အိမ်ခြံမြေတိုက်ခန်း ဝယ်လိုသူများ အခွန်လျော့ဖို့ စောင့်နေတာလား

အိမ်ခြံမြေတိုက်ခန်း ဝယ်လိုသူများ အခွန်လျော့ဖို့ စောင့်နေတာလား - Property Knowledge in Myanmar from iMyanmarHouse.com
27 Feb 2019 2:14 pm တွင် တင်ခဲ့သည်
3371 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

လူ့ဘဝရဲ့လောကထဲ လူသားအားလုံးသည် စားဖို့အတွက် အစာရှာရတယ်။ ခန္ဓာကိုယ်လုံခြုံဖို့အတွက် အဝတ်ရှာ၍ ဝတ်ရတယ်။ အပူအအေးဒဏ်မှကင်းလွတ်ဖို့အတွက် နေစရာအိမ်ဆောက်၍ နေထိုင်ကြတယ်။ ဤသည်မှာ လူတို့အတွက် မရှိမဖြစ်လိုအပ်သော “ ‘ဒို့တာဝန်အရေးသုံးပါး ” ဖြစ်နေပါလား။ အဲဒီလို စားရေး ၊ ဝတ်ရေး ၊ နေရေးအတွက် “ ပြေးလွှာ ” ရှာဖွေကြ ၊ကြိုးစားလုပ်ကိုင်ကြသည့်ကြားမှ အခွင့်အခါကောင်းအလုပ်အကိုင်ကောင်းများနှင့် တည့်တည့်တိုးသူများမှာ မျက်စိအောက်တွင် မယုံနိုင်လောက်အေင် တိုးတက်ကြီးပွားသူများကိုလည်း တွေ့ဖူးပါတယ်။ ထိုသူများမှာ တော့ ကံကောင်းသူများဟု ဆိုရပါမယ်။

မြေကြီးက ရွှေသီးရမယ်

လူတော်တော်များများမှာ ပိုလျှံငွေများကို ဘဏ်မှာ အပ်နှံထားသူများရှိသလို အချို့ကျတော့လည်း ပြည်ပနိုင်ငံများက မိမိနိုင်ငံအတွင်းမှာ အလုံးအရင်းနှင့် ရင်းနှီးမြှူပ်နှံလာကြရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြေကို စိတ်ဝင်စားကြတယ်။ အရေးကြီးဆုံးက အဆောက်အဦးဆောက်ဖို့အတွက် မြေနေရာကျယ်ကျယ်လိုမယ်။ ဒီလိုဆို နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူများလာရင် မြေငှါးစားမယ်။ ဒါမှမဟုတ် အကျိုးတူပူးပေါင်းဆောင်ရွက် ရည်ရွယ်ချက်ဖြင့် မြို့သစ်များတွင် မြေကွက်များများဝယ်၍ ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားနေကြတယ်။ ဒါမှ မြေကြီးမှ ရွှေသီမှာလေ။ နေ့စဉ်ထုတ်သတင်းစာ ၊ ရောင်းစုံကဏ္ဍတွင် ကြည့်လိုက်လျှင် အိမ်ခြံမြေအကျိုးဆောင်များ၏ မြေကွက်ဝယ်လိုရောင်းလိုကြောင်း ၊ ကြော်ငြာများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ထို့အတူ နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်နေကြသူ ဒေါ်လာစားများကလည်း ခြိုးခြံစုဆောင်းထားသည့် ငွေပိုငွေလျှံများဖြင့် မြေကွက်များ ၊ တိုက်ခန်းများ ဝယ်ယူရင်းနှီးမြှုပ်နှံလာကြတာ တွေ့ရပါတယ်။ မြေကွက်ထက် တိုက်ခန်းမျာ၊ ကွန်ဒိုများ ၊ လုံးချင်းအိမ်ရာများကို ပိုမိုစိတ်ဝင်စားပြီး ဝယ်ယူသူများလည်း ရှိပါတယ်။

