အိမ်သစ်မှာ နေထိုင်တော့မယ်ဆိုရင် အရင်ဆုံးပြုပြင်ပြင်ဆင်ပြီး နေထိုင်ရမယ့် အရေးကြီးအစိတ်အပိုင်းတွေ

အိမ်သစ်မှာ နေထိုင်တော့မယ်ဆိုရင် အရင်ဆုံးပြုပြင်ပြင်ဆင်ပြီး နေထိုင်ရမယ့် အရေးကြီးအစိတ်အပိုင်းတွေ - Property Knowledge in Myanmar from iMyanmarHouse.com
28 Nov 2018 12:22 pm တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

နေအိမ်နဲ့ နေရာထိုင်ခင်းအသစ်တစ်ခု ပြောင်းလဲပြီးတော့ နေထိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ တစ်နေရာကနေတစ်နေရာကို ပြောင်းလဲပြီးတော့ နေထိုင်မယ်ဆိုရင် အစစအရာရာ အစကနေ အားလုံးပြင်ဆင်ပြီးတော့ နေထိုင်ရပါတယ်။မိမိကိုယ်တိုင်ရော၊မိသားစုအတွက်ရော၊ နေရာထိုင်ခင်းအသစ် အိမ်အသစ်အတွက်ရော အားလုံးပြင်ဆင်ပြီး နေထိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ နေစရာအသစ်တစ်ခုက မိမိနဲ့အဆင်ပြေမပြေနဲ့ နေထိုင်ဖို့ လုံခြုံစိတ် ချရမှု ရှိမရှိ အချက်တွေက အလွန်အရေးကြီးပါတယ်။

ဒါ့ကြောင့်မို့လို့ နေရာထိုင်ခင်းအသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်တော့မယ်ဆိုရင် အရေးကြီးတဲ့ ပြောင်းလဲပြင်ဆင်ထားရမယ့် အစိတ်အပိုင်းတွေအ ကြောင်း ဖော်ပြပေးလိုက်ပါတယ်….

၁။ နေအိမ်အသစ်ရဲ့ လုံခြုံရေး သော့တွေကို အသစ်ပြောင်းလဲတပ်ဆင်ပါ။ အရေးအကြီးဆုံးအချက်ပါပဲ။ ယခင်က တပ်ဆင်ထားတဲ့ သော့အဟောင်းတွေကိုလဲလှယ်ပြီး သော့အသစ်တွေ ပြောင်းလဲ တပ်ဆင်သင့်ပါတယ်။ အိမ်ရဲ့ခြံဝင်းတံခါးတွေ၊ တံခါးမကြီး၊ နောက်ဖေးဘက် တံခါးနဲ့ လိုအပ်လာလျှင် ပြတင်းတံခါးချပ်တွေက သော့ တွေ အားလုံးကို အသစ်တွေနဲ့ ပြောင်းလဲ တပ်ဆင်သင့်ပါတယ်။ ဒီ့ထက်ပိုပြီး လုံခြုံစိတ်ချမှု ရှိချင်တယ်ဆိုပါကလည်း သိပ်ပြီးတော့ မခိုင်ခံ့တော့တဲ့ တံခါးချပ်တွေ၊ ခြံဝင်းတံခါးတွေကို အသစ်တွေ ပြောင်းလဲတပ်ဆင်လိုက်ပါ။

၂။ လုံခြုံရေးအချက်ပြစနစ်တွေ ပြောင်းလဲတပ်ဆင်ပါ။ ညဘက် လုံခြုံရေးမီး၊ မီးအချက်ပေးအလမ်း၊ တံခါးဘက်ထရီ၊ မီးအလင်း ရောင်အချက်ပြမီးစနစ်၊ အရေးပေါ်ခေါင်းလောင်း၊ အရေးပေါ် အချက်ပြမီးစနစ်၊ စသဖြင့် လုံခြုံရေးစနစ်တွေရဲ့ လျှပ်စစ်ဓာတ်အား အသစ်၊ ဓာတ်ခဲအသစ်၊ မီးအလင်း ဝါယာစနစ် စတာတွေကို အသစ်လဲလှယ်တပ်ဆင်ပြင်ဆင်သင့်ပါတယ်။

