ေစ့စပ္လြန္းတဲ့ ေျမဝယ္သူမ်ား သူေဌးၾကီးေတြ ျဖစ္လို႕ေနပါသလား

ေစ့စပ္လြန္းတဲ့ ေျမဝယ္သူမ်ား သူေဌးၾကီးေတြ ျဖစ္လို႕ေနပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
22 Feb 2019 1:47 pm တွင် တင်ခဲ့သည်
9412 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Zawgyi]

မၾကာေသးမီ ရက္ပိုင္အတြင္းက ခ်ဳပ္ေပးလိုက္တဲ့ စာခ်ဳပ္တစ္ခုက သတင္းစာေၾကာ္ျငာတာ (၁၄)ရက္ ျပည့္သြားျပီး ျဖစ္လို႕ ဒုတိယအရစ္ စရန္ေငြေပးေတာ့မွာမို႕ ဝယ္သူက ဒုတိယအၾကိမ္ စာခ်ဳပ္မူၾကမ္းကို ၾကည့္ပါေစလို႕ ဆိုလာပါတယ္။ ကၽြႏ္ုပ္လည္း ဝယ္သူထံကို Viber ကတစ္ဆင့္ ပို႕ေပးရေသးတယ္။ ဝယ္သူကလည္း အၾကိမ္ၾကိမ္ ဖတ္ျပီးမွ စာခ်ဳပ္မွာ ေရးထားတာတဲ့မရွင္းလင္းတဲ့ အခ်က္ေတြနဲ႕ ထပ္ထည့္ေစခ်င္တဲ့အခ်က္ကို အၾကံျပဳေဆြးေႏြးပါတယ္။

ဝယ္သူဆိုတာကလည္း အမ်ိဳးမ်ိဳးရွိတာကို ။တခ်ိဳ႕ကေတာ့ ေျမကြက္တန္ဖိုးၾကီးတာေသးတာနဲ႕ မဆိုင္ပါဘူး။

“ဆရာ ဒီေျမကြက္ကို ကၽြန္ေတာ္ ၾကိဳက္တယ္။ေဈလည္း ညွိျပီးျပီ ။ဝယ္ဖို႕ ဆံုးျဖတ္လိုက္ျပီး ။ ဒါေၾကာင့္ အဆင္ေျပပါ့မလား။ ဘယ္လိုအခက္အခဲေတြ ရွိႏိုင္ပါသလဲ ”…. စသျဖင့္ ေမးၾကပါတယ္။ 

ဂရန္အမည္ေပါက္ ေျမကို ဝယ္တဲ့အခါ စိတ္ညစ္စရာေတြ ရွိျပန္တယ္

ဝယ္သူၾကိဳက္တဲ့ ေျမကြက္ဟာ ဂရန္အမည္ေပါက္သူထံက တိုက္ရိုက္ဝယ္ယူရမည့္ ေျမကြက္ရွိသလို ဂရန္အမည္ေပါက္သူက ေရာင္းခ်ျပီး တျခားတစ္ေနရာကို ေရႊ႕ေျပာင္းသြားတဲ့အခါ အမည္ေပါက္ကို လိုက္ရွာျပီး သူ႕ရဲ႕ထံက အထူးကိုယ္စာလွယ္စာ  ေတာင္းယူရတာမ်ိဳးလည္းရွိျပန္တယ္။ တခ်ိဳ႕ဂရန္အမည္ေပါက္သူေတြက တစ္ဆင့္ေရာင္းခ်ျပီး နယ္ျမိဳ႕ေတြကို ျပန္သြားၾကတာလည္း ရွိျပန္တယ္။ အဲဒါဆိုရင္ ေတာ့ တစ္ဆင့္ ဝယ္ထားသူက အမည္ေပါက္သူရွိတဲ့အရပ္ကို စံုစမ္းေထာက္လွမ္းယူရတယ္  ရွာပံုေတာ္မင္းသား မ႑ပ္တကာ ေရာက္သလို ရွာယူရေတာ့တာေပါ့။

