ရန်ကုန် မိုးပျံလမ်း ဒုတိယ အဆင့် တင်ဒါ သြဂုတ်လတွင် ခေါ်မည်

ရန်ကုန် မိုးပျံလမ်း ဒုတိယ အဆင့် တင်ဒါ သြဂုတ်လတွင် ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 11:29 am တွင် တင်ခဲ့သည်
3078 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၌ တည်ဆောက်မည့် မိုးပျံ အမြန်လမ်းမကြီး (Yangon Elevated Expressway) စီမံကိန်း အတွက် လာမည့် သြဂုတ်လတွင် Request for Qualifications (RFQ) တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ဒု ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က “အခုကတော့ စိတ်ဝင်စားတဲ့ ကုမ္ပဏီ တွေကို ခေါ်လိုက်တာ ၅၃ ခု လာတင်တယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်အလက်တွေ ရှိတယ်။ ဒီထဲမှာ ဘယ် ကုမ္ပဏီက ဘယ်လိုမျိုး အတွေ့အကြုံရှိတယ် ဆိုတာ လုပ်မယ်။ ဒီလိုခေါ်ရင် ဘာစည်းကမ်း သတ်မှတ်ချက်တွေ လုပ်ရမယ် ဆိုတာ ဆန်းစစ်ချင်လို့ EOI ခေါ်လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။

စီမံကိန်းကို စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ပြီးခဲ့သည့် မေလ ၁၈ ရက်က စိတ်ဝင်စားမှု လျှောက် လွှာများ (EOI) များကို ခေါ်ယူခဲ့ပြီး ဇွန်လ ၂၉ ရက်တွင် လျှောက်လွှာ ခေါ်ယူမှု ပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ EOI တင်သွင်းသည့် ကုမ္ပဏီများမှာ ပြည်တွင်း ကုမ္ပဏီ ၁၆ ခုနှင့် ပြင်သစ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ တူရကီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ မလေးရှားနှင့် မြန်မာ ကုမ္ပဏီတို့က လျှောက်လွှာများ တင်သွင်း ခဲ့ပြီး တရုတ်နိုင်ငံမှ EOI ၁၆ ခုနှင့် အများဆုံး တင်သွင်းထားကြောင်း ဇူလိုင်လ ၄ ရက်၌ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကုမ္ပဏီ ရွေးချယ်ဖို့က ဘယ်နှခုဆိုတာ သေချာ မသတ်မှတ်ရသေးဘူး။ အရင်ဆုံး အရည်အချင်း သတ်မှတ်ချက်ကို ဆန်း စစ် လိုက်တာ ဖြစ်တယ်။ RFQ အဆင့်ကို ကျော်သွားတဲ့ ကုမ္ပဏီကိုမှ နောက်တဆင့် ခေါ်ယူသွားမှာ ဖြစ်တယ်” ဟု မိုးပျံ လမ်း၏ စီမံကိန်း ဒါရိုက်တာလည်း ဖြစ်သူ ဦးကြည်ဇော်မြင့်က ပြောသည်။

မိုးပျံလမ်း စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိ၌ အသေးစိတ် တိုင်းတာခြင်းများ လုပ်ဆောင်နေသောကြောင့် နောက်ဆုံး အဆင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီ (ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ) ကို အဆိုပြုလွှာ (Request for Proposals –RFP) ယခုနှစ်ကုန်ပိုင်း ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ခေါ်ဆိုသွားမည်ဟုလည်း ၎င်းက ဆိုသည်။

အစိုးရ အနေဖြင့် ယင်းရန်ကုန် မိုးပျံအမြန်လမ်းမ စီမံကိန်းကို ရန်ကုန်မြို့၌ ကြုံတွေ့နေရသော ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်ရန်၊ ရန်ကုန်မြို့ပြ ဧရိယာအတွင်း စက်မှုလုပ်ငန်းများ တိုးတက်ရန်နှင့် လူနေမှုအဆင့် ပိုမိုမြင့်မားလာစေရန်အတွက် ဦးစားပေး အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကြည်ဇော်မြင့်က “မိုးပျံလမ်းကို ကျနော်တို့က ရန်ကုန် အတွင်းပတ်လမ်းလို့ ခေါ်တာပေါ့နော်။ “ဂ”ပုံစံရှိတယ်။ ကမ်းနား လမ်းမှာတော့ မိုးပျံလမ်း မဆောက်ဘူး။ ဘာလို့လဲဆိုတော့ မြို့ရဲ့ အလှအပကို ပိတ်သွားမှာစိုးလို့။ မိုးပျံလမ်း အရှည်က ကီ လိုမီတာ ၄၇ ဒသမ ၅ လို့ အကြမ်းဖျင်း တွက်ထားတယ်” ဟု ရှင်းပြသည်။

မိုးပျံလမ်း တည်ဆောက်ရာတွင် အပိုင်း ၁ အနေနှင့် ဗိုလ်တထောင် ဘုရားလမ်းမှ မင်္ဂလာဒုံ စက်မှုဇုန်ရှေ့အထိ ဖောက်လုပ် မည်ဖြစ်ကာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် ချိတ်ဆက်သွားမည် ဖြစ်ပြီး တည်ဆောက်ခွင့် ရရှိသော ကုမ္ပဏီ သည် လမ်းအသုံးပြုခ ကောက်ခံခွင့် ရရှိမည်ဟု ဦးကြည်ဇော်မြင့်က ပြောသည်။

စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် (PPP) အစီအစဉ်ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း တို့ကို ဆက်သွယ်ပေးသွားမည်ဟုလည်း ဆိုသည်။

EIO အဆိုပြု လျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုမှာ ပြည်တွင်း ကုမ္ပဏီ စုစုပေါင်း ၁၆ ခုရှိပြီး ပြည်ပ ကုမ္ပဏီများထဲ တွင် တရုတ်နိုင်ငံမှ ၁၃ ခု ၊ ဂျပန် ၇ ခု၊ ကိုရီးယား ၄ ခု၊ အိန္ဒိယ ၃ ခု၊ ထိုင်း ၂ ခု၊ တူရကီ ၂ ခု၊ မလေးရှား ၁ ခု၊ အင်ဒိုနီးရှား ၁ ခု၊ ဖိလစ်ပိုင် ၁ ခု၊ ဗီယက်နမ် ၁ ခု၊ ပြင်သစ် ၁ ခုနှင့် မလေးရှား နှင့် မြန်မာ ဖက်စပ် ကုမ္ပဏီ ၁ ခုဟူ၍ စုစုပေါင်း ကုမ္ပဏီ ၅၃ ခု က တင်သွင်းခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service