လယ်မြေကို ပြောင်းလဲသုံးစွဲမယ်ဆိုရင်

လယ်မြေကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
24 Jul 2018 1:15 pm တွင် တင်ခဲ့သည်
2534 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဝယ်ရောင်းသမားတွေဟာ ဈေးနှုန်းချိုသာတဲ့ လယ်မြေတွေကိုဝယ်ယူပြီး အိမ်ကွက်တွေ ဖော်ထုတ်ကာ ပြန်လည်ရောင်းချတာတွေ ရှိလာတယ်။

လယ်မြေဥပဒေတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း လယ်ယာမြေအရောင်းအဝယ်ဟာ အိမ်ခြံမြေအရောင်းအဝယ်နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး ဈေးနှုန်း နည်းပါးတဲ့ လယ်မြေတွေက အရောင်းအဝယ်ပိုကောင်းခဲ့တယ်လို့ သိရပါ တယ်။

အိမ်ခြံမြေဈေးနှုန်း ကြီးမားလာတဲ့အတွက် အိမ်ခြံမြေ လောက မှာ ဝယ်ရောင်းသမားတွေဟာ ဈေးနှုန်းချိုသာတဲ့ လယ်မြေတွေကို ဝယ်ယူပြီး အိမ်ကွက်တွေ ဖော်ထုတ်ကာ ပြန်လည်ရောင်းချတာတွေ ရှိလာတယ်။

ဥပဒေလွှတ်တော် အကျိုးဆောင်တစ်ဦးက “မသိနားမလည် တဲ့သူတွေက ဈေးနှုန်းချိုသာတဲ့ လယ်ကွက်တွေကိုဝယ်ပြီး အခြေချ နေထိုင်ကြတယ်၊ အမှန်တကယ် ဆိုရင် လယ်ယာမြေတွေက လူနေ ထိုင်ခွင့် အဆင့်ဆင့်လျှောက်ထားရတယ်”လို့ ပြောပါတယ်။

+++ အထောက်အထားတွေ +++

လယ်မြေပြေစာသာရှိတဲ့ လယ်ယာမြေကွက်ကို လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရဖို့ ပထမဦးစွာလျှောက်ရပြီး ရတဲ့ အခါမှသာ တရားဝင်ပြန်ရောင်းချခွင့်ရှိကြောင်း သိရပါတယ်။ ပုံစံ-၇ ရပြီး လယ်မြေကို အခြားနည်း အသုံးပြုခွင့် (လူနေထိုင်ခွင့်ရရှိဖို့) အတွက် တိုးပွားလာတဲ့ လူဦးရေနဲ့ အိမ်ထောင်စုတွေအတွက် နေရာပေးဖို့အတွက်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ဈေးတွေအတွက်၊ စက်မှုလယ်ယာ အတွက် ဂိုဒေါင်နဲ့ အဆောက်အအုံ လိုအပ်ရင် အချက်အလက်တွေ ပြည့်စုံမှ အသုံးပြုခွင့်ပေးတယ်လို့ သိရပါတယ်။ အခြားနည်း အသုံးပြုခွင့်ရထားပြီး လုပ်ငန်းမလုပ် ဆောင်ရင် ပြန်သိမ်းယူခံရမှာ ဖြစ် တယ်လို့ သိရပါတယ်။

+++ လုပ်ငန်းစဖို့ လို +++

လယ်ယာမြေဥပဒေပုဒ်မ-၃၁ အရ အ ခြားနည်း အသုံးပြုခွင့်ရရှိ ပြီးနောက် ခွင့်ပြုတဲ့နေ့ကစပြီး ခြောက်လအတွင်း လယ်ယာမြေ ကို သတ်မှတ်တဲ့ နည်းလမ်းအတိုင်း အသုံးပြုရ မှာဖြစ်ကြောင်း သိရပါတယ်။ အသုံးပြုခဲ့ရင် သတ်မှတ်ကာလမှာ လုပ်ငန်းတွေကို ပြီးအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

+++ ခြောက်လတစ်ကြိမ်စိစစ် +++

အဲသည်လို ဆောင်ရွက်ခြင်းတွေ မပြုလုပ်ရင် လယ်ယာမြေစီမံ ခန့်ခွဲမှုအနေနဲ့ လယ်ယာမြေကို ပြန်သိမ်းယူနိုင်ပြီး လယ်ယာမြေ စီ မံခန့်ခွဲမှုအနေနဲ့ လယ်ယာမြေအခြား အသုံးပြုခွင့်ရရှိမှာဖြစ်တယ်။ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးပြီး ခရိုင်လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့ကို ခြောက်လ တစ်ကြိမ် တင်ပြရမှာ ဖြစ်ပါတယ်။

+++ အဆောက်အအုံတွေ ဖယ်ရှားရမည် +++

လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က) နဲ့ (ခ) အရ လယ်ယာမြေ အ ခြားနည်း အသုံးပြုခွင့် လျှောက်ထားဆဲ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေကို လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (လဝ) အရ လယ် ယာမြေပေါ်မှာ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက် အအုံတွေကိုဖယ်ရှားဖို့ ဝန်ကြီးဌာန က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။

+++ ဦးတိုက်လျှောက်ထား +++

လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ လိုက်နာတာတွေမရှိရင် တ ရား ရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားဖို့ ဆောင်ရွက်မှာ ဖြစ်ပြီး တရားစွဲဆိုတဲ့အခါ အဘက်ဘက်က သုံးသပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း သိရပါ တယ်။

+++ တရားစွဲဆို +++

မြို့နယ် လယ်ယာစီမံခန့်ခွဲမှု အဖွဲ့က သက်ဆိုင်ရာမြို့နယ် တ ရားရုံးကို လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ တရားစွဲဆိုဆောင်ရွက်ဖို့ တိုင်ပင်လျှောက်ထားခြင်းတွေရှိ ကြောင်း တွေ့ရပါတယ်။

+++ အရေးယူမရ +++

၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁) နဲ့ ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေ အရ ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို လယ်ယာမြေဥပဒေပုဒ်မ ၄၀ အရ ဥပဒေ နဲ့အညီ နည်းဥပဒေနဲ့ သဘောရိုးနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အရေးယူ ဆောင်ရွက်ခွင့်မရကြောင်း သိရပါတယ်။

+++ ဥပဒေအရအရေးယူ +++

ပြစ်မှုထင်ရှားရင် သက်ဆိုင် ရာ ဝန်ကြီးဌာနအလိုက်ဌာနဆိုင် ရာ က စုံစမ်းစစ်ဆေးပြီး နိုင်ငံဝန် ထမ်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

+++ ပုဒ်မ ၂၀ အရ +++

အမှန်တကယ် စိုက်ပျိုးမရနိုင်တဲ့ လယ်မြေတွေကို အခြားနည်း သုံးစွဲခွင့်ရရှိထားတဲ့ လုပ်ငန်းဖော်ဆောင်မှုမရှိရင် လယ်ယာမြေ ဥပဒေပုဒ်မ ၂၀ အရ အရေးယူခံရမှာ ဖြစ်ပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service