ဘယ်လောက်ပဲတော်တော် စိတ်ကောင်းနှလုံးကောင်းမရှိရင် အောင်မြင်မှုမရနိုင်ဘူး

ဘယ်လောက်ပဲတော်တော် စိတ်ကောင်းနှလုံးကောင်းမရှိရင် အောင်မြင်မှုမရနိုင်ဘူး - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2018 12:19 pm တွင် တင်ခဲ့သည်
2227 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

(ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းနှင့် တွေ့ဆုံမေးမြန်းခြင်း)

ပေကျင်းအခြေစိုက် သတင်းမီဒီယာကုမ်္ပဏီတစ်ခု ဖြစ်သော Cai_in Media Company Ltd. က ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းအား စီးပွားရေးလောကမှ အနားယူရန် စီစဉ်လိုက်ပုံအကြောင်းများ နှင့် အိမ်ခြံမြေဈေးကွက်နှင့် စီးပွားရေးမဟာဗျူဟာများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပုံများမှ အချို့ကို ထုတ်နှုတ်ကာ ဆီလျော် အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါသည်။

မေး - ဒီအချိန်မှာ ကုမ္ပဏီလုပ်ငန်းတွေကနေ အနားယူဖို့ ဘာကြောင့် ရွေးချယ်လိုက်တာပါလဲခင်ဗျာ။

အနားယူပြီးနောက်ပိုင်း ကုမ်္ပဏီအုပ်စုကြီးအတွက် ဘယ်လိုအစီအစဉ်တွေ ထားရှိခဲ့ပါသလဲ။ ပြီးတော့ လူကြီးမင်းရဲ့ ပုဂ်္ဂိုလ်ရေး အစီအစဉ်တွေ ဘယ်လိုရှိပါသလဲ..”
“၂၀၁၂ ခုနှစ်ကတည်းကစပြီး အနားယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ကျွန်တော်ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် အရိုက်အရာဆက်ခံဖို့ ပြဿနာတွေ မရှိပါဘူး။

ရှယ်ယာရှင်တွေနဲ့ မိတ်သင်္ဂဟတွေကလည်း ယုံကြည် စိတ်ချမှုတွေရှိလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ သားတွေက လည်း လူတော်တွေပါပဲ။ သူတို့ရဲ့ တာဝန်နဲ့ အခွင့်အရေးက ဘာတွေလဲဆိုတာ ကျွန်တော် အသိပေးပြီးပါပြီ။

အခုအရိုက်အရာလွှဲပြောင်းမှုဟာ လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း ကုမ်္ပဏီဖွံ့ဖြိုးမှုလောက်ကို ရည်ရွယ်တာမဟုတ် ပါဘူး။ ဒါက ရေရှည်အတွက် ကောင်းမွန်သင့်မြတ်တဲ့ အစီ အစဉ်တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဖောင်ဒေးရှင်းရဲ့အလုပ်တွေမှာ အားစိုက်သွားတော့မှာဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးနဲ့ အခြားအရေးကြီးတဲ့ လူမှုကဏ္ဍတွေမှာ အကူအညီ ပေးသွားမှာပါ။

မေး - ဖခင်ဟာ ကလေးတွေကို အမှတ် ၁၀၀ အပြည့်ပေးမှာ မဟုတ်ဘူးလို့ လူကြီးမင်းတစ်ချိန်က ပြောခဲ့ဖူးပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကလေးတွေအပေါ် ယုံကြည်မှုအနာဂတ် ဘယ် လိုရှိပါသလဲခင်ဗျာ။

ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်တောင် အမှတ်ပြည့် မပေးပါဘူး။ ကျွန်တော့်ကလေးတွေကိုလည်း အမှတ်ပြည့်ပေးတယ် လို့ မပြောဖူးပါဘူး။ ဒီခေါင်းစဉ်ကို ကျွန်တော် မပြောချင်ပါဘူး။ ဗစ်တာဟာ အမှတ် ၁၀၀ မှာ တစ်ဝက်လောက်ရခဲ့ပြီးပါပြီ။ဖခင်တစ်ယောက်အနေနဲ့ ကလေးတွေအတွက် နေရာပေးတာ ဟာ အဖိုးအနဂ်္ဂထိုက်တန်တဲ့ လက်ဆောင်တစ်ခုပါ။

