တိုက်ခန်းဥပဒေမှာ ဝယ်သူရောင်းသူ ရပိုင်ခွင့်အခွင့်အရေး တိတိကျကျ သတ်မှတ်ဖို့လို

တိုက်ခန်းဥပဒေမှာ ဝယ်သူရောင်းသူ ရပိုင်ခွင့်အခွင့်အရေး တိတိကျကျ သတ်မှတ်ဖို့လို - Property Knowledge in Myanmar from iMyanmarHouse.com
20 Jun 2018 12:55 pm တွင် တင်ခဲ့သည်
6287 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တိုက်ခန်းနဲ့ ကန်ထရိုက်တိုက်တွေအတွက် ပြဿနာအရှုပ်အရှင်းတွေ နည်းဖို့ တိုက်ခန်းဥပဒေ (Apartment Law)ထဲမှာ ရပိုင်ခွင့် အခွင့်အရေးတွေ ၊ အတိအကျ သတ်မှတ်ချက် တွေကို အမျိုးအစားလိုက် သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ တိုက်ခန်းနဲ့ပတ်သက်ပြီး လွှဲပြောင်းရောင်းတဲ့အခါ ဝယ်သူ၊ ရောင်းသူ တွေရဲ့ ပိုင်ဆိုင်နိုင်တဲ့အခွင့် အရေးတွေက ဘာလဲဆိုတာမျိုး အတိအကျ မရှိတာပါ။  ခေတ်စနစ်ပြောင်းလဲမှုတွေအရ တိုက်ခန်းဝယ်ယူမှုပြောင်းလဲမှုတွေအပေါ်မှာ အခွင့်အရေးတွေကို ပြဋ္ဌာန်းပေးမယ့် ဥပဒေလိုနေတာဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ ရှေ့နေတချို့က ပြောပါ တယ်။

တိကျတဲ့ဥပဒေမရှိတဲ့အတွက် တရားရုံးတွေမှာ ဖြစ်နေတဲ့အမှုတွေမှာ မြေရှင်နဲ့ကန်ထရိုက်၊ ဝယ်သူနဲ့ မြေရှင်၊ ဝယ်သူနဲ့ ကန်ထရိုက်စတဲ့ အရှုပ်အရှင်းတွေများတာပါ။

အထက်တန်းရှေ့နေ မသီတာက 'တချို့အမှုတွေမှာဆို တိကျတဲ့ဥပဒေပြ ဋ္ဌာန်းထားမှု မရှိတော့ လိုရာကို ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲဆိုကြတယ်၊ အပျောက်စနစ်နဲ့ ရောင်း ဝယ်ကြတဲ့အခါ လိမ်လည်မှုတွေရှိလာတယ်၊ ဘယ်လောက် အထိကြုံရလဲဆို အပြင်လူတွေ တင် နားမလည်တာမဟုတ်ဘဲ အမှုစီရင် ဆုံးဖြတ်တဲ့သူတွေကိုယ်တိုင် ညွှန်ကြားချက်မရသေး လို့ပါဆိုပြီး ရှောင်လွှဲနေတာတွေရှိတယ်'လို့ ဥပဒေမရှိရခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြပါတယ်။

အဓိက ကန်ထရိုက်တိုက်ခန်းတွေမှာ ဆောက်လုပ်တာ၊ ရောင်းချတာ၊ ဝယ်ယူတာတွေနဲ့ ပတ်သက်ပြီး အတိအကျပြဋ္ဌာန်းထားတဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို သတ်မှတ်ပေးထားမှု မရှိတာပါ။

စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦီးတင်သန်းဦီးက 'ကန်ထရိုက်တိုက်ခန်းတွေရဲ့ ပြ ဿနာက အရောင်းအဝယ်တွေတင်မကဘူး ဆောက်လုပ်မှုတွေမှာပါ အတိအကျ ကန့်သတ်မပေးတာ၊ ကန်ထရိုက်ပြဿနာတွေမှာ မြေရှင်တွေက ပြဿနာထဲပါမှာစိုးလို့ ရှောင်နေတာတွေ၊ လူနေခွင့်မကျသေးဘဲ ရောင်းနေတာတွေ၊ တကယ်တော့ စာချုပ်စာတမ်းတွေမှာ အားနည်းလို့ပါ၊ တိကျတဲ့ ပြဋ္ဌာန်းထားတာမရှိတော့ လိုရာတွေရေးပြီး ချုပ်ဆိုကြတယ်၊ ဥပဒေက လိုအပ် နေတာပါ' လို့ ပြောပါတယ်။

ဥပဒေထဲမှာ ကွန်ဒိုလည်းမဟုတ်၊ တိုက်ခန်းလည်းမဟုတ်တဲ့ အဆင့်မြင့်အိမ် ရာတိုက်ခန်း တွေအတွက်ပါ ပိုင်ဆိုင်မှုအချိုးအစားနဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ ပါသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆောက်လုပ်တဲ့နှစ်ကာလအတိအကျ သတ်မှတ်ပြီးမှသာ ရောင်းချခွင့်ပေးတာ၊ ကြိုပွိုင့်နဲ့ဆို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ရောင်းချခွင့်ရှိတာမျိုးပါ။ တိုက်ခန်းဝယ်ယူတဲ့အခါ ဝယ်သူက နေထိုင်ခွင့်ကိုပဲ ဝယ်ယူတာမျိုးဖြစ်တာကြောင့် ပျက်စီးခဲ့ရင် ဘယ်လို ရပိုင်ခွင့်တွေခံစားခွင့်ရှိတယ်။ မြေရှင်ကိုပေးဆောင်ရတဲ့ လခတွေကအစ မြေရှင်လက်မှတ်ပါမှ ရောင်းချခွင့်ရှိတဲ့အတွက် မြေရှင်ကိုပေးရတဲ့ နှုန်းထားတွေကိုပါ အသေးစိတ်တွေ လိုအပ်နေတာလို့ နေထိုင်သူတချို့နဲ့ ရှေ့နေတချို့ထံက သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ တိုက်ခန်းဝယ်ယူထားသူ ဒေါ်သန္တာက 'အရစ်ကျနဲ့ ငွေသွင်းပြီး ဝယ်ထားတာ၊ ကန်ထရိုက်က ဆက်မဆောက်ဘဲ ရှောင်နေတော့ ကိုယ်ကဘယ်သူ့ကို တိုင်ရမလဲမသိဘူးဖြစ်နေတယ်၊ မြေရှင်ကတော့ ကန်ထရိုက်ကို တရားစွဲထားတယ်ဆိုပေမဲ့ ကိုယ်တွေက နစ်နာတယ်' လို့ ပြောပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service