ဂရန်ရှိ မြေပိုင် မြေကို ၀ယ်မည်ဆိုလျှင်

ဂရန်ရှိ မြေပိုင် မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
20 Feb 2019 12:28 pm တွင် တင်ခဲ့သည်
4835 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

““ ဂရန်ရှိ မြေပိုင်မြေဆိုတာ ဘယ်လိုမြေအမျိုးအစား လဲ ဆရာ၊ ဂရန်စာချုပ်ရှိပါသလား””ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်မေးမြန်းဆွေးနွေးခြင်းဖြစ်သည်။

““ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြေစီမံ ခန့်ခွဲမှုလုပ်ငန်းများအတွက် မြေအမျိုးအစား သတ်မှတ်ချက် တွေရှိတယ်။ မိတ်ဆွေပြောတဲ့ ဂရန်ရှိမြေအမျိုးအစားသည် ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)ကဲ့သို့ မြေမျိုးဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်””

““ဒါဆိုရင် ဂရန်စာချုပ်မရှိဘူးပေါ့””

““မှန်ပါတယ်။ မြေငှားဂရန်ထုတ်ပေးထားတဲ့ မြေ အမျိုးအစားမဟုတ်ပါဘူး””

““မြေပိုင်မြေနဲ့ ဘိုးဘွားပိုင်မြေက ဘယ်လိုကွာခြားပါ သလဲ””

““နားလည်အောင်ရှင်းပြရရင် အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို အုပ်စိုးစဉ်မှာ မြေပိုင်ရှင်တွေက နိုင်ငံခြားသား တွေဖြစ်ကြတယ်။ အထူးသဖြင့် ထိုစဉ်က အခေါ်အဝေါ်ဖြစ်တဲ့ ချစ်တီးကုလားတွေ ပိုင်ကြတယ်။ အဲဒီမြေတွေကို မြေပိုင်မြေ လို့ သတ်မှတ်တယ်။ နောက်ပိုင်း မြန်မာနိုင်ငံသားတွေက ၀ယ် ယူခြင်းဖြစ်စေ၊ အမွေဆက်ခံခြင်းဖြစ်စေ ပိုင်လာတဲ့မြေတွေ ဖြစ်တယ်””

““ဘိုးဘွားပိုင်မြေဆိုတာက ဘယ်လိုလဲ””

““ဘိုးဘွားပိုင်မြေနဲ့ပတ်သက်လို့ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ (၄)ပုဒ်မခွဲ (၁၀)အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုးအစားဖြစ်သည်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတယ်””

““ဒါဆိုရင် ဂရန်ရှိမြေပိုင်မြေဆိုတာ ဘိုးဘွားပိုင်မြေ အမျိုးအစားထဲမှာ ပါဝင်တယ်လို့ ဆိုရမှာပေါ့””

““မှန်ပါတယ်။ ယေဘုယျမှတ်သားထားရမှာကတော့ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ တို့သည် ဘိုးဘွား ပိုင်မြေအမျိုးအစားထဲမှာ ပါဝင်တဲ့ မြေအမျိုးအစားအဖြစ် သတ်မှတ်သားထားသင့်ပါတယ်””

““အခု ကျွန်တော် ၀ယ်မယ်လို့ သွားကြည့်တဲ့ မြေကွက် က ဂရန်ရှိမြေပိုင်မြေဆိုလို့ ဂရန်စာချုပ်တောင်းကြည့်တော့ မရှိဘူးဖြစ်နေတယ် ဆရာ။ အခု ဆရာရှင်းပြမှပဲ ဘိုးဘွားပိုင် မြေအမျိုးအစားဆိုတာ သိလိုက်ရတယ်””

““ဘိုးဘွားပိုင်မြေအမျိုးအစားဖြစ်လို့ မြေရောင်းချတဲ့ အခါ မြေပုံမြေရာဇ၀င်နဲ့ပဲ အရောင်းအ၀ယ်စာချုပ် ပြုလုပ် ကြရမှာဖြစ်တယ်””