ဒီလိုနေရာပေးရင် သူတို့မှာ ရွေးချယ်စရာတွေ ပိုများ လာမယ်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော့်မှာလည်း အားနည်း ချက်၊ ချွတ်ယွင်းချက်တွေ ရှိပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ စိတ်လှုပ်ရှားလွယ်တာ ဖြစ်ပါတယ်။

ဗစ်တာကို ဥက်္ကဋ္ဌနေရာ ယုံယုံကြည်ကြည်ပေးလိုက်ပြီး နောက်ပိုင်း အသိုက်အ၀န်းက သူ့ဆီကနေ ဘာတွေမျှော်လင့် တယ်ဆိုတာ သူပိုမို သိမြင်လာမှာပါ။

ဗစ်တာဟာ ကုမ်္ပဏီမှာ အောက်ခြေအဆင့်ကနေ မန်နေးဂျင်းဒါရိုက်တာ၊ ဥက်္ကဋ္ဌ ရာထူးတွေ ရလာတာဖြစ်ပါတယ်။
သူဟာ ချုံကောင်းကုမ်္ပဏီမှာ နက်နက်ရှိုင်းရှိုင်း လုပ်ကိုင်ပါဝင်ခဲ့ ရုံမျှမကပဲ ဃှု နဲ့ တခြားကုမ္ပဏီခွဲတွေမှာလည်း ၀င်ရောက် လုပ်ကိုင်နေတဲ့သူဖြစ်တာကြောင့် ရတက်မအေးဖြစ်မိတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။

ကျွန်တော် တခါက ပြောခဲ့ဖူးသလိုပါပဲ။ ခဏနေ ကျွန်တော်ခရီးထသွားမယ်ဆိုရင်တောင်မှ ကုမ်္ပဏီလည်ပတ် ဖို့အတွက် ပြဿနာ မရှိပါဘူး။

သားနှစ်ယောက်ရဲ့ လုပ်ငန်းနယ်ပယ်တွေဟာ မတူ ညီကြဘူး။ သူတို့ရဲ့ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံ တွေနဲ့ အကောင်းဆုံးလုပ်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။”

မေး - လူကြီးမင်းဟာ စိတ်လှုပ်ရှားလွယ်တယ်လို့ ပြောခဲ့ပါ တယ်။ လူကြီးမင်းဟာ အံ့အားသင့်စရာတွေများတဲ့ လုပ်ငန်း ကိစ်္စတွေကြုံရတဲ့ နယ်ပယ်မှာရှိနေပြီး မျှော်လင့်ချက်တွေရှိနေ တယ်လို့ ဒီအချက်ကဖော်ပြနေပါတယ်။ ပြင်ပကမ်္ဘာက လူကြီး မင်းရဲ့ဘ၀ကို ဘယ်လိုတန်ဖိုးဖြတ်တာမျိုးကို မျှော်လင့်ထားပါ သလဲ ခင်ဗျာ။

တကယ်တော့ ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းက ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ မလွယ်ကူဘူးဆိုတာကို ပြောချင်တာ ပါ။ စူပါမားကက်ကနေ ရေခဲစိမ်ဝက်သားတွေ တင်သွင်းရောင်း ချတုန်းက ကျွန်တော်တို့ရဲ့ ဈေးကွက်ချက်ချင်းကြီးထွားလာခဲ့တဲ့ ဖြစ်ရပ်ကို ကျွန်တော်သတိရနေတုန်းပါ။

ဒီခြေလှမ်းက ဈေးကွက်ထဲမှာရှိတဲ့ ဈေးဆိုင်ငယ်လေး တွေရဲ့ ပိုင်ရှင်တွေအပေါ် ဖိအားတစ်ရပ် ဖြစ်လာခဲ့တယ်။အဲဒီမှာ ကျွန်တော်က ကျွန်တော့်လူတွေကို ဈေးကို နေ့တိုင်းသွား ပြီး ၀က်သားပေါက်ဈေးကို စုံစမ်းခိုင်းပါတယ်။

ဆိုင်ငယ်လေးတွေနဲ့ သိပ်ပြီးကွာလွန်းမသွားအောင် ဖြစ်ပါတယ်။ အကြောင်းရပ်အတော်များများမှာ ကျွန်တော်တို့ ဟာ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားနဲ့ လူမှုတာဝန်အကြား ချိန်ညှိမှုတွေ လုပ်ခဲ့ရပါတယ်”

