အခွင့်အရေးမရှိသူက လွှဲပြောင်းပေးခြင်းသည် တရားမဝင်ပါ

အခွင့်အရေးမရှိသူက လွှဲပြောင်းပေးခြင်းသည် တရားမဝင်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2019 12:37 pm တွင် တင်ခဲ့သည်
3164 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ညီမဝမ်းကွဲတော်သူ ဆွေဆွေအောင် မှ ဖုန်းဆက်လာလေသည် ။ ကိစ္စမှာ သူမဝယ်ထားသည့်အိမ်ခန်းမှာ သော့ခတ်ထားပါလျက် အခြားတစ်ယောက်ယောက်ကသော့ပြောင်းခတ်ထားပြီး ဒါကြောင့် ရပ်ကွက်လူကြီးများခေါ်၍ သော့ဖွင့်ကာ အိမ်ပေါ်သို့တက်နေစဉ် အိမ်ပိုင်ရှင်ဆိုသူ သားအမိနှစ်ယောက်ရောက်လာကာ သူတို့ထိုအိမ်ခန်းကို စာချုပ်စာတမ်းနှင့် ဝယ်ယူထားကြောင်း ပြောနေကြပြီး ။ သူတို့၏ စာချုပ်များကို ကြည့်ရာ စရန်ငွေပေး စာချုပ်များဖြစ်ပြီး အရပ်ကတိစာချုပ်နှင့် အရောင်းအဝယ်လုပ်ကြခြင်းဖြစ်၍ ယခင်စာချုပ်အဆက်ဆက်ကိုလည်း တွေ့ရသည် ။ ပထမဆုံး ပိုင်ရှင်အမည်ပေါက်ထံမှ ဝယ်ယူခြင်းမဟုတ်ဘဲ အမည်ပေါက်သူ၏ ခင်ပွန်းထံမှ လွှဲပြောင်းဝယ်ယူခြင်းဖြစ်နေ၍ အနည်းငယ်တော့ စိတ်သက်သာရသွားမိသည် ။

ထို့နောက် ညီမ ဆွေဆွေအောင်ထံမှ မိမိကိုယ်တိုင် စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ထားသည့် အရောင်းအဝယ်စာချုပ်အား ယူ၍ပြလိုက်ရင်း ဒီအခန်းက မူလအမည်ပေါက် အခန်းပိုင်ရှင်ထံမှ ကျွန်မတို့က တရားဝင်စာချုပ်စာတမ်းနဲ့ မှတ်ပုံတင်ဝယ်ယူထားတာပါ ။ အစ်မကြီးတို့ရဲ့စာချုပ်ကိုကြည့်တော့ အမည်ပေါက်ပိုင်ရှင်ဆီမှ အဆင့်ဆင့်ဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ ပစ္စည်းလွှဲပြောင်းပေရန် အခွင့်မအရေးမရှိသူထံက ဝယ်ယူခဲ့တာဖြစ်လို့ ကျွန်မတို့ကတော့ လက်ရောက်ပြန်ယူထားမှာဖြစ်ပြီး အစ်မကြီးတို့က ဖယ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် မဖယ်ပေးဘူးဆိုရင် ကျူးကျော်ဝင်ရောက်နေထိုင်သူများကို ဖယ်ရှားစေလိုမှုနဲ့ တရားစွဲရမှာဖြစ်ပါတယ် ဟု ရှင်းပြရာ ဒီလိုတော့ မလုပ်ပါနဲ့ ညီမရယ် ။ အစ်မတို့ကလည်း အိမ်ခန်းကို ကြိုက်လို့ ရှေ့နေရှေ့ရက်မပါဘဲ ကြားပွဲစားနဲ့ ဝယ်လိုက်မိတာပါဟု ပြောလာသဖြင့် ထိုကဲ့သို့သော သာဓကတစ်ခုအား ရှင်းပြရပါတော့သည် ။

" ကျွန်မတို့၏ဥပဒေကိုက မည်သူမျှ မိမိတွင်မရှိသော အခွင့်အရးကို သူတစ်ပါးအား မအပ်နှင်းနိုင်ပေဆိုတဲ့ဥပဒေဆိုရိုးရှိပါတယ် ။ ထို့ကြောင့် ပစ္စည်းလွှဲပြောင်းပေးရန် အခွင့်အရေးမရှိသူက လွှဲပြောင်းပေးခြင်းသည် တရားဝင်အတည်မဖြစ်ချေလို့ " ဒေါ်တင်မော်ပါ ၂ နှင့် ဦးမြင့်သိန်းပါ ၂ ၊ ၂၀၀၄ ခုနှစ် ၊တရားမအထူးအယူခံမှု အမှတ် ၃၅ ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ- ၈၉ " မှာ ဆုံးဖြတ်ထားပါတယ် ။

" အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်း တရားရုံး၂၀၀၁ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၃၄၄ တွင် အယူခံတရားလို ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့က အယူခံတရားပြိုင် ဦးမြင့်သိန်း ၊ ဒေါ်ဆွေဆွေမြင့်တို့အပေါ် တရားလိုများ ပိုင်ဆိုင်သော တိုက်ခန်းအတွင်းသို့ ၊ ကျူးကျော်ဝင်ရောက်နေထိုင်သော တရားပြိုင်များအား ဖယ်ရှားထွက်ခွာပေးစေလိုမှု စွဲဆိုရာ အနိုင်ဒီကရီရရှိတယ် ။တိုင်းတရား၏ စီရင်ချက်နဲ့ ဒီကရီကို ဦးမြင့်သိန်း ၊ ဒေါ်ဆွေဆွေမြင့်တို့က ကျေနပ်မှုမရှိ၍ တရားရုံးချုပ်တွင် ၂၀၀၃ ခုနှစ် ၊ တရားမ ပထမအယူခံမှုအမှတ် ၁၃၆ အရ အယူခံဝင်ရောက်ရာ တရားရုံးချုပ်က တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကိုပယ်ဖျက်ပြီး အယူခံတရားလိုများ စွဲဆိုသောအမှုကို ပလပ်ခဲ့တယ် ။တရားရုံးချုပ်၏ စီရင်ချက်နဲ့ ဒီကရီကို ဒေါ်တင်မော်နဲ့ဒေါ်သန်းသန်းဝင်းတို့က ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၇ အရ ပြန်လည်စစ်ဆေးစီရင်ပေးရန် လျှောက်ထားသဖြင့် တရားရုံးချုပ် အထူးခုံရုံးက အောက်ပါပြဿနာကို ကြားနားရန် အထူးအယူခံဝင်ခွင့်ပြုပါတယ် " ။ " ပြဿနာမှာ မူလရုံးတရားလိုများသည် အချင်းဖြစ်အခင်းဥပစာအား အပျောက်စနစ်အရ လွှဲပြောင်းဝယ်ယူပိုင်ဆိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိသူများဖြစ်ကြောင်း ၊ အထင်အရှား ပေါ်ပေါက်ပါလျက် ယင်းအချက်ကို ထည့်သွင်းသုံးသပ်ခြင်း မပြုဘဲ မူလရုံး၏ စီရင်ချက်နှင့် ဒီကရီကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်မှုရှိမရှိ ဖြေကြားရန် ဖြစ်ပါတယ် "

" အမှုမှာ အယူခံတရားလို ဒေါ်တင်မော်ပါ ၂ တို့က ၁၉၉၃ ခုနှစ်တွင် ရန်ကုန်တိုင်း ၊ ပန်းဘဲတန်းမြို့နယ် ၊ ၈ ရပ်ကွက် ၊ လမ်း ၃၀ ၊ တိုက်အမှတ် ၂၃၂ ၊ ပထမထပ် (လက်ဝဲဘက်ခန်း) ၊ အခန်းအမှတ် (၅) နှင့် တိုက်ခန်းတွင် တပ်ဆင်ထားသော ဖုန်းအမှတ် -၈၄၀၁၇ ကို မူလပိုင်ရှင်ဖြစ်သူ ဒေါ်လှလှစိန်ထံမှ ငွေ ၁၃၅၀၀၀၀ ကျပ်ဖြင့် သက်သေခံ (ဃ) စာချုပ်ဖြင့် ဝယ်ယူခဲတယ် ။မြေပိုင်ရှင်ဦးရာကွတ်မောင်မောင်အား တိုက်ခန်းလခမှန်မှန်ပေးတယ် ။ထို့နောက် ဒေါ်လှလှစိန်အမည်မှ ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းအမည်သို့ ပြောင်းခဲ့တယ် ။အချင်းဖြစ်တိုက်ခန်းကို ဦးချိန်တိန်ဟောက်အား ၁၁-၁၀-၉၅ မှ ၁၁-၁၀-၉၆ နေ့အထိ စာချုပ်ချုပ် ငှါရမ်းခဲ့တယ် ။ထို့နောက် အယူခံတရားလို ဒေါ်တင်မော်၏သားဖြစ်သူ ဦးတင်ထွန်းဝင်းက ခေတ္တနေပါတယ် ။တရားလိုများ နိုင်ငံခြားသို့ ခေတ္တသွားရောက်ပြီး ပြန်လာကြစဉ် အချင်းဖြစ် တိုက်ခန်းအား သွားရောက်ကြည့်ရှုရာ အယူခံတရားပြိုင် ဦးမြင့်သိန်းတို့မိသာစု ကျူးကျော်ဝင်ရောက် နေထိုင်သည်ကို တွေ့ရ၍ တိုက်ခန်မှ ဖယ်ရှားပေးစေလိုမှု စွဲဆိုခြင်း ဖြစ်တယ် "

