ပါမစ်မြေရဲ့ ပရိယာယ်ဂရန်ထွက်နေတာလဲ ရှိတတ်တယ်

ပါမစ်မြေရဲ့ ပရိယာယ်ဂရန်ထွက်နေတာလဲ ရှိတတ်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2018 1:40 pm တွင် တင်ခဲ့သည်
2099 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်ခြံမြေဝယ်ယူကြတဲ့အခါမှာ အခွန်မဆောင်ဘဲ ဂရန်အမည်ပေါက်ရတဲ့ ပါမစ်မြေကို လူတော်တော်များများက ကြိုက်ကြတယ် ။ အဲဒါကြောင့်လည်း အိမ်ခြံမြေပွဲစားတွေနဲ့ တွေ့ရင်ပါမစ်မြေကွက်ကို အရင်ပြပါလို့ တောင်းဆိုကြတယ် ။ပါမစ်မြေကို ကြိုက်တာတော့မှန်ပါရဲ့ ။ပါမစ်မြေဝယ်တော့မယ်ဆိုရင် အထူးသတိထားဝယ်ယူဖို့တော့ လိုပါတယ် ။

ဘာကြောင့်လည်းဆိုတော့ ပါမစ်မြေတော်တော်များများက ပရိယာယ်တွေ ၊ မာယာတွေများလွန်းတဲ့အတွက်ကြောင့်ပါ ။ ပါမစ်မြေများကိုများသောအားဖြင့် ၁၉၈၈ ခုနစ် ၊ အရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်မြို့ကွက်သစ်တွေမှာတွေ့ရပါတယ် ။ဥပမာ- ဒဂုံမြို့သစ်ပိုင်းမှာ(၄)မြို့နယ်နဲ့ လှိုင်သာယာ ၊ ရွှေပြည်သာမြို့နယ်တွေကို ပြောချင်တာပါ ။

ယခင်မြို့ကွက်သစ်တွေချထားပေးခဲ့တဲ့တောင်ဥက္ကလာပ ၊ မြောက်ဥက္ကလာပ ၊ သာကေတမြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ် တွေမှာလည်း ဂရန်မလုပ်ဖြစ်လို့ ကျန်ရှိခဲ့တဲ့ ပါမစ်မြေအချို့လည်းရှိပါသေးတယ် ။

အဲဒါကြောင့်ပါမစ်မြေတွေဝယ်တဲ့အခါ အတော်စေ့စပ်သေချာဖို့လိုပါတယ် ။ပါမစ်အဟောင်းတွေနဲ့တွေ့ရင် အတုအစစ်ဘယ်လိုခွဲမလဲ ။ ပါမစ်အစစ်တွေကို ဝယ်ရင်ကော ၊ အတုအစစ်ဘယ်လိုခွဲမလဲ စဉ်းစားရပါတယ် ။အရင်ကတော့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှာ ပြေးစစ်ကြည့်လို့ရပါတယ် ။အခုတော့ အိုးအိမ်ဦးစီးဌာနကလည်း လက်ခံစစ်ဆေးပေးခြင်းမရှိတော့ဘူးလို့ သိရပါတယ် ။

ဘာကြောင့်စစ်ဆေးမပေးတာလည်းဆိုတော့ လုပ်ငန်းအားလုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို လွှဲပြောင်းပေးပြီးဖြစ်လို့ ဟု သိရပါတယ် ။ဒါကြောင့်အခု ပါမစ်မြေဝယ်ရင်ပဲဖြစ်ဖြစ် ၊ ဂရန်မြေဝယ်ရင်ပဲဖြစ်ဖြစ် ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကိုပဲ ပြေးကြည့်ရပါတော့တယ် ။

ပါမစ်မြေကို ဝယ်ချင်ပါတယ်ဆိုတဲ့ ကိုဝင်းကျော်သူ တစ်ယောက် ဒဂုံ (အရှေ့)(၆) ရပ်ကွက်မှာ မြေကွက်လိုက်ရှာပါတယ် ။ဒဂုံအရှေ့ကြိုက်ရခြင်းအကြောင်းကတော့ ဒဂုံအရှေ့ (၆)ရပ်ကွက်က ဒဂုံတက္ကသိုယ်တို့ ၊ ၇/၈ လမ်းဆုံတို့ ၊ ဗိုလ်မှူးဗထူးအိမ်ရာနှင့် ရန်ကုန်မြို့တွင်းသို့ သွားလာရေး လွယ်ကူသဖြင့် နှစ်သက်သဘောကျခြင်းဖြစ်တယ် ။

