တကယ်ဝယ်လို့ တကယ်ရမှ တိုက်ခန်းဝယ်နည်း အမှန်ပါ

တကယ်ဝယ်လို့ တကယ်ရမှ တိုက်ခန်းဝယ်နည်း အမှန်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
27 Dec 2018 1:06 pm တွင် တင်ခဲ့သည်
2256 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ခြံမြေ တိုက်ခန်းတွေ ၊ ကွန်ဒို အရောင်းအ၀ယ် မကောင်းဘူးဆိုတော့ အိမ်ခြံမြေလောကကြီးတစ်ခုလုံး ရပ်တန့်နေပြီလားလို့တောင် မသိတဲ့သူတွေက ထင်ကြလိမ့်မယ် ။အဲဒီလို ထင်ရင် တက်တက်သွားပါလိမ့်မယ် ။အိမ်ခြံမြေတိုက်ခန်း ၊ ကွန်ဒိုအရောင်းအဝယ်တွေ ရပ်မသွားပါဘူး ။လည်ပတ်နေပါတယ် ။အရောင်းအဝယ်လုပ်တာတော့ မှန်ပါတယ် ။ဒါပေမဲ့ အိမ် ၊ ကွန်ဒို ၊ တိုက်ခန်းကိုတော့ လက်ရောက် မရကြဘူး ။ပိုင်ဆိုင်မှု စာရွတ်စာတမ်း အထောက်အထားတွေကိုပဲ လက်ရောက်ယူထားနိုင်ကြပါတယ် ။

ဟင် ။ ဘယ်လိုလဲဗျာ ။ငွေပေးချေပြီး ဝယ်ယူတာဖြစ်ပါလျက်နဲ့ ဘာကြောင့်မြေနဲ့အိမ် ၊ တိုက်ခန်း ၊ ကွန်ဒိုတွေကို လက်ရောက်မယူနိုင်ကြတာလဲ ။ဒါစဉ်းစားစရာပေါ့ ။ဝယ်ယူသူဘက်က ငွေပေးချေးပြီးတဲ့နောက်မှာ မြေ ၊ အိမ် ၊ တိုက်ခန်းတို့နဲ့ ဆက်စပ်မှုရှိနေတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို လက်ခံရရှိထားတဲ့အပြင် ရောင်းသူနဲ့ နှစ်ဦးသဘောတူ မြေနှင့်အိမ် ၊ ဒါမှမဟုတ် နှစ်ဦးသဘောတူ တိုက်ခန်း သို့မဟုတ် ကွန်ဒိုအရောင်းအဝယ်စာချုပ်လည်း ချုပ်ပေးထားတယ် ။ဒါ့အပြင် မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာတောင်ရောင်းသူ အမည်ပေါက်ထံက ယူထားလိုက်သေးတယ်ဆိုတော့ လေးစားလောက်ပါတယ် ။

ဒီလိုအခြေအနေမျိုးမှာ ဝယ်သူဘက်က စာရွက်စာတမ်း လက်ဝယ်ရထားပြီဆိုတော့ ပိုင်ပြီလို့ ဆိုနိုင်တာပေါ့ ။ဒါပေမဲ့ ရောင်းသူတွေက အိမ်ပေါ်က ဆင်းမပေးပါဘူး ။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲလို့ ထဲထဲဝင်ဝင် လေ့လာကြည့်တော့မှ အရပ်ကတိစာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်အထူးကိုယ်စားလှယ်စာ ယူထားလိုက်တယ်လေ ။ မြေငှါးဂရန်စာချုပ်ကြီးနဲ့ အထူးကိုယ်စားလှယ်လွဲစာပါ ဝယ်သူလက်ထဲမှာ ရောက်နေပြီဆိုရင် ရောင်းသူ မပါဘဲ နဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်လို့ရတယ် ။မြေဂရန်ကို အမည်ပြောင်းလို့ရတယ်လေ ။

ဒါပေမဲ့ အိမ်ကို လက်ရောက်မပေးရခြင်းရဲ့ အကြောင်းက တရားဝင်ရောင်းတာ မဟုတ်ဘဲ ငွေကြေးအခက်အခဲရှိလို့ အိမ်ပေါင် ၊ တိုက်ပေါင် ၊ ကွန်ဒိုပေါင်ပြီး ငွေချေးကြတဲ့ ဓလေ့တစ်ခု ခေတ်စားလာနေပါတယ် ။ဒါဟာ ဘာကြောင့် ဖြစ်ရသလဲဆိုရင် အိမ်မြေ ၊ တိုက်ခန်း ၊ ကွန်ဒို အရောင်းအဝယ်တွေ ပုံမှန် မဟုတ်ကြလို့ပါပဲ ။

