ပြောင်းဖူးသည်ဘဝပြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးရဲ့ ကျေးဇူးကြောင့်…

ပြောင်းဖူးသည်ဘဝပြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးရဲ့ ကျေးဇူးကြောင့်… - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2019 11:59 am တွင် တင်ခဲ့သည်
1414 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်ခြံမြေတစ်ခေတ်ကောင်းခဲ့တဲ့ ၂၀၀၂-၂၀၁၄ ခုနှစ်ရဲ့ ကျေးဇူးကြောင့်လား မပြောတတ်ပါဘူး ။ယခုတလော အိမ်ခြံမြေတိုက်ခန်း ၊ ကွန်ဒိုရောင်းဝယ်ကြတဲ့နေရာမှာ ပွဲစားတွေသာမက ဝယ်သူဘက်မှာ ရှေ့နေရှေ့ရပ်တွေ ခေါ်လာတာကို တွေ့ရပါတယ် ။ (ဒီနေ့မှာ ရှေ့ရပ်လို့ပြောလိုက်တာက အချို့သော ဝယ်သူရောင်းသူတွေဟာ အရောင်းအဝယ်လုပ်ဖို့ စရန်ငွေချေမယ်ဆိုတာနဲ့ အိမ်ခြံမြေကျွမ်းကျင်တဲ့သူတွေကို ခေါ်လာတာကို ပြောတာပါ ။

အိမ်ခြံမြေဝယ်ရင် ရှေ့နေခေါ်လာတာ အထင်အရှားပင်

အိမ်ခြံမြေဆိုရင်လည်း တန်ဖိုးကြီးတာ ၊ နည်းတာ မဆိုင်ပါဘူး ။ကိုယ့်အတိုင်းအတာနဲ့ကိုယ် တစ်နိုင်တစ်ပိုင် ဝယ်ကြတဲ့နေရာမှာ ဝယ်သူတော်တော်များများဟာ အမှားမခံနိုင်တဲ့အတွက် ရှေ့နေတွေခေါ်ပြီး စာချုပ်လာတာကို တွေ့ရပါတယ် ။ မိမိတို့ကိုယ်တိုင် ရှေ့နေအသိအကျွမ်း မရှိရင်လည်း မြေကွက်ရှာပေးတဲ့ပွဲစားကတစ်ဆင့် ရှေ့နေခေါ်ပေးဖို့ တောင်းဆိုကြတယ် ။

ဒဂုံတောင်နဲ့ ဒဂုံဆိပ်ကမ်းခြားထားတဲ့ မင်းရဲကောင်းပုံလမ်း

တစ်နေ့မှာတော့ လွန်ခဲ့တဲ့ ၆ လ လောက်က ကြုံခဲ့ဖူးသူ အိမ်ခြံမြေအကျိုးဆောင် တစ်ယောက်ဟာ ဧည့်သည် ၃ ယောက်ခေါ်ပြီး ကျွနိုပ်အိမ်ကို ရောက်လာပြန်ပါတယ် ။ လာရင်းကိစ္စကတော့ ဒဂုံဆိပ်ကမ်း ၊ ၆၈ ရပ်ကွက်မှာ (20 ‘X 60 ‘) မြေကွက်ဝယ်ဖို့ပါပဲ ။ ၆၈ ရပ်ကွက်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းဆိုပေမယ့် ဒဂုံတောင်ပိုင်းမြို့နယ် ၇၀ ရပ်ကွက်နဲ့ မင်းရဲကောင်းပုံလမ်းမကြီးတစ်ခုပဲ ခြားနေပါတယ် ။

ဝိတ်လျှော့သူများ ၆၈ မှာ လူစည်ကား

၆၈ ရပ်ကွက်ဆိုတာ အမှတ် ၂ လမ်းမကြီးနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ပဲခူးမြစ်နားက စက်မှုဇုန်ကို ဆက်သွယ်ပေးတဲ့ ကျန်စစ်သား ၊ လမ်းမကြီးရဲ့ ဝဲယာတစ်ဖက်တစ်ချက်မှာ ရှိနေတဲ့ ရပ်ကွက် ကြီးပါ ။ တစ်ချိန်တစ်ခါကတော့ ကွင်းပြင်မြေကွက်သက်သက်တွေပဲ ရှိပါတယ် ။ ၂၀၁၂ ခုနှစ်က အိမ်ခြံမြေအရောင်းအဝယ်ကောင်းမှုကြောင့် ပွဲပြန်ပြီး လူစည်ကားတဲ့ရပ်ကွက်အတွင်းက အိမ်ပိုင်ရှင်တွေက ဈေးကောင်းရတာနဲ့ မြေနဲ့အိမ်ကို ရောင်းချပြီး ၆၈ ရပ်ကွက်ကို ပြောင်းလာကြတယ်လေ ။

