ခံဝန်ချုပ်ပါ စည်ကမ်းဖောက်ဖျက်မှုအတွက် အိမ်ရှင်၏တာဝန်

ခံဝန်ချုပ်ပါ စည်ကမ်းဖောက်ဖျက်မှုအတွက် အိမ်ရှင်၏တာဝန် - Property Knowledge in Myanmar from iMyanmarHouse.com
18 Dec 2018 12:58 pm တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကျွန်တော်၏ အလုပ်သင်ရှေ့နေများဖြစ်ကြသည့် ကိုမင်းသူရနှင့် ကိုကျော်မင်းလွင်တို့မှ “ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၂)တွင် ခံဝန်ဖောက်ဖျက်မှုဖြင့် အရေးယူရာ၌ တရားရုံးက ဆောင်ရွက်နိုင်တဲ့ကိစ္စလေးများကို သိချင်လို့ပါဆရာ ” ဟု မေးမြန်းလာသဖြင့် စီရင်ထုံးများကို ကိုးကား၍ ရှင်းပြရလေသည် ။

’’’’ အိမ်ရှင်အိမ်ငှါးပြဿနာများအနေနဲ့ အိမ်ငှါးကို နှင်လိုမှုစွဲဆိုရာမှာ အိမ်ရှင်အနေနဲ့ အနိုင်ဒီဂရီ ရခဲ့ပေမယ့် ၊ ဥပဒေအရ လိုအပ်တဲ့ ခံဝန်ကို ချုပ်ဆိုရတဲ့ အမှုများလည်း ရှိတတ်ပါတယ် ၊ အဲဒီအခါ မျိုးမှာ အိမ်ရှင်အနေနဲ့ သူတာဝန်ယူမယ့် ၊ ခံဝန်ချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်ခဲ့ရင် ၊ ၁၉၆၀ ပြည့်နှစ် ၊မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေအက်ဥပဒေပုဒ်မ ၁၂(၂)နဲ့(၃)အရ အရေးယူရာ၌ တရားရုံးက အောက်ပါအတိုင်း ဆောင်ရွက်နိုင်တယ် ””အဲဒါတွေကတော့ ………

(က) ခံဝန်ချုပ်ဖြင့် ချုပ်ဆိုထားသောငွေကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းယူခြင်း (ခ) အိမ်ငှါးအား လျော်ကြေးပေးစေခြင်း (ဂ) အိမ်ငှါးက သဘောတူလျှင်ထိုအိမ်ငှါးအား အမိန့်သို့မဟုတ် ဒီကရီချမှတ်သည့်နေ့ရက် မတိုင်မီ ထားရှိသည့် စည်းကမ်းများအတိုင်း အချင်းဖြစ်ဥပစာကို လက်ရှိပေးအပ်ခြင်းတို့ ဖြစ်ပါတယ် “ အမှတ် (က) နှင့် (ခ)တွင် ဖော်ပြထားသော အမိန့်တို့ကို အိမ်ရှင်အပေါ်မှာ ချမှတ်ရန် ဖြစ်ပါတယ် ”

“ သို့ပေမယ့် ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှါးရမ်းကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၃) အပိုဒ်ခွဲ (၂)အရ ချမှတ်သည့် ဆုံးဖြတ်ချက်အပြင် ” ဟူသော စကားရပ်ကို တောက်ချင့်၍ အိမ်ငှါးအား ဥပစာတွင် ပြန်ထားရန်အမိန့်ကို ၊ လျော်ကြေးပေးစေရန်နှင့် တွဲဖက်ချမှတ်ရမည်ဟု အဓိပ္ပာယ်မဆောင်နိုင်ချေ ၊ သို့ဖြစ်ရာ ၊ အကြောင်းကြောင်းကြောင့် လျော်ကြေးပေးရန် မဖြစ်စေကာမူ ပုဒ်မ ၁၂(၃)ပါ အချင်းဖြစ်အခန်းတွင် အိမ်ငှါးဖြစ်သူများအား ပြန်ထားရန်အတွက် သက်သာခွင့်ကို ပေးခွင့်ရှိသည်ဟု ဆိုရပါမယ် ”

“ ကိုမင်းရော ၊ မောင်ကျော်ရော ရှင်းသွားအောင် စီရင်ထုံးတစ်ခုကို ဆရာ ပြောပြပါ့မယ် ။အဲဒါကတော့ “ ဦးအုန်းပါ ၃ နှင့် ဦးဘဆွေပါ ၃ ၊ ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၂၂ ” မှာ ဆုံးဖြတ်ထားတာပါ ”

