နိုင်ငံတကာ အဆင့်မှီ ပြပွဲကြီးများ အခမ်းအနားများပြုလုပ်ရန် အတွက် ရန်ကုန်တွင် အခြေခံ အဆောက်အအုံပိုင်းတွင် အလွန်နည်းပါးနေသေးကြောင်း ရန်ကုန် တိုင်း ဝန်ကြီးချုပ်ကပြောသည်။
“နိုင်ငံတကာ ပြပွဲတွေလုပ်နိုင်တဲ့ ပြခန်းကြီးတွေ ခန်းမကြီးတွေရှိမှ အဆင်ပြေမှာဖြစ်ပါတယ် ဒီနိုင်ငံမှာ ဒီလို ပြပွဲကြီးတွေလုပ်နိုင်မှ ရန်ကုန်ဟာ စီးပွားရေး အရ ဈေးကွက်ကြီးမားပြီး အချက်အချာ ကျတဲ့ နေရာတစ်ခုဖြစ်လာမှာဖြစ်ပါတယ် “ ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက CEO Conference 2018 တွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ယင်းကဲ့သို့  အခြေခံ အဆောက်အအုံကောင်းများပေါ်ပေါက်လာရန် အတွက် ရန်ကုန်မြို့  ဘုရင့်နောင်လမ်းမပေါ်မှ ၈ဧက ကျယ်ဝန်းသော ဂုဏ်လျှော်စက်ရုံမြေနေရာကို ပထမဆုံးတည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်းဝန်ကြီးချုပ်ကဆက်လက်ပြောကြားသည်။
ရန်ကုန်တွင် နိုင်ငံတကာအဆင့်မှီ ကုန်စည်ပြပွဲကြီးများအခမ်းအနားများကို အခြေခံ အဆောက်အဦးများ တည်ဆောက်ပြီးစီးးသည်နှင့်တပြိုင်နက် ၂၀၁၈
အကုန် ၂၀၁၉ တွင် စတင်နိုင်ရန် ရည်မှန်းထားကြောင်း ဦးဖြိုးမင်းသိန်းက
ဆက်လက်ပြောကြားသည်။
ရန်ကုန်တွင် လက်ရှိ ပြပွဲများပြုလုပ်ရာတွင် MCC မင်းဓမ္မ ခန်းမနှင့်တပ်မတော်ခန်းမတို့ ကိုသာ အဓိကနှစ်ပေါင်းများစွာ အားထားအသုံးပြုနေရခြင်းဖြစ်သည်။
နိုင်ငံတကာ အဆင့်မှီပြပွဲများပြုလုပ်လိုပါက အစိုးရရုံးစိုက်ရာ နေပြည်တော်တွင်သာ ကျင်းပပြုလုပ်နေရသော အခြေအနေလည်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com