အဲဒီတုန်းက စည်ကာပြီး ရပ်ကွက် အတွင်းက (20 ‘X 60 ‘) မြေနဲ့ အိမ်ရောင်းရင်တော့ အနည်းဆုံး သိန်း ၃၅၀ ကနေ သိန်း ၅၀၀ အထိ ရကြတဲ့အတွက် အမြတ်နဲ့ရောင်းချပြီး ၆၈ ရပ်ကွက်မှာ ( 40 ‘x60 ‘) တစ်ကွက်ဝယ်ရင်တောင် သိန်း (၈၀) လောက်ပဲ ပေးရတော့ စည်ကားတဲ့ ရပ်ကွက်အတွင်းက လူတွေ ပြောင်းရွှေ့လာကြတာပေါ့ ။စတင်ပြောင်းရွှေ့စဉ်ကတော့ လူနေကျဲပေမယ့် ယခု ၂၀၁၈ ခုနှစ် အခြေအနေမှာတော့ တောင်ဒဂုံ ၇၀ ရပ်ကွက် နီးပါး စည်ကားနေပါပြီ ။

ရေတူးရင်လည်း ၄၅ ပေလောက်တူတာနဲ့ ရေကြည်ရေသန့်ရတယ် ။လျှပ်စစ်မီးလည်း ထိန်ထိန်ဝင်းရနေပြီ ။လမ်းမကြီးသာမက လမ်းသွယ်အတွင်းမှာလည်း ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းတွေနဲ့ ဖြစ်နေပြီး ။ဒီလိုအခြေအနေမျိုးမှာ အိမ်ခြံမြေတွေ ဈေးကောင်းစဉ်က ရင်းနှီးမြုပ်နှံထားတဲ့သူတွေက လက်ရှိအခြေအနေအထိ ၂၀၁၂ ခုနှစ်ကလို အိမ်ခြံမြေဈေးတွေ ပြန်မတက်လာတဲ့အတွက် အရှုံးခံပြီး ငွေပေါ်ပြန်ရောင်းနေကြတာကို တွေ့ရတယ် ။

ရောင်းချင်သူက မျှော်လိုက်တာဝယ်သူအကြိုက်ပါ

ဒီလိုအခြေအနေမျိုးကြောင့် ခံတွင်းပျက်နဲ့ ဆရက်တောင်ပံကျိုးအဖြစ်မျိုး တွေ့သလို ခြစ်ခြုပ်စုဆောင်းပြီး တစ်နိုင်တစ်ပိုင် ဝယ်ချင်တဲ့ သူနဲ့တွေ့တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြတာပေါ့ ။ပွဲစား အမျိုးသမီးတစ်ဦးက ချိတ်ဆက်ပေးတာပါ ။ရောင်းသူတွေက ဂွတ္တလစ်မှာ နေတာလေ ။ ပွဲစားအမျိုးသမီးကို ရောင်းဖို့အပ်နှံထားတယ်လို့ သိရပါတယ် ။ ဒါကြောင့်လည်း စရန်ငွေပေးဖို့သွားတဲ့အခါ မြေရှင်ရှိတဲ့မြို့ထဲကို လာရတာပေါ့ ။ပါမစ်စာရွက်စာတမ်းတွေကိုလည်း ပွဲစားက ယူပြီးပြတာ တွေ့ရတယ် ။အိမ်ရှင်နဲ့ အတော်ရင်းနှီးတဲ့ အနေအထားမျိုးပါပဲ ။

(20 ‘x 60 ‘) မြေနဲ့ အိမ် /ရေမီးအစုံပါဝယ်ရတာ စိတ်ချမ်းသာ

မြေကွက်အကျယ်တော့ (40 ‘x60 ‘) တစ်ခြမ်းကရောင်းထားပြီးသားဆိုတော့ ကျန်တဲ့တစ်ခြမ်း (20 ‘x60’) ကို ဝယ်ရတာပါ ။(ပါမစ်မူရင်း) ရတယ်ဆိုတော့ ၊ မိတ္တူသမားထက်ပိုပြီးခိုင်မာမှု ရှိတာပေါ့ ။ (20 ‘x60’) တစ်ကွက်ကို သိန်း (၁၁၀) ပဲ ပေးရတယ် ။အိမ်လည်းပါတယ် ။ မီးလည်းရတယ် ။အဝီစိတွင်းလည်း တူးပြီးသားပါတယ်ဆိုတော့ ဝယ်သူအတွက် ရေကန်အသင့် ကြာသင့်ပါပဲ ။

