Air con သုံးသူတိုင်း မဖြစ်မနေသိထားရမယ့်အရေးကြီးအချက်များ

Air con သုံးသူတိုင်း မဖြစ်မနေသိထားရမယ့်အရေးကြီးအချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 Dec 2018 11:31 am တွင် တင်ခဲ့သည်
2869 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ကျုပ်တို့ဆီမှာ Air con တွေကို အသုံးပြုကြတဲ့အခါ အိမ်တွေမှာပဲဖြစ်ဖြစ် ကားတွေပေါ်မှာပဲဖြစ်ဖြစ် အများဆုံးတွေ့ရတာက Air con temperature setting မှာပါတဲ့ အနိမ့်ဆုံးအပူချိန်ကို ထားကြတယ် အမြင့်ဆုံး Fan speed မှာထားကြတယ် ဒါဟာ အန္တရာယ် ကို ဖိတ်ခေါ်နေခြင်းပဲ

အရာရာတိုင်းမှာ စည်းနဲ့စနစ်နဲ့ Theory တွေပုံသေနည်းတွေ အစစအရာရာ တွက်ချက်ပြီးတီထွင်ခဲ့ကြတဲ့သူတွေက အရူးတွေမဟုတ်ပါဘူး အများတကာထက် ပိုတတ်ပိုသိပိုနားလည်လို့ အများတကာအတွက် အကောင်းဆုံးတွေကို စုစည်းညီညွတ်မှုအားနဲ့ တီထွင်ဖန်တီးမှုတွေကိုပြုလုပ်ရင်း ဘဝကိုရင်းနှီးမြှပ်နှံကြတာပါ

သူတို့တွေလို ဘဝနဲ့ရင်းပြီးဒီနယ်ပယ်တွေမှာလေ့လာဖို့မလိုဘူးဆိုရင်တောင် သူတို့တွေတီထွင်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုသုံးမယ်ဆိုရင် အသုံးပြု ပုံလေးတော့ လိုက်နာသင့်တယ်မဟုတ်လား ဒါမှ ဘေးဥပါဒ် အန္တရာယ်တွေက ကင်းမယ်လေTemperature setting နဲ့ပတ်သတ်လို့ သတ်မှတ်ထားတဲ့အပူချိန် (လူအတွက်) ထားရှိရမယ့်အပူချိန်ဆိုတာရှိပါတယ်။စက်တွေအတွက်ကတော့ သူ့ Specification နဲ့သူပေါ့။

Air con မှာထားရှိရမယ့်အပူချိန်တွက်နည်းလေးရှိပါတယ်။ ဒါပေမယ့် လိုက်ပါလုပ်ဆောင်ကြသူတွေကတော့ အင်မတန်နည်းပါးပါတယ်။

ဒါကို ဆရာကြီးတွေ ပညာရှင်တွေလည်း အလျဉ်းသင့်သလိုရေးသားနေတာတွေ ဖတ်ရသလို အခုလည်း တပည့်က ဒါကိုထပ်ဖော်ပြပေးလိုက်ပါတယ်

ဒီတွက်ချက်နည်းကတော့....

{ (ပြင်ပအပူချိန် – ၄)÷၂ } + ၁၀ = Air con တွင် ထားရှိရမယ့်အပူချိန် (တစ်နည်း) အခန်းတွင်း အပူချိန် ပဲ ဖြစ်ပါတယ်။

(Tout – 4) Tin =

+ 10

2

Tin = မိမိအခန်းအတွင်းအပူချိန် Tout= ပြင်ပပတ်ဝန်းကျင်အပူချိန်

ဥပမာ။ ။ ပြင်ပ ပတ်ဝန်းကျင် အပူချိန်က ၄၀° ရှိတယ်ဆိုပါတော့ ဒါဆိုရင်

၄၀- ၄ = ၃၆

အဲ့ဒီ ၃၆ ကို ၂ နဲ့ စား၊

ရတဲ့အဖြေက ၁၈

အဲ့ဒီအဖြေကို ၁၀ ပေါင်းတော့ ၂၈ ရပါတယ်။

အဲတော့ ၄၀ ဒီဂရီ အပူချိန်ရှိတဲ့ အပြင်ကပြန်လာတဲ့သူအဖို့ အခန်းထဲက အပူချိန် (Air con မှာ ထားရမယ့်အပူချိန်) ကို ၂၈ ဒီဂရီ နဲ့ တွေ့ကာမှ တော်ကာကျပါမယ်။ ၄၀ ဒီဂရီ အပူချိန်ရှိနေတဲ့ပြင်ပကနေ ၁၈° တို ၁၆° တို့ ရှိတဲ့ အခန်းထဲဝင်ရင် ဘာဖြစ်မလဲ ၁၈° တို့ ၁၆° တို့ အပူချိန်ရှိတဲ့ အခန်း(သို့) ကား ထဲကနေ ကိစ္စရှိလို့ ၄၀° တို့ ၄၁° တို့ ရှိတဲ့ ပြင်ပ ပတ်ဝန်းကျင်ကို ရုတ်တရက် ထွက်ရင် ဘာဖြစ်မလဲ …..

