မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများ အကြောင်း

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများ အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
15 Jun 2018 1:00 pm တွင် တင်ခဲ့သည်
15698 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဒီနေ့ဧည့်သည်တစ်ယောက်က နယ်ကမြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက် ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ၊သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့မဟုတ်ဘူး နေဖို့ပဲ၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။ကျနော်ကလည်း မရောက်ဘူးပါဘူး။မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့ အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။အဲလိုကြည့်လို့ရလားတဲ့။

ဟုတ် ကြည့်လို့ရတယ်လို့ ကျနော်တို့အလုပ်ကလည်း ဗေဒင်ဆရာတွေလိုပဲ သီအိုရီတွေ(ဂြိုလ်တွေ နက္ခတ်တွေ)ကို အလွတ်ကျက်ထားနိုင်ပီး ၊အတွေ့အကြုံများလာရင် ဗေဒင်ဟောသလိုပဲ မြေပုံနဲ့ စာရွက်ပဲကြည့်ပီး ခင်များမြေက ဘာအမျိုးအစား၊ပေဘယ်လောက်ကျယ်တယ်၊ဘယ်ဘက်က လမ်း၊အရှေ့ဘက်က ဂရန်ပေါက်ပီးသား၊တောင်ဘက်ကတော့ ဘုန်းကြီးကျောင်းမြေပဲ.....စသည်ဖြင့်ပြောလို့ရတယ်လို့ ။

ဥပမာဗျာ .. ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊
ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။
အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း ဘာမြေအမျိုးအစားဖြစ်နိုင်တယ်၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့် ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊ကျနော်လည်း စုပီးသားဖြစ်သွားအောင် သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....


၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။
၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၎။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM
၅။ မူရင်းလယ်မြေဆိုရင် M/MY
၆။ ချောင်းရေဝင် မြေဆိုရင် C
၇။ ယာမြေ ဆိုရင် Y
၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉။ တောင်ယာ မြေဆိုရင် TY/YY
၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY
၁၁။ ကိုင်းမြေရင့်ဆိုရင် KY
၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃။ ဓနိမြေဆိုရင် D
၁၄။ အပိုင်ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။

အခုဝယ်ချင်တဲ့မြေက ဝယ်လို့ရလားဆိုရင်တော့ ဝယ်လို့ရပါတယ်၊လယ်မြေဝယ် လယ်စိုက်နေသမျှကာလပတ်လုံးတော့ ဘာမှမဖြစ်ပါဘူးလို့၊မြေပြင်မှာ ရပ်ကွက်တစ်ခုစာလောက်ဖြစ်နေလို့ ကိုယ်လည်း သူတို့လိုပဲ ဝယ်ပီး အိမ်ဆောက်နေချင်တာဆိုရင်တော့ ဖြစ်အများပဲလို့။တစ်ခါတစ်လေ ဥပဒေကို သိနေတာလည်း မကောင်းဘူးလို့။မသိလို့ ဖြစ်ချင်ရာဖြစ်ကွာလို့တွက်ပီး ဟိုအရင် ၅ နှစ်လောက်ကတည်းက ကျနော်လည်း ဝယ်ဖြစ်ခဲ့ရင် ခုချိန်သူဌေးဖြစ်နေပီလို့။ အဲလိုနဲ့ဝယ်နေကြတာ မြို့နဲ့နီးတဲ့လယ်မြေတွေလည်း ကုန်ပီလို့။ အရပ်စကားနဲ့ပြောရရင် အိမ်ဆောက်နေဖို့ ဝယ်ချင်တာဆိုရင်တော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲလို့။
ကျနော်တို့မြန်မာစကားရှိတယ်။

Credit : Tin Aung Moe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service