အိမ်ခန်းပိုင်ဆိုင်မှုတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုစာရင်းတို့၏ ခြားနားချက်

အိမ်ခန်းပိုင်ဆိုင်မှုတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုစာရင်းတို့၏ ခြားနားချက် - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2019 12:34 pm တွင် တင်ခဲ့သည်
1770 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကျွန်တော်၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးတင်ဝင်းလှိုင်သည် အရေးတကြီး ဖုန်းဆက်လာသောကြောင့် ကျွန်တော်၏ နေ့ခင်းတာဝန်ဖြစ်သော မြို့ထဲရှိ ရုံးခန်းသို့ အသွားတွင်ပင် သူ၏ချိန်းဆိုရာဖြစ်သည့် ဝန်းတန်းလမ်း ၊ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်ကို ရောက်သွားပါသည် ။

ထိုသို့ အရောက်မှာပင် ကြိုတင်စောင့်နေကာ စားဖွယ်ရာများကို အဆင်သင့်မှာကြားထားသောကြောင့် အားနာနေမိသော်လည်း ဦးတင်ဝင်းလှိုင်က “ သူငယ်ချင်းရေ မင်းနဲ့တွေ့ဆုံဖို့ကလည်း အတော်အချိန်ယူရပါလာကွား ။လာပေးလို့ လည်း ကျေးဇူးတင်ပါတယ် ။ဘရိတ်ဖတ်(စ)အတွက် ကိုယ်ကပဲ ဧည့်ခံပါရစေကွာ ” ဟု ဧည့်ဝတ်ပြုသဖြင့် ကျွန်တော်က “ အေးပါ သူငယ်ချင်း ။မင်းရဲ့ ဒါနမြောက်သွားအောင်လည်း စားသုံးပေးရမှာပေါ့ ။ ပြီးတော့ မင်းရဲ့ ပြဿနာလေးကို ပြောပြပါဦး ” ဟု ဆိုသဖြင့် သူက “ ဒီလိုပါကွာ။ ကိုယ်ကလည်း မင်းသိတဲ့အတိုင်း အရာရှိဝန်ထမ်းတစ်ဦးမို့ နေပြည်တော်မှာ တိုက်ခန်းနေထိုင်ခွင့် ရထားပါတယ် ။အဲဒါ အိမ်ထောင်စုစာရင်းမှာ ကိုယ့်အစ်ကို လူပျိုကြီးကိုလည်း အတူနေကြတဲ့အတွက် စာရင်းထည့်ထားပါတယ် ။ဒါပေမဲ့ ပိုင်ဆိုင်မှုအတွက် ကိစ္စတစ်ရပ် ပေါ်လာတဲ့အတွက် အစ်ကိုကြီးက ပြဿနာမဟုတ်ပေမယ့် သူနဲ့ ရည်ငံပြီး အိမ်ထောင်ပြုတော့မယ် အမျိုးသမီးက အိမ်ထောင်စုစာရင်းကိုသက်သေထူးပြီး အစ်ကိုကြီးလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေပါတယ် ။ သူမတို့ အိမ်ထောင်ပြုကြပြီးရင်အဲဒီအိမ်ခန်းမှာပဲ အတူနေထိုင်ကြဖို့ စီစဉ်ထားကြောင်း ဖွင့်ဟလာလို့ပါ ။အဲဒါကို ဘယ်လိုရှင်းရမလဲဆိုတာ သူငယ်ချင်းက ရှေ့နေဆိုတော့ အကြံညဏ်ပေးပါဦးကွာ ” ဟု အားကိုးသံဖြင့် ပြောလာပါသည် ။

ထို့အခါ ကျွန်တော်က “ ဟုတ်ပြီးသူငယ်ချင်း ။ကိုယ်သဘောပေါက်သွားပါပြီ ။ ဒါကလည်း ဖြစ်တတ်တဲ့သဘောပဲမို့လာကွာ ။ကိုယ်လေ့လာထားသလောက် ပြောပြပါ့မယ် ။မင်းကတစ်ဆင့် သူတို့စုံတွဲကို ပြောပြလိုက်ပါ ။လိုအပ်ရင် ကိုယ်ကိုယ်တိုင် ရှင်းပြပေးရမှာပေါ့ ”

“ဦးမျိုးမြင့် (၄င်း၏ကိုယ်စားလှယ်စာရသူ ဒေါ်ဖြူဖြူအေး )နှင့် ဒေါ်အေးတင့် ၊ ၂၀၀ ပြည့်နှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၂၆ ၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၃၀၃ မှာ အခွင့်အမိန့်အရ နေထိုင်သူအား နှင်လိုမှု အိုးအိမ်ဦးစီးဌာနပိုင် အိမ်ခန်း၌ ခွင့်ပြုချက်ဖြင့်ထားကြောင်း ပေါ်ပေါက်သည့်အမှုတွင် အိမ်ထောင်စုဝင်အဖြစ် ဖော်ပြထားသူသည် ခွင့်ပြုချက်အရ နေထိုင်သူ ဟုတ်မဟုတ် နှင့် အိမ်ထောင်စုစာရင်းတွင် ပါသူသည် မိသာစု ဟုတ်မဟုတ်အတွက် ၊ အိမ်ထောင်စုစာရင်းနှင့် မိသာစုဝင်စာရင်းတို့၏ ခြားနားချက်ကို ညွှန်းဆို၍ ဆုံးဖြတ်ထားတဲ့ စီရင်ထုံး ဖြစ်ပါတယ် ”