၃။ ရေအသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ ရေသွယ်တန်းမှု၊ ရေပိုက်သွယ် တန်းမှု၊ ရေထုတ်ယူမှု စတာတွေကိုလည်း စစ်ဆေးပြီး အသစ်ပြင်ဆင် ပြုပြင်တပ်ဆင်ပါ။ ရေမော်တာ၊ ရေစုပ်ယူမှု ကောင်းမကောင်း၊ ရေတင်ခန်း၊ ရေလှောင်ကန်၊ စသဖြင့် ရေအရင်းမြစ်ထုတ်ယူသုံးစွဲ မှု ပင်မနေရာတွေကို စစ်ဆေးသင့်ပါတယ်။ ရေပိုက်ခေါင်းတွေ၊ ရေစစ်၊ ရေမော်တာ၊ ခလုတ်၊ ရေလွှဲသအစရှိသဖြင့် အစိတ်အပိုင်းတွေကို စစ်ဆေးပါ။ ရေအသုံးပြုမှုကောင်းမွန်ခြင်းနဲ့ လုံလောက်တဲ့သုံးရေရ ရှိမှုက နေအိမ်တွေအတွက် အရေးကြီးဆုံး အဓိကအကျဆုံးအချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်အိမ်လုံးစာရေအသုံးပြု မှုအတွက် အဆင်ပြေနိုင်ဖို့ ရေအသုံးပြု မှုနဲ့ ရေရရှိမှု စနစ်တွေကို ပြန်လည် စစ်ဆေးပြီးပြုပြင်သင့်ပါတယ်။

၎။ မီး၊ လျှပ်စစ်ဓာတ်အားကြိုးသွယ်တန်း အသုံးပြုမှုတွေကိုလည်း စစ်ဆေးပါ။ မီးဘေးမတော်တဆမှုတွေနဲ့ လျှပ်စစ်ဓာတ်အားလုံခြုံစွာ ရရှိနိုင်ဖို့အတွက် ယခင်က မီးလျှပ်စစ်မီး အသုံးပြုမှုတွေကိုလည်း စစ်ဆေးသင့်ပါတယ်။ လျှပ်စစ်ဓာတ်အားပင်မကနေ မိမိအိမ်ဆီသို့ သွယ်တန်းဖြန့်ဖြူးရာအထိကို လုံခြုံမှုရှိမရှိ၊ လျှပ်စစ်ဓာတ်အားသွယ်တန်းတဲ့ ဝါယာကြိုးတွေ၊ ခလုတ်တွေ၊ ဆားကစ်တွေ၊ မော်တာ၊ မီးအားမြှင့်စက် အစရှိသဖြင့် လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေအားလုံးကို ပြုပြင် စစ်ဆေးသင့်ပါတယ်။

၅။ ရေတူးမြောင်းနဲ့ ရေဆိုးထွက်ပေါက် လမ်းကြောင်းတွေကို ရှင်းလင်းတူးဖော်ပါ။ ယခင် နေထိုင်ပြီးသား၊ ဒါမှမဟုတ် ကာလကြာရှည်စွာမတူးဖော်ရသေးတဲ့ ရေတူးမြောင်းအဟောင်းတွေကို ပြန်လည်တူးဖော်ပြီးတော့ အသစ်ဖောက်လုပ်ပါ။ ဒါမှသာ မိမိအိမ် တွင်းက စွန့်ပစ်တဲ့ ရေဆိုးနဲ့ အညစ်အကြေးတွေ အားလုံးကို ပြင်ပသို့ စနစ်တကျ စွန့်ပစ်နိုင်မှာ ဖြစ်ပါတယ်။ ခြံဝင်းကနေ အိမ်ပြင်ပသို့ ရေစီးသွားရာလမ်းကြောင်းက အမှိုက်သရိုက်တွေကို ရှင်းလင်းပါ။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service