ရွာပံုေတာ္ဖြင့္ရက်ိဳးနပ္ရေတာ့ ေတာ္ေသးတာေပါ့။ အဲဒီလို မဟုတ္ဘဲ ဂရန္အမည္ေပါက္သူကို လံုးဝမရွာတဲ့အခါမ်ိဳးနဲ႕ ဂရန္အမည္ေပါက္သူ ေသသြားျပီလို႕သိရတဲ့အခါမ်ိဳးမွာေတာ့ ပင္ပန္းရက်ိဳးမနပ္ေတာ့ဘူးေပါ့။  “ အေမေျပာလို႕ အေမမေျပာ ” ဆိုသလိုမ်ိဳးေပါ့ေနာ္။

မွတ္ပံုတင္ခ်ဳပ္ေပးဖို႕ တရားစြဲျပီး အမည္ေျပာင္းမလား

 အဲဒီအခါမ်ိဳးက်ရင္ စဥ္းစားခန္းဝင္ရျပီ။ ဂရန္အမည္ေပါက္သူရဲ႕ သားသမီးေတြကို တရားျပိဳင္ေနရာမွာ ထားျပီး မိမိက တရားလိုလုပ္ျပီး ေျမနဲ႕အိမ္အေရာင္းအဝယ္ စာခ်ဳပ္ကို မွတ္ပံုတင္ခ်ဳပ္ဆိုေပးေစလိုနဲ႕ တရားစြဲျပီး ေတာင္းရုံးပဲ ရွိေတာ့တယ္။

ဟန္ေဆာင္ပိုင္ဆိုင္ေၾကာင္း လုပ္ျပီး အမည္ေျပာင္းလို႕ ရတယ္

အခုေနာက္ပိုင္းမွာေတာ့ ဂရန္အမည္ေပါက္ ေသသြားရင္ က်စ္ရစ္သူ ဇနီးကုိ ျဖစ္ေစ အကယ္၍ ဇနီးပါ ေသသြားခဲ့ရင္ က်န္ရစ္ခဲ့တဲ့ သားသမီးေတြကိုျဖစ္ေစ ၊ တရားမစြဲေတာ့ဘဲနဲ႕ က်န္ရစ္တဲ့သားသမီးေတြကို အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ခိုင္းရတယ္။မွတ္ပံုတင္ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္နဲ႕အတူ အေမြဆက္ခံတဲ့ သားသမီးေတြထံက အထူးကိုယ္စားလွယ္လႊဲစာယူလိုက္ရတယ္။ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္နဲ႕ Special Power ပါ တစ္ေန႕တည္း စာခ်ဳပ္ရုံးမွာ လုပ္ေပးခိုင္းလိုက္တဲ့သေဘာပါ။

ဇနီးသားသမီးေတြဆီက ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္နဲ႕ အထူးကိုယ္စားလွယ္လႊဲစာရထားျပီဆိုရင္ ဝယ္သူအေနနဲ႕ အေရာင္းေျမပံုလည္း ထုတ္ထားရေသးတယ္။ တစ္နွစ္အတြင္းမွာ အခြန္ေဆာင္ျပီးမွတ္ပံုတင္အေရာင္းအဝယ္ စာခ်ဳပ္ခ်ုဳပ္ႏိုင္တယ္။ ဒါမွသာ အလြယ္နဲ႕ မိမိအမည္ေပါက္ ဂရန္ျဖစ္ေအာင္ နာမည္ေျပာင္းလို႕ရတယ္ေလ။

ဒုတိယအရစ္ စရန္ေပးရတာ ေျမကြက္ဂရန္ တန္ဖိုးၾကီးလို႕ပါ

ဂရန္ေျမဆိုတာကလည္း အခုေျပာခဲ့သလို အမ်ိဳးမ်ိဳး ရွိေနျပန္ေတာ့ ဝယ္သူဘက္ကလည္း စိတ္ပူတာေပါ့။ သိန္း ၅၀၀ ၊ သိန္းတစ္ေသာင္းတန္တဲ့ ေျမကြက္စက္မႈဇုန္ေျမကြက္မ်ိဳး ဝယ္ခဲ့ရင္ အထက္ကေျပာခဲ့သလို ကန္ကြက္ခ်က္ ရွိရင္လည္း ေရာင္းသူက ရွင္းေပးရတယ္။ အရႈပ္အရွင္း မရွိဘူးဆိုမွသာ ဒုတိယအရစ္ေငြေပးဖို႕ စီစဥ္ၾကရတာေလ။

