မခွဲစိတ်ရသေးသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်

မခွဲစိတ်ရသေးသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
13 Jun 2018 12:32 pm တွင် တင်ခဲ့သည်
2715 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

''မခွဲစိတ်ရသေးတဲ့ မြေကွက်ကို ဝယ်ရင် အဆင်ပြေပါ့မလား၊ ဘယ်လိုေ ဆာင်ရွက်ရတယ်ဆိုတာ သိချင်လို့ သူငယ်ချင်းဆီ လာခဲ့တာ'' မိတ်ဆွေ တစ် ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်လာပြီး ဆွေး နွေးခြင်းဖြစ်သည်။

''ခွဲစိတ်ယူမယ့် မြေကွက်ပေါ်မှာ အဆောက်အအုံရှိမယ်ဆိုရင်တော့ ခွဲစိတ်ဖို့ ခက်ခဲမယ် သူငယ်ချင်း။ အဆောက်အအုံ မရှိဘဲ မြေကွက်လပ် ဆိုရင် ပိုအဆင်ပြေတာပေါ့''

''မြေကွက်ခွဲမယ်ဆိုရင် မြေကွက်နှစ်ကွက်လုံးအတွက် ဝင်ထွက်သွားလာဖို့ လမ်းရှိရမယ် မဟုတ်လား''

''မှန်ပါတယ်။ မူလစည်ပင် သာယာပိုင် လမ်းမရှိဘူးဆိုရင် ပုဂ္ဂလိက လမ်းအြ ဖစ် မြေတိုင်းပြီး လမ်းဖောက်ပေးရတယ်။ အခုဝယ်ဖို့ စဉ်းစားထားတဲ့ မြေက ဘယ်မှာဖြစ်နေလို့လဲ''

''ဘိုးဘွားပိုင်ခြံထဲက မြေနဲ့အိမ်ကို ဝယ်ချင်တာ''

''သူငယ်ချင်းကို ရှင်းအောင် ပြောပြရမယ်ဆိုရင် လက်ရှိ အရောင်းအဝယ် အများဆုံးဖြစ်နေတဲ့ မြေကွက်တွေကတော့၊ ဂရန်မြေ အမျိုးအစားနဲ့ ဘိုးဘွား ပိုင်မြေ (မြေပိုင်မြေ) အမျိုးအစားပဲ ဖြစ်တယ်''

''ဂရန်မြေက အတိုင်းအတာ ပါပြီးဖြစ်တော့ ခွဲစိတ်ရတာ ပိုလွယ်မှာ ပေါ့နော်''

''ဟုတ်ပါတယ်။ အဆောက်အအုံပါရင်လည်း အလယ်ကခွဲပြီး ကာရံလို့ ခွဲ စိတ်ဖို့ လွယ်တာပေါ့''

''အနည်းဆုံး ဘယ်အတိုင်းအတာအထိ ခွဲစိတ်ပေးပါသလဲ''

''ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ လုပ်ထုံး လုပ်နည်းအရ ကျင့်သုံးဆောင်ရွက် နေတာကတော့ ခွဲစိတ်ပြီးတဲ့ မြေကွက် အတိုင်းအတာ ဟာ
- မျက်နှာစာဘက်မှာ အနည်းဆုံး ပေ ၂ဝ ရှိရမှာဖြစ်ပြီး ၊အနည်းဆုံး စတုရန်း ပေ ၁၂ဝဝ ရှိရမှာဖြစ်တယ်။
- ခွဲစိတ်ပြီး ကျန်ရှိတဲ့ မြေကွက် အတိုင်းအတာကလည်း အနည်းဆုံး ခွဲစိတ် ထားတဲ့ မြေအတိုင်းအတာ အတိုင်း ကျန်ခဲ့ရမှာဖြစ်တယ်။ ပြီးတော့ သူငယ် ချင်းပြောသလို
- ခွဲစိတ်ပြီး မြေကွက်အားလုံးမှာ ဝင်ထွက်သွားလာဖို့ လမ်းရှိရမယ်။
- လမ်းမရှိသေးရင် မိမိခွဲစိတ်မယ့် မြေကွက်ထဲကပဲ ကိုယ်ပိုင်လမ်းအဖြစ် ထားရှိရမှာ ဖြစ်တယ်''

''ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ) ဆိုရင် ခွဲစိတ်ဖို့ ခက်နိုင်တာပေါ့''

''မှန်တာပေါ့၊ ခွဲစိတ်လိုက်မယ်ဆိုရင် အဆောက်အအုံတွေ က ရှိနေလို့ အ ခက်အခဲတွေ ရှိကြတယ်။ ဥပမာပြောရရင် ရန်ကုန်မြို့ အင်းလျားလမ်းမှာ ရှိတဲ့ ခြံကြီးတွေက အိမ်မျိုးဆိုရင် မူလက မိသားစု နေဖို့ ဆိုပြီး ပူးကပ်ဆော က်လိုက် ကြတာပဲ။ နောက်ပိုင်း တစ်ဦးဦးက ခွဲစိတ်ရောင်းမယ်ဆိုတော့
အဝင်အထွက်လမ်း အတွက် အဆောက်အအုံတွေ ရှိနေလို့ အခက်အခဲတွေ
ဖြစ်ကြရတယ်''

''အခုကိစ္စလည်း အဲဒီလိုဖြစ်နေလို့''''ဒါကတော့ တချို့ကနေရာကို ကြိုက်တာနဲ့အမြင်အတိုင်း ဝယ်လိုက်ကြတာ ရှိတယ်။ တချို့ကလည်း နားလည်တတ်ကျွမ်းသူတွေ နဲ့ မြေအတိုင်းအတာကို ကြည့်ပြီး ခွဲစိတ်မရနိုင်ရင် မဝယ်ဖြစ်တော့ တာလည်း ရှိတယ်''

''အခုကိစ္စက အရောင်းအဝယ် စာချုပ်ချုပ်ပြီးပြီလား''

''ဒီလိုသူငယ်ချင်း၊ အစက အဲဒီ အရောင်းအဝယ်လုပ်တဲ့အိမ်မှာ ဝယ်မယ့် သူ က အိမ်ငှားအဖြစ် နေတာ၊ အခုဝယ်ချင်တာပေါ့ နော်''

''မြေပိုင်ရှင်ကကော ရောင်းမှာလား''

''မြေပိုင်ရှင်ကလည်း ရောင်းမယ်။ ဒါပေမယ့် မြေခွဲစိတ်ဖို့ အမည်ပေါက်ရဖို့ ခက်နေသလားလို့''

''အိမ်နဲ့မြေကို သိပ်ကြိုက်နေရင်လည်း 'မခွဲစိတ်ရသေးသော မြေကွက်ဆိုပြီး
အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ ရပါတယ်' လက်ရောက်ရပြီး မှတော့ ပူစရာ မလိုပါဘူး''

''အခုနေတော့ ကိစ္စမရှိဘူးပေါ့ သူငယ်ချင်း၊ အခြားအိမ်တွေ ကလည်း အခု လို ရောင်းသွားမယ် ဆိုရင် ပိုင်ရှင်အသစ်နဲ့က တရားစွဲနှင်တာတွေ ဖြစ်လာ မှာ စိုးလို့''

''ဒါတော့ မစိုးရိမ်နဲ့ သူငယ်ချင်း၊ အမည်ပြောင်းမရတာဘဲရှိမယ်။ ပိုင်ဆိုင်ခွင့် ကိုတော့ အနှောင့်အယှက်ပေးလို့ မရဘူး။ ဒါနဲ့ပတ်သက်လို့ ဥပဒေကြောင်း အရ ဗဟုသုတအဖြစ် ပြောပြရမယ်ဆိုရင်''

''ပြောပါဦး သူငယ်ချင်း၊ ဒါမှ လည်း ဗဟုသုတရပြီး ဆောင်နိုင် ရှောင်နို င်မှာပေါ့''

''တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ထုနဲ့ ရှာရှောက်ယုံ ခေါ် ဦးဇော်ဝင်း ပါ နှစ်ဦး၊ ၂ဝဝဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၆ အမှုမှာ
- ဦးဇော် ဝင်းက မြေကွက်ပိုင်ရှင်ဒေါ်ထုထံ ကနေ မခွဲစိတ်ရသေးသော မြေ နဲ့၊ အဆောက်အအုံ ၇၆ ပေ +၂၈ပေ ကို စာချုပ်စာတမ်း မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး လက်ရောက်ရ ယူနေထိုင်ခဲ့တယ်။
- မြေစာရင်းဌာနမှာ ဝယ်သူဦးဇော်ဝင်းအမည်ပေါက်လျှင် ကျန်ငွေ တစ်ေ သာင်းကျပ်ပေးမယ်လို့ ခံဝန်ချက်နဲ့ ရောင်းဖိုးငွေကို ချန်ထားတယ်။
- ဒေါ်ထုက မြေကွက်ခွဲဖို့ လျှောက် တော့ မြို့တော်စည်ပင်သာယာေ ရး ကော်မတီက အချင်းဖြစ် မြေကွက်၏ မျက်နှာစာကို ပေ ၄ဝ ထားပြီး ခွဲစိတ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ (အဲဒီကာလဖြစ်တဲ့ ၁၉၉၂ ခုနှစ်ကေ တာ့ ပေ ၄ဝ ထားပြီး ခွဲစိတ်ပေးတာဖြစ်တယ်။)
- ဒေါ်ထုက မြေကွက်ကို ပေ ၄ဝ မျက်နှာစာထားပြီး ခွဲစိတ်ရင် အဆောက် အအုံရှိပြီး မြေပိုမရှိလို့ ခွဲစိတ်မပေးနိုင်တာကြောင့် အရောင်းအဝယ်စာချုပ် ပျက်ပြယ်ပြီး ရောင်းချထားတဲ့ မြေ ပြန်လည် ပေးအပ်ဖို့ တရားရုံးမှာ လျှော က်ထား တယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတာကတော့
- အရောင်းအဝယ်မှတ်ပုံတင် စာချုပ်မှာ နှစ်ဦးနှစ်ဖက်စလုံးက အချင်းဖြစ် ဥပစာကို ခွဲစိတ်ခွင့် မရရင် ပဋိညာဉ်ကို ဖျက်သိမ်းမယ် ဆိုတဲ့ သဘောတူ စည်းကမ်းချက် မပါရှိတဲ့ အတွက် အရောင်းအဝယ် မပျက်ပြယ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
- ဒါကြောင့် မြေကွက်ကို ခွဲစိတ်မရမှန်းသိလျက်နဲ့ နှစ်ဖက်သဘောတူ အေ ရာင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုမှုက တရားဝင်တယ် လို့ ပြောရမြှာ ဖစ်တယ်။
- ဝယ်သူရဲ့ ပိုင်ဆိုင်မှုကို အနှောင့်အယှက်ပေးလို့ မရဘူး သူငယ်ချင်း''

''မြေပိုင်ရှင်ကတော့ ပြော တယ်။ အခုရောင်းမယ့် အိမ်ရဲ့ နောက်ဘက်က အိမ်က အခုလည်း အခြားဘက်ကနေ ဝင်ထွက်နေတာမို့ ပြဿနာ မရှိဘူး " လို့ ပြောပါ တယ်

''အေး-တစ်ခုတော့ ရှိတယ်။ မခွဲစိတ်ရသေးတဲ့ မြေဆိုရင် မှတ်ပုံတင် အေ ရာင်းအဝယ် စာချုပ် ချုပ်ဆိုဖို့ လိုတယ်။ အရပ်စာချုပ်နဲ့ ဆိုရင်တော့ ပိုင်ဆိုင်မှု ရမှာ မဟုတ်တဲ့အတွက် ဒီအချက်ကတော့ အထူးသတိပြုချုပ်ဆိုပါ သူငယ် ချင်း'' ဟု အကြံပြုဆွေးနွေးပေးခဲ့ပါသည်။


Credit : ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service