ဘဝမှာ အောင်မြင်မှု ရချင်ပါသလား... ဒီအမူအကျင့်တွေ ရှောင်ပါ
ဘဝမှာ အောင်မြင်မှု ရချင်ပါသလား... ဒီအမူအကျင့်တွေ ရှောင်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
12 Sep 2018 12:39 pm တွင် တင်ခဲ့သည်
18741 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
#Zawgyi#
(၂) အပျော်အပါးလျှော့ပါ 
#Unicode#
လူတိုင်း ချမ်းသာချင်တယ်၊ လူတိုင်း အောင်မြင်မှုကို လိုချင်တယ်၊ လူတိုင်းလည်း အနည်းနဲ့ အများတော့ ကြိုးစားနေကြတာ မှန်ပေမယ့် လူတိုင်းရော အောင်မြင်ပါရဲ့လား။ ချမ်းသာပါရဲ့လား။ ဒီတော့ သန်းကြွယ် သူဌေးတွေက ဘယ်လို နေထိုင် ကျင့်ကြံကြပါသလဲ။ သင့် အနေနဲ့ အောင်မြင်ချမ်းသာသူ တယောက် ဖြစ်ချင်ရင်တော့ အခုပြောမယ့် အချက်တွေ သင်မှာ ရှိနေရင် ပြင်လိုက်တာ၊ ဆက်မလုပ်တာ အကောင်းဆုံးပါ။
(၁) ဖုန်းအသုံးပြုချိန်လျော့ပါ
သန်းကြွယ်သူဌေး အများစုဟာ ဖုန်းအသုံးပြုချိန် သိပ်မရှိကြပါဘူး။ ဖုန်းအသုံးပြုချိန် အကြာကြီး မရှိဘူးလို့ ဆိုတာထက် ဖုန်းနဲ့ပဲ အချိန်ကုန်မခံတာ လို့ ဆိုရမှာပါ။ သိတဲ့ အတိုင်း အခုခေတ်မှာ ဖုန်းတွေဟာ လူတွေရဲ့ အချိန်တွေကို အလဟဿ ကုန်ဆုံးစေတဲ့ အရာတခု ဖြစ်လာသလို ငွေကိုလည်း အချူခံနေရပါတယ်။
အများစုသော အောင်မြင်သူတွေက ဖုန်းကို အသံပိတ် (Silent) ချထားတတ်သလို ဖုန်းကိုလည်း လိုအပ်တယ် ထင်မှ စစ်လေ့ရှိတယ် လို့ ဆိုပါတယ်။ စာတိုပေးပို့မှုနဲ့ Gmail အဝင်စစ်ဆေးမှုလောက်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ အတွက်ပဲ သုံးပြီး လူမှုကွန်ရက် သုံးတာတွေ၊ ဂိမ်းကစားတာတွေမှာ ချိန်တွေလည်း မပေး ငွေလည်း မပေးကြပါဘူး။
အများစုသော အောင်မြင်မှု နည်းပါးသူတွေဟာ ဖုန်းနဲ့ပဲ အချိန်ကုန်လေ့ရှိတယ် လို့လည်း လေ့လာမှု စစ်တမ်းတွေက ဆိုပါတယ်။
(၂) အပျော်အပါးလျှော့ပါ
အောင်မြင်သူတွေရဲ့ အမူအကျင့်က သတင်း တပတ်ကို ပျော်ပွဲရွှင်ပွဲ ဖိတ်ကြား၊ တက်ရောက်ဖို့ လိုအပ်ရင်တောင် တပွဲထက် ပိုမတတ်ဘူး လို့ ဆိုပါတယ်။ သူတို့က ဖိတ်ကြားခံရတဲ့၊ သွားဖို့ လာခေါ်တဲ့ ပွဲ အတွက် တက်မယ် ဆိုရင် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးရှိမလဲ ဆိုတာကို စဉ်းစားပြီးမှ တက်ရောက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မဖြစ်မနေ တက်ရောက်ရမယ့် ပွဲဆိုရင်လည်း မျက်နှာပြရုံပဲ တက်ရောက်ပေးပြီး အချိန်သိပ်မပေးဘူးလို့ ဆိုပါတယ်။ လူပိန်းတွေကတော့ ဘယ်လို ပျော်ပွဲ ရွှင်ပွဲတွေ ရှိနေသလဲ၊ ဒီတပွဲပြီးရင် ဘယ်ပွဲကို ဆက်သွားမလဲ ဆိုတာပဲ စဉ်းစားလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဘဝမှာ အောင်မြင်သူ ဖြစ်ဖို့ အတွက် အောင်မြင်မှုကို မေ့လျော့စေတဲ့ အပျော်အပါးကို လျှော့ကြမယ်လေ။
(၃) အောင်မြင်သူလို့ သတ်မှတ်ခံရဖို့ မကြိုးစားပါနဲ့၊ အောင်မြင်သူတွေကို အတုယူပါ
