ေရခဲေသတၱာထဲမွာ ထည့္သိမ္းစရာမလုိတဲ့ ပစၥည္းမ်ား

ေရခဲေသတၱာထဲမွာ ထည့္သိမ္းစရာမလုိတဲ့ ပစၥည္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2019 12:58 pm တွင် တင်ခဲ့သည်
3225 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Zawgyi]

ပစၥည္းတစ္ခုခုဝယ္လာၿပီးတာနဲ႔ ပ်က္စီးမွာစိုးလုိ႔ဆုိၿပီး အကုန္ေရခဲ ေသတၱာထဲထည့္သိမ္းေလ့ ရွိၾကတာေၾကာင့္ ဘယ္အရာေတြက ေရခဲေသတၱာထဲမွာ သိမ္းစရာမလို ဘဲ ထားႏုိင္တယ္ဆုိတာ သိထားဖို႔အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

င႐ုတ္ေဆာ့စ္၊ ခရမ္းခ်ဥ္သီး ေဆာ့စ္ပူစပ္တဲ့ င႐ုတ္ေဆာ့စ္ေတြ မွာ ဗက္တီးရီးယားေပါက္ပြားႏိုင္ စြမ္းမရွိတာေၾကာင့္ င႐ုတ္ေဆာ့စ္ ေတြကို ေရခဲေသတၱာထဲမထည့္ဘဲ ဒီအတိုင္းထားရင္ သံုးႏွစ္ေလာက္ အထိ အထားခံပါတယ္။ ခရမ္းခ်ဥ္ ေဆာ့စ္ဟာဆုိရင္လည္း အက္ စစ္သဘာဝရွိတဲ့အတြက္ အခန္း အပူခ်ိန္မွာေတာင္ ဗက္တီးရီးယား မေပါက္ပြားႏိုင္ပါဘူး။

မတ္စတတ္

အသားနဲ႔စားဖို႔အတြက္ ထုပ္ထားတဲ့ အဝါေရာင္၊ အညိဳ ေရာင္ မတ္စတတ္ေတြကလည္း ေရခဲေသတၱာထဲမထည့္ဘဲ အခ်ိန္ ေတာ္ေတာ္ၾကာေအာင္ ထားလို႔ရ ပါတယ္။

အာလူးအာလူးကို ေရခဲေသတၱာထဲ သိမ္းမိရင္ ေရခဲနာၿပီး ျမန္ျမန္ပုပ္ လြယ္တယ္ဆိုတာ သိပါလား။ အ ေကာင္းဆံုးကေတာ့ စကၠဴအိတ္ ထဲထည့္ၿပီး မီးဖိုေခ်ာင္ထဲကေအး ၿပီး ေျခာက္ေသြ႕တဲ့တစ္ေနရာမွာ ထားလိုက္ပါ။

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ

မီးဖိုေဆာင္ထဲက ေျခာက္ ေသြ႕တဲ့တစ္ေနရာရာမွာ သိမ္း တာ အေကာင္းဆံုးပါ။

ပန္းသီး၊ သစ္ေတာ္သီး

ေရခဲေသတၱာထဲမထည့္ဘဲ အျပင္မွာထားမယ္ဆုိရင္ တစ္ ပတ္ေလာက္ထားလို႔ရပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးေတြကို ေရခဲ ေသတၱာထဲမွာ သိမ္းမယ္ဆုိရင္ အရသာေျပာင္းသြားတဲ့အျပင္ ပုပ္ လြယ္တယ္ဆုိတာ မွတ္ထားလိုက္ပါ။

ဖရဲသီး

အသီးမခြဲရေသးရင္ေတာ့ ေရခဲေသတၱာထဲမွာ သိမ္းဖို႔မလို အပ္ပါဘူး။ အကယ္၍ သိမ္းခဲ့ တယ္ဆုိရင္ ဖရဲသီးမွာပါတဲ့ ဓာတ္ တုိးဆန္႔က်င္ဂုဏ္သတၱိဟာ ေရခဲ ေသတၱာထဲက အပူခ်ိန္ေၾကာင့္ ပ်က္စီးႏုိင္တယ္လုိ႔ ဆုိပါတယ္။

ပ်ားရည္

ဘယ္ေလာက္ၾကာၾကာ မပ်က္စီးတဲ့ပစၥည္း ျဖစ္တဲ့အ တြက္ ေရခဲေသတၱာထဲမွာ ေနရာ ေပးထားဖို႔ မလိုအပ္ပါဘူး။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးေတြကို ျမန္ျမန္ မမွည့္ေစခ်င္ဘူးဆုိရင္ေတာ့ ေရ ခဲေသတၱာထဲမွာထားလုိ႔ အဆင္ ေျပပါတယ္။

ေထာပတ္သီး

ေထာပတ္သီးကို ေရခဲ ေသတၱာထဲသိမ္းမိရင္ေတာ့ မွည့္ ဖို႔အေတာ္ေစာင့္ရမွာျဖစ္လုိ႔ စကၠဴ အိတ္တစ္လံုးထဲမွာ ေထာပတ္သီး တို႔၊ ငွက္ေပ်ာသီးတုိ႔အတူထားၿပီး ျမန္ျမန္ဝင္းမွည့္ေအာင္လုပ္လုိ႔ရ ပါတယ္။

ပင္စိမ္း

ေရခဲေသတၱာထဲထည့္ထား တဲ့အခါ အထဲက တျခားအနံ႔အ သက္ေတြကို စုပ္ယူတဲ့အတြက္ ပင္စိမ္းရဲ႕ သဘာဝအနံ႔ေတြ ေပ်ာက္ကုန္တာေၾကာင့္ အ ေကာင္းဆံုးကေတာ့ ပင္စိမ္းပင္ ေလးေတြကို ဖန္ခြက္ခြက္ထဲမွာ ေရထည့္ၿပီး မီးဖိုေဆာင္မွာထား တာပါ။

ေကာ္ဖီ

ေရခဲေသတၱာထဲမွာဆုိ ေရ ေငြ႕ျပန္ႏုိင္တာေၾကာင့္ ေလလံုဘူး ထဲထည့္ၿပီး အျပင္မွာထားတာ အ ေကာင္းဆံုးပါ။

ဆီ

အုန္းဆီနဲ႔ သံလြင္ဆီကို ေရခဲေသတၱာထဲသိမ္းရင္ အခဲလိုက္ ထြက္လာမွာမို႔ မီးဖိုေဆာင္ထဲက ဗီ႐ိုမွာပဲသိမ္းသင့္ပါတယ္။ ဒါေပ မဲ့ အခြံမာသီးဆီေတြဆုိရင္ေတာ့ ၾကာရွည္ခံေအာင္ ေရခဲေသတၱာ ထဲမွာ သိမ္းဖို႔လိုအပ္ပါတယ္။

ေျမပဲေထာပတ္

ေအာ္ဂဲနစ္ (ဒါမွမဟုတ္) သဘာဝပစၥည္းေတြနဲ႔ ခ်ည္းထုတ္ ထားတဲ့ ေျမပဲေထာပတ္ဆုိရင္ ေတာ့ ေရခဲေသတၱာထဲမွာထားဖို႔ မလိုပါဘူး။

Credit: 7Daydaily

 

[Unicode]

ရေခဲသေတ္တာထဲမှာ ထည့်သိမ်းစရာမလိုတဲ့ ပစ္စည်းများ

ပစ္စည်းတစ်ခုခုဝယ်လာပြီးတာနဲ့ ပျက်စီးမှာစိုးလို့ဆိုပြီး အကုန်ရေခဲ သေတ္တာထဲထည့်သိမ်းလေ့ ရှိကြတာကြောင့် ဘယ်အရာတွေက ရေခဲသေတ္တာထဲမှာ သိမ်းစရာမလို ဘဲ ထားနိုင်တယ်ဆိုတာ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ငရုတ်ဆော့စ်၊ ခရမ်းချဉ်သီး ဆော့စ်ပူစပ်တဲ့ ငရုတ်ဆော့စ်တွေ မှာ ဗက်တီးရီးယားပေါက်ပွားနိုင် စွမ်းမရှိတာကြောင့် ငရုတ်ဆော့စ် တွေကို ရေခဲသေတ္တာထဲမထည့်ဘဲ ဒီအတိုင်းထားရင် သုံးနှစ်လောက် အထိ အထားခံပါတယ်။ ခရမ်းချဉ် ဆော့စ်ဟာဆိုရင်လည်း အက် စစ်သဘာဝရှိတဲ့အတွက် အခန်း အပူချိန်မှာတောင် ဗက်တီးရီးယား မပေါက်ပွားနိုင်ပါဘူး။

မတ်စတတ်

အသားနဲ့စားဖို့အတွက် ထုပ်ထားတဲ့ အဝါရောင်၊ အညို ရောင် မတ်စတတ်တွေကလည်း ရေခဲသေတ္တာထဲမထည့်ဘဲ အချိန် တော်တော်ကြာအောင် ထားလို့ရ ပါတယ်။

အာလူးအာလူးကို ရေခဲသေတ္တာထဲ သိမ်းမိရင် ရေခဲနာပြီး မြန်မြန်ပုပ် လွယ်တယ်ဆိုတာ သိပါလား။ အ ကောင်းဆုံးကတော့ စက္ကူအိတ် ထဲထည့်ပြီး မီးဖိုချောင်ထဲကအေး ပြီး ခြောက်သွေ့တဲ့တစ်နေရာမှာ ထားလိုက်ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ

မီးဖိုဆောင်ထဲက ခြောက် သွေ့တဲ့တစ်နေရာရာမှာ သိမ်း တာ အကောင်းဆုံးပါ။

ပန်းသီး၊ သစ်တော်သီး

ရေခဲသေတ္တာထဲမထည့်ဘဲ အပြင်မှာထားမယ်ဆိုရင် တစ် ပတ်လောက်ထားလို့ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေကို ရေခဲ သေတ္တာထဲမှာ သိမ်းမယ်ဆိုရင် အရသာပြောင်းသွားတဲ့အပြင် ပုပ် လွယ်တယ်ဆိုတာ မှတ်ထားလိုက်ပါ။

ဖရဲသီး

အသီးမခွဲရသေးရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းဖို့မလို အပ်ပါဘူး။ အကယ်၍ သိမ်းခဲ့ တယ်ဆိုရင် ဖရဲသီးမှာပါတဲ့ ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိဟာ ရေခဲ သေတ္တာထဲက အပူချိန်ကြောင့် ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

ပျားရည်

ဘယ်လောက်ကြာကြာ မပျက်စီးတဲ့ပစ္စည်း ဖြစ်တဲ့အ တွက် ရေခဲသေတ္တာထဲမှာ နေရာ ပေးထားဖို့ မလိုအပ်ပါဘူး။

ငှက်ပျောသီး

ငှက်ပျောသီးတွေကို မြန်မြန် မမှည့်စေချင်ဘူးဆိုရင်တော့ ရေ ခဲသေတ္တာထဲမှာထားလို့ အဆင် ပြေပါတယ်။

ထောပတ်သီး

ထောပတ်သီးကို ရေခဲ သေတ္တာထဲသိမ်းမိရင်တော့ မှည့် ဖို့အတော်စောင့်ရမှာဖြစ်လို့ စက္ကူ အိတ်တစ်လုံးထဲမှာ ထောပတ်သီး တို့၊ ငှက်ပျောသီးတို့အတူထားပြီး မြန်မြန်ဝင်းမှည့်အောင်လုပ်လို့ရ ပါတယ်။

ပင်စိမ်း

ရေခဲသေတ္တာထဲထည့်ထား တဲ့အခါ အထဲက တခြားအနံ့အ သက်တွေကို စုပ်ယူတဲ့အတွက် ပင်စိမ်းရဲ့ သဘာဝအနံ့တွေ ပျောက်ကုန်တာကြောင့် အ ကောင်းဆုံးကတော့ ပင်စိမ်းပင် လေးတွေကို ဖန်ခွက်ခွက်ထဲမှာ ရေထည့်ပြီး မီးဖိုဆောင်မှာထား တာပါ။

ကော်ဖီ

ရေခဲသေတ္တာထဲမှာဆို ရေ ငွေ့ပြန်နိုင်တာကြောင့် လေလုံဘူး ထဲထည့်ပြီး အပြင်မှာထားတာ အ ကောင်းဆုံးပါ။

ဆီ

အုန်းဆီနဲ့ သံလွင်ဆီကို ရေခဲသေတ္တာထဲသိမ်းရင် အခဲလိုက် ထွက်လာမှာမို့ မီးဖိုဆောင်ထဲက ဗီရိုမှာပဲသိမ်းသင့်ပါတယ်။ ဒါပေ မဲ့ အခွံမာသီးဆီတွေဆိုရင်တော့ ကြာရှည်ခံအောင် ရေခဲသေတ္တာ ထဲမှာ သိမ်းဖို့လိုအပ်ပါတယ်။

မြေပဲထောပတ်

အော်ဂဲနစ် (ဒါမှမဟုတ်) သဘာဝပစ္စည်းတွေနဲ့ ချည်းထုတ် ထားတဲ့ မြေပဲထောပတ်ဆိုရင် တော့ ရေခဲသေတ္တာထဲမှာထားဖို့ မလိုပါဘူး။

Credit: 7Daydaily

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service