ပါမစ်မြေဆိုတာ မြေပိုင်ဆိုင်မှုအပေါ် အခြေမတည်၊ နေထိုင်ခွင့်အတွက်သာဖြစ်

ပါမစ်မြေဆိုတာ မြေပိုင်ဆိုင်မှုအပေါ် အခြေမတည်၊ နေထိုင်ခွင့်အတွက်သာဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
15 May 2018 1:10 pm တွင် တင်ခဲ့သည်
4276 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ်ထားတဲ့ မြေအမျိုးအစားတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဥပဒေနှင့်အညီ သတ်မှတ်ထားတဲ့ မြေအမျိုးအစားတွေကတော့ (၁) ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)၊ (၂) မြေငှားဂရန်မြေ၊ (၃) စကွာတာမြေ၊ (၄) လိုင်စင်မြေ၊
(၅) ပါမစ်မြေ၊ (၆) ဂရန်ရှိမြေပိုင်မြေ၊ (၇) အခွန်လွတ်သာသနာ့ဂရန်မြေ၊ (၈) သိမ်ဂရန်မြေ၊ (၉) ကျူးကျော်မြေ၊ (၁၀) စနစ်တကျ ကျူးလွန်ခြင်းမြေဟု ခွဲခြားထားပါတယ်။ ပါမစ်မြေဆိုတာ စည်ပင်ပြန့်ပြောမှု မရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့်
ချပေးထားသော မြေအမျိုးအစားဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေတို့လို မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်အတွက် ချပေးထားတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။

+++ လွှဲပြောင်းရောင်းချခြင်း +++

မြေချပါမစ် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)မှာ အိမ်ရာမြေကွက်ရသူဟာ မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့်လွှဲပြောင်းရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း လုံးဝမပြုရလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ငွေအရင်းအနှီးမြှုပ်နှံလိုသူတွေက ဂရန်မြေအဖြစ် အမည်ပေါက်သွားပါက ဂရန်မြေအဖြစ်
အမည်ပေါက်သွားပါက မြေတန်ဖိုး အဆမတန် ကွာခြားသွားတာကြောင့် ပါမစ်မြေကိုသာ သင့်တင့်ဈေးပေးပြီး အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲပြောင်းရယူထားကြပါတယ်။ ပြီးတော့မှ မြေငှားဂရန် လျှောက်ထား ရယူလေ့ရှိကြပါတယ်။

+++ မြေငှားဂရန် အသစ်ထုတ်ပေးခြင်း +++

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေငှားစာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးတာနဲ့ ပက်သက်ပြီး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။ မြေငှားဂရန်ထုတ်ပေးတာနဲ့ မြေအမျိုးအစားတွေက လိုင်စင်မြေ၊ စကွာတာမြေနဲ့ ပါမစ်မြေတို့ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ဂရန်မြေထုတ်ပေးဖို့
အောက်ပါအချက်ကို ပူးတွဲတင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ (၁) လျှောက်ထားသူက နိုင်ငံသားဖြစ်ရပါမယ်(နိုင်ငံသားကတ်ပြား မိတ္တူ တင်ပြရပါမည်)။ (၂) ပါမစ်မြေ (အိမ်ရာဆောက်လုပ်နေထိုင်ခွင့် လက်မှတ်)။ (၃) ပါမစ်မြေအမည်ပေါက် ဒါမှမဟုတ် ဥပဒေနဲ့အညီ ဆက်ခံသူမှ တရားရုံးတွင် ပြုလုပ်ခဲ့တဲ့
ကျမ်းကျိန်လွှာ။ (၄) လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ - အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်းများ)။ (၅) အမှုအခင်းဖြစ်ခဲ့ပါက ပိုင်ဆိုင်ခွင့်နဲ့ ပက်သက်တဲ့ တရားရုံးရဲ့ အမိန့်ဒီကရီ။ (၆) အဆောက်အအုံရှိကြောင်း အထောက်အထားများ ပါရှိရမှာပါ။ ဒါကြောင့် ပါမစ်မြေများကိုကတိစာချုပ်နဲ့ အရောင်းအဝယ် လွှဲပြောင်းခြင်း ပြုနိုင်ပါတယ်။

+++ ကတိစာချုပ်သာချုပ်ဆို +++

စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ (၁၇)တွင် တန်ဖိုးငွေ (၁၀၀)အထက်ရှိတဲ့ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအရောင်းစာချုပ်ကို မှတ်ပုံမတင်က တရားမဝင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ပါမစ်မြေကွက် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မြေကွက်)က လွှဲပြောင်းရောင်းချပိုင်ခွင့်မရှိတာကြောင့်
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင် အရောင်းစာချုပ်ကို ချုပ်ဆိုပေးခြင်း မရှိပါဘူး။ ဒါကြောင့် နှစ်ဖက်သဘောတူ အရောင်းအဝယ် ကတိစာချုပ်အဖြစ်သာ ချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ လျှောက်ထားလေ့ရှိပါတယ်။ မြေဂရန်လျှောက်ထားရာတွင် အဆိုပါမြေကွက်ပေါ်မှာ အဆောက်အအုံဆောက်လုပ်ထားပြီးဖြစ်ဖို့လိုအပ်သာကြောင့် အဆောက်အအုံ ဆောက်လုပ်ထားလေ့ရှိပါတယ်။ ဒါကြောင့် အရောင်းအဝယ်ပြုရာမှာ ပါမစ်မြေနဲ့ အဆောက်အအုံတွဲဖက် ရောင်းကြပါတယ်။ အဆောက်အအုံပိုင်ဆိုင်မှုအတွက်သာ ပါမြစ်မြေ အမည်ပေါက်သူနဲ့ ဝယ်သူတို့ အဆောက်အအုံ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်ပါတယ်။

ဒါကြောင့် အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် လက်မှတ်ပါမြစ်မြေကို ဝယ်လျှင် ဥပဒေနှင့်အညီပိုင်ဆိုင်ခွင့် မရပါဘူး။ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုပြီးတော့ ဂရန်သစ် လျှောက်ထားခွင့် ရှိပါတယ်။ ဒါ့အပြင် ပါမစ်မြေပေါ်ရှိ အဆောက်အအုံအတွက်လည်း ပိုင်ဆိုင်မှုကို ဥပဒေနှင့်အညီ စာချုပ် စာတမ်းရုံးမှာ မှတ်ပုံတင် အရောင်းစာချုပ် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service