““ဘိုးဘပိုင်မြေအမျိုးအစားက မြေကွက်ကိုခွဲစိတ် ရောင်းချနိုင်တယ် မဟုတ်လား””

““ဘိုးဘွားပိုင်မြေဖြစ်စေ၊ မြေပိုင်မြေဖြစ်စေ၊ ဂရန်ရှိ မြေပိုင်မြေဖြစ်စေ၊ အဲဒီအမျိုးအစားက မြေငှားဂရန်စာချုပ် မရှိတဲ့အတွက် သတ်မှတ်ထားတဲ့မြေ၊ အကျယ်အ၀န်းအလိုက် မြေကွက်ကို ခွဲစိတ်ရောင်းချခွင့်ရှိပါတယ်””

““၀ယ်မယ်လို့ စိတ်ကူးထားတဲ့ မြေကွက်က မြေမခွဲ စိတ်ရသေးဘူးဆရာ၊ မြေပုံပေါ်တွင် အစိမ်းရောင်ခြယ်ပြထား သော မြေအစိတ်အပိုင်းလို့ ဖော်ပြထားတယ် ဆရာ””

““အခု အဲဒီအစိတ်အပိုင်းကို ၀ယ်မှာလား””

““အိမ်ဆောက်လုပ်ခွင့်လည်းကျထားတော့ ၀ယ်မယ် စိတ်ကူးလို့ပါ””

““ရောင်းမယ်ဆိုတဲ့ သူက အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ်နဲ့ ချုပ်ဆိုဝယ်ထားသလား””

““ဟုတ်တယ်ဆရာ၊ မူလပိုင်ရှင်က အဆက်အသွယ် မရလို့ တရားရုံးရဲ့ အမိန့်နဲ့ အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ် ပြုလုပ်ထားတယ်ဆရာ””

““ဒါဆိုရင် ရောင်းသူကိုယ်စား တရားရုံးရဲ့ဘိလစ် က လက်မှတ်ရေးထိုးဆောင်ရွက်ထားတာပေါ့””

““ဟုတ်ပါတယ် ဆရာ၊ ဒါကြောင့် ၀ယ်ရင်လည်း အရှုတ်အရှင်းကင်းမယ်လို့ ယူဆတယ်””

““မှန်ပါတယ်။ ၀ယ်ထားသူကိုယ်တိုင် သက်ရှိထင်ရှား ရှိပြီး အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးမယ်ဆို ရင်တော့ အဆင်ပြေပါတယ်””

““တစ်ခုရှိတယ် ဆရာ၊ သူက အခုထိမြေကွက်ကို ခွဲစိတ်မထားသေးဘူးဆရာ””

““ဘယ်လိုဖြစ်လို့လဲ၊ အဆောက်အအုံဆောက်လုပ် ခွင့်ရထားတယ်ဆိုတော့ မြေကွက်လည်း ခွဲစိတ်ပြီး ဖြစ်နိုင် တယ်””

““မူလမြေကွက်အမည်ပေါက်ကနေ နောက်ဆက်တွဲ အိမ်ဆောက်ခွင့်တင်တယ်လို့လည်း ပြောတယ်။ ကျွန်တော် သိပ်မရှင်းလို့ ဆရာ””

အိမ်အခြေအနေနဲ့ လမ်းအခြေအနေကို ပြောပြပါ ဦး။ မြေကွက်က အတွင်းမှာရှိနေတာလား။ အိမ်ဆောက်ရင် ကားအ၀င်အထွက်အတွက် ကိုယ်ပိုင်လမ်းတစ်ခုရှိနေရမယ်””

““မျက်နှာစာက ကားလမ်းမကြီးကို မျက်နှာမူထား တာဆရာ၊ ကိုယ်ပိုင်လမ်းသီးခြားမလိုဘူး””

““ဒါဆိုရင်တော့ မြေအပြည့်ပေါ်မှာ အိမ်ဆောက်လုပ် နိုင်တာပေါ့””

““ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်သိချင်တာက မြေကွက် ကို ခွဲစိတ်ပြီး ကျွန်တော့်အမည်ပေါက်ရနိုင်မလား””

““အဲဒါကတော့ မြေကွက်အကျယ်အ၀န်းပေါ်မူတည် ပြီး ခွဲစိတ်ရတာမို့ မြေကွက်အကျယ်အ၀န်းကိုတော့ သိထားဖို့ လိုလိမ့်မယ်””

““ကျွန်တော်မှတ်လာခဲ့တယ် ဆရာ..၊ မြေပိုင်မြေ ၀ ဒသမ ၀၆၈ ဧကအနက်မှ မျက်နှာစာ ၄၅ ပေ၊ အရှေ့ အနောက် ၁၆ ပေ၊ တောင်မြောက် ၄၅ ပေ ခန့်မှန်း စတုရန်း ပေ ၇၂၀ ခန့်လို့ ဖော်ပြထားပါတယ်””

““စတုရန်းပေ ၇၂၀ ခန့်ဆိုရင်တော့ မြေကွက်ကို ခွဲစိတ်ရမှာ မဟုတ်ဘူး။ မူလအမည်ပေါက်အမည်နဲ့ပဲ ဆက်ရှိ နေမှာ ဖြစ်တယ်””

““မြေကွက်ခွဲစိတ်လို့ မရရင် အရောင်းအ၀ယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုလို့ မရဘူးပေါ့””

““အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ကတော့ ချုပ်ဆို လို့ရပါတယ်။ မြေပုံပေါ်မှာ မခွဲစိတ်ရသေးသော အစိမ်းရောင် ခြယ်ထားတဲ့ မြေကွက်လို့ အတိုင်းအတာနဲ့တကွ ဖော်ပြပြီး အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုလို့ရတယ်။ ဒါပေ မယ့် မြေကွက်ခွဲစိတ်ပေးနိုင်တဲ့ ဧရိယာအတိုင်းအတာမဟုတ် လို့ မြေကွက်ကို ခွဲစိတ်ပြီး မိမိအမည်ပေါက်တော့ မထွက် နိုင်ဘူး””

““မြေကွက်ခွဲစိတ်နိုင်တဲ့ အတိုင်းအတာဆိုတာ ဘယ်လိုလဲ ဆရာ””

““ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ) များခွဲစိတ်ရာတွင် ခွဲစိတ်ပြီးသော မြေကွက်အတိုင်းအတာသည် မျက်နှာစာဘက်တွင် အနည်း ဆုံးပေ (၂၀)ရှိရမည်။ ခွဲစိတ်ပြီးသော မြေကွက်ဧရိယာသည် အနည်းဆုံး စတုရန်းပေ (၁၂၀၀) ရှိရပါမည်လို့ ဖော်ပြထား ပါတယ်။ ဒါကြောင့် မိတ်ဆွေဝယ်မယ့် မြေဧရိယာသည် စတုရန်းပေ(၇၂၀)ခန့်သာရှိတဲ့အတွက် စတုရန်းပေ (၁၂၀၀) မပြည့်တာကြောင့် သီးခြားခွဲစိတ်လို့မရ ဖြစ်နေပါတယ်။ ဒါကြောင့် မိမိအမည်ပေါက် မရနိုင်ပါဘူး။ ကာရံပြီး အိမ်ဆောက် လို့လည်း ရပါတယ်””

““မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုထားမယ် ဆိုရင် တရားဝင်ပိုင်ဆိုင်ခွင့်ရှိတယ်မဟုတ်လား””

““တရားဝင်ပိုင်ဆိုင်ခွင့် လွှဲပြောင်းရောင်းချခွင့်၊ အိမ်ဆောက်ခွင့်ရှိပါတယ်။ မြေကွက်ခွဲမရ၍ မိမိအမည်ပေါက်မရ ဘဲဖြစ်တဲ့အတွက် စဉ်းစားဝယ်ပါလို့”” အကြံပေးလိုက်ပါတယ်။

ထီယု(ဥပဒေအတိုင်ပင်ခံ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service