နှစ်ရှည်အငှားစာချုပ် မှတ်ပုံတင်ရာမှာသိထားရမယ် အချက်များ

နှစ်ရှည်အငှားစာချုပ် မှတ်ပုံတင်ရာမှာသိထားရမယ် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jan 2019 1:03 pm တွင် တင်ခဲ့သည်
1563 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေအဆောက်အအုံ၊တိုက်ခန်းနှစ်ရှည်ငှားစာချုပ်စာတမ်းကို မှတ်ပုံတင်ရမှာ သိထားသင့်တဲ့ အချက်အလက်တချို့ကိုဖော်ပြပေးပါမယ်။

မြေနဲ့အဆောက်အအုံကို ငှားရမ်းတဲ့အခါ ကုမ္ပဏီနဲ့ မြေရှင်ချုပ်ဆိုတဲ့စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရ မှာဖြစ်ပါတယ်။မှတ်ပုံတင်စာချုပ်ချုပ်ရာမှာကုမ္ပဏီအနေနဲ့မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန်ပါရှိရပါတယ် ။ ဒါ့အပြင်ကုမ္ပဏီရဲ့ မှတ်ပုံတင်လက်မှတ်မူရင်းကိုလည်း တင်ပြရန်လိုအပ်ကြောင်း ဥပဒေပညာရှင်တချို့ကပြောပါတယ်။

မှတ်ပုံတင်တင်သွင်းရာမှာ မြေရှင်ကိုယ်တိုင်မလာရောက်နိုင်ပါက ကိုယ်စားလှယ်တစ်ဦးက လာရောက်ပြီး မှတ်ပုံတင်ချင်ပြီး ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင်က မလာနိုင်ရင်လည်း မှတ်ပုံတင်သွင်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်စာလှယ်လွဲစာဟာလွှဲအပ်နေထိုင်ရာအရပ် မှာရှိပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကလွဲအပ်ထားတဲ့ကိုယ်စားလှယ်လွဲစာဖြစ်ရမှာဖြစ်တယ် ။ကုမ္ပဏီဖြစ်ရင် လက်မှတ်ရေးထိုး သူ ဟာ ကုမ္ပဏီအစည်အဝေးမှတ်တမ်းအရ တာဝန်ပေးအပ်ထား သူဖြစ်ရမှာဖြစ်တယ်လို့သိရပါတယ်။

အချက် ၁၇ ချက်ရှိ

နိုင်ငံခြားပိုင် ကုမ္ပဏီက နိုင်ငံခြားဘာသာစကားတစ်မျိုးမျိုးနဲ့ ချုပ်ဆိုထားရင် မြန်မာဘာသာပြန်ဆိုချက်ပူးတွဲပါရှိရမှာ ဖြစ်တယ်။ မြေငှားစာချုပ်ချုပ်ဆိုအခါ လိုအပ်တဲ့ စာရွက်စာတမ်း တချို့မှာ နှစ်ရှည် မြေငှားစာချုပ်မှတ်ပုံတင်ရာ မှာပြည်စုံရမယ်အချက် ၁၇ ချက် ရှိ ပါ တယ်။

၁ ။ စာချုပ်ကို လေးလအတွင်း မှတ်ပုံတင်သွင်းရမှာဖြစ်ပါတယ် ။

၂ ။ ကပ်တံဆိပ်ခေါင်း ၊ နှိပ်တံဆိပ်ခေါင်း လုံလောက်စွာကပ်ရမယ် ။

၃ ။ နိုင်ငံခြားသားပိုင် သို့မဟုတ်နိုင်ငံခြားသာပါဝင်တဲ့ ကုမ္ပဏီတွေကိုမြန်မာနိုင်ငံရင်နှီးမြှတ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန်နဲ့ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်မူရင်း၊မိတ္ထူ။

၎ ။ အငှားချခံရသူ ကုမ္ပဏီသို့မဟုန် အငှားချထားသူ ကုမ္ပဏီဖြစ်ရင် မြေသို့ မဟုတ် အဆောက်အအုံ ငှားရမ်းစာချုပ်ချုပ် ဆိုတဲ့ အခါ လက်မှတ်ရေးထိုး သည်ဟာဆိုရင် ကုမ္ပဏီရဲ့ အသင်းအဖွဲ့စည်းမျဉ်းနဲ့အညီပြုလုပ်ထားတဲ့ အစည်းအဝေးမှတ်တမ်း အရတာဝန်ပေးအပ်ထားသူဖြစ်ရမယ်။

၅ ။ ကိုယ်စာလှယ်လက်မှတ်ရေးထိုးတဲ့နေရာတွေ အောက်မှာ ကုမ္ပဏီဖြစ်ရင် အဖွဲ့ အစည်း နေ့စွဲအမှတ်စဉ် ၊ အစိုးရအဖွဲ့အစည်းဖြစ်ရင် နေစွဲရုံးစာအမှတ် ၊ ကိုယ်စာလှယ်လွှဲစာဖြစ်ရင် ရုံးရဲ့ နေစွဲကိုပါ ကိုယ်စာလှယ်လွှဲစာ အမှတ်တိုးအရ လက်မှတ်ရေးထိုးပါတယ် ။