မေး - Changhe ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လူကြီးမင်းအနေနဲ့ ဘယ်လိုအကြံပေးလိုပါသလဲ။ Changjiang Group အတွက် ရေရှည်စီမံကိန်း လူကြီးမင်းချမှတ်ထားတာမျိုးရှိပါသလား။ယန်စီကုမ်္ပဏီ Yangtze Group ရဲ့ အနာဂတ်ကို လူကြီးမင်း ဘယ်လို မျှော်လင့်ထားပါသလဲ။”

ကျွန်တော်ပလတ်စတစ်စက်ရုံလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ရာမှာ လစဉ်လတိုင်း အမြတ်အစွန်းဟာ ၁၀၀ ရာခိုင်နှုန်း တိုးတက်နေခဲ့ပါတယ်။

အဲဒါရဲ့နောက်မှာ တခြားနယ်ပယ်တစ်ခုကို ကျွန်တော် ခြေချခဲ့တယ်။ အဲဒါက အိမ်ခြံမြေလောကပါပဲ။ မကြာသေးမီ နှစ်ပိုင်းတွေတုန်းကတော့ ပုံသေ၀င်ငွေရတဲ့ စီမံကိန်းတွေကိုပဲ အာရုံစိုက်ခဲ့တယ်။

အနာဂတ်အတွက်ကတော့ ဘယ်နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာကို ဗစ်တာက ဆုံးဖြတ်သွားလိမ့် မှာ ဖြစ်ပါတယ်။

ဗစ်တာဟာ ယန်စီကုမ်္ပဏီ Yangtze Group ကို တည်ထောင် လည်ပတ်ခဲ့သူဖြစ်ရုံမျှမက တခြားစီးပွားရေး လုပ်ငန်းမျိုးစုံမှာ ပါဝင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

မေး - လူကြီးမင်းအနေနဲ့ ပုံသေ၀င်ငွေရတဲ့ စီမံကိန်းတွေပေါ်မှာ ပဲ အလေးထားအာရုံစိုက်နေတယ်ဆိုတာက ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး မရေရာမှုတွေကြောင့် ဖြစ်ပါသလား။ ဒါမှမဟုတ် တခြားသုံးသပ်ချက်တွေ ရှိပါသလားခင်ဗျာ။

သိမ်မွေ့ရှုပ်ထွေးတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေ အနေတွေကြားမှာ ပုံသေ၀င်ငွေရမယ့်လုပ်ငန်းနယ်ပယ်တွေ မှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်တာဟာ အသင့်လျော်ဆုံးရွေးချယ်မှုပါ။

မေး - လူကြီးမင်းရဲ့ တတိယမြောက်သားလို့ဆိုနိုင်တဲ့ “လီ ကာရှင်းဖောင်ဒေးရှင်း”အတွက် လူကြီးမင်းအနားယူပြီး နောက် ပိုင်း အနာဂတ်ဖွံ့ဖြိုးမှုအတွက် ဘယ်လိုအမြင်မျိုးရှိပါသလဲ ခင်ဗျာ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်မကြာခဏ စဉ်းစားခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဟာ ဒီအဖွဲ့ရဲ့ ထိပ်တန်းဦးစားပေးအကြောင်းရပ်တွေပါ။

ဖွဲ့စည်းပုံကို ပြန်လည်ပြုပြင်ပြောင်းလဲခဲ့ပြီး ဟောင် ကောင်နဲ့ ပြည်မကြီးက မိတ်ဆွေတွေကြားမှာ လုပ်ငန်းအကောင် အထည်ဖော်ရလွယ်ကူစေဖို့အတွက် ရှန်းဇန်မှာ ရုံးတစ်ရုံး ဖွင့် လှစ်ခဲ့ပါတယ်။

ဒီဖောင်ဒေးရှင်းဟာ ကျွန်တော့်ရဲ့ တတိယမြောက် ရင်နှစ်သည်းချာပါပဲ။ ၁၉၈၀ ပြည့်နှစ်မှာ ဖောင်ဒေးရှင်းကို စတင်တည်ထောင်တယ်။ ၂၀၀၆ ခုနှစ်မှာ ပိုင်ဆိုင်မှုရဲ့ ၃၀ ရာခိုင်နှုန်းကို ဖောင်ဒေးရှင်းကို ထည့်သွင်းပေးခဲ့ပါတယ်။ကျွန်တော့်ဘ၀တာမှာ အပျော်ရွှင်ခဲ့ဆုံးက ဘာလဲဆိုတာ ခင်ဗျား သိလား။

