နောက်ကြောင်းပြန်ဂရန်မြေ ၀ယ်မိရင်လေ

နောက်ကြောင်းပြန်ဂရန်မြေ ၀ယ်မိရင်လေ - Property Knowledge in Myanmar from iMyanmarHouse.com
16 Nov 2018 12:54 pm တွင် တင်ခဲ့သည်
2439 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ရန်ကုန်မြို့တော်ခန်းမအတွင်း ၀င်လိုက်သည်နှင့် စည်ကား များပြားလှတဲ့ လူအများကိုတွေ့မြင်ရပါ တယ်။ လာရောက်ကြသူအများစုမှာ မြို့ ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက အခန်း တိုင်းမှာ မြင်တွေ့ရပါတယ်။ အခန်းအပြင် မှာ ထိုင်စောင့်နေသူများရှိသလို မိမိတို့နဲ့ သက်ဆိုင်တဲ့မြို့နယ် မြေစီမံခန့်ခွဲမှုဌာနတွေ မှာ ၀င်ထွက်စုံစမ်းနေသူတွေကိုလည်း မြင် တွေ့ရပါတယ်။

ရည်ရွယ်ချက်အမျိုးမျိုးနဲ့ မြေပုံကူးလာကြ သူတွေ

မြို့တော်ခန်းမကိုလာပြီး ဒီလို စုံစမ်းကြသူအများစုဟာ မိမိတို့လျှောက်ထား ချင်တဲ့ လျှောက်ထားဆဲဖြစ်တဲ့ ဂရန်စာအုပ် ရဖို့လာတဲ့လူတွေလည်းရှိတယ်။ ဂရန်မြေနဲ့ ဘိုးဘပိုင်မြေတွေကို ပြန်ရောင်းချင်လို့ပဲ ဖြစ်စေ၊ သားသမီးတွေကို အမွေခွဲပေးခဲ့ချင် လို့ပဲဖြစ်စေ အပြန်အလှန်စွန့်လွှတ်စာချုပ် ချုပ်ချင်လို့ပဲဖြစ်စေ၊ တရားရုံးက အနိုင်ဒီကရီ ရလို့ အရောင်းအ၀ယ်စာချုပ်ချုပ်ဖို့ပဲဖြစ် စေ၊ အမျိုးမျိုးသောရည်ရွယ်ချက်တွေနဲ့ လာရောက်ကြသူတွေ များပြားကြောင်း လေ့ လာတွေ့ရှိရပါတယ်။

မြို့တော်ခန်းမ လာကြသူတွေကြည့်ရတာ ပျော်ရွှင်တဲ့ပုံမပေါ်ပါ

အခုလိုလာရောက်ကြသူအများစု ကိုကြည့်ရတာ အရမ်းကြီးပျော်ပျော်ရွှင်ရွှင် နဲ့ လှုပ်ရှားနေတဲ့ပုံမျိုးတော့ မပေါ်ပါဘူး။ အလုပ်ကိစ္စတစ်ခုအတွက် တစ်စုံတစ်ရာကို လေးလေးပင်ပင် စဉ်းစားတွေးနေတဲ့ပုံမျိုး ပါပဲ။ သူတို့အမူအရာတွေကို လေးလေးပင်ပင် စဉ်းစားတွေးနေတဲ့ပုံမျိုးပါပဲ။ သူတို့အမူ အရာတွေကြည့်ရတာလာရင်းကိစ္စတွေမှာ အချိန်မီမပြီးတာကြောင့် စိတ်ရှည်ရှည်နဲ့ လာရောက်စောင့်ဆိုင်းနေရတယ်ဆိုတာ မျက်နှာမှာအထင်းသားပေါ်နေပါတယ်။ သူတို့လိုပဲ အိမ်ခြံမြေကိစ္စတွေကို ကိုယ်တိုင်လာရောက်လုပ်ကိုင်ဖို့အတွက် စိတ်အားထက်သန်စွာနဲ့ ရောက်လာတဲ့ ကိုထက်လင်းအောင်တစ်ယောက် သူတို့ကို ကြည့်ပြီး ဘာကြောင့်များလဲလို့ စဉ်းစားနေမိပါတယ်။ သို့သော် မကြာခင်မှာပဲ မြေပုံကူး ကိစ္စတွေကို ဆောင်ရွက်ကြည့်တဲ့အခါမှာ တွေ့လာရပါတော့တယ်။