၆ ။ အစိုးရအဖွဲ့ အစည်းရဲ့ တာဝန်ပေးအပ်တဲ့ ရုံးစာမူရင်း ။

၇ ။ နိုင်ငံခြားသားကိုယ်တိုင် မှတ်ပုံတင်သွင်းရင် သူရဲ့ တာဝန်ပေးအပ်တဲ့ ရုံးစာမူရင်း ။

၈ ။ နိုင်ငံခြားသာကိုယ်တိုင် မှတ်ပုံတင်သွင်းရင် သူရဲ့ ပတ်စ်ပို့မူရင်း မိတ္တူ ။

၉။ ကုမ္ပဏီရဲ့ ကိုယ်စာပြုမှတ်ပုံတင်သွင်း မယ့်သူက နိုင်ငံခြာသားဖြစ်ရင် နိုင်ငံသားကတ် မူရင်း ၊ မိတ္ထူတွေနဲ့ လူကိုယ်တိုင်လာရောက်ရမယ်။

၁၀ ။ အငှားချထားသူ ( မြေရှင် ) ကိုယ်တိုင်ချုပ်ဆိုရင် သို့မဟုတ် ကိုယ်စာလှယ်လွှဲအပ်သူတွေက ချုပ်ဆိုရင် ချုပ်ဆိုသူတွေရဲ့ နိုင်ငံသာကတ်မူရင်းနဲ့ မိတ္ထူ ။

၁၁ ။ ကိုယ်စာလှယ်လွဲစာဟာ လွဲအပ်သူနေထိုင်ရာ အရပ်ရှိစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လွှဲအပ်ထားတဲ့ ကိုယ်စာလှယ်လွှဲစာဖြစ်ရမယ်။

၁၂ ။ ကိုယ်စာလှယ်လွှဲစာနဲ့လက်မှတ် ရေးထိုးရင်ကိုယ်စာလှယ် မရုပ်သိမ်သေးကြောင်းနဲ့လွှဲအပ်သူသက်ရှိထင်ရှားရှိကြောင်း တရားရုံးကျမ်ကျိန်လွှာပါရှိရမယ် ။

၁၃ ။ သက်သေ နှစ်ဦးလက်မှတ်ထိုးရမှာဖြစ်ပြီး သက်သေတွေကိုင်ဆောင်ထားတဲ့နိုင်ငံသားစီစစ်ရေးကတ် သို့မဟုတ် ပတ်စ်ပို့ မူရင်း မိတ္ထူတွေနဲ့ အတူလူကိုယ်တိုင်လာရောက်ရမယ် ။

၁၄ ။ ချုပ်ဆိုထားတဲ့ စာချုပ်တွေနိုင်ငံသား ဘာသာစကားတစ်မျိုးမျိုးနဲ့ချုပ်ဆိုထားရင် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၄၅၀ အရ ရုံးသုံး ဘာသာစကားဖြစ်တာကြောင့် ဘာသာပြန်ဆိုချက် ပူတွဲပါရှိရမယ်။

၁၅ ။ မြေငှားစာချုပ် မှာ ဖော်ပြတဲ့ မြေ ( အငှားချမယ် မြေ ) မှာ ရန်ကုန်စည်ပင်သာယာနယ်နိမိတ် အတွင်းကျရောက်တဲ့မြေဖြစ်မှသာ ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ် ပုံတင်ရုံးမှာ မှတ်ပုံတင် တင်ပေးနိုင်ပြီး နယ်မြို့ဖြစ်ရင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာန ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာဖြစ် ပါတယ်။

၁၆ ။ အငှားချထားတဲ့မြေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာန က တည်ဆဲနှစ် အတွင်း ထုတ်ပေးတဲ့ ( မြေငှားစာချုပ် သို့မဟုတ် အငှားစာချုပ်ချုပ်ဆိုရန် သို့မဟုတ် ငှားရမ်းစာချုပ်ချုပ်ဆိုရန် မြေပုံနဲ့ မြေရာဇဝင်ရှိရမယ် ) ။

၁၇ ။ တိုက်ခန်း ငှားမယ်ဆိုပါက တိုက်ခန်း နဲ့ပတ်သက်တဲ့ ဆိုင်ရေးဆိုင်ခွင့် စာချုပ်တွေက မှတ်ပုံတင်လိုမှ တင်နိုင်တဲ့ စာချုပ်အမျိုးအစား ဖြစ်ပေမဲ့ စာချုပ်ပါ တန်ဖိုး နဲ့အညီ တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ထားတဲ့ စာချုပ်ဖြစ်ရမယ်။

စာချုပ်ပါစကားရပ်မှာ ငှားရမ်းမယ့်ပစ္စည်း တည်နေရာကို ပြည်စုံစွာဖော်ပြရမယ် ။ ဒါကြောင့် ၁၇ ချက်နဲ့ပြည့်စုံ ရင်မြေဖြစ်စေ ၊ တိုက်ခန်းဖြစ်စေ ၊ အဆောက်အအုံဖြစ်စေ နှစ်ရှည်မြေငှားစာချုပ်ချုပ်ဆိုရမှာ အခက်အခဲမရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း သိရပါတယ်။

 

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service