“ စီရင်ထုံးရဲ့ ဆုံးဖြတ်ချက်မှာ အိမ်ထောင်စုစာရင်းနှင့် မိသာစုဝင်စာရင်းတို့မှာ ကွဲပြားခြားနားတယ် ။အိမ်ထောင်စု စာရင်းဆိုသည်မှာ ယင်းအိမ်ထောင်တွင် နေထိုင်ကြသူတို့၏စာရင်း ဖြစ်တယ်။ အိမ်ထောင်စုစာရင်းတွင် ပါဝင်ရုံမျှဖြင့် ၊ ထိုသူတို့သည် မိသာစုဝင်ဖြစ်သည်ဟု တစ်ထစ်ချ မဆိုနိုင်ပေ ။ မိသာစုဝင် မဟုတ်သူတို့သည်လည်း တစ်အိမ်ထောင်တည်းတွင် အတူနေထိုင်လေ့ရှိကြသည် ။”

“ စုပေါင်းအိမ်ရာ နေထိုင်ရေး စည်ကမ်းများတွင် အဓိပ္ပာယ်သတ်မှတ်ချက်အရ မိသာစုဝင်ဆိုသည်မှာ အိမ်ရာချထားခြင်းခံရသူ၏ တရားဝင်ဇနီး ၊ ခင်ပွန်းနှင့် သား ၊ သမီးများ (တရားဝင်မွေစားခြင်းအပါအဝင် )ကို ဆိုလိုတယ် ”

“ အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်း တရားရုံး (မြောက်ပိုင်းခရိုင်) ၁၉၉၂ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၄၉ တွင် အယူခံတရားလိုဦးမျိုးမြင့်က အယူခံတရားပြိုင် ဒေါ်အေးတင့်အပေါ် အခွင့်အမိန့်အရ နေထိုင်သူအား နှင်ထုတ်ပေးစေလိုမှု စွဲဆိုရာ တိုင်းတရားရုံးက အယူခံတရားလို စွဲဆိုသည့်အတိုင်း ဒီကရီချမှတ်တယ် ”

“ တိုင်းတရားရုံရဲ့ စီရင်ချက်နဲ့ ဒီကရီကို မကျေနပ်၍ ဒေါ်အေးတင့်က တရားရုံးချုပ်သို့ ၁၉၉၈ ခုနှစ် ၊ တရားမပထမအယူခံမှုအမှတ် ၂၃၃ တွင် တင်သွင်းသောအခါ တရားရုံးချုပ်က တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ပြီး ဦးမျိုးမြင့်စွဲဆိုသောအမှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲတယ် ”

“ တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ဦးမျိုးမြင့်က တရားစီရင်ရေးဥပဒေ ပုဒ်မ ၆ အရ ပြန်လည်စစ်ဆေးစီရင်ပေးရန် လျှောက်ထားတဲ့အတွက် အထူးအယူခံ ခုံရုံးဖြင့် အထူးအယူခံဝက်ခွင့်ပြုခဲ့ခြင်း ဖြစ်တယ် ”

“ အမှု၏အကြောင်းအရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာနမှ စုပေါင်းအိမ်ရာစီမံကိန်းအရဆောက်လုပ်သည့် ရန်ကုန်မြို့ ၊ သုဝဏ္ဏစခန်း ၊ ခွန်နီလမ်းသွယ် (၂) လမ်း ၊ တိုက်အမှတ် ၉၈ ကို ဦးမျိုးမြင့်အား နေထိုင်ခွင့်ပြုရာတွင် လိုက်နာရမည့် စုပေါင်းအိမ်ရာနေထိုင်ရေး စည်ကမ်းများတွင် အိမ်ထောင်စုစာရင် ပါရှိပါတယ် ။အဆိုပါ စာရင်းတွင် ဦးမျိုးမြင့်သည် အိမ်ထောင်ဦးစီးဖြစ်ပြီး ဒေါက်တာမြတ်ဦးအား အိမ်ထောင်ဦးစီး၏ အစ်ကိုအဖြစ် ဖော်ပြထားတယ် ”

“ တရားရုံးချုပ်က အဆိုပါ အိမ်ထောင်စုစာရင်းတွင် ဒေါက်တာမြတ်ဦးအမည်ပါရှိသည့်အတွက် ဒေါက်တာမြတ်ဦးသည် အချင်းဖြစ်အိမ်တွင် မိသာစုဝင်အဖြစ် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်းကောက်ယူခဲ့ခြင်း ဖြစ်ခဲ့ပါတယ် ”