တိုက်ခန်းဝယ်ရင် အရေးကြီးဆုံးက အရှုပ်အရှင်း ကင်းဖို့ပဲ

တိုက်ခန်းပဲဝယ်ဝယ် ၊ မြေကွက်ပဲ ဝယ်ဝယ်၊ အရေးကြီးဆုံးက ဝယ်ယူသောမြေနှင့် တိုက်တို့မှာ အပေါင်အနှံ အရှုပ်အရှင်းကင်းဖို့က အဓိက ဖြစ်တယ်။တိုက်ခန်းဝယ်ယူပါက မူလအခန်းပိုင်ရှင်က စာရွက်စာတမ်း အဆက်အစပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် မိမိနောက်ဆုံး ဝယ်ယူပိုင်ဆိုင်သူဖြစ်ကြောင်း မြေရှင်သိဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် အခန်းပိုင်ရှင်များသည် မိမိတို့ရောင်းချသည့် တိုက်ခန်းရောင်းရငွေမှ ၁% တစ်ရာခိုင်နှုန်းကို မြေရှင်ကို မပေးလိုကြ။ဒီတော့ မြေရှင်မသိဘဲ ဝယ်လိုက်မိသောသူများ နောက်ပိုင်းမှာ အရှုပ်အရှင်းပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရတတ်တယ်။ အိုးအိမ်တိုက်ခန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်တိုက်ခန်းများ ၊ အိုးအိမ် ။ စည်ပင်တို့နှင့်အကျိုးတူပူးပေါင်းဆောင်၇ွက်လုပ်ကိုင်သောတိုက်ခန်းများမှလွဲ၍ ဆောက်လုပ်ရေးကုမ္ပဏီ ၊ တိုက်ခန်းအများစုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပေးထားသော လုနေထိုင်ခွင့် (BCC) လက်မှတ်မိတ္တူနှင့် ကန်ထရိုက်တာနှင့်ဝယ်ယူသူတို့ ချုပ်ဆိုထားတဲ့ တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်များသာ ရှိကြတယ်။ အခွန်မလာသေးမီ ယင်းစာချုပ်များဖြင့်ပင် အဆင့်ဆင့် ရောင်းဝယ်နေထိုင်ကြသည်ကို တွေ့ရပါသည်။

အခြားသူအမည်မှ မိမိအမည်ပြောင်းချင်ရင် အဆင့်ဆင့် ဆောင်ရွက်ရတယ်

မြေနှင့်အိမ် ဝယ်ယူကြရာတွင် ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာ ဝယ်ယူခြင်း ၊ ပါမစ်မြေကွက် ဝယ်ယူခြင်း ၊ ဂရန်အမည်ပေါက် မြေကွက်ဝယ်ယူခြင်းဆိုပြီး ကွဲပြားသွားပါတယ်။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနှင့် အိမ်ဝယ်ရင် ကျပ်တစ်သိန်းတန်ဖိုးအထက်ဆိုပါက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြီး အရောင်းအဝယ်စာချုပ်ချုပ်ဆိုရာမှာ ဖြစ်ပါတယ်။မိမိအမည်ပေါက်ရဖို့အရေး မြို့တော်စည်ပင်/အိုးအိမ်ဦးစီးဌာနမှာ မြေပုံကူး၊ အခွန်ရုံးမှာ အခွန်ဆောင်ပြီးတော့ စာချုပ်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရတယ်။ စာချုပ်ထွက်လာတော့မှ မြို့တော်စည်ပင်/ အိုးအိမ်ဦးစီးဌာနမှာ မိမအမည်ပေါက် ပြောင်းရတယ်။ မြေကွက်သက်သက်နှင့် အိမ်နှင့်မြေအရောင်းအဝယ်စာချုပ်ချုပ်ရင် ရန်ကုန်-မန္တလေး စည်ပင်နယ်နိမိတ်အတွင်း ဖြစ်ပါက ပစ္စည်းတန်ဖိုးရဲ့ ၄% အခွန်ဆောင်ရတယ်။ ဒါက တံဆိပ်ခေါင်းခွန်ဆောင်ရတာ။ တစ်ခါ ဝင်ငွေခွန်ဥပဒေအရ ဝင်ငွေစည်းကြပ်ခွန်ကျတော့ သိန်း (၃၀၀) အထိ ၁၅% ၊ သိန်း ၁၀၀၀ အထိ ၂၀% ၊ သိန်း ၁၀၀၀ အထက် ပစ္စည်းတန်ဖိုးရဲ့ ၃၀% ဆောင်ရတယ်။ ဥပမာ- ကျပ်သိန်း ၃၀၀ နဲ့ မြေနှင့် အိမ်အရောင်းအဝယ်စာချုပ်ရင် ဝင်ငွေခွန် ၁၅% နဲ့ တံဆိပ်ခေါင်းခွန် ၄% ပေါင်း ၊ ၁၉% ဆိုတော့ စုစုပေါင်း ၄၅+၁၂=၅၇ သိန်း အခွန်ဆောင်ရတယ်။ အိမ်က သီးသန့်အခွန်ဆောင်ရတယ်။

