စည်းကမ်းသတ်ကာလ ရေတွက်ခြင်းကို မရပ်စဲစေရ

စည်းကမ်းသတ်ကာလ ရေတွက်ခြင်းကို မရပ်စဲစေရ - Property Knowledge in Myanmar from iMyanmarHouse.com
1 Mar 2019 12:25 pm တွင် တင်ခဲ့သည်
1868 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကျွန်မ၏ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဒေါ်သစ်သစ်အောင်မှ အရေးတကြီး ဒေါ်သစ်သစ်အောင် မှ အရေးတကြီး အကူအညီတောင်းလာပါသည်။

သူမက “ ကိုယ့်ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ ကိုယ့်မိဘတွေအတွက်ဆိုတော့ ကိုယ်ကိစ္စပါပဲ သူငယ်ချင်းရယ်။ကိုယ့်အဖေတို့မိသားစုဟာ ယခင်တုန်းကတည်းက အဖေ့အလုပ်ရှင် သူဌေးရဲ့ခြံမှာပဲ အခွင့်အမိန့်အရ အခမဲ့နေထိုင်ခွင့်ပြုထားတာ။ အတော်ကြာပါပြီ။နောက်တော့ ခွင့်ပြုသူဖြစ်တဲ့ သူဌေးလည်း ကွယ်လွန်သွားပါတယ် ”

“ အဲဒီနောက် သူဌေးရဲ့ဇနီးကသူ့မောင်တွေကို ထားချင်လို့ဆိုပြီး ဖယ်ရှားပေးစေလိုမှုနဲ့ တရားစွဲပါတယ်။ အဖေက ဖယ်ရှားမပေးဘဲ ၊ အမှုရင်ဆိုင်နေပါတယ်။ ”

“ ဒါနဲ့နောက်တော့ အမှုမပြီးသေးမီတရာလိုသူဌေးရဲ့ဇနီးနဲ့အတူ ပူးတွဲစွဲဆိုဖြစ်တဲ့ သူဌေးအစ်မဟာ ကျန်းမာရေးမကောင်းလို့ဆိုပြီး အမှုသစ်တစ်ခု ထပ်စွဲမယ်ပြောပြီး လက်ရှိအမှုကို ခေတ္တနားထားတာ (၅)နှစ်လောက်ကြာပြီးမှ အခုတစ်ဖန် အမှုသစ်ပြန်စွဲမယ်လုပ်နေလို့ပါ၊ အဲဒါဘယ်လိုဖြစ်နိုင်သလဲဆိုတာ ၊ သူငယ်ချင်း ရှင်းပြပေးပါဦး ” ဟု အားကိုးသံဖြင့်ပြောပါသည်။

ထိုအခါ ကျွန်မက “ သြော် ဒီကိစ္စများဖြင့် မပူပါနဲ့ သစ်သစ်ရယ်။ သူငယ်ချင်းမိဘတွေလည်း ဖယ်ရှားမပေးရပါဘူး ၊ အခွင့်အမိန့်အရ နေထိုင်ခွင့်ပြုထားသော ဥပစာမှ ဖယ်ရှားပေးစေလိုမှုဟာ ကာလစည်းကမ်းသတ်  (၆)နှစ်အတွင်း တရားစွဲရမှာ ဖြစ်ပါတယ်။အဲဒီကာလစည်းကမ်းသတ်ကို တစ်ကြိမ်ရေတွက်ခွင့်ရလျှင် ရပ်ဆိုင်းထားခွင့် မရှိပါဘူး။ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၉ အရ “ စည်းကမ်းသတ်ကာလကို စတင်ရေတွက်ရမည့်အချိန် ကျရောက်ပြီးနောက်မှ တရားစွဲဆိုရန် မစွမ်းဆောင်နိုင်ခြင်းသော်လည်းကောင်း ၊ တရားစွဲဆိုရန် မဖြစ်နိုင်ခြင်းသော်လည်းကောင်း ၊ ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ စည်းကမ်းသတ်ကာလရေတွက်ခြင်းကို မရပ်စဲစေရ ” ပြဌာန်းထားပါတယ်။

