အိမ်ခြံမြေ၀ယ်ယူလိုသူများ သတိပြုစရာ တလင်တစ်မယားစနစ်ဥပဒေအရ ကွာရှင်းပြီးနှစ်ဦးပိုင် အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်

အိမ်ခြံမြေ၀ယ်ယူလိုသူများ သတိပြုစရာ တလင်တစ်မယားစနစ်ဥပဒေအရ ကွာရှင်းပြီးနှစ်ဦးပိုင် အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Oct 2018 12:29 pm တွင် တင်ခဲ့သည်
1726 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

''ပူးတွဲအမည်ပေါက် မြေနဲ့အိမ် ကိုဝယ်ရင် အရောင်းစာချုပ်မှာ အမည်ပေါက်သူနှစ်ဦးလုံးက လက်မှတ် ထိုးရမှာလား ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်မေး မြန်းဆွေးနွေးလာပါသည်။

''ဥပဒေအရဆိုရင်တော့ ပိုင်ရှင်အားလုံးက သဘောတူလက်မှတ်ထိုး မှ တရားဝင်အရောင်း အဝယ်မြောက် မှာဖြစ်တယ်။ ဝယ်ဖို့ စိတ်ကူးထားတဲ့ မြေကွက်က ဂရန်မြေလား။ အမည် ပေါက်က ဘယ်နှဦးပူးတွဲအမည် ပေါက်နေသလဲ''

''ဂရန်မြေဖြစ်ပြီး လင်မယားနှစ် ဦးပူးတွဲ အမည်ပေါက်ဖြစ်နေတယ်''

''ပူးတွဲပိုင်ရှင်တစ်ဦးက အခြားပူးတွဲပိုင်ရှင်ထံ လုပ်ပိုင်ခွင့်ကိုယ်စား လှယ်စာ လွှဲပြောင်းပေးထားတာရှိရင်တော့ ကိုယ်စားလှယ်စာရသူက တစ်ဦးတည်း လက်မှတ်ရေးထိုး ရောင်းပိုင်ခွင့်ရှိပါတယ်''

''ခက်တာက လင်မယားနှစ် ယောက် ကွဲနေကြတယ်လို့ ပြောပါ တယ်''

''ဆက်သွယ်လို့ရတယ် မဟုတ်လား။ အခုရောင်းမယ်ဆိုတာက လည်း လင်မယားနှစ်ယောက် ပစ္စည်း ခန်း ခွဲဝေရယူဖို့ ဖြစ်မှာပေါ့''

''ကွဲနေတာက နှစ်နှစ်လောက် ရှိပြီပြောတယ်။ အဆက်အသွယ်လည်း မရှိကြဘူး။ လင်ယောက်ျားဖြစ် သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်လို့ သတင်းကြားကြောင်း ပြော ပါတယ်။ ဇနီးသည်တစ်ဦးတည်းက လက်မှတ်ထိုးလို့ မရဘူးလား ဆရာ''

''အစောကပြောသလို လင် ယောက်ျားထံမှ ကိုယ်စားလှယ်လွှဲစာ ရရှိထားမယ်ဆိုရင်တော့ ဇနီးတစ်ဦး တည်းက ရောင်းသူအဖြစ် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်မှာဖြစ်တယ်''

''ကိုယ်စားလှယ်လွှဲစာပေးထားတယ်လို့တော့ ပြောသံမကြားဘူး ဆရာ။ တကယ်လို့ လင်ယောက်ျားထံမှ ကိုယ်စားလှယ်လွှဲစာပေးထားတာ လည်း မရှိ၊ လင်ယောက်ျားဘယ်မှာ နေမှန်းလည်း မသိ၊ အဆက်အသွယ် မရရင် ဘယ်လိုဖြစ်နိုင်သလဲဆရာ''

''အိမ်မြေအရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမယ်ဆိုရင်တော့ အမည်ပေါက်သူ လင်မယားနှစ်ဦးလုံး က လက်မှတ်ရေးထိုးရမှာဖြစ်တယ်။ လင်မယားကွဲနေတယ်ဆိုတော့ တရား ဝင်ကွာရှင်းစာချုပ်ရှိသလား''

''အိမ်ပိုင်ရှင် အမျိုးသမီးပြောတာက သူ့ခင်ပွန်းနဲ့ တရားရုံးမှာ ကွာ ရှင်းလက်မှတ်ရေးထိုးတာဖြစ်လို့ ခင်ပွန်းသည်အနေနဲ့ အိမ်မြေရောင်းတဲ့ ကိစ္စကို ကန့်ကွက်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။ စိတ်ချဝယ်ပါ။ သူ တာဝန်ယူတယ်လို့ ပြောတာပဲ ဆရာ''

''ကွာရှင်းစာချုပ်မှာ ပစ္စည်းခန်း ခွဲဝေထားတာရှိလို့လား။ ဥပဒေအရ တော့ ပူးတွဲပိုင်ရှင်က သူ့ဝေစုကို အ ခြားပူးတွဲပိုင်ရှင်အား စွန့်လွှတ်ကြောင်း စွန့်လွှတ်စာချုပ် ချုပ်ဆိုထားဖို့လို တယ်။ ကွာရှင်းစာချုပ်ကို ဖတ်ကြည့် ခဲ့လား''

''တရားရုံးမှာ နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာတော့ မှန်တယ် ဆရာ''

''ပစ္စည်းခွဲဝေတဲ့ကိစ္စမပါဘူး လား''

''ပစ္စည်းခန်းတော့ ခွဲဝေတာ မပါဘူးထင်တယ်ဆရာ။ မွေးဖွားတဲ့ သမီးကိုတော့ မိခင်ဖြစ်သူက တာဝန် ယူမယ်လို့ ဖတ်လိုက်ရတယ်''

