန်လည်ပေးအပ်ရန် ငြင်းဆန်မှု ပြုခဲ့ပါသည်ဟု အဆိုပြုထားတယ်”

“ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိမရှိ ဆိုသောအချက်မှာ ဥပဒေရေးရာကိစ္စဖြစ်၍ မူလအမှုတွင် ထုချေခြင်းမရှိ ၊ ကောက်ချက်ပေါ်ထွက်ခြင်း မရှိခဲ့လင့်ကစား ၊ ယခုအထူးအယူခံ၍ ယင်းကိစ္စကို နှစ်ဖက်အား တင်ပြကြားနာပြီး အဆုံးအဖြတ်ပေးရမည် ဖြစ်တယ်။ ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သူအား ဖယ်ရှားပေးရန် စွဲဆိုမှုကို ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအပိုဒ် ၁၂၀ အရ ၊ (၆)နှစ်အတွင်း စွဲဆိုရပါမယ်။ တရားလို ဦးမောင်လှက ၄င်း၏အဆိုလွှာအပိုဒ် ၇ တွင် တရားပြိုင်အား တရားလိုမှ ခွင့်ပြုသည့်ကာလ ကုန်ဆုံးသော ၇-၅-၇၈ ရက်နေ့တွင် အချင်းဖြစ် ဥပစာအား ပြန်လည်လွှဲအပ်ရန် တောင်းဆိုသော တရားပြိုင်က ငြင်းဆန်နေခဲ့သည်ကို အတိအကျ ဖော်ပြစွဲဆိုထားကြောင်း တွေ့ရတယ် ” “ တရားလိုသည် ၇-၅-၇၈ ရက်နေ့က (၆)နှစ်အတွင်း အမှုစွဲဆိုရမည် ဖြစ်သဖြင့် ၁၉၈၄ ခုနှစ် (၁၉၇၈ခုနှစ် + ၆ နှစ် )၌ ယခုအမှုကို စွဲဆိုရပေမယ်။ ၁၉၈၆ ခုနှစ်ကျမှ စွဲဆိုလာခြင်းမှာ ကာလစည်းကမ်းသတ်များစွာ ကျော်လွန်နေကြောင်းကို တွေ့ရတယ် ”

“ ထို့ကြောင့် တရားလိုဦးမောင်လှစွဲဆိုသောအမှုမှာ ၊ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိသည်ဟု ယခုကြားနားသည့် ပြဿနာအား ဖြေဆိုလိုက်ပါတယ် ”

“ တရားမအထူးအယူခံမှုအား ခွင့်ပြုပြီး တရားလိုဦးမောင်လှ စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီချမှတ်ပေးသည့် တိုင်းတရားရုံး၏ အမိန့်နှင့် ဒီကရီ၊ ထိုအမိန့်နှင့် ဒီကရီတို့ကို အတည်ပြုသည့် တရားရုံးချုပ် ပထမအယူခံမှုတွင် ချမှတ်သည့် အမိန့်နှင့် ဒီကရီတို့ကို ပယ်ဖျက်ကြောင်း၊ တရားမအထူး အယူခံခုံရုံး မှ ဆုံးဖြတ်ခဲ့တယ် ”

“ ကဲ မောင်မောင်ရေ ၊ အဲဒီ စီရင်ထုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမှာ ဖြစ်လို့ ၊ သူငယ်ချင်းအနေနဲ့ မပေါ့ဆနဲ့လို့ ပြောရမှာပဲ ”ဟု ပြောလိုက်ရာ ဦးမောင်မောင်ထွန်က “ ဟုတ်ပါပြီ ၊ သူငယ်ချင်းရယ် ၊ ကိုယ်လည်း ဂရုစိုက်ရတော့မှာဖြစ်လို့ ၊ ယခုတစ်ခေါက် သင်္ဘောပြန်မလိုက်သေးဘဲ ၊ ဒီအမှုကို တရားစွဲဖို့ ၊ ဆုံးဖြတ်လိုက်ပါပြီကွယ် ”ဟု သက်ပြင်းချကာ ပြောလိုက်တော့သည်။

Credit: ကြယ်နီလေး(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service