 “ ဒါ့အပြင် တရားမကျင်ထုံးဥပဒေအမိန့် ၂၃၊ နည်း ၁(၂) အရ ၊ တရားမမှုတစ်မှုကို အမှုသစ်စွဲဆိုခွင့်ဖြင့် ၊ ရုပ်သိမ်းခွင့်ပြုခြင်းသည် ကာလစည်းကမ်းသတ် ရေတွက်မှုကို ရပ်ဆိုင်ခွင့် ၊ တိုးချဲ့ခွင့်ပြုခြင်း မဟုတ်ကြောင်းနဲ့တရားရုံး အမိန့်သည် ဥပဒေ

ပြဌာန်းချက်ကို လွှမ်းမိုးခွင့် မရှိခြင်း ကို ဆုံးဖြတ်ပြီး ကာလစည်းကမ်းသတ်ကို တစ်ကြိမ်ရေတွက်ခွင့်ရလျှင် ရပ်ဆိုင်ထားခွင့် မရှိခြင်းလို့ ဆုံးဖြတ်ထားတဲ့ “ ဦးမောင်လွင်ပါ ၂ နှင့် ဒေါ်ခင်ဝေပါ ၂ (၄င်းတို့၏အထွေထွေ ကိုယ်စားလှယ်စာရသူ ဦးအောင်ဝင်း) ၊ ၁၉၉၈ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၂၂၁ ”  စီရင်ထုံးကို ညွန်းဆိုရမှာပါပဲ ”

“ အမှုမှာ မွန်ပြည်နယ်တရားရုံးတရားမကြီးမှုအမှတ် ၂၇/၉၂ တွင် ဒေါ်ခင်ဝေနှင့် ဒေါ်တင်ဆိုင်တို့က ၄င်းတို့၏ အခွင့်အရ ကိုယ်စားလှယ် ဦးအောင်ဝင်းမှ တစ်ဆင့် ဦးမောင်လွင်နှင့် ဒေါ်မကောက်တို့အပေါ် အခွင့်အမိန့်အရ နေထိုင်ခွင့်ပြုထားသော ဥပစာမှာ ဖယ်ရှားပေးစေလိုမှု စွဲဆိုတယ်။ ပြည်နယ်တရားရုံးက တရားလိုများ စွဲဆိုသည့်အတိုင်း အနိုင်ဒီဂရီ ချမှတ်ပေးခဲ့ရာ ၊ တရားပြိုင်ဦးမောင်လွင်နဲ့ ဒေါ်မကောက်တို့က မကျေနပ်၍ ဤတရားမ ပထမအယူခံမှုကို တင်သွင်းခြင်း ဖြစ်တယ် ”