ကိုဝင်းကျော်သူရှာနေတဲ့ ပါမစ်မြေကွက်တစ်ကွက် ၊ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ရှာပေးတာနဲ့လည်း သဘောကျသွားတယ် ။ဈေးလည်းသင့်တာနဲ့ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ဒါနဲ့ ရောင်းသူရှိရာ လိုက်ပြပါဆိုတော့ ရန်ကုန်မြို့တွင်းမှာ မဟုတ်ဘဲ ၊ လှည်းကူးမြို့အထိလိုက်သွားရတယ် ။ရောင်းသူက အိမ်ရောက်တော့ ကျန်မားရေးမကောင်းဘဲ အမျိုးသမီးဖြစ်နေတယ် ။ မြေကွက်အမည်ပေါက်က သူ့ယောကျာ်းအမည်ပေါက်ဖြစ်နေတယ် ။ဒါပေမဲ့ ယောကျာ်းက သေသွားပြီ ။

ရောင်းသူက မြင်တာနဲ့လူနာရဲ့ ကျန်းမာရေးကြောင့် ဝယ်ယူအားပေးချင်စိတ် ပေါ်လာတယ် ။ဒါနဲ့ ပါမစ်စာရွက်စာတမ်းတွေတောင်းယူကြည့်လိုက်တဲ့အခါ လုပ်သက်ရင့်ဌာနဆိုင်ရာက ဝန်ထမ်းတွေ ချထားပေးတဲ့ မြေကွက်ဖြစ်နေပါတယ် ။ ပါမစ်စာရွက်စာတမ်းတွေလည်း ပြည့်စုံတာကို တွေ့ရပါတယ် ။ဒါပေမဲ့ ထူးထူးခြားခြား မြန်မာ့စီးပွားရေးဘဏ်မှာ ငွေတစ်သိန်းပေးသွင်းထားတာတွေ့ရပါတယ် ။

အဲဒီင်္စာရွက်စာတမ်းမိတ္တူကို ကျွန်ုဆီယူလာလို့ အသေအချာကြည့်လိုက်တော့ ပါမစ်မှန်တယ် ။မကြာသေးမီက ဘဏ်ကိုငွေတစ်သိန်းသွင်းထားတဲ့ စာရွက်က ထူးဆန်းနေလို့ မသင်္ကာတာနဲ့ မြေစီမံဌာနမှာ စုံးစမ်းကြည့်တဲ့အခါ အဲဒီမြေက ပါမစ်မြေ ၊ ဝယ်သူက စစ်ကြည့်တော့ ဂရန် အမည်ဖြစ်နေလို့ ဝယ်သူစိတ်လေးသွားပါတယ် ။

ဘာကြောင့် မြို့မြေစာရင်းမှာ ဂရန်ဖြစ်နေရတာလဲလို့ မေးကြည့်လိုက်တဲ့အခါ အဲဒီလို ပါမစ်မြေမျိုးဟာ အစိုးရထံမှာ ငွေချေးထားတဲ့ အတွက် ဂရန်လုပ်ထားပြီး ဘဏ်က သိမ်းထားတာဖြစ်တယ် ။ဘဏ်ကို ချေးငွေအကုန်ပေးဆပ်ပြီးမှ ဂရန်ပြန်ထုတ်ပေးတယ် ။ပါမစ် စာရွက်စာတမ်းကို ရုံးမှာ အပ်လိုက်ရတယ်လို့ သိရပါတယ် ။

ကျွန်ုပ်လည်း ရှားရှားပါးပါးတွေ့ရတဲ့ ပါမစ်မြေမျိုးဖြစ်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ကိုဝင်းကျော်သူအားပြောပြတဲ့အခါ ကိုဝင်ကျော်သူကလည်း “ ရောင်းသူကိုတော့ အားပေးချင်ပါရဲ့ ဆရာရယ် ။ဒါပေမဲ့ ရောင်းသူက ဂိလာနဖြစ်နေတော့ သူလိုက်ပါဆောင်ရွက်ရမယ့် တာဝန်တွေရှိတော့ ကျွန်တော်လည်း အဲဒီလောက်အချိန်ကုန်မခံနိုင်လို့ မဝယ်တော့ဘူးဆရာ ဟု ပြောတဲ့အတွက် မဝယ်ဖြစ်တော့ဘဲ ကျွန်ုပ်အား နှုတ်ဆက်ပြီး ပြန်သွားပါတော့တယ် ”

သုခိအတ္တာနံ ၊ ပရိဟရန္တု

 

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service