မြေပုံလိုချင်လို့သာလာခဲ့ရ ကိုယ်လိုသူလို လူကများသဗျ

ထက်လင်းအောင် မြေပုံကူးလာ လျှောက်တဲ့ကိစ္စက မြေနဲ့အိမ်ကို ရောင်းဖို့ အတွက်ပါ။ သူ့အမည်ပေါက်တော့ မဟုတ် သေးပါဘူး။ ယခင်အမည်ပေါက်မြေဖြစ်ပါတယ်။ မိဘနှစ်ပါးကွယ်လွန်သွားလို့ သား ဖြစ်သူက အမွေဆက်ခံတာပါ။ မိဘနှစ်ပါး မရှိတော့ပေမယ့် ဂရန်ကိုတော့ သူ့အမည်မပြောင်းရသေးဘဲ နေလာခဲ့တာပါ။ အခုတော့ မြေနဲ့အိမ်ရောင်းပြီး စီးပွားရေးလုပ်ငန်းတစ်ခုပြောင်းလုပ်ချင်တာနဲ့ ရောင်းဖြစ်သွားတာပါ။ စရန်ငွေယူပြီးတဲ့နောက်မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ကြီး ချုပ်နိုင်ဖို့ အတွက် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပေးရမယ်။ အခွန်ရုံးကိုတင်ပြပေးရမယ်။ ပြီးတော့မှ မြေနှင့်အိမ်အရောင်းအ၀ယ်စာချုပ် ကို မှတ်ပုံတင်စာချုပ်ပေးဖို့ စာချုပ်ရုံးသွားပေးရမယ်။ ဒါတွေဆောင်ရွက်ပေး နိုင်ဖို့အတွက် မြေစီမံဌာနမှာ ပိုင်ဆိုင်ကြောင်း စာချုပ်ဖို့နဲ့ အရောင်းအ၀ယ်စာချုပ်ချုပ်ဖို့အတွက် မြေပုံနှစ်မျိုးကူးရအောင်လာခဲ့တာပါ။

ပွဲစားပြောသမျှမယုံရ တကယ်လုပ်ကြည့် တော့မှ အတွေ့အကြုံရ

စရန်ပေးစာချုပ်ချုပ်စဉ်က အိမ်ခြံ မြေပွဲစားတွေပြောပုံအရဆိုရင် တစ်လခွဲ ခန့်ကြာရင် ပိုင်ဆိုင်+အရောင်းမြေပုံနှစ်မျိုး စလုံးရတယ်ဆိုလို့ အားရ၀မ်းသာနဲ့လာခဲ့ တာပါ။ ယုံကြည်မှုအပြည့်နဲ့ တကယ်လျှောက် ထားကြည့်တဲ့အခါမှာတော့ ပွဲစားတွေမှာ ကြားလိုက်သလို တစ်လခွဲနဲ့မရမှန်းသိလာ ရပါတော့ Special Power ယူပြီး ကျန်ငွေ ပေးချေဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဒီတော့ဘယ်သူမှ မမှားကြပါဘူး။ မမျှော်လင့်ဘဲ စည်ပင်မြေစီမံဌာနမှာ မြေပုံထုတ်ရင် ကြန့် ကြာသွားတာကို ခွင့်လွှတ်ပါလို့ ညှိနှိုင်းပေးလိုက်တော့မှ နှစ်ဖက်စလုံး အဆင်ပြေသွား ကြပါတယ်။ ၀ယ်သူကတော့ အထူးကိုယ်စား လှယ်လွှဲစာ Sp ယူပြီးတဲ့နောက်မှာ ပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်တာတို့ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်တာကိုတော့ ဆက်လက်ဆောင်ရွက်ရပါဦးမယ်။ ဒါကြောင့် မြေ၀ယ်ပြီဆိုရင် စိတ်ရှည်သည်းခံဖို့လိုလည်း လိုအပ်ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အချိန်ပိုမို ကြန့်ကြာသွားရင်လည်း သူ့ဘက်ကိုယ့်ဘက် အငြင်းအခုံမလုပ်ဘဲ ပြေလည်အောင်ညှိနှိုင်း သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

စာချုပ်ရင် စိတ်မလောပါနဲ့ အမှားကြုံတတ်တယ်

ဒီတော့မှပဲ ထက်လင်းအောင် တစ်ယောက် မြို့တော်ခန်းမကို လာတဲ့နေ့ က တွေ့ရတဲ့သူတွေရဲ့မျက်နှာမရွှင်မပြဖြစ် ရခြင်းအကြောင်းကို သဘောပေါက်သွားပါ တော့တယ်။ မြို့တော်စည်ပင်မြေယာဌာန မှာ ရောင်းဖို့၊ ၀ယ်ဖို့၊ အိမ်ဆောက်ဖို့၊ ခြံစည်း ရိုးကာဖို့၊ စွန့်လွှတ်ကြောင်းစာချုပ်ဖို့နဲ့ မေတ္တာနဲ့အပိုင်ပေးဖို့ စတဲ့ကိစ္စတွေအတွက် မြေပုံကူးချင်တယ်ဆိုရင် အချိန်ပိုပေးရတယ်ဆို တာရယ်၊ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး မှရတယ်ဆိုတာရယ်၊ ဒါတွေကိုနှစ်ဘက်သဘော ပေါက်ပြီးမှ မြေနဲ့ အိမ်အရောင်းအ၀ယ် စာချုပ်ကြပါလို့ အကြံပေးလိုက်ရပါတယ်။ ၊

သုခီအတ္တနံ ပရိဟရန္တု

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service