" အယူခံတရားပြိုင် ဦးမြင့်သိန်းပါ ၂ဦးတို့က အချင်းဖြစ်တိုက်ခန်းကို ဦးတင်ထွန်းမှ ဝယ်ယူခြင်းဖြစ်ပြီး ဦးတင်ထွန်းဝင်းကလည်း မူလပိုင်ရှင် ဒေါ်လှလှစိန်၏ခင်ပွန်း ဦးခင်မောင်အေးထံမှ ဝယ်ယူခြင်းဖြစ်သည် ။ ဦးတင်ထွန်းဝင်သည် မိခင်အယူခံတရားလို ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်း၏ ခွင့်ပြုချက် သို့မဟုတ် လွှဲအပ်ချက်တစ်စုံတစ်ရာမရှိဘဲ မိမိပိုင်ဆိုင်လေဟန်ဖြင့် လိမ်လည်၍ လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပါတယ် "

" ဥပဒေဆိုရိုးအရ မည်သူမျှ မိမိတွင် မရှိသော အခွင့်အရေးကို သူတစ်ပါးအား မအပ်နှင်းနိုင်ပါ ။ထို့ကြောင့် ပစ္စည်းလွှဲပြောင်းရန် အခွင့်အရေးကို သူတစ်ပါးအား မအပ်နှင်းနိုင်ပါ ။ထို့ကြောင့် ပစ္စည်းလွှဲပြောင်းရန် အခွင့်အရေးမရှိသူက လွှဲပြောင်းပေးခြင်းသည် တရားဝင်အတည်မဖြစ်ချေ ။ဦးတင်ထွန်းဝင်းသည် အချင်းဖြစ်ဥပစာနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်သည့် အခွင့်အရေး တစ်စုံတစ်ရာရှိသူ မဟုတ်သဖြင့် အယူခံတရားပြိုင်တို့က ၄င်းထံမှ အချင်းဖြစ်ဥပစာကို လွှဲပြောင်းရယူခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ၄င်းတို့အနေဖြင့် တရားဝင်လက်ရှိထားပိုင်ခွင့်လည်း ရှိမည်မဟုတ်ပေ ။ အယူခံတရားပြိုင်များအနေဖြင့် ရောင်းသူ ဦးတင်ထွန်းဝင်းအပေါ်တွင်သာ မိမိတို့၏ နစ်နာမှုအတွက် ထိုက်သင့်သော သက်သာခွင့်တောင်းဆိုရန်သာ ရှိပေတယ် ။အထက်ပါအကြောင်းများကြောင့် အယူခံတရားလိုများဟာ အချင်းဖြစ်ဥပစာကို လက်ရောက်ရထိုက်ခွင့် ရှိသည်မှာ မြင်သာတယ် "

" မူလတရားရုံးက အယူခံတရားလိုများ တောင်းဆိုသည့်အတိုင်းအနိုင်ဒီကရီ ချမှတ်ပေးသည့် စီရင်ချက်နှင့် ဒီကရီကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့ခြင်းသည် မှန်ကန်မျှတသည်ဟု ဆိုနိုင်မည်မဟုတ်ပေ "

" သို့ဖြစ်၍ ဤအထူးအယူခံခုံရုံးကကြားနာလျက်ရှိသော ပြဿနာကို ဖြေဆိုရလျှင် " မူလအမှုတွင် ပေါ်ပေါက်သည့်သက်သေခံချက်များအရ မူလရုံး တရားလိုများသည် အချင်းဖြစ် အခန်းဥပစာအား အပျောက်စနစ်အရ လွှဲပြောင်းဝယ်ယူပိုင်ဆိုင် ၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသူများဖြစ်ကြောင်းထင်ရှားပေါ်ပေါက်ပါလျက် ယင်းအချက်ကို ထည့်သွင်းသုံးသပ်ခြင်းမပြုဘဲ မူလရုံး၏ စီရင်ချက်နှင့် ဒီကရီကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်မှုမရှိကြောင်း " ဖြေဆိုပြီး ဤတရားမ အထူးအယူခံမှုကို ခွင့်ပြုကာ တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို စရိတ်နှင့်တကွ ပြန်လည်အတည်ပြုလိုက်သဖြင့် ဦးမြင့်သိန်း ၊ ဒေါ်ဆွေဆွေမြင့်တို့ သည် တိုက်ခန်းမှ ဖယ်ရှားထွက်ခွာပေးရပြီး ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့က သူတို့၏ အမည်ပေါက်အခန်းအား ပြန်လည်ရရှိသွားပါတယ် အစ်မကြီးရေ "

" ဒါလောက်ဆို အစ်မကြီးတို့လည်းအခြေနေမှန်ကို သိလောက်ပြီလို့ ထင်ပါတယ် ။ကျွန်မတို့ကတော့ အေးအေးဆေးဆေးပဲ ဖြစ်စေချင်လွန်းလို့ပါ " ဟု ပြောလေရာ သော့ဖျက်ကာ ဝင်ရောက်မိသည်ကိုပါ တောင်းပန်းရင်း နှုတ်ဆက်ကာ စိတ်ပျက်အားငယ်စွာဖြင့် သားအမိနှစ်ယောက်ပြန်သွားသည့် နောက်ကျောများကို ကြည့်ရင်း ကရုဏဖြင့် သက်ပြင်းမောကြီးကို ကျွန်မ ချမိတော့ပါတော့သည် ။

Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service