“ အမှုမှာ အယူခံတရားလို ဦးအုန်း ဆာဝီသီရိဒေဝီနှင့် မောင်ဇင်ဘိုတို့အပေါ်အမှုအတောအတွင်း ကွယ်လွန်သွားသူဦးဘဆွေက ချောက်မြို့နယ်တရားရုံး ၊ ၁၉၇၈ ခုနှစ် ၊ တရားမကြီးမှု အမှတ် ၁၁ တွင် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှါးရန်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(င) အရ နှင်လိုမှုစွဲဆိုရာ ဒီကရီ ရရှိခဲ့သည် ။။ အဆိုပါ ဥပဒေအရ လိုအပ်သည့်ခံဝန်ကို ချုပ်ဆိုပြီးနောက် တရားရှုံးများဖြစ်ကြသော ဦးအုန်းတို့သည် အချင်းဖြစ်အဆောက်အအုံမှ ၂၉-၇-၈၃ ရက်နေ့တွင်ဖယ်ရှာပေးခဲ့တယ် ”

“ အိမ်ငှါးများ ဆင်းသွားပြီးနောက်အိမ်ရှင်ဦးဘဆွေသည် အချင်းဖြစ်အိမ်ကို ၁၂-၂-၈၄ ရက်စွဲပါ မှတ်ပုံတင်စာချုပ်အရ ၊ အယူခံတရားပြိုင် ဒေါ်စောမြိုင်အားရောင်းချလိုက်သောကြောင့် ဦးအုန်းတို့က ဦးဘဆွေအပေါ် ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၂) နှင့် (၃)တို့အရ အရေးယူပေးရန် ချောက်မြို့နယ်တရားရုံး ၊ ၁၉၈၄ ခုနှစ် ၊ တရားမအထွေထွေမှု အမှတ် ၂ ဖြင့် ၂၉-၃-၈၄ နေ့၌ လျှောက်ထားပါတယ် ။နောက်ပိုင်းတွင် ဦးအုန်းတို့၏လျှောက်ထားချက်အရ အချင်းဖြစ်အဆောက်အအုံကို ဝယ်ယူသော ဒေါ်စောမြိုင်နှင့် ယင်းအဆောက်အအုံကို လက်ရှိအသုံးပြလျက်ရှိသူ ဦးမောင်လတ်တို့ကိုအမှုသည် တရားပြိုင်များအဖြစ် ထည့်သွင်းခဲ့ပါတယ် ”

“ မြို့နယ်တရားရုံးက အမှုရင်ဆိုင်နေစဉ် ဦးဘဆွေ ကွယ်လွန်သွား၍ အမွေမမှီမြေးဖြစ်ကြသူ ၅ ဦးကို ဦးဘဆွေနေရာတွင် တရားဝင်ကိုယ်စားလှယ်များအဖြစ်ထည့်သွင်းပေးရန် ၊ ဦးအုန်းတို့က လျှောက်ထား၍ ထည့်သွင်းခွင့်ပြူခဲ့တယ် ။မြို့နယ်တရားရုံးက ဦးအုန်းတို့၏ လျှောက်ထားချက်ကို ပလပ်လိုက်သဖြင့် ဦးအုန်းတို့က မကွေးတိုင်းတရားရုံးတွင် အယူခံဝင်သောအခါ မောင်မျိုးကိုကိုပါ ၅ ဦးတို့က အယူခံတရားပြိုင်များဖြစ်ပြီး တိုင်းတရားရုံးတွင် အယူခံရှုံးပြန်သဖြင့် တရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်သောအခါ ဦးဘဆွေ (ကွယ်လွန်သူ) ကို အယူခံတရားပြိုင်တစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ် ”

“ ဦးဘဆွေ ချုပ်ဆိုသော ခံဝန်တွင်အောက်ပါစည်းကမ်းချက်များ ပါရှိပါတယ် ၊ “ တရားပြိုင်ဦးအုန်းပါ ၅ တို့ ၊ ရွှေ့ပြောင်းထွက်ခွာသည့်နေ့ရက်မှစ၍ ၉လအတွင်း နှစ်ထပ်တိုက်အသစ်ကို အပြီးဆောက်လုပ်မည့်အပြင် ဆောက်လုပ်ပြီးစီးသောအခါ ၄င်းတို့နေထိုင်ခဲ့သော အခန်းနေရာကို ပြန်လည်ငှါးရမ်းနေထိုင်ပါက တည်ဆဲ ဥပဒေနှင့်အညီ သတ်မှတ်သော ငှါးရမ်းခဖြင့် ၊ ပြန်လည်နေရာချထားပေးမည်ဟူ၍လည်းကောင်း ၊ မလိုက်နာ ပျက်ကွက်ပါက အဖိုးငွေ ၅၀၀၀ ကျပ်ကို ကျွန်တော်က အစိုးရကဏ္ဍအဖြစ် ဆုံးရှုံးခံရမည်ဟု ခံဝန်ချုပ်ကို လက်မှတ်ရေးထိုးပါသည် ” ဟူ၍ ဖြစ်ပါတယ်”