''တစ်ခါတစ်ရံကြတော့ လွယ်လွယ်ကူကူ မိတ္တူဆိုင်တွေမှာရှိတဲ့ ကွာ ရှင်းစာချုပ်တွေကို သုံးလေ့ရှိကြတယ်။ အဲဒီကွာရှင်းစာချုပ်တွေက ယေဘူယျ သဘောရေးထားကြတာလေ။ ပစ္စည်း ခန်း ထည့်ဖော်ပြလေ့မရှိဘူး''

''အဲဒီလောက်တော့ ကျွန်တော် လည်း နားမလည်တော့ဘူးဆရာ။ အမျိုးသမီးပြောတာက တစ်လင်တစ် မယားစနစ်အရ ယောက်ျားဖြစ်သူအနေနဲ့ ဘာပစ္စည်းမှရပိုင်ခွင့်မရှိဘူးလို့ ပြောတယ် ဆရာ။ ဘယ်လိုအဓိပ္ပာယ် နဲ့ ပြောတယ်ဆိုတာတော့ ကျွန်တော် သဘောမပေါက်ဘူး ဆရာ''

''တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ လင်မယားကွာရှင်းခဲ့မယ်ဆိုရင်တော့ အိမ် ထောင်ရေးပြစ်မှုကျူးလွန်သူက နှစ်ဦး ပိုင်ပစ္စည်းနှင့် ပတ်သက်၍ ၄င်း၏ အခွင့်အရေးရပိုင်ခွင့်များ ဆုံးရှုံးခံရ မည်လို့ ပုဒ်မ -၁၅ မှာ ပြဋ္ဌာန်းထား ပါတယ်''

''အိမ်ထောင်ရေးပြစ်မှုဆိုတာ က အိမ်ထောင်ရေးဖောက်ပြန်မှုကို ဆိုလိုတာလားဆရာ''

''နိုင်ငံခြားမှာ အလုပ်သွားလုပ် တဲ့သူဆိုတော့ တခြားမိန်းမနဲ့အတူ တကွ ပေါင်းသင်းနေတဲ့ကိစ္စရှိမယ် ထင်တယ်''

''တရားမဝင် နေထိုင်ပေါင်းသင်း ခဲ့ရင်လည်း အိမ်ထောင်ရေးပြစ်မှု ကျူးလွန်တာပဲလား ဆရာ''

''နားလည်အောင်ပြောရရင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၂ မှာ မည်သူ မျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာအရဖြစ်စေ၊ ထိမ်း မြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှုမပြုရ။ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင် ပေါင်းသင်းခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ တရားမဝင်ပေါင်းသင်းနေ ထိုင်ရင်လည်း အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်ရာရောက်ပါတယ်''

''ထောင်ဒဏ်အပြစ်ကျနိုင် တယ်လို့ သိထားပါတယ်။ ဟုတ်ပါသလား''

''မှန်ပါတယ်။ ယင်းဥပဒေပုဒ်မ (၁၃) အရ ပြစ်မှုကျူးလွန်သူက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့ အပြင် တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ အိမ် ထောင်ရေး ပြစ်မှုကျူးလွန်သူကို ကျန်သည့် မယားသို့မဟုတ် လင်ကလင်မယားကွာရှင်းခွင့်ရှိတဲ့အပြင် အိမ် ထောင်ရေးပြစ်မှုကျူးလွန်သူက နှစ်ဦး ပိုင်ပစ္စည်းနှင့် စပ်လျဉ်းပြီး အခွင့်အ ရေးဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်''

''ဒါဆိုရင် အခုအိမ်မြေအရောင်း အဝယ်ကိစ္စမှာလည်း လင်မယားကွာ ရှင်းတာက တလင်တစ်မယားစနစ် ဥပဒေအရ ကွာရှင်းတာဖြစ်လို့ လင် ယောက်ျားအနေနဲ့ ပစ္စည်းခန်း ခံစား ခွင့်မရှိလို့ ပြောတာဖြစ်မယ် ဆရာ''

''မှန်ပါတယ်။ အဲဒီသဘောနဲ့ ကွာရှင်းကြတာ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ကွာရှင်းစာချုပ်မှာ ပစ္စည်းခန်းပါ ထည့်သွင်းချုပ်ဆိုဖို့ လိုတယ်''

''ကွာရှင်းစာချုပ်မှာ ပစ္စည်းခန်း ခွဲဝေခြင်းမပါဘူးဆိုရင် အခုလိုကိစ္စ တွေမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲ ဆရာ''

''လင်မယားကွာရှင်းပြတ်စဲရာ တွင် တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ ကွာရှင်း ခြင်းဖြစ်၍ လင်ဝေစုကို စွန့်လွှတ်ကြောင်းနှင့် အိမ်နှင့်မြေကို မယား တစ်ဦးတည်းကသာ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာမှုအဖြစ် တရားရုံးမှာ လျှောက်ထားရမှာဖြစ်ပါတယ်''

'' တရားရုံးက မယားတစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကြေညာပေးခဲ့ရင် တော့ ဇနီးတစ်ဦးတည်း လက်မှတ်နဲ့ အရောင်းစာချုပ်ပြုလုပ်ချုပ်ဆိုရပြီ ပေါ့နော် ''

'' မှန်ပါတယ်။ ဒါကြောင့် လင်မယားကွာရှင်းစာချုပ်တွေမှာ ပစ္စည်းခန်း သားသမီးရှိရင်သားသမီးကို အုပ်ထိန်းခွင့်ကိစ္စရပ်တွေပါ ထည့်သွင်းချုပ်ဆိုသင့်ပါတယ် ''ဟု ဗဟုသုတအ ဖြစ် ရှင်းပြဆွေးနွေး လိုက်ပါသည်။

 

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service