တန်ဖိုးနည်းအိမ်ရာသိမ်းယူနည်း

ဘာကြောင့်လဲဆိုတော့ လူတွေရဲ့စာဝတ်နေရေးက ရပ်ထားလို့ မရဘူးလေ ။ စမ်းရေလို့ အမြဲစီးဆင်းနေမယ်သာဆိုရင် အခုလို ရောင်းပေါင်ကိစ္စတွေပေါ်လာမှာမဟုတ်ပါဘူး ။အခုတော့ အကျပ်အတည်းတွေ့လို့ ငွေလိုရင် အိမ်ပေါင်/တိုက်ပေါင်ကြတော့တာဘဲ လှေလှော်သမားလိုပဲ ဟိုဘက်ကမ်းရောက်ဖို့ဆိုရင် ဟိုဘက်ကတက်နဲ့ လှော်တယ် ။ ဒီဘက်ကမ်းရောက်တဲ့အခါကျတော့ ဒီဘက်က တက်နဲ့လှော်ကြရပြန်ပါတယ် ။ငွေလိုရင် ချေးမယ် ၊ ငှါးမယ် ၊ အတိုးပြန်ဆပ်ပြီး စာရွက်စာတမ်းတွေ ပြန်ယူမယ်ပေါ့ ။

ဒါပေမဲ့ ယူတော့ပြုံးပြုံး တောင်းတော့မုန်းဆိုရိုးစကားလိုပဲ ချေးထားတဲ့ငွေတွေအတိုးရော အရင်ရော ပြမ်မဆပ်နိုင်တဲ့အခါမျိုးကျတော့ မိတ်ဆွေတွေက ရန်သူတွေ ဖြစ်ကုန်ကြတော့တာပါပဲ ။လည်တဲ့ လူတွေကတော့ နောက်ဆုံးအတိုးနဲ့အရင်းပေါင်းပြီး ဈေးနှုန်းတစ်ခု သတ်မှတ်ကာ ရွေး ယူပြီး အပိုင်သိန်းလိုက်ကြတယ် ။ဒါက တန်ဖိုးနည်းတဲ့ အပေါင်ကိစ္စတွေဖြေရှင်းတဲ့နည်းကို ပြောတာပါ ။

ချမ်းသာကြွယ်ဝပြီး ဂုဏ်နဲ့ဒြပ်နဲ့နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတော့ တစ်ဖက်နဲ့တစ်ဖက် ရာထူး ၊ ဂုဏ်ကျက်သရေတွေကို ကြည့်ပြီး ငွေပေးငွေယူ လုပ်ကြတာကို တွေ့ရတယ် ။ ငွေချေးငှါးသူကလည်း တစ်ဖက်လူ အထင်သေးခံရမှာစိုးတာနဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းတွေကို ငွေရှင်ထံမှာ အပေါင်ပစ္စည်းအဖြစ်ပေးလိုက်ကြရတယ် ။ငွေပေးငွေယူလုပ်ကြသူနှစ်ဦးက ဂုဏ်သရေရှိလူကြီးမင်းတွေ ၊ လုပ်ငန်းရှင်းတွေဖြစ်တော့ အပြန်အလှန်အထင်ကြီးကြတယ်။

ငွေချေးသူကလည် ကွန်ဒိုတိုက်တစ်လုံး အပေါင်ထားပြီး သိန်းငါးထောင်နဲ့ချေးငှါးကြည့်တယ် ။ငွေတိုးပေးစားသူကလည်း အတိုးမှန်မှန်ပေးနေတော့ နှစ်ဦးနှစ်ဘက် မနည်းကြည့်ကြတာပေါ့ ။ဒါနဲ့ နောက် ခြံနဲ့ဝင်းနဲ့ ကွန်ဒိုတစ်ခုလုံးကို သိန်း ၅၀၀၀ နဲ့ ထပ်ပေါင်ပြန်တယ် ။အတိုးမှန်တယ် ။ နှစ်ဘက်အဆင်ပြေတယ် ။လက်ရှိကာလမှာ ငွေပိုသူထက် ငွေလိုသူက များတယ်လေ ။ဒီအချိန်မျိုးမှာ ယုံကြည်မှုတည်ဆောက်ထားတဲ့ ငွေရှင်နဲ့ ချေးသူတို့ကလည်း ၁၀ နှစ်လောက်အထိ ဆက်ဆံလာကြတော့ ပြောစရာမလိုအောင် ယုံကြည်ကြပြီပေါ့ ။