အခွန်ရှောင်ပြီး Power (ပါဝါ)နဲ့ နေသူများ

ဒီတော့ မှတ်ပုံတင်စာချုပ် မချုပ်ဘဲ မိမိဝယ်ယူတဲ့မြေကွက်ဟာ အမှန်အကန်ဖြစ်ဖို့နဲ့ အရှုပ်အရှင်းကင်းကင်းနဲ့ ဝယ်ယူပိုင်ဆိုင်ထားချင်းကြတယ်။ မိမိဝယ်ယူမည့်နှစ် (၆၀) ဂရန်မြေတို့ ၊ ပါမစ်မြေကွက်တို့ဟာ အစစ်အမှန် မှ ဟုတ်ရဲ့လားဆိုတာ သိချင်ကြတယ်။ အခွန်မဆောင်ဘဲ အခွန်ရှောင်တဲ့ နည်းတွေကို ရှာလာကြတယ်။ ကိုယ်စားလှယ်လွှဲစာ General Power , Special Power တို့ကို ရောင်းသူထံမှ ယူပြီးနေလိုက်ကြတယ်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးမှာလည်း စုံစမ်းကြ

ဂရန်နဲ့ ဓာတ်ပုံပါမစ်မြေကွက်တွေကိုဝယ်ရင် ပထမအကြိမ် စရန်ငွေအနည်းငယ်ပေးပြီးလို့ နှစ်ပတ် ၊ တစ်လလောက် ခွာချိန်ပြီး ဂရန်စစ်မစစ် ၊ ပါမစ်စစ်မစစ် ဝယ်ယူသူက စစ်ဆေးဝယ်လေ့ရှိကြတယ်။ စစ်ဆေးတဲ့အခါမှာ အချို့ကသက်ဆိုင်ရာမြို့နယ် မြေယာရုံးခန်း ၊ ဒါမှမဟုတ် အိုးအိမ်ဦးစီးဌာနမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရောက် စုံစမ်းလေ့လာလေ့ရှိကြတယ်။

ရန်ကုန်မြို့တော်စည်ပင် (မြို့တော်ခန်းမ) မှာလည်း စစ်ဆေးကြည့်

ယခုအခါမှာတော့ ဂရန်မြေပါမစ်မြေကွက်များနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန (မြို့တော်ခန်းမ) မှာ “ အိမ်၊ ခြံ ၊ မြေ ” ဝယ်ယူသူများ ၊ ရောင်းမှားဝယ်မှား မဖြစ်အောင် ဆုံးရှုံးနစ်နာမှု မဖြစ်စေရန် ပိုင်ရှင်အမည်ပေါက်မှန်ကန်မှုရှိမရှိ စစ်ဆေးပေးလျက် ရှိပါတယ်။ ဒါမှလည်း ဝယ်သူအတွက် အရှုပ်အရှင်း ကင်းမကင်း ကြိုတင်သိနိုင်လို့ မြို့တော်စည်ပင်ကို ကျေးဇူးတင်ရပါတယ်။

အိုးအိမ်နဲ့ မြို့တော်စည်ပင်မှာ စစ်ဆေးပြီး မှန်ကန်တယ်ဆိုရင်တော့ အပြီးအပိုင် အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကြပါတယ်။အဲဒီလို စာချုပ်ချုပ်ဆိုပြီး ရောင်းဝယ်လာကြတာတွေ ကြားသိရပါတယ်။

အရပ်ကတိစာချုပ်ကိုင်ဆောင်ပြီး စာချုပ်ကို မှတ်ပုံမတင် ၊ အမည်မပြောင်းဘဲ ရောင်းသူအမည်ပေါက်ထံက General Power , Special Power ယူထားလိုက်ရင် အရောင်းအဝယ်ခိုင်မာပြီ ထင်မှတ်ကာအခွန်မဆောင်ရလေကောင်းလေဆိုပြီး အခွန်နဲ့ ဝေးဝေးနေကြသူများ လာကြကြောင်း လေ့လာသိရှိနေရပါတယ်။

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service