၂၀၀၆ ခုနှစ်မှာ ကျွန်တော်ပိုင်ဆိုင်တဲ့ ငွေတွေထဲက ကန်ဒေါ်လာ ၁၃ ဘီလီယံကို ဖောင်ဒေးရှင်း လွတ်လပ်စွာ လည်ပတ်နိုင်ဖို့အတွက် ထည့်သွင်းပေးလိုက်ဖို့ ဆုံးဖြတ်လိုက် တယ်။ သား ၂ ယောက်ကလည်း တစ်ခွန်းမှ မကန့်ကွက်ပါဘူး။

စစ်ပွဲတွေလိုမျိုး ကြိုတင်မသိမြင်နိုင်တဲ့ ဘေးတွေမရှိ ဘူးဆိုရင် ဒီဖောင်ဒေးရှင်းဟာ ပြည်သူတွေအတွက် အကူအညီ ပေးဖို့ ငွေရင်းအလုံအလောက်ရှိသွားပါပြီ။ ဒါဟာ ကျွန်တော့်ဘ၀ မှာ အပျော်ရွှင်ခဲ့ဆုံးပါပဲ။

မေး - လူကြီးမင်း တခါက ပြောခဲ့ဖူးတာတစ်ခုရှိပါတယ်။ လူကြီးမင်းကို ငွေ ၁၀၀ ဘီလီယံပေးလိုက်မယ်ဆိုရင် ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲဆိုတာ ၅ မိနစ်အတွင်း စဉ်းစားနိုင်တယ် လို့ ပြောခဲ့ဖူးပါတယ်။ ငွေကြေး၊ ကုန်စည်၊ အိမ်ခြံမြေ အစ ရှိသဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ ပင်မရင်းနှီးမြှုပ်နှံရာ နယ်ပယ်တွေရှိ တဲ့အနက် ဘယ်အရာမှာ ပိုပြီးအလေးသာနိုင်တယ်လို့ ထင်ပါ သလဲ။ တကယ်လို့သာ အခုချက်ချင်း လူကြီးမင်းကို ငွေ ၁၀၀ ဘီလီယံ ပေးလိုက်မယ်ဆိုရင် ဘယ်လိုရင်းနှီးမြှုပ်နှံမှာဖြစ် ပါသလဲ ခင်ဗျာ။

ကျွန်တော်က သုတေသနလုပ်တာတွေအပေါ်မှာ အချိန်ယူပါတယ်။ ခင်ဗျားက ကျွန်တော့်ကို ၁၀၀ ဘီလီယံလာ ပေးရင် ၅ မိနစ်အတွင်း ဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတာက ဒီ ၅ မိနစ်မှာ ဆုံးဖြတ်ချက်တွေကို စဉ်းစားနေတာမျိုး မဟုတ်ပါ ဘူး။ ဒါမျိုးက ဘ၀မှာ ကြိုတင်ပြင်ဆင်ထားရတာမျိုးပါ။ကြိုတင်ပြင်ဆင်မှုရှိတဲ့သူတွေသာလျှင် ပေါ်လာတဲ့ အခွင့်အရေး ကို အမိအရ ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာ ကတော့ “ကုမ္ပဏီရဲ့အခြေခံမူဝါဒတွေကနေ ဝေးဝေးနေဖို့” ပါပဲ။ အခြေခံမူတွေမှာ ကုမ်္ပဏီကောင်းဖြစ်ဖို့တို့၊ တိုးတက်မှု ရှိဖို့တို့၊ ခိုင်မာမှုရဖို့တို့ အစရှိသဖြင့်ရှိမှာ ဖြစ်ပါတယ်။

မေး - အိမ်ခြံမြေဟာ စက်ဝိုင်းသဖွယ် သံသရာလည်နေတဲ့ လုပ်ငန်းနယ်ပယ်ပါပဲ။ နိုင်ငံများစွာမှာ အိမ်ခြံမြေဈေးကွက် ကျဆင်းတာတွေ၊ တချို့နိုင်ငံတွေမှာ အိမ်ခြံမြေပူဖောင်းပေါက် ကွဲမှုဖြစ်စဉ်တွေ ကြုံတွေ့နေကြရပါတယ်။ လူကြီးမင်းဟာ စီးပွားရေးလောကကို ခြေချခဲ့တဲ့ အစောပိုင်းကာလတွေမှာပဲ အိမ်ခြံမြေဈေးကွက်ကို ၀င်ခဲ့ပါတယ်။ အဲဒီတုန်းက အိမ်ခြံမြေ ဈေးကွက် နှေးကွေးနေချိန်လည်း ဖြစ်ပါတယ်။ လူကြီးမင်းရဲ့ အမြင်အရ လက်ရှိဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးရဲ့ အိမ်ခြံ မြေဈေးကွက်အခြေအနေ ဘယ်လိုရှိပါသလဲ။ အနာဂတ်မှာလည်း ဖွံ့ဖြိုးဖို့ အခြေအနေဘယ်လိုမျိုးရှိပါသလဲခင်ဗျာ။