ေျမကြက္တစ္ကြက္ ေရာင္းထြက္ဖို႕ ပြဲစားအမ်ိဳးမ်ိဳးထံ အပ္နွံစို႕

တန္ဖိုးၾကီးတဲ့ ေျမကြက္ေတြရွိရင္ဝယ္သူေတြအဖို႕ (၆)လ တစ္နွစ္ ေစာင့္ရတာမ်ိဳးေတြ ရွိတတ္တယ္။ေရာင္းသူအေနနဲ႕ ေငြအျမန္လိုအပ္ေနျပီဆိုရင္ေတာ့ ရပ္ကြက္ပြဲစားလည္း အပ္ခဲ့ရတာပဲ။ အိမ္ျခံေျမအက်ိဳးေဆာင္ ကုမၸဏီေတြကိုလည္းအပ္ရတာပဲ။ ဘယ္အက်ိဳးေဆာင္နဲ႕ပဲျဖစ္ျဖစ္ေရာင္းထြက္ဖို႕က အဓိကေလ။

တစ္ခါတစ္ရံက်ေတာ့ ေရာင္းသူေတြေမွ်ာ္လင့္သလို အက်ိဳးေဆာင္ကုမၸဏီေတြနဲ႕အပ္နွံထားေပမယ့္ ပြဲျဖစ္ခ်င္မွ ျဖစ္တာ။

ရပ္ကြက္အတြင္းက ပြဲစားနဲ႕ ဝယ္ယူလိုသူနဲ႕ တိုက္ရုိက္ခ်ိတ္မိျပီး ပြဲျဖစ္ခ်င္ရင္ ျဖစ္သြားတယ္။ ဒါကေတာ့ အေရာင္းအဝယ္ေလာကမွာ ပံုေသေျပာလို႕မရဘူးေပါ့။ ဒီလိုျဖစ္ျခင္းရဲ႕ အေၾကာင္းတရာကို ေလ့လာၾကည့္တဲ့အခါ အခ်ိဳ႕ဝယ္လိုသူေတြက အလြန္ေစ့စပ္ေသခ်ာလြန္းတဲ့ ပုဂၢိဳလ္ျဖစ္ေလေတာ့ မိမိရင္းနွီးျမွဳပ္နွံမယ့္ေနရာကို အၾကိမ္ၾကိမ္အခါခါ ေလ့လာစံုစမ္းၾကေလ့ရွိၾကတယ္။ေဈးအမွန္ကို သိရေအာင္ စံုစမ္းေလ့လာၾကတယ္။ ေနာက္ဆံုး အေသအခ်ာဆံုးပြဲစား၊ အေသခ်ာဆံုးကို သိရမွ ပိုင္ရွင္နဲ႕ေတြ႕ဆံုဝယ္ယူၾကတာ ေတြ႕ရတယ္။

ဒီလိုပြဲစားေတြက အိမ္ျခံေျမအက်ိဳးေဆာင္ကုမၸဏီေတြ မဟုတ္ဘဲ ဇုန္အတြင္းက အက်ိဳးေဆာင္ေတြနဲ႕ ရပ္ကြက္အတြင္းက အိမ္ျခံေျမအက်ိဳးေဆာင္ေတြ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဝယ္ယူျပန္ေတာ့လည္း ပြဲစားက ရွာေပးတဲ့ ေရွ႕ေနမ်ိဳးမၾကိဴက္ဘူး။ အက်ိဳးေဆာင္ ကုမၸဏီလည္း ပြဲစားက ရွာေပးတဲ့ ေရွ႕ေနမ်ိဳးမၾကိဳက္ဘူး။အက်ိဳးေဆာင္ကုမၸဏီမွာ ခန္႕ထားတဲ့ ေရွ႕ေနေတြနဲ႕လည္း အလုပ္မလုပ္ခ်င္ဘူး။ မိမိတုိ႕ အသိမိတ္ေဆြက ညြန္ျပတဲ့ ေရွ႕ေနနဲ႕မွ စာခ်ဳပ္ၾကျပန္တယ္။ ဒီလိုစိတ္ၾကိဳက္ေရွ႕ေနနဲ႕ေတြ႕မွ စာခ်ဳပ္ေရးတာကအစ သိခ်င္တာတြ အားလံုးၾကိဳက္သလို ေမးၾကိဳက္သလို စာခ်ဳပ္ျပင္ခိုင္းမွာကိုး။ ကၽြႏု္လည္း သူတို႕အေပၚနားလည္းေပးလိုက္ပါတယ္။ ဒါေၾကာင့္ၾကီးပြားခ်မ္းသာေနၾကတာပဲလို႕ သံုးသပ္မိပါေတာ့တယ္။

