စာချုပ်အဆက်အစပ်များတဲ့ အိမ်ခြံမြေ ဂရန်အမည်ပြောင်းထားလို့ ၀ယ်ရတာအဆင်ပြေ

စာချုပ်အဆက်အစပ်များတဲ့ အိမ်ခြံမြေ ဂရန်အမည်ပြောင်းထားလို့ ၀ယ်ရတာအဆင်ပြေ - Property Knowledge in Myanmar from iMyanmarHouse.com
23 Jan 2019 12:01 pm တွင် တင်ခဲ့သည်
2066 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ပွင့်လင်းရာသီရောက်လာ ၍လားမသိပါဘူး။ အိမ် ခြံမြေ၀ယ်သူတွေတော့ များလာတာ အမှန်ပဲ။ ၀ယ်ယူလိုသူတော်တော်များများ ကိုလေ့လာကြည့်တဲ့အခါမှာ မြို့တွင်းက နေ မြို့သစ်မှာပြောင်းရွှေ့နေထိုင်လိုသူ တွေဖြစ်နေတယ်။ မြို့သစ်မှာ ပြောင်းရွှေ့ နေလိုခြင်းကတော့ ရည်ရွယ်ချက်အမျိုး မျိုးရှိတယ်လို့ ပြောရမယ်။

အိမ်ခြံမြေ၀ယ်လိုသူတို့ရဲ့ ရင်တွင်းအတွေး များ

တချို့က မြို့တွင်းမှာ တိုက်ခန်းနဲ့နေရတာ မွန်းကြပ်လို့ မြို့သစ်တွေမှာ ပြောင်းရွှေ့နေချင်ကြသူတွေလည်းရှိတယ်။ အချို့ကလည်း အမွေရလို့ မြို့သစ်မှာ ခြံကွက်ဝယ်ထားချင်သူတွေလည်းပါတယ်။ အချို့ကြတော့လည်း ၀န်ထမ်းဘ၀နဲ့လိုင်း ခန်းမှာနေရတာ ငြီးငွေ့လာလို့ မြို့သစ် ရွာသစ်မှာ ခြံနဲ့ဝင်းနဲ့တစ်အိုးတစ်အိမ် ထူထောင်ပြီး ဘ၀သစ်စချင်ကြသူတွေ လည်းပါတယ်။

ပွဲစားမပါ၊ အရှာရခက်လိုက်တာ

ယခုအိမ်ခြံမြေ၀ယ်ချင်လို့ ကျွန်ုပ် ဆီရောက်လာသူကတော့ အရောင်းအ၀ယ် အလုပ်အကိုင်ကောင်းလို့ တောင်ဥက္ကလာ ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဒဂုံမြောက်ပိုင်း မှာ မြေကွက်ဝယ်ထားချင်လို့ဆိုပြီး မြေကွက်လိုက်ရှာနေတာကြာလှပြီ။ တွေ့မယ့် တွေ့တော့လည်း ၃၈ ရပ်ကွက်မှာ စိတ်တိုင်းကျမြေကွက်တွေ့ခဲ့တယ်။ ဈေးလည်းသင့်တယ်လို့ ဆိုပါတယ်။ ရောင်းသူကပြောတာကတော့ ၂၀၁၄ ခုနှစ်က သိန်းတစ်ထောင်နဲ့ဝယ်ထားတဲ့ မြေကွက်ကို အခု သိန်း ၆၅၀ နဲ့ အရှုံးခံရောင်းတာလို့ သိရပါတယ်။

မြေကွက်က စိတ်တိုင်းကျတယ် ဆိုပေမယ့် ရှာဖွေတုန်းကတော့ အတော်ပင်ပမ်းခဲ့တယ်ဆိုပဲ။ ရောင်းမယ့်သူကို ပွဲစားတစ်ယောက်တည်းမသိလို့ ပွဲစားချင်း ချိတ်ဆက်ကြရင်းက နောက်ဆုံးပွဲစား ကိုးဦးလောက်ဖြစ်သွားတယ်လို့ သိရတယ်။ အင်း ဒါကြောင့်ပြောတာပေါ့ ပွဲစားမပါ ရင် ပွဲမစည်ဘူးလို့ ပြောကြတာကိုး။

