ရန်ကုန်မြို့သစ်စီမံကိန်း လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရလက်မှတ်ရေးထိုး

ရန်ကုန်မြို့သစ်စီမံကိန်း လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
2 May 2018 10:18 am တွင် တင်ခဲ့သည်
5343 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ်မှု ပြုလုပ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ပဏာမမူဘောင်သဘောတူ ညီမှုစာချုပ် (Framework Agre-ement) ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါမြို့သစ်စီမံကိန်း စတင်နိုင်ရေး မြေပြင်အခြေအနေ လေ့လာဆန်းစစ်မှုများဆောင် ရွက်ရန် မြန်မာဘက်မှ News Yangon Development ကုမ္ပဏီ (NYDC) နှင့် တရုတ် China Com-munication and Construction (CCCC) ကုမ္ပဏီတို့ တာဝန်ယူမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘ဒီစီမံကိန်းကို ဆောင်ရွက် ခြင်းအားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကို လည်း ဖော်ဆောင်နိုင်ပြီး ဒီစီမံ ကိန်းဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိဖို့ မျှော်မှန်း ထားပါတယ်။ ဒါကြောင့် မြို့သစ် ကြီးတစ်ခုလုံးကို လေ့လာဆန်းစစ် မှုတစ်ခုပြုလုပ်ဖို့ CCCC ကုမ္ပဏီ နဲ