အိမ်ခြံမြေလောကမှာ ဆိုးရွားတဲ့အကျိုးသက်ရောက် မှုတွေ ကြုံခဲ့ရတယ်။ ဒါပေမယ့် ဒီဟာက (လူတွေအတွက်) အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ၊ အ၀တ်အထည်၊ နေထိုင်ဖို့ နေအိမ်၊ သယ်ယူပို့ဆောင်ရေး အစရှိတာတွေမှာ ပါဝင်ပါတယ်။

ဟောင်ကောင်မှာဆိုရင် အစိုးရဟာ အကြီးမားဆုံး မြေပိုင်ရှင်ပါ။ အများပိုင် အိမ်ရာတွေ ဖြည့်တင်းဆောက်လုပ်တာ မျိုးကို ကျွန်တော်အမြဲ ထောက်ခံအားပေးခဲ့ပါတယ်။

ဒီလိုအိမ်ရာတွေဆောက်လုပ်ခြင်းဟာ အစိုးရက အိမ်ခြံမြေနယ်ပယ်ကို အဓိက၀င်ငွေလမ်းကြောင်းအဖြစ် အသုံး ပြုဖို့ လိုအပ်ချက်အပေါ် အားပေးရာရောက်သလို အခြေခံပြည်သူ တွေအတွက် နေအိမ်လိုအပ်ချက်ကိုလည်း အထောက်အကူပြု နိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးနည်း အိမ်ရာတွေရှိရင် ကိုယ်ကြိုက်တဲ့နေအိမ် ကို ရွေးချယ်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားအနေ နဲ့ မ၀ယ်နိုင်ဘူးဆိုရင် အစိုးရက စီစဉ်ပေးရမှာ ဖြစ်ပါတယ်။တန်ဖိုးနည်းအိမ်ရာတွေဟာ အိမ်ခြံမြေဈေးကွက်ကို ထိခိုက်စေ မယ်လို့ မယူဆလိုက်ပါနဲ့။

မေး - လွန်ခဲ့တဲ့ ၂၆ နှစ်လောက်ကစပြီး လူကြီးမင်းဟာ တရုတ်ပြည်မကြီးမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြုလုပ်ခဲ့ပါ တယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး ၂၆ နှစ်အကြာမှာ ပြည်မကြီးက ပိုင်ဆိုင်မှုတွေကို ပြန်လည်ရောင်းထုတ်ခဲ့ပါ တယ်။ အထူးသဖြင့် အိမ်ခြံမြေစီမံကိန်းအချို့ပါပဲ။ လူကြီးမင်း ပြောခဲ့ဖူးတာက စီးပွားရေးအကြောင်းရင်းတွေကြောင့်လို့ ပြော ခဲ့ပါတယ်။ ဘယ်လိုစီးပွားရေးအကြောင်းရင်းတွေလည်းဆို တာ အသေးစိတ်ရှင်းပြနိုင်ပါ့မလား ခင်ဗျာ။ လက်ရှိကာလနဲ့ နှိုင်းယှဉ်ရင် ပြည်မကြီးမှာ အဲဒီတုန်းက ရင်းနှီးမြှုပ်နှံခဲ့ရမှု အခြေအနေနဲ့ အမြတ်အစွန်းတွေဟာ ဘယ်လိုခြားနားမှုတွေ ရှိပါသလဲ။

ပြည်မကြီးမှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တာ အိမ်ခြံမြေနယ်တစ်ခုတည်းမှာ မဟုတ်ပါဘူး။ စွမ်းအင်၊ အခြေခံအဆောက်အအုံကဏ္ဍ အစရှိတဲ့ နယ်ပယ်တွေလည်း ပါဝင်ပါတယ်။

အစိုးရက လူ့အဖွဲ့အစည်းနဲ့ ဈေးကွက်တွေ တည်ငြိမ် မှုရစေဖို့အတွက် ကြိုးပမ်းရာမှာ မူဝါဒတွေက တစ်မျိုးပြီး တစ်မျိုးပေါ်ပေါက်ခဲ့တယ်။