“ ဖြစ်စဉ်မှာ မုဒုံမြို့ ၊ အုပ်စုအမှတ်(၄)ကွင်းအမှတ် ၈၄၄(ဂ) စာစင်ကွင်း ၊ မြို့မ(၄)ရပ်ကွက် ၊ ဦးပိုင်အမှတ် ၆၁ ၊ ဧရိယာ ၀.၅၀ ဧကရှိ မြေအနက် ၊ ဧကအချို့ကို ၊ တရားပြိုင် ဒေါ်ခင်ဝေနှင့် ဒေါ်တင်ဆိုင်တို့အမည်ပေါက်ပိုင်ဆိုင်ပြီး အယူခံတရားလိုဦးမောင်လွင်တို့လင်မယားမှာ အဆိုပါ မြေကွက်ပေါ်တွင်  ၄င်းတို့၏မိဘများ လက်ထက်မှစ၍ အတူနေထိုင်ခဲ့ကြကြောင်း ၊ တရားလိုများ၏ဖခင် ဦးဂန်နာမှာ တရားပြိုင်များ၏ ဦးလေးတော်စပ်၍ တရားပြိုင်များ၏ မိဘများလက်ထက်မှာပင် အချင်းဖြစ်မြေပေါ်၌ အခမဲ့နေထိုင်ခွင့်ုပြု ခဲ့ကြောင်း ၊ တရားလိုများ၏ မိဘများ ကွယ်လွန်သည့်အခါ တရားလိုများက ရုတ်တရက် ပြောင်းရွှေ့ရန် အခက်အခဲ ရှိသည်ဟု ဆို၍ ခေတ္တဆက်လက်နေထိုင် ခွင့်ပြုရန်ခွင့်တောင်းသဖြင့် တရားပြိုင်များက ဆက်ဆက်နေထိုင်ခွင့်ပြူခဲ့ကြောင်း ၊ နောက်ပိုင်းတွင် တရားလိုများသည် အခမဲ့ နေထိုင်သည့် အခွင့်အရေးကို အခွင့်ကောင်းယူ၍ မြေကို အပိုင်းစီးရန် ကြံရွယ်ပြီး၊ ၄င်းတိုအမည်ဖြင့် အငှားဂရန်ထုတ်ပေးရန် လျှောက်ထားခဲ့ကြ၍ ၊ တရားပြိုင် များက ကန့်ကွက်ခဲ့ရကြောင်း ၊ တရားလိုများအား ဖယ်ရှားပေးရန် တောင်းဆိုခဲ့ရာလိုက်နာခြင်း မရှိသည့်အတွက် မွန်ပြည်နယ် တရားရုံး ၊ တရားမကြီးမှုအမှတ် ၆၃/၈၇ တွင် ဥပစာ မှ ဖယ်ရှားပေးရန် တရားစွဲဆိုခဲ့ကြောင်း ၊ ထိုအမှုတွင် တရားပြိုင်အားစစ်ဆေးရန်အဆင့်၌  ၊ တရားပြိုင်(၂) ဒေါ်တင်ဆိုင်မှ စိတ်ရောဂါဝေဒနာ ဖြစ်လာ၍ တရားမကျင့်ထုံးဥပဒေအမိန့် ၂၃ ၊ နည်း ၁ အရ ၊ အမှုသစ် စွဲဆိုခွင့်ဖြင့် အမှုကိုပြန်လည်ရုပ်သိမ်းခဲ့ရကြောင်း ၊ ယခုအခါ တရားပြိုင်(၂)မှာပြန်လည်ကျန်းမားလာပြီဖြစ်၍ အမှုသစ်ပြန်လည်စွဲဆိုရကြောင်း အဆိုပြုတင်ပြခဲ့ပါတယ် ”

 “ တရားလိုများက ချေလွှာတင်၍ ခုခံရာတွင် အခြားအချက်များအပြင် ၊ တရားပြိုင်များ စွဲဆိုသောအမှုမှာ ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်း အဓိက တင်ပြချေပခဲ့ပါတယ် ”

“ မူလပြည်နယ်တရားရုံးက အဆိုအချေများအပေါ် အခြေပြု၍ ၊ ကာလစည်းကမ်းသတ်နှင့် သက်ဆိုင်သော ၊ နောက်တိုးငြင်းချက် (၁)ရပ် အပါအဝင် ငြင်းချက်(၅)ရပ်ကို ထုတ်နုတ်စစ်ဆေးပြီးနောက် ငြင်းချက်အားလုံးကို တရားပြိုင်များဘက်သို့ အသားပေးဖြေဆို၍ စွဲဆိုသည့်အတိုင်း စရိတ်နှင့်တကွ အနိုင်ဒီဂရီ ချမှတ်ပေးခဲ့ခြင်း ဖြစ်တယ် ”

“ အမှုတွဲကို စစ်ဆေးကြည့်တဲ့အခါ အဆိုလွှာအပိုဒ် ၆ နှင့် သက်သေခံ(စ)နို့တစ်စာတတိယအပိုဒ်ပါ ဖော်ပြချက်များအရ မူလတရားရုံးတရားပြိုင် (အယူခံတရာလို) များအား အချင်းဖြစ်ဥပစာမှ ဖယ်ရှားပေးရန် ၁၉၈၅ ခုနှစ်ကပင် တောင်းဆိုခဲ့ပြီး ဖြစ်သည်ဟု ဆိုသဖြင့် ၊ အခွင့်အမိန့်အရ နေထိုင်သူအား ဖယ်ရှာပေးစေလိုမှု စွဲဆိုရန် အမှုဖြစ်အကြောင်းခြင်းရာမှာ ၁၉၈၅ နှစ်ကတည်းက ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း ထင်ရှာ၍ မွန်ပြည်နယ်တရားရုံးတရားမကြီးမှုအမှတ် ၆၃/၈၇ တွင် ယခုအမှုပုံစံအတိုင်း စွဲဆိုခဲ့ခြင်း ဖြစ်တယ် ”

“ ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၉ အရ ” “ စည်းကမ်းသတ်ကာလကို စတင်ရေတွက်ရမည့်အချိန် ကျရောက်ပြီးနောက်မှ တရားစွဲဆိုရင် မစွမ်းဆောင်နိုင်ခြင်းသော်လည်းကောင်း ၊ တရားစွဲဆိုရန် မဖြစ်နိုင်ခြင်းသော်လည်းကောင်း ၊ ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ စည်းကမ်းသတ်ကာလရေတွက်ခြင်းကို မရပ်စဲစေရ  ” ဟု ပြဌာန်းထားတယ် ။ကာလစည်းကမ်းသတ် ကို တစ်ကြိမ်ရေတွက်ခွင့်ရလျှင် ရပ်ဆိုင်းထားခွင့် မရှိသည့်သဘော ဖြစ်ပါတယ် ”

“ တရားမကျင့်ထုံးဥပဒေအမိန့် ၂၃၊ နည်း ၁(၂) အရ တရားမမှုတစ်မှုကို အမှုသစ်စွဲဆိုခွင့်ဖြင့် ရုပ်သိမ်းခွင့်ုပြုခြင်းသည်ကာလစည်းကမ်းသတ်ရေတွက်မှုကို ရပ်ဆိုင်းခွင့် ၊ တိုးချဲ့ခွင့်ပြုခြင်း မဟုတ်ပေ။အမှုသစ်စွဲဆိုလိုလျှင် ကာလစည်းကမ်းသတ်အတွင်း ထပ်မံစွဲဆိုနိုင်ရန် အတွက်သာ ဖြစ်ပါတယ်။ ယခင်စွဲဆိုသော တရားမကြီးမှုအမှတ် ၆၃/၈၇ ကို ရုပ်သိမ်းစဉ်က “ တရားလိုစိတ်ဝေဒနာ ပျောက်ကင်း၍အမှုစွဲဆိုနိုင်သော အခြေအနေ ပြန်လည်ရရှိပါက တရားစွဲဆိုခွင့်ပြုမည်ဆိုသော စည်းကမ်းချက်ဖြင့် ရုပ်သိမ်းခွင့်ပြုသည် ” ဟု အမိန့်ချမှတ်ထားစေကာမူ ၊ ထိုအမိန့်သည် အထက်ဖော်ပြပါ ဥပဒေပြဌာန်းချက်ကို လွှမ်းမိုးခွင့် ရှိမည်မဟုတ်သဖြင့် ထိုအမိန့်မှာ ချမှတ်စဉ်ကပင် ပျက်ပြယ်လျက်ရှိသည်ဟု ဆိုရပါမယ် ”

“ ၁၉၈၅ ခုနှစ်ကတည်းက တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ခဲ့သည်ကိစ္စကို ၁၉၉၂ ခုနှစ်တွင်းမှ အမှုသစ်ထပ်မံစွဲဆိုခြင်းမှာ ကာလစည်းကမ်းသတ်များစွာကျော်လွန်နေပြီးဖြစ်ကြောင်း မြင်သာပါတယ်။ ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှ စွဲဆိုလာသောအမှုကို ပလပ်ရမည်ဟု ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၃ တွင် ပြဌာန်းထားပါတယ် ”

“ အဲဒါနဲ့ပဲ သစ်သစ်ရေ တရားရုံးချုပ်က မွန်ပြည်နယ်တရားရုံး၏ စီရင်ချက်နဲ့ ဒီဂရီကို ပယ်ဖျက်ပြီး မူလတရားလိုများဖြစ်တဲ့ ဒေါ်ခင်ဝေနဲ့ ဒေါ်တင်ဆိုင်တို့စွဲဆိုတဲ့အမှုကို ပလပ်ကြောင်း ဆုံးဖြတ်ထားပါတယ် ။ ဒါကြောင့်မို့ စိတ်မပူဘဲသစ်သစ်ရဲ့ မိဘတွေကို ဖယ်ရှားမပေးဘဲ နဲ့ ရဲရဲသာ အမှုရင်ဆိုင်ပါလို့ အကြံပေးပါရစေကွယ် ”ဟု ပြောမှ ဒေါ်သစ်သစ်အောင်လည်း ဝမ်းသာအားရဖြင့် မျက်ရည်များပင်ကျလာပါတော့သည်။

 

Credit:   ကြာညိုသင်း (ဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service