ကိုယ်ခံအားကောင်းနေရင်တော့ ခုခံမှုစနစ် အပူထိန်းချုပ်မှုစနစ်တွေကို ဦးနှောက် နဲ့ ခန္ဓာ ချိတ်ဆက်ပြီး သူ့ဖာသာလုပ်သွားမယ်။ အဲ့လိုမှမဟုတ်ရင်တော့ ရုတ်တရက် လဲကျသေဆုံးတာတွေထိဖြစ်နိုင်ပါတယ်။

မိုးလင်းမိုးချုပ် Air con ခန်းထဲကမထွက်ဘူးဆိုတဲ့ လူတွေအတွက်တော့မသိဘူးပေါ့ဗျာ Air con ခန်းထဲအကြာကြီးနေလိုက် ခဏနေ အပြင်ထွက်ထမင်းစား လက်ဘက်ရည်သောက်ဘာညာ လုပ်နေတဲ့သူတွေဆို နွေရာသီမှာ အခန့်မသင့်ရင် လေဖြတ်တာတွေ ဦးနှောက်သွေးကြောပြတ် သေဆုံးတာတွေ ဖြစ်နိုင်ပါတယ် ဒီတွက်နည်းလေးဟာ အင်မတန်ရိုးရှင်းလွယ်ကူပါတယ်နောက်ပြီး အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့သူတွေဟာ Air con အသုံးပြု တဲ့အခါ အပူချိန်ကို ၂၅ ဒီဂရီအောက် လျော့နည်းပြီး မထားသင့်ဘူးလို့လည်း စာတွေမှာ လေ့လာဖူးပါတယ်

နောက်တစ်နည်းကတော့ လျှပ်စစ်သုံးစွဲမှုကို လျော့ကျစေတဲ့နည်းလေးပါ အဲ့ဒါကတော့....

% saving ကို လိုချင်ရင် မိမိထားရှိမယ့်အပူချိန် ထဲက Air con မှာ ထားထားတဲ့ အပူချိန်ကို နှုတ် ရလာဒ်ကိုတည်ပြီး ပြင်ပအပူချိန် ထဲက Air con မှာ ထားထားတဲ့ အပူချိန်ကိုနှုတ်လို့ရလာတဲ့ ရလာဒ်နဲ့စား ထွက်လာတဲ့အဖြေကို ၁၀၀ နဲ့မြှောက် ပေးရင် ကိုယ်ဘယ်လောက်လျှော့ချလိုက်သလဲဆိုတာထွက်လာမှာပါ

(New T – Old T) % Saving =

__ x 100 (Tout – Old T)

New T = မိမိထားရှိမည့်အပူချိန်

Old T = Air con ဖွင့်ကတည်းကရှိနေသော အပူချိန်

Tout = ပြင်ပပတ်ဝန်းကျင်အပူချိန်

ဥပမာ။ ။ Air con ဖွင့်ကတည်းကရှိနေတဲ့အပူချိန်က ၂၀ ဒီဂရီ စင်တီဂရိတ်၊ မိမိထားလိုတဲ့အပူချိန်က ၂၅ ဒီဂရီ နဲ့ ပြင်ပ အပူချိန်က ၄၅ ဒီဂရီ ဆိုပါတော့

ဒါဆို ၂၅ – ၂၀ = ၅ ဒါက ပိုင်းဝေ ၄၅ – ၂၀ = ၂၅ ဒါကပိုင်းခြေ စားလိုက်တော့ ၀.၂ ရတယ် ရတဲ့ ၀.၂ ကို ၁၀၀ နဲ့ မြှောက်တော့ ၂၀ ရမယ် ဒီ ၂၀ ရာခိုင်နှုန်းဟာ မိမိ လျှော့ချလိုက်တဲ့ % saving of electicity ပဲ ဖြစ်ပါတယ် မှတ်ချက်။ ။ အပူချိန်ကို ဒီဂရီစင်တီဂရိတ်( °C) နဲ့သာ အသုံးပြုထားသည်။

စာရှု့သူအပေါင်းကို ကျေးဇူးတင်ပါတယ်ကြိုးစားလျှက်

Credit: ဝေဇင်ကျော်ထွန်း

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service