ဒါကြောင့် ကျွန်တော်တို့ သတိပိုထားရတယ်။ ဒါပေမယ့် တကယ်တော့ ပြည်မကြီးမှာ ၀ယ်လိုအားများစွာ၊ အခွင့်အလမ်း များစွာ ရှိနေဆဲဖြစ်ပါတယ်။ အိမ်ခြံမြေတွေကို (ကျွန်တော်) ရောင်းတာ၊ ၀ယ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ်္စပါ။ ကျွန်တော့် ငွေတွေ ပြန်ထုတ်မယ်လို့ အမြဲပြောခဲ့ပါတယ်။

မေး - လူကြီးမင်းရဲ့ စီးပွားရေးလုပ်ခဲ့တဲ့သက်တမ်း ၇၈ နှစ် တာ ကာလအတွင်းမှာ လေးစားဖွယ်အကောင်းဆုံး စီးပွားရေး ပြိုင်ဘက်တွေက ဘယ်သူတွေပါလဲ ခင်ဗျာ။ လူကြီးမင်း စိတ် ကျေနပ်မှုအရှိခဲ့ဆုံးနဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်တွေက ဘာ တွေပါလဲ။

ကူးသန်းရောင်းဝယ်ရေးဥပဒေ အသက်ဝင်တဲ့ လူ့ အဖွဲ့အစည်းတစ်ခုမှာ လူတိုင်းဟာ ပြိုင်ဘက်ပါပဲ။ ယှဉ်ပြိုင်တာ ဟာ ယှဉ်ပြိုင်တာပဲ ဖြစ်သင့်တယ်။ သူတပါးကို ချောက်တွန်း တာမျိုး၊ ဒုက်္ခပေးတာမျိုး မဖြစ်သင့်
ပါဘူး။ ဒါကြောင့် ကျွန်တော် ဟာ တဖက်သားကို တက်နင်းပြီး အောင်ပွဲခံတာမျိုး ဘယ်တော့ မှ မလုပ်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာ ကာလအတွင်း ကနေဒါ ကူးသန်းရောင်းဝယ်ရေးဘဏ် (Canadian Imperial Bank of Commerce) နဲ့ HSBC တို့ဟာ ကျွန်တော်တို့အပေါ် တော် တော်ကောင်းခဲ့ပါတယ်”

+++ လီကာရှင်း၏ နာမည်ကျော် အဆိုအမိန့် +++

အရည်အချင်း ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက် ပဲတော်တော်၊ စိတ်ကောင်းနှလုံးကောင်းမရှိရင် အောင်မြင်မှု မရနိုင်ဘူး။

ကိုယ်ရေး အချက်အလက်များ -

အမည် - လီကာရှင်း
မွေးနေ့ - ၁၉၂၈ ၊ ဇူလိုင်လ ၂၉ ရက်
နိုင်ငံသား - ကနေဒါ
ကျော်ကြားမှု - ပရဟိတနှင့် အိမ်ခြံမြေလုပ်ငန်းရှင်ဘဝ
ရာသီဖွား - သိဟ်ရာသီ
အသက် - ၉၀
မွေးဖွားရာဒေသ - တရုတ်ပြည်၊ ကွမ်တုံပြည်နယ် အရှေ့ ဘက်၊ ချောက်ကျုံးမြို့
Chaozhou
အရပ်အမြင့် - ၅ ပေ ၇ လက်မ
အိမ်ထောင်ဖက်(ဟောင်း)- ချောင်ယွတ်မင်
ဖခင် - လီယွမ်ကျင်း
မိခင် - ယွမ်ပိုင်ချင်း
သားသမီးများ - ရစ်ချတ်လီ၊ ဗစ်တာလီ
တည်ထောင်ခဲ့မှု - လီကာရှင်းဖောင်ဒေးရှင်း၊ ချုံကောင်း စက်မှုလက်မှု၊ ချုံကောင်းဦးပိုင်၊ ဟော်ရီဇွန် ဗန်ချားစ်၊ ရှန်ထိုး တက္ကသိုလ်
ကြွယ်ဝမှု - ကန်ဒေါ်လာ ၃၃ ဘီလီယံ
(၂၀၁၇ ခုနှစ်၊ ဇွန်လ အချက်အလက်များအရ)

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဘယ်လောက်ပဲတော်တော် စိတ်ကောင်းနှလုံးကောင်းမရှိရင် အောင်မြင်မှုမရနိုင်ဘူး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service