 

သုခီ အတၱာနံ ပရိဟႏၱဳ

 

Credit:  လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

[Unicode]

မကြာသေးမီ ရက်ပိုင်အတွင်းက ချုပ်ပေးလိုက်တဲ့ စာချုပ်တစ်ခုက သတင်းစာကြော်ငြာတာ (၁၄)ရက် ပြည့်သွားပြီး ဖြစ်လို့ ဒုတိယအရစ် စရန်ငွေပေးတော့မှာမို့ ဝယ်သူက ဒုတိယအကြိမ် စာချုပ်မူကြမ်းကို ကြည့်ပါစေလို့ ဆိုလာပါတယ်။ ကျွန်ုပ်လည်း ဝယ်သူထံကို Viber ကတစ်ဆင့် ပို့ပေးရသေးတယ်။ ဝယ်သူကလည်း အကြိမ်ကြိမ် ဖတ်ပြီးမှ စာချုပ်မှာ ရေးထားတာတဲ့မရှင်းလင်းတဲ့ အချက်တွေနဲ့ ထပ်ထည့်စေချင်တဲ့အချက်ကို အကြံပြုဆွေးနွေးပါတယ်။

ဝယ်သူဆိုတာကလည်း အမျိုးမျိုးရှိတာကို ။တချို့ကတော့ မြေကွက်တန်ဖိုးကြီးတာသေးတာနဲ့ မဆိုင်ပါဘူး။

“ဆရာ ဒီမြေကွက်ကို ကျွန်တော် ကြိုက်တယ်။ဈေလည်း ညှိပြီးပြီ ။ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ။ ဒါကြောင့် အဆင်ပြေပါ့မလား။ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ ”…. စသဖြင့် မေးကြပါတယ်။

ဂရန်အမည်ပေါက် မြေကို ဝယ်တဲ့အခါ စိတ်ညစ်စရာတွေ ရှိပြန်တယ်

ဝယ်သူကြိုက်တဲ့ မြေကွက်ဟာ ဂရန်အမည်ပေါက်သူထံက တိုက်ရိုက်ဝယ်ယူရမည့် မြေကွက်ရှိသလို ဂရန်အမည်ပေါက်သူက ရောင်းချပြီး တခြားတစ်နေရာကို ရွှေ့ပြောင်းသွားတဲ့အခါ အမည်ပေါက်ကို လိုက်ရှာပြီး သူ့ရဲ့ထံက အထူးကိုယ်စာလှယ်စာ တောင်းယူရတာမျိုးလည်းရှိပြန်တယ်။ တချို့ဂရန်အမည်ပေါက်သူတွေက တစ်ဆင့်ရောင်းချပြီး နယ်မြို့တွေကို ပြန်သွားကြတာလည်း ရှိပြန်တယ်။ အဲဒါဆိုရင် တော့ တစ်ဆင့် ဝယ်ထားသူက အမည်ပေါက်သူရှိတဲ့အရပ်ကို စုံစမ်းထောက်လှမ်းယူရတယ် ရှာပုံတော်မင်းသား မဏ္ဍပ်တကာ ရောက်သလို ရှာယူရတော့တာပေါ့။

