နေအိမ်တိုင်းမှာ မရှိမဖြစ်အသုံးဝင်တဲ့ ဆောင်ထားသင့်စရာ ဆောက်လုပ်ရေးပစ္စည်းများ

နေအိမ်တိုင်းမှာ မရှိမဖြစ်အသုံးဝင်တဲ့ ဆောင်ထားသင့်စရာ ဆောက်လုပ်ရေးပစ္စည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
30 Nov 2018 12:36 pm တွင် တင်ခဲ့သည်
1997 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကျွန်တော်တို့နေထိုင်တဲ့ နေအိမ်တိုင်း နေအိမ်တိုင်းမှာ အိမ်နဲ့ပတ်သက်တဲ့ အိမ်ဆောက် ကိရိယာ တန်ဆာပလာတွေ ဆောင်ထားကြဖို့ လိုပါတယ်။ အိမ် တွင်းနေအခန်းများ ကျိုးပဲပျက်စီးခြင်းများ၊ အခန်းအသစ် ဖွဲ့ပြင်ဆင်ခြင်း များ အိမ်ခေါင်မိုး၊ အတွင်းပိုင်းအပြင်ပိုင်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ် ခန်း၊ ရေချိုးခန်း၊ အိမ်သာ အစရှိတဲ့ တစ်အိမ်စာ နေရာအတွက် ပြင်ဆင်ခြင်း များ၊ အ လှဆင်ခြင်းများပြုလုပ်မယ်ဆိုရင် အိမ်ဆောက်လုပ်ရေးပစ္စည်း ကိရိယာတွေက မရှိမဖြစ် လိုအပ်တာကြောင့် အိမ်တိုင်းမှာ ရှိထားသင့်တဲ့ အိမ်ဆောက် ပစ္စည်းတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

၁။ ဝက်အူလှည့် (Screwdriver)

မရှိမဖြစ်ဆောင်ထားသင့်တဲ့ အရာပါ။ ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံဖြစ်ပြီး အိမ်ဆောက်လုပ်ခြင်းမှာ များစွာအသုံးတည့်ပါတယ်။ ပစ္စည်းဝယ်ရ လွယ်ကူ တယ်။ ဈေးလည်းသက်သာတယ်။ သုံးစွဲရလွယ်ကူပြီး တစ်ခါဝယ်ထားရင် အချိန်နှစ်နဲ့ချီပြီး အသုံးပြုနိုင်ပါတယ်။

၂။ တူ (Hammer )

အိမ်နံရံ၊ တိုင်များ၊ သစ်သားများ တစ်ခုနဲ့တစ်ခု ခိုင်ခိုင်ခံ့ခံ့ ချိတ်ဆက်နိုင်ဖို့ သံ ချောင်းတွေကို တူနဲ့ရိုက်ထည့်အသုံးပြုနိုင်ပါတယ်။ ခိုင်ခံ့ပြီးကောင်း မွန် ပြီး အသုံးတည့်တဲ့ တူတစ်ချောင်းရှိမယ်ဆိုရင် သင့်အိမ်ရဲ့နှစ်ရှည် ခိုင်ခံ့မှု အတွက် စိုး ရိမ်စရာ မလိုတော့ပါဘူး။

၃။ ပလယ်ရာ (Pliers)

အိမ်ရိုက်သံတွေနဲ့ ဝါယာကြိုးခွေတွေ စွဲနှုတ်ရာ၊ ခွေရာတွေမှာ အလွန်အသုံး ဝင်ပါတယ်။ ကြေးနန်းကြိုး၊ သံကြိုးခွေများဖြတ်တောက်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

၎။ ဂွ (Crescent wrench)

သံချောင်း၊ သစ်သားချောင်းများ၊ တံခါးရွက်များ ခိုင်ခံ့အောင် ကြပ်ဖို့ဆိုရင် နတ် nuts အလုံးငယ်များခံပြီး ကြပ်ရပါတယ်။ အဲ့ဒီ့အတွက် ဒီ ဂွကိုအသုံးပြု ဖို့လိုပါတယ်။ နက်အရွယ်အစားကိုချိန်ပြီး ဂွရဲ့အကျယ်ကို ပြောင်းလဲ အ သုံး ပြုနိုင်ပါတယ်။ စတီး၊ သံထည်၊ အလူမီနီယမ်တို့နဲ့ ပြုလုပ်ထား တာကြောင့် ကျိုးပျက်စီးမှာကို မပူရပါဘူး။