“ အမှုတွင် အငြင်းမပွားသည့်အချက်မှာ ၊ ဦးဘဆွေက အချင်းဖြစ် အဆောက်အဦးကို ၁၂-၂-၈၄ ရက်စွဲပါ ၊ မှတ်ပုံတင်စာချုပ်အရ ၊ ဒေါ်စောမြိုင်အား ရောင်းချခဲ့ပါတယ် ၊ ထိုသို့ဆိုလျှင် ဦးဘဆွေဟာ အဆောက်အဦးသစ် ဆောက်လုပ်ပါမည်ဟူသော ခံဝန်ချုပ်ပါစည်းကမ်းကို အတိအလင်း ဖောက်ဖျက်သည့်သဘော ဖြစ်တယ် ။ခံဝန်ချုပ်၌ အဆောက်အဦးသစ်ဆောက်လုပ်ရန် တာဝန်ယူသူသည် ဦးဘဆွေတစ်ဦးတည်း ဖြစ်တယ် ၊ ဦးဘဆွေက အချင်းဖြစ် အဆောက်အဦးကို တခြားသူအား ရောင်းချလိုက်ခြင်းဖြင့် အဆောက်အဦးသစ် ဆောက်လုပ်တော့မည်မဟုတ်ဟူသော သူ၏ရည်ရွယ်ချက်ကို ပြသလိုက်ခြင်းဖြစ်ပေရာ ခံဝန်ချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်ကြောင်း မြင်သာပါတယ် ”

“ အယူခံတရားလို ဦးအုန်းတို့ဟာ ၁၉၆၀ပြည့်နှစ် ၊ မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၂)တွင်ပြဌာန်းထားသည့်အတိုင်း ခံဝန်ဖောက်ဖျက်မှုဖြင့် ၊ အရေးယူပေးရန် လျှောက်ထားခွင့်ရှိပြီး ၊ ခံဝန်ချုပ်၌ ဖော်ပြထားသော ၉လတာကာလ ကုန်ဆုံးသည့်အထိ စောင့်ဆိုင်းရန် မလိုပါ ”

“ ယင်းအက်ဥပဒေပုဒ်မ ၁၂(၂)နှင့်(၃)အရ အရေးယူရာတွင် ၊ တရားရုံးက .... (က) ခံဝန်ချုပ်ဖြင့် ချုပ်ဆိုထားသောငွေကို ပြည်သူ့ဘဏ္ဏာအဖြစ် သိမ်းယူခြင်း ဆိုရာတွင် အိမ်ရှင်အပေါ် ကျင့်ထုံးနှင့်အညီအယူခံဝင်ရောက်ခဲ့ခြင်း မရှိသဖြင့် ခံဝန်ချုပ်ပါ အာမခံငွေကို ပြည်သူ့ဘဏ္ဍအဖြစ် ၊ သိမ်းယူခြင်း မပြုနိုင်ခဲ့ပါ

(ခ) အိမ်ငှါးအား လျော်ကြေးပေးစေခြင်းဆိုရာတွင် ဦးဘဆွေထံမှ အချင်းဖြစ်ဥပစာကို ဝယ်ယူခြင်းဖြင့် ၊ ဒေါ်စောမြိုင်သည် တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆက်ခံသူ ဖြစ်သော်လည်း ဆက်ခံသူအပေါ် ခံဝန်ဖောက်ဖျက်မှုဖြင့် အရေးယူနိုင်ကြောင်း စည်းကမ်းချက် သတ်မှတ်ထားခြင်း မရှိသဖြင့် လျော်ကြေးပေးစေရန် အမိန့်ကို ချမှတ်နိုင်မည် မဟုတ်ပါ ။

(ဂ) အိမ်ငှါးဖြစ်သူတို့က အချင်းဖြစ်ဥပစာတွင် ပြန်ထားရန် အရေးဆိုလာသည့်အလျောက် ၊ ၁၉၆၀ ပြည့်နှစ် ။ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၃)အရ ၊ အချင်းဖြစ်အခန်းတွင် အိမ်ငှါးဖြစ်သူအား ပြန်ထားရန် ယင်းဥပဒေစာကို ဝယ်ယူခဲ့သော ဒေါ်စောမြိုင်နှင့်လက်ရှိ ဖြစ်သူ ဦးမောင်လတ်အပေါ် အမိန့်ချမှတ်နိုင်ပါတယ် ။

“ ထို့ကြောင့် ဤအယူခံမှုကို ခွင့်ပြု၍ ၊ အောက်ရုံးများ၏ အမိန့်များကို ပယ်ဖျက်ပြီး ၊ အချင်းဖြစ်အခန်းတွင် အယူခံတရားလို ဦးအုန်းတို့အား ၊ ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၃) ပြန်ထားရန် ဗဟိုတရားရုံးမှ ဆုံးဖြတ်ထားပါတယ်”

“ ကဲ ဒီလောက်ဆိုရင် ကိုမင်းနဲ့မောင်ကျော်တို့လည်း နားလည်သဘောပေါက်လောက်ပါပြီ ၊ ဆရာလည်း မောသွားပြီမို့ ရေတစ်ခွက်လောက် တိုက်ကြပါဦးကွာ ” ဟုသာ ပြောလိုက်ပါတော့သည် ။ ။

 

Credit: ကြယ်နီလေး(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service