ရလေလိုလေ လိုလောဘတွေ

ဒီအချိန်မျိုးမှာ ငွေချေးငှါးသူက လုပ်ငန်းတိုးချဲ့စရာ မရှိလို့ နောက် သိန်း ၃၀၀၀ လောက် အလိုနဲ့ ထပ်ချေးပါလို့ တောင်းဆိုတယ် ။ငွေချေးသူကလည်း ဒီအချိန်မှာယုံနေပြီလေ ။ ဒါကြောင့် ကတိတည်မှပဲ လို့ ယုံကြည်ပြီး နောက်ထပ် ၃၀၀၀ ထပ်ထုတ်ပေးလိုက်တယ် ။ အပေါင်ပစ္စည်းတောင်ယူမထားလိုက်တော့ဘူး ။ သိန်း ၁၃၀၀၀ (တစ်သောင်းသုံးထောင်) လောက်အထိလည်းရရော ငွေချေးငှါးသူ စိတ်ပြောင်းသွားတယ် ။ အတိုးကော ၊ အရင်းရော မဆပ်နိုင်တော့ဘဲ ယိုးဒယား ၊ မလေးရှားမှာ ရှောင်သွားပြီး ဖုန်းအားလုံး ပိတ်ထားလိုက်ကြတယ် ။ဒီအချိန်မျိုးကျမှ ငွေရှင်က ရှေ့နေဆီ လာတိုင်ပင်တယ် ။

စာရွက်စာတမ်းတွေ ကြည့်ရတာကတော့ အရပ်ကတိ အရောင်းအဝယ် စာချုပ်တွေနဲ့ မြေနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်လွှဲစာတွေ ပြနိုင်တယ် ။ကွန်ဒို ၂ခြံရဲ့ မြေဂရန် မူရင်း ၂စုံကိုလည်း ပြပါတယ် ။အဲဒီ ကွန်ဒိုတိုက် ၂လုံး အခုချိန်မှာ ပြန်ရောင်းရင် သိန်း ၉၀၀၀ ထက် ပိုမရနိုင်ဘူး ။ချေးထားတာက သိန်းပေါင်း ၁၃၀၀၀ ။တွက်ကြည့်ရင်ရှုံးပြီပေါ့ ။ကိုယ်စားလှယ်လွှဲစာရထားလို့ပြန်ရောင်းရင်တောင် မြေနဲ့ကွန်ဒိုတိုက်ကကိုယ့်လက်ထဲမှာ မရောက်သေးဘူး ။ စာရွက်စာတမ်းပဲ အပေါင်ခံတာဆိုတော့ လက်ရောက်ရဖို့ တရားစွဲယူရဦးမယ် ။တရားစွဲယူလို့ လက်ရောက်ရရင်တောင် အခွန်ဆောင်ရဦးမယ် ။အမည်ပြောင်းရဦးမယ် ။ သိန်း ၁၀၀၀ နီးပါးထပ်ပြီးကုန်ဦးမယ် ။ ဆုပ်လည်းစူး ၊ စားလည်းစူးနိုင်တဲ့ အနေအထားပေါ့ ။

အခုနောက်ပိုင်း အပေါင်ခံသူ ငွေကိုပေးထားသူများကို လူဆင်း ၊ သော့ခတ် ၊ ပါဝါယူပြီး အရောင်းစာချုပ်ချုပ် ၊ ပေးရတယ်လို့ သိရပါတယ် ။ဒါကြောင့် အိမ်ခြံမြေတိုက်ခန်း ၊ ကွန်ဒိုဝယ်ကြတော့မယ်ဆိုရင် တိုက်ခန်းအပေါင်စာချုပ်နဲ့ ဆင်တူနေမှစိုးလို့ တကယ်ဝယ်ရင် တကယ်လက်ရောက်ယူထားကြပါလို့ သတိပေးလိုက်ရပါတယ် ။

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service