၅။ ဝါယာကြိုးဖျက် ကတ်ကြေး (Wire cutter )

လက်နဲ့ခက်ခက်ခဲခဲ ဖြတ်တောက်ဖို့တောင် မလွယ်ကူတဲ့ ဝါယာကြိုးခွေ၊ မီးကြိုးခွေများကို ဒီဝါယာကြိုးဖျက်ကတ်ကြေးနဲ့ လွယ်ကူစွာပဲ ဖြတ်ယူနိုင် ပါတယ်။

၆။ လျှပ်စစ်လွန်းထိုးစက် (Power drill)

အိမ်အုတ်နံရံများ၊ သစ်သားနံရံများမှာ ပန်းချီကား၊ ခန်းစီလိုက်ကာချပ်များ၊ အဲကွန်းများ၊ ပန်ကာများ၊ အဝတ်ဗီဒို အကန့်များအသေတပ်ဆင်ထားခြင်းတို့ မှာ အုတ်နံရံတွေကို ဖောက်ထွင်းရာမှာအသုံးပြုနိုင်ပါတယ်။

၇။ ဓာတ်မီး (Flashlight)

မီးအလင်းအားကောင်းကောင်း လင်းတဲ့ဓာတ်မီးတစ်လက်က သင့်အိမ်တစ်ခု လုံးစာထိန်လင်းစေနိုင်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်သွားရင်ဖြစ်စေ၊ အရေးပေါ် မီးဆက်သွယ်လို့ မရသေးရင်ဖြစ်စေ နေရောင်ခြည်စွမ်းအင်သုံး၊ ဘက်ထရီ မီးအိမ်၊ မီးချောင်း၊ ဓာတ်မီးတို့ကို အလွယ်တကူအသုံးပြုနိုင်မှာပါ။

၈။ ဘက်စုံသုံးဓါး (Utility knife)

အသွားထက်ထက်နဲ့ အရွယ်အစားအကြီးအသေး ဘက်စုံသုံးဓါးတွေက စက္ကူ၊ သစ်သားပြား၊ ကြိုးခွေနဲ့ အခြားသော ဖြတ်တောက်အသုံးပြုရတဲ့ အရာများ ကို လွယ်လင့်တကူဖြတ်တောက်တဲ့ နေရာမှာ များစွာအသုံးဝင် ပါတယ်။

၉။ ပေကြိုး (Measuring tape)

အရမ်းအသုံးဝင်ပါတယ်။ သင့်အိမ်ခန်း၊ အကျယ်အဝန်း၊ ပရိဘောဂပစ္စည်း များသိုမှီးခြင်း၊ နေရာချထားခြင်း၊ အခန်းများကန့်ခြင်း၊ အကျယ်အဝန်းတိုင်း တာခြင်းတို့အတွက် ၂၅ ပေ ရှိတဲ့ ပေကြိုးခွေနဲ့တိုင်းတာနိုင်ပါတယ်။ လက် တစ်ဝါးစာသာသာရှိတဲ့ အရွယ်အစားကြောင့် သိမ်းဆည်းမှုကိုလည်း အလွန် လွယ်ကူစေနိုင်ပါတယ်။

၁၀။ ကော်စက် (Glue gun)

ဖန်ချပ်များ၊ မှန်ချပ်များ၊ ဖိုက်ဘာပြားများ၊ အလူမီနီယံကော်ပြားများ တစ်ခုနဲ့ တစ်ခုကပ်ရာတွင် ကြာရှည်စွာမြဲမြံခိုင်ခံ့စေရန် အရည်သွေးမြင့်ကော်များ အသုံးပြု၍ ကပ်ရပါတယ်။ ကော်စက်မောင်းတံ ညှစ်ဆွဲလိုက်ရုံနဲ့ ကော်များ လိုအပ်သလိုထွက်လာပြီး ကပ်လိုတဲ့ အရာဝတ္ထုတွေပေါ် အလွယ်တကူ ကပ် စေ အသုံးပြုလို့ရနိုင်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service