ရှာပုံတော်ဖွင့်ရကျိုးနပ်ရတော့ တော်သေးတာပေါ့။ အဲဒီလို မဟုတ်ဘဲ ဂရန်အမည်ပေါက်သူကို လုံးဝမရှာတဲ့အခါမျိုးနဲ့ ဂရန်အမည်ပေါက်သူ သေသွားပြီလို့သိရတဲ့အခါမျိုးမှာတော့ ပင်ပန်းရကျိုးမနပ်တော့ဘူးပေါ့။ “ အမေပြောလို့ အမေမပြော ” ဆိုသလိုမျိုးပေါ့နော်။

မှတ်ပုံတင်ချုပ်ပေးဖို့ တရားစွဲပြီး အမည်ပြောင်းမလား

အဲဒီအခါမျိုးကျရင် စဉ်းစားခန်းဝင်ရပြီ။ ဂရန်အမည်ပေါက်သူရဲ့ သားသမီးတွေကို တရားပြိုင်နေရာမှာ ထားပြီး မိမိက တရားလိုလုပ်ပြီး မြေနဲ့အိမ်အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုပေးစေလိုနဲ့ တရားစွဲပြီး တောင်းရုံးပဲ ရှိတော့တယ်။

ဟန်ဆောင်ပိုင်ဆိုင်ကြောင်း လုပ်ပြီး အမည်ပြောင်းလို့ ရတယ်

အခုနောက်ပိုင်းမှာတော့ ဂရန်အမည်ပေါက် သေသွားရင် ကျစ်ရစ်သူ ဇနီးကို ဖြစ်စေ အကယ်၍ ဇနီးပါ သေသွားခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သားသမီးတွေကိုဖြစ်စေ ၊ တရားမစွဲတော့ဘဲနဲ့ ကျန်ရစ်တဲ့သားသမီးတွေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ခိုင်းရတယ်။မှတ်ပုံတင်ပိုင်ဆိုင်ကြောင်း စာချုပ်နဲ့အတူ အမွေဆက်ခံတဲ့ သားသမီးတွေထံက အထူးကိုယ်စားလှယ်လွှဲစာယူလိုက်ရတယ်။ ပိုင်ဆိုင်ကြောင်း စာချုပ်နဲ့ Special Power ပါ တစ်နေ့တည်း စာချုပ်ရုံးမှာ လုပ်ပေးခိုင်းလိုက်တဲ့သဘောပါ။

ဇနီးသားသမီးတွေဆီက ပိုင်ဆိုင်ကြောင်း စာချုပ်နဲ့ အထူးကိုယ်စားလှယ်လွှဲစာရထားပြီဆိုရင် ဝယ်သူအနေနဲ့ အရောင်းမြေပုံလည်း ထုတ်ထားရသေးတယ်။ တစ်နှစ်အတွင်းမှာ အခွန်ဆောင်ပြီးမှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုုပ်နိုင်တယ်။ ဒါမှသာ အလွယ်နဲ့ မိမိအမည်ပေါက် ဂရန်ဖြစ်အောင် နာမည်ပြောင်းလို့ရတယ်လေ။

ဒုတိယအရစ် စရန်ပေးရတာ မြေကွက်ဂရန် တန်ဖိုးကြီးလို့ပါ

ဂရန်မြေဆိုတာကလည်း အခုပြောခဲ့သလို အမျိုးမျိုး ရှိနေပြန်တော့ ဝယ်သူဘက်ကလည်း စိတ်ပူတာပေါ့။ သိန်း ၅၀၀ ၊ သိန်းတစ်သောင်းတန်တဲ့ မြေကွက်စက်မှုဇုန်မြေကွက်မျိုး ဝယ်ခဲ့ရင် အထက်ကပြောခဲ့သလို ကန်ကွက်ချက် ရှိရင်လည်း ရောင်းသူက ရှင်းပေးရတယ်။ အရှုပ်အရှင်း မရှိဘူးဆိုမှသာ ဒုတိယအရစ်ငွေပေးဖို့ စီစဉ်ကြရတာလေ။