ဝယ်သူကြိုက်တော့ စိုက်စိုက်လာ ချိန်းတဲ့ နေရာအရောက်လာ

တကယ်တမ်း စရန်ငွေပေးချေ တာကြတော့ မြောက်ဒဂုံမှာမဟုတ်ဘဲ စော်ဘွားကြီးကုန်းကို သွားရတယ်။ ရောင်း သူက အလုပ်မအားလို့ဆိုတာနဲ့ သူတို့အဆင် ပြေတဲ့ အချိန် နေ့လယ် (၂)နာရီလောက် အရောက်သွားခဲ့ရတယ်။ အလုပ်နဲ့အနီး ဆုံးနေရာ feel စားသောက်ဆိုင်မှာ ဆုံကြ တယ်။ ရောင်းသူထုတ်ပြတဲ့ စာရွက်စာတမ်းက အနှစ် ၆၀ ဂရန်မြေဖြစ်နေတယ်။ ရောင်းသူအမည်ပေါက်လည်း ဖြစ်နေတော့ အဆင်ပြေတာပေါ့။

အမည်ပေါက်ထံက ၀ယ်ရတော့ အလုပ်ရှုပ်သက်သာ

 

ငွေချေတဲ့နေ့ကျရင် အရပ်ကတိ အရောင်းအ၀ယ်စာချုပ်ချုပ်မယ်။ ရောင်းသူ ထံက Special Power ယူလိုက်မယ်။ ပြီး တော့ ဘဏ်မှာလိုက်ပြီး ကျန်ငွေတွေကို လွှဲလိုက်မယ်။ ပါဝါယူပြီးတဲ့နောက်မှ အခွန် ရုံးတင်ပြတာတို့၊ မှတ်ပုံတင်အရောင်း အ၀ယ် စာချုပ်ချုပ်တာတို့၊ မြို့တော်ခန်းမ မှာ အမည်ပြောင်းတာတို့ လုပ်ကြတာ ပေါ့လို့ တွေးလိုက်မိတာပေါ့။

ဝင်္ကပါဆန်ဆန် အရပ်ကတိစာချုပ်များ ဆက်စပ်ကြည့်ရတာ စိတ်မောသွား

ဒါနဲ့ ဗဟုသုတအဖြစ် “ယခင်က ဆောင်ရွက်ခဲ့တဲ့ အရောင်းအ၀ယ် အဆက်အစပ်စာချုပ်တွေပြပါဦး”လို့ တောင်းယူ ကြည့်လိုက်တဲ့အခါမှာတော့ စာချုပ်အဆက် (၅)မျိုးလောက်ကိုတွေ့ရလို့ အာရုံစူးစိုက် ပြီး တစ်ရွက်ချင်းစေ့စေ့စပ်စပ်ဖတ်ကြည့် ရပါတော့တယ်။ စာချုပ်တွေဆက်စပ်ကြည့် လိုက်တဲ့အခါ ပထမဆုံးဂရန်အမည်ပေါက် ရသူက ဗိုလ်မှူးကြီးရဲ့အမည်နဲ့ တွေ့ရ တယ်။ အဲဒီဂရန်ကိုပဲ အရပ်ကတိအရောင်း အ၀ယ်စာချုပ်တွေနဲ့ လက်လွှဲရောင်းထား တာ တွေ့ရတယ်။

၂၀၁၄ ခုနှစ် အိမ်ခြံမြေဈေးတွေ ကောင်းတုန်းက ၀ယ်ထားတာဆိုတော့ မြေကွက်သက်သက်တောင်မှ သိန်း ၁၀၀၀ ပေးရတယ်။ ဒါတောင် စားရိပ်စားခတွေ မပါသေးဘူး။ ဈေးကောင်းစဉ်ကာလက က လက်လွှဲလက်ပြောင်းရောင်းကြတာ ဖြစ်လေတော့ ရှေ့နေရှေ့ရပ်တွေနဲ့ ချုပ်ဆို ထားတဲ့စာချုပ်တွေ တစ်ခုမှမတွေ့ရပါဘူး။ အနီးဆုံး ဈေးဆိုင်က အလွယ်ဝယ်ပြီး အလွယ်ချုပ်ထားကြတာကို တွေ့ရတယ်။