“ အဆိုပါ စာရင်းသည် အိမ်ထောင်စုစာရင်းသာဖြစ်ပြီး မိသာစုစာရင်းဝင်မဟုတ်ချေ ။ အိမ်ထောင်စုစာရင်းနှင့် မိသာစုဝင်စာရင်းတို့မှာ ကွဲပြားခြားနားပါတယ် ။အိမ်ထောင်စုစာရင်းဆိုသည်မှာ ယင်းအိမ်ထောင်တွင် နေထိုင်ကြသူတို့၏ အရင်ဖြစ်တယ် ။အိမ်ထောင်စုစာရင်းတွင် ပါဝင်ရုံမျှဖြင့် ထိုသူတို့သည် မိသာစုဝင် ဖြစ်သည်ဟု တစ်ထစ်ချ မဆိုနိုင်ပေ ။မိသားစုဝင် သားသမီးများသာ မိသာစုဝင်ဖြစ်ပြီး ယင်းတို့မှလွဲ၍ အခြားသူတို့သည် မိသားစုဝင်များ မဟုတ်ကြောင်း ထင်ရှားပါတယ် ”

“ သည့်အတွက် ဒေါက်တာမြတ်ဦးသည် အိမ်ထောင်စုစာရင်းတွင် ပါဝင်သော်လည်း ဦးမျိုးမြင့်၏အစ်ကိုသာဖြစ်သဖြင့် မိသာစုဝင်မဟုတ်ကြောင်း အငြင်းပွားဖွယ် မရှိပါ ”

“ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာနက အချင်းဖြစ်နေအိမ်ကို ဦးမျိုးမြင့်ကိုသာ နေရာချထားပေးခြင်းဖြစ်တယ်။အိမ်ထောင်စုစာရင်တွင် ပါဝင်သူများအားနေရာချထားပေးခြင်း မဟုတ်ပါ ။ သို့ဖြစ်ရာ ဒေါက်တာမြတ်ဦးသည် အချင်းဖြစ်နေအိမ်တွင် မိသားစုဝင်အဖြစ် နေထိုင်ခြင်းမဟုတ်ကြောင်း ထင်ရှားပါတယ် ”

“ ဦးအုန်းမောင်နှင့် ဒေါ်သန်းညွန့်အမှု ၊ ၁၉၉၆ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ- ၁၃၄၅ (၁၃၄၈) တွင် အခွင့်အမိန့်ရနေသူနှင့် အိမ်ထောင်ကျပြီးနောက်မေတ္တာရှိ နေခွင့်ပေးထားသောဥပစာကို ရောက်လာသူလည်း အခွင့်အမိန့်အရ နေထိုင်သူတစ်ဦးသား ဖြစ်တယ် ။ခွင့်ပြုချက်ရပ်စဲလျှင် ၄င်းသည် ဆက်လက်နေထိုင်ခွင့် မရှိတော့ပေဟု ထုံးဖွဲ့ထားပါတယ် ”

“ တရားပြိုင် ဒေါ်အေးတင့်သည် ဒေါက်တာမြတ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ဒေါက်တာမြတ်ဦးအား ခွင့်ပြုချက်ဖြင့်ထားသော ဥပစာသို့ ရောက်လာသူဖြစ်ရာ ဦးမျိုးမြင့်က ခွင့်ပြုချက်ကို ရပ်စဲလိုက်သည့်အခါ အချင်းဖြစ် ဥပစာတွင် ဆက်လက်နေထိုင်ခွင့်ရှိမည် မဟုတ်ပါ  ”

“ ထို့ကြောင့် အိုးအိမ်ဦးစီးဌာနပိုင် အိမ်ခန်း၌ ခွင့်ပြုချက်ဖြင့်ထားကြောင်း ပေါ်ပေါက်သည့်အမှုတွင် အိမ်ထောင်စုဝင်အဖြစ် ဖော်ပြရုံမျှဖြင့် နှင်ထုတ်ခွင့်မရှိဟု တရားရုံးချုပ်က ဆုံးဖြတ်ချက်မှာ မျှတမှန်ကန်ခြင်း မရှိကြောင်း ဖြေဆိုလိုက်ပြီး ၊ ဤအထူးအယူခံမှုကို ခွင့်ပြုကာ တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ တိုင်းတရားရုံး၏စီရင်ချက်နှင့် ဒီကရီကို ပြန်လည်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ”

“ အဲဒါကိုသာ ကြည့်ပေတော့ သူငယ်ချင်းရေ ၊ မင်းရဲ့အစ်ကိုနဲ့ သူရဲ့ ဇနီးလောင်းတို့ဟာ အိမ်ထောင်စုစာရင်းဝင်သာဖြစ်ပြီး မိသာစုဝင်စာရင်းထဲမှာ မပါတဲ့အတွက် ပိုင်ဆိုင်မှုမှာလည်း အခွင့်အမိန့်အရ နေထိုင်သူများသာဖြစ်၍ ခွင့်ပြုချက် ရပ်စဲခဲ့ရင် အချိန်မရွေး ဆက်လက်နေထိုင်နိုင်မှာ မဟုတ်တော့ဘူးလို့သာပြောလိုက်ပါ ”  ဟု ကျွန်တော်က အကြံညဏ်ပေးလိုက်ပါတော့သည် ။

 

Credit: ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service