ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့

ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
26 Jun 2018 12:00 am တွင် တင်ခဲ့သည်
26828 ကြိမ် ကြည့်ရှု့ပြီး
ကလောမြို့ရှိ ဂရန်အမည်ပေါက် Lavender Hill Villa လုံးချင်းအိမ်ရာများအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၂၃ ရက် နှင့် ၂၄ ရက် နေ့များတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် အရောင်းပြပွဲတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိ
သည်။

ကလောမြို့ရှိ Lavender Hill Villa လုံးချင်းအိမ်ရာ စီမံကိန်းကို Golden Hexagon ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး မြေဧက (၃.၃၅၅) ကျယ်ဝန်းသော အဆိုပါ အိမ်ရာစီမံကိန်းတွင် မြေကွက်အရွယ်အစား စတုရန်းပေ (၄ဝဝဝ) ကျော် မှ စတုရန်းပေ (၈ဝဝဝ) ကျော်အထိ အသီးသီးရွေးချယ်နိုင်ပြီး တစ်ထပ် (သို့) နှစ်ထပ် လုံးချင်းအိမ် တစ်လုံးစီ ထည့်သွင်းတည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အရောင်းပြပွဲအတွင်း ဝယ်ယူကြသူများအတွက် အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ တန်ဖိုးငွေ (၄) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ ကလောမြို့မှာရှိတဲ့ Lavender Hill Villa လုံးချင်းအိမ်ရာ စီမံကိန်းကို Golden Hexagon ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေတာဖြစ်ပြီးတော့ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) က ဇွန်လ ၂၃ ရက် နဲ့ ၂၄ ရက်
နေ့တွေမှာ ရန်ကုန်မြို့မှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ စတင် ရောင်းချပေးခဲ့ပါတယ်။ အရောင်းပြပွဲ (၂) ရက်အတွင်းမှာပဲ မြေကွက်တွေနဲ့ လုံးချင်းအိမ်ရာများအားလုံးကို စံချိန်တင် ရောင်းချနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကို ယုံကြည်ပြီးတော့ ဝယ်ယူအားပေးကြတဲ့ သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်
ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။

ထင်းရှူးပင်များနှင့် အလှပဆုံးရှုခင်းများရှိရာ Lavender Hill Villa ကို
ကလောမြို့အဝင်မှ (ဝ.၄) မိုင်မျှသာ မောင်းရုံဖြင့် ရောက်မည့် မြင်းရဲအင်းရပ်တွင် အကောင်အထည်ဖော်နေပြီး ကလောမြို့ လယ်နှင့် နီးကပ်စွာ တည်ရှိကြောင်း သိရသည်။ တောင်တန်းများဆီမှ ဖြတ်သန်းတိုက်ခိုက်လာမည့် သန့်ရှင်းလက်ဆတ်သော ထင်းရှူးရနံ့လေးများကို ရှူရှိုက်ပြီး သာယာလှပလွန်းသော နေဝင်ဆည်းဆာချိန်လေးများကို မြင်တွေ့ခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။

အမေရိကန်နိုင်ငံ နှင့် ဥရောပနိုင်ငံများတွင် ခေတ်စားသည့် အိမ်ပုံစံများနှင့် အိမ်မက်ထဲကလို အခမ်းနားဆုံးလှပနေသည့် တစ်ထပ် (သို့) နှစ်ထပ်အိမ်လေးများကို ရွေးခြယ်ဝယ်ယူနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဟာ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်း အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိသတ်ကြီးအတွက်ကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် အသုံးပြုနေသူပေါင်း (၁) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၂၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူ မှ ဖြည့်စွက်ပြောကြားခဲ့သည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ မီလီယံ) ကျော် တန်ဖိုးရှိ မြေကွက်နှင့် လုံးချင်းအိမ်များအားလုံးကို အရောင်းပြပွဲ (၂) ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service