မြေကွက်တစ်ကွက် ရောင်းထွက်ဖို့ ပွဲစားအမျိုးမျိုးထံ အပ်နှံစို့

တန်ဖိုးကြီးတဲ့ မြေကွက်တွေရှိရင်ဝယ်သူတွေအဖို့ (၆)လ တစ်နှစ် စောင့်ရတာမျိုးတွေ ရှိတတ်တယ်။ရောင်းသူအနေနဲ့ ငွေအမြန်လိုအပ်နေပြီဆိုရင်တော့ ရပ်ကွက်ပွဲစားလည်း အပ်ခဲ့ရတာပဲ။ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတွေကိုလည်းအပ်ရတာပဲ။ ဘယ်အကျိုးဆောင်နဲ့ပဲဖြစ်ဖြစ်ရောင်းထွက်ဖို့က အဓိကလေ။

တစ်ခါတစ်ရံကျတော့ ရောင်းသူတွေမျှော်လင့်သလို အကျိုးဆောင်ကုမ္ပဏီတွေနဲ့အပ်နှံထားပေမယ့် ပွဲဖြစ်ချင်မှ ဖြစ်တာ။

ရပ်ကွက်အတွင်းက ပွဲစားနဲ့ ဝယ်ယူလိုသူနဲ့ တိုက်ရိုက်ချိတ်မိပြီး ပွဲဖြစ်ချင်ရင် ဖြစ်သွားတယ်။ ဒါကတော့ အရောင်းအဝယ်လောကမှာ ပုံသေပြောလို့မရဘူးပေါ့။ ဒီလိုဖြစ်ခြင်းရဲ့ အကြောင်းတရာကို လေ့လာကြည့်တဲ့အခါ အချို့ဝယ်လိုသူတွေက အလွန်စေ့စပ်သေချာလွန်းတဲ့ ပုဂ္ဂိုလ်ဖြစ်လေတော့ မိမိရင်းနှီးမြှုပ်နှံမယ့်နေရာကို အကြိမ်ကြိမ်အခါခါ လေ့လာစုံစမ်းကြလေ့ရှိကြတယ်။ဈေးအမှန်ကို သိရအောင် စုံစမ်းလေ့လာကြတယ်။ နောက်ဆုံး အသေအချာဆုံးပွဲစား၊ အသေချာဆုံးကို သိရမှ ပိုင်ရှင်နဲ့တွေ့ဆုံဝယ်ယူကြတာ တွေ့ရတယ်။

ဒီလိုပွဲစားတွေက အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွေ မဟုတ်ဘဲ ဇုန်အတွင်းက အကျိုးဆောင်တွေနဲ့ ရပ်ကွက်အတွင်းက အိမ်ခြံမြေအကျိုးဆောင်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဝယ်ယူပြန်တော့လည်း ပွဲစားက ရှာပေးတဲ့ ရှေ့နေမျိုးမကြိူက်ဘူး။ အကျိုးဆောင် ကုမ္ပဏီလည်း ပွဲစားက ရှာပေးတဲ့ ရှေ့နေမျိုးမကြိုက်ဘူး။အကျိုးဆောင်ကုမ္ပဏီမှာ ခန့်ထားတဲ့ ရှေ့နေတွေနဲ့လည်း အလုပ်မလုပ်ချင်ဘူး။ မိမိတို့ အသိမိတ်ဆွေက ညွန်ပြတဲ့ ရှေ့နေနဲ့မှ စာချုပ်ကြပြန်တယ်။ ဒီလိုစိတ်ကြိုက်ရှေ့နေနဲ့တွေ့မှ စာချုပ်ရေးတာကအစ သိချင်တာတွ အားလုံးကြိုက်သလို မေးကြိုက်သလို စာချုပ်ပြင်ခိုင်းမှာကိုး။ ကျွနု်လည်း သူတို့အပေါ်နားလည်းပေးလိုက်ပါတယ်။ ဒါကြောင့်ကြီးပွားချမ်းသာနေကြတာပဲလို့ သုံးသပ်မိပါတော့တယ်။

 

သုခီ အတ္တာနံ ပရိဟန္တု

 

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service