ဒီခေတ်ထဲမှာ သန်းကြွယ် သူဌေးတွေက သူတို့ကို ဘယ်လောက်ထိ ချမ်းသာသူ၊ ဘယ်လောက်ထိ အောင်မြင် ကျော်ကြားသူ အဖြစ် အများ သတ်မှတ်ခံရဖို့ မလုပ်ကြဘဲ အချိန်ရှိသရွေ့ အောင်မြင်မှုကို ရှာဖွေနေသလို အဆင့်တခု၊ ချမ်းသာကြွယ်ဝမှု တခု ရရှိလာ ချိန်မှာလည်း သူ့တို့ထက် သာလွန်တဲ့ သူတွေရဲ့ အကျင့်တွေ အတိုင်း နေထိုင်တယ်လို့ သိရပါတယ်။
နာမည်ရရုံ၊ ကျော်ကြားရုံ အတွက် မလုပ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မအောင်မြင်သူတွေ ကတော့ အောင်မြင်မှု၊ ချမ်းသာမှုကို အလွယ်ဖြတ်လမ်းက လိုက်ချင်တယ်၊ နာမည်ကြီးမှုကို လိုလားတယ်၊ ကိုယ်တိုင် အားစိုက်မှု နည်းတယ် လို့ ဆိုပါတယ်။ ဘယ်အရာမှာ အလကား မရပါ။ သင်လိုချင်တဲ့ အောင်မြင်မှု အတွက် သင် ကိုယ်တိုင် အားစိုက် ကြိုးစားပါ။ ရောက်တဲ့ အဆင့်၊ နေရာမှာ ပျော်မနေဘဲ… ကျေနပ်မနေဘဲ နောက်ထပ် တဆင့် အောင်မြင်မှုတွေ ရရှိအောင် ဆက်လက် ကြိုးစားဖို့ လိုအပ်ပါတယ်။
(၄) စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ
သင့် အနေနဲ့ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ် ဆိုပြီး အလုပ် တခုတည်း လုပ်နေရုံနဲ့ ရပါမလား၊ ဒါမှမဟုတ် အသေးစား လုပ်ငန်းတခုတည်းနဲ့တင် သန်းကြွယ်သူဌေး ဖြစ်ပါ့မလား။ နောက်ထပ် လုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်ဖို့၊ လုပ်ငန်းအသစ်တွေ လုပ်ကိုင်ဖို့ ဆိုတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ တိုးချဲ့ပါ။
အောင်မြင်အောင် လုပ်ကိုင်ပါ။ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်ပိုင် စိတ်ကူးကို ပုံဖော်ပါ။ နေထိုင်လုပ်ကိုင်ပုံကို ကိုယ့်ထက် မြင့်မားသူဆီက နမူနာ ရယူပြီး အဆိုပါ နေထိုင် လုပ်ကိုင်ပုံထက် ပိုကောင်းမယ့် လုပ်ငန်း၊ ပုံစံကို အကောင်အထည်ဖော်ပါ။ တိုးချဲ့ဖို့၊ စိုက်ထုတ်ဖို့ မကြောက်ပါနဲ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြိုးစားပါ။
(၅) အပေါင်းအသင်းမှန်ပါစေ
ခေတ်ထဲက အောင်မြင်သူတွေမှာ သူတို့ ယုံကြည်ရတဲ့ လူယုံ ၅ ယောက်လောက် ထားတတ်ပါတယ်။ ဒီလူတွေကလည်း စိတ်ချရသူ၊ ပညာရှိသူ၊ အကြံကောင်း ပေးနိုင်သူတွေမျိုးပါ။ အထူးသဖြင့်တော့ သင့်အကျိုးကို လိုလားသူတွေပေါ့။
ဘယ်လို ပညာတွေ သင်ဖို့၊ ဘယ်လို အလုပ်တွေ လုပ်ဖို့၊ ဘယ်လို အောင်မြင်အောင် ကြိုးစားရင် ဖြစ်မယ် ဆိုတဲ့ အကောင်းမြင် ဝါဒ ရှိသူတွေပါ။ သူတို့လို လူမျိုးတွေကို လူယုံ အဖြစ် ထားပါ။ အပေါင်းအသင်းမှန်ပါစေ။ ပြီးစလွယ် နေသူတွေကတော့ ဒီလို လူယုံထားမှု မရှိတတ်ကြပါဘူး၊ လူယုံ ထားရကောင်းမှန်းလည်း သိပ်မသိကြဘူး သုတေသန တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ အပေါင်းအသင်းလည်း မှန်ကန်အောင် မပေါင်းတတ်သလို အလုပ်၊ ဖန်တီးမှုတွေကို ပြီးစလွယ်ပဲ လုပ်ကိုင်တတ်သူ၊ ဘေးလူနဲ့ တိုင်ပင်မှု၊ ဝေဖန်ဆင်ခြင်မှု နည်းသူတွေဟာ အောင်မြင်သူ ဖြစ်ဖို့ မလွယ်ကူကြတာ တွေ့ရပါတယ်။
Credit : businessinsider
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service