ရောင်းသူသဘောကောင်း ၊ ဝယ်သူ အတွက်ကံကောင်း

ရောင်းသူကလည်း ဘယ်လောက်ရောင်းချင်လည်း မသိပါဘူး ။ ၃ ရစ်ခွဲပြီး ငွေချေတာကို လက်ခံတယ် ။ ဝယ်သူအတွက် မဟာကံထူးပါပဲ ။ကံထူးတာကောင်းပါတယ် ။ သူလည်း ရှိလို့ဝယ်တာမဟုတ်ပါဘူး ။မလေးရှာနိုင်ငံမှ ၁၀ နှစ်လောက် သွားရှာတဲ့ ငွေလေးတွေကို စုဆောင်းပြီး ဝယ်ရတာလို့ သိရပါတယ် ။ရွာက ပြောင်းပြီး ရန်ကုန်မြို့မှာ နေချင်လွန်းလို့သာ စုဆောင်းဝယ်ရတာ ဖြစ်လို့ ကျန်ငွေအချို့ကို ခေတ္တာဆိုင်းငံ့ပေးဖို့ တောင်းဆိုပြီး ဝယ်ရတာပါ ။

ပြောင်းဖူးသည် ဘဝပြောင်း ၊ အိမ်ခြံမြေအကျိုးဆောင်ကောင်း

ရောင်းသူအနေနဲ့ ဝယ်သူကို မသိဘဲနဲ့ ဒီလိုယုံကြည်လက်ခံတာကို ကျွန်ုပ်အံ့သြနေမိတယ် ။မရင်းနှီင်္းရင် ၃လလောက် ကြာအောင် စောင့်ပေးကြလေ့မရှိဘူး ။အခုတော့ သဘောကောင်းလိုက်တာ ။ဒီအကြောင်း သိချင်လို့ ပွဲစားအမျိုးသမီးကို မေးကြည့်မိတော့မှ သဘောပေါက်သွားတော့တယ် ။သူမပြောပုံက “ အခုလို အောင်မြင်တဲ့ပွဲစားမဖြစ်ခင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်မ ဒီရပ်ကွက် ၊ ဒီလမ်းတွေမှာ ပြောင်းဖူးပြုတ်ရောင်းလာတော့လေ ။ ၂၀၁၂ ခုနှစ် အိမ်ခြံမြေဈေးတွေကောင်းနေတဲ့အချိန်မှာ အမြတ်ရနိုင်တဲ့ တောင်ဒဂုံက မြေကွက်တွေကို ဝယ်ဖို့တိုက်တွန်းပြီး ပြန်ရောင်းပေးတယ် ။ အမြတ်ရကြတယ် ။အဲဒါနဲ့ပဲ ၃ နှစ်အတွင်းမှာ သူတို့လည်း အမြတ်အစွန်းအများကြီးရကြတယ် ။ကျွန်မလည်း ပြောင်းဖူးပြုတ်သည်ဘဝက အိမ်ခြံမြေအကျိုးဆောင်ကြီးဖြစ်သွားတော့တာပဲ ။ဒီလိုနဲ့ တစ်ယောက်ကစ တစ်ရာဆိုသလို တစ်လမ်းလုံးကလူတွေက ယုံကြည်ပြီး မြေကွက်တွေ ဝယ်ခိုင်းကြတယ် ။ပြန်ရောင်းခိုင်းကြတယ် ။အဲဒီလို ဝယ်ရောင်းလုပ်ပေးရင်းနဲ့ သူတို့လည်း အဆင်ပြေ ကျွန်မဘဝလည်း ဒီနေ့အထိ အိုကေမှာ စိုပြေသွားတာပေါ့ရှင့် ” လို့ ရှင်းပြပါတယ် ။

“ သြော်…….ဒါကြောင့်ကိုး ” လို့ ကျွန်ုပ်က မှတ်ချက်ချလိုက်ပါတယ် ။ကြီးပွားလိုသူတိုင်း လုပ်ငန်းတစ်ခုကို ဆောင်ရွက်ပေးဖို့ တာဝန်ယူခဲ့ရင် သစ္စာရှိရှိဆောင်ရွက်ပေးဖို့ လိုအပ်သလို ဂွတ္တလစ်ရက်ကွက် တစ်လမ်းလုံးက ယုံကြည်အားကိုးခြင်း ခံယူနိုင်တဲ့အထိ ကြီုးစားခဲ့တဲ့ပွဲစားအမျိုးသမီးကိုလည်း မလေးစာဘဲမနေနိုင်တော့ပါဘူး ။ထိုသို့သော အိမ်ခြံမြေအကျိုးဆောင်တွေ အများကြီးပေါ်ပေါက်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်းမြေကွက်အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုပေးပြီး ပြန်ခဲ့ကြပါတော့တယ် ။

 

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service