B.C.C ဆိုု သတိထားပါ

B.C.C ဆိုု သတိထားပါ - Property Knowledge in Myanmar from iMyanmarHouse.com
26 Oct 2018 1:48 pm တွင် တင်ခဲ့သည်
3665 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ကျွန်မ မြန်မာအိမ်ပွဲစား ဂျာနယ်ထဲက ဆရာရဲ့မေးဖြေတွေကို အမြဲ ဖတ်ရပါတယ်။ အကျိုးဆောင်တွေက မေးပြီးဆရာ့လို ဝါရင့် အကျိုးဆောင်ကြီးက ဖြေပေးနေတာမို့ လေးလေးစားစားဖတ်မှတ် လိုက်နာမိပါတယ်။ ဒီကြားထဲကနေ ပြီးခဲ့တဲ့လမှာ B.C.C မကျသေးတဲ့ တိုက်ခန်းတစ်ခန်းကို ပွဲစားလုပ်ပြီး ဝယ်ပေးမိခဲ့ပါတယ် ။

ဝယ်သူကလည်း ရိုးရိုးသားသားနဲ.ပဲ အတင်းတက်နေတော့တာပါပဲ။ အခုတော့ သက်ဆိုင်ရာက လာပြီး စစ်ဆေးပါတယ်။ လောလောဆယ် နေထိုင်သူ သုံးဦး ရှိကြပါတယ် ။ သူတို့အားလုံးကို ဒဏ်ရိုက်မယ်လို့ ပြောသွားပါတယ်။

ဘာတွေ ဖြစ်လာနိုင်သလဲ ဆရာ ။ ဖြေပေးပါဦး B.C.C ကို သတိထားကြပါလို့ဆရာလည်း ကြုံတိုင်း အမြဲသတိပေးနေတာပါ ။ ခုလိုဖြစ်လာမှတော့ ဘာမှ မတတ်နိုင်ပါဘူး ။

• ဝယ်တာက ကန်ထရိုက်ဆီကလား

• တိုက်ပိုင်ဆီကလား

• တစ်ဆင့်လား

• သူတို့တွေကလည်း ဘယ်လို ကတိစကားတွေ ရှိခဲ့ပါသလဲ

• စာချုပ်မှာကော B.C.C နဲ့ပက်သက်လို့ဘယ်လိုထည့်ရေးထားကြသလဲ ဆိုတာကိုသာ အဖြေလိုက်ရှာပါတော့။

လွယ်ကူရင်တော့ ပြန်ပြီး ခေတ္တဖယ်ပေးလိုက်တာ အကောင်းဆုံး အနေအထားပါ။ မဟုတ်ရင် စည်ပင်သာယာရေး ဥပဒေအရ တစ်နေ့ကို ဒဏ်ငွေ တစ်သောင်းမှ ငါးသောင်းအထိ ရိုက်နိုင်ပါတယ်။ နောက်ဆက်တွဲ အပြစ်ဒဏ်တွေလည်း ရှိနိုင်တာမို့အမြန်သာ ဖြေရှင်းလိုက်ကြပါ။ခင်ဗျားကလည်း အကျိုးဆောင်းခ ယူထားတာမို့ကူညီဖြေရှင်းပေးလိုက်စေလိုပါတယ်။ မဟုတ်ရင် ခင်ဗျားလည်း နာမည်ပျက်မယ်။ တိုက်ခန်းဝယ်သူလည်း အများကြီး နစ်နာနိုင်စရာ ရှိပါတယ်။

ကဲပါ… စိတ်အေးအေးထားပြီး ဖြေရှင်လိုက်ပါ။ နောက်တော့ B.C.C ဆိုရင် သတိထားပြီး ရောင်းဝယ်ကြပါ။ အရေးကြီးဆုံက တာဝန်ကိုဘယ်သူ ယူတယ်ဆိုတာနဲ့ ဘယ်လိုတာဝန်ယူတယ် ဆိုတာတွေကို စာချုပ်မှာချုပ်ဖြစ်အောင် ထည့်ချုပ်ဖို့လိုပါတယ်။

B.C.C ( Building Completion Certificate ) ဆိုသည်မှာ အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ နေထိုင်အသုံးပြုခွင့်ပေးခြင်း

ရန်ကုန်မြို.တော်စည်ပင်သာယာ နယ်နမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းကို ကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောက်လုပ်ရမည် ဖြစ်ပါသည်။ အဆောက်အအုံမပြီးစီးမီနှင့် လူနေထိုင်ခွင့် B.C.C မရရှိမီ လူနေထိုင်ခြင်းမပြုရဘဲ အဆောက်အအုံပြီးစီး၍ တစ်လအတွင်း လူနေထိုင်ခွင့်လျှောက်ထားရန် လိုအပ်ပါသည် ။

အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်း တင်ပြစာရရှိသည့်အခါ အင်ဂျင်နီယာဌာန ( အဆောက်အအုံ) သည် ယင်းအဆောက်အအုံအား ရက်ပေါင်း ၃၀ အတွင်း စစ်ဆေး၍ ကော်မတီသို.တင်ပြပြီး ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ပြီးစီးကြောင်း တွေ့ရှိပါက ယင်းအဆာက်အအုံတွင် နေထိုင်အသုံးပြုခွင့် ထုတ်ပေးပါသည်။

ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားစွာ ဆောက်လုပ်ထားကြောင်း တွေ့ရှိပါက အဆောက်အအုံတွင်နေထိုင်အသုံးပြုခွင့်မပေးဘဲ ယင်းအဆောက်အအုံကို ခွင့်ပြုချက်ပုံစံနှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင်ဆောက်လုပ်ရန် ညွှန်ကြားပါသည်။

 

Credit: ကြည်စိုး ( IC)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service