အဲဒီလို အလွယ်စာချုပ်တွေနဲ့ ချုပ်ဆိုထားတာကြောင့် စရန်ငွေပေးစဉ် က ၀ယ်သူအမည်က “မိန်းမ”ဖြစ်နေရင် တကယ်တမ်း အရောင်းအ၀ယ်စာချုပ်ချုပ် တဲ့အခါကျတော့ “ယောက်ျား”နာမည်နဲ့ ချုပ်တာဖြစ်ပြန်ရော။ နောက်စာချုပ်တစ်ခု ကိုကြည့်လိုက်ပြန်တော့ အမေနာမည်နဲ့ အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ်ထား တယ်။ ပြီးတော့ အမေကနေ သားကိုပြန် ရောင်းထားပြန်ရောဗျာ။ တကယ် သပွတ် အူလိုဖြစ်နေတဲ့ စာချုပ်တွေပါပဲဗျာ။

SP, GP ပါဝါတွေ ပေးထားပြန် တော့လည်း မြေကွက်ကိစ္စမှာ သုံးမရတဲ့ နိုတြီပါဝါတွေ ဖြစ်နေပြန်တယ်။ ပိုဆိုးတာ က အမည်ပေါက်ထံက SP , Gp ပါဝါယူ တာမဟုတ်ဘဲ အမည်ပေါက်ထံကမဟုတ် ဘဲ လက်ဆင့်ကမ်းလုပ်ထားတဲ့ ပါဝါတွေ ဖြစ်နေတယ်။ ပိုးသာကုန် မောင်ပုံစောင်း မတတ် စကားပုံအတိုင်းပါပဲ။ အဲ ... ကံကောင်းတယ်လို့ပဲ ပြောရမလား၊ ၀မ်း သာစရာဗျာ အမည်ပေါက် ဗိုလ်မှူးကြီးက သူ့ရဲ့တပည့်ကို ရောင်းချ၊ ပေါင်နှံ၊ ပေး ကမ်း၊ မြေပုံကူး စတဲ့ကိစ္စတွေဆောင်ရွက် နိုင်ဖို့ အထူးကိုယ်စားလှယ်လွှဲစာ SP ကို ရခိုင်ပြည်နယ် အမ်းမြို့က စာချုပ်ရုံးမှာ လွှဲပေးထားတာတွေ့ရတယ်။ တော်သေး တာပေါ့။ အဲဒီ Special Power ကြောင့် မှတ်ပုံတင် အရောင်းအ၀ယ်စာချုပ်ချုပ် လို့ရတာပေါ့။

ရောင်းသူကိုမေးကြည့်လိုက်တော့ သူလည်း အခုလိုပြန်ရောင်းခဲ့ရင် အခက်အခဲဖြစ်မှာစိုးလို့ အခုလို ဗိုလ်မှူး ကြီးအမည်ပေါက်ကနေ မိမိအမည်ပေါက် ပြောင်းထားခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒီတော့ ရောင်းသူရဲ့အရပ်ကတိစာချုပ် တွေ မည်သို့ပင်ရှိပါစေ Special Power နဲ့ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ် ပြီး အမည်ပြောင်းထားတဲ့အတွက် နောက် ကြောင်းကိုရှင်းအောင် လုပ်ထားတာဖြစ် လို့ ၀ယ်ယူလို့ရပါတယ်။ ဒါကြောင့်လည်း စရန်ငွေ သိန်း ၂၀၀ ပေးတဲ့ အရောင်း အ၀ယ်စရန်ပေးစာချုပ် ချုပ်ဆိုလိုက်ပါ တော့တယ်။ ၊ လူကြီးမင်းရဲ့ ကျေနပ်မှုဟာ ကျွန်ုပ်အတွက် ဆုလာဘ်တစ်ခုပါပဲ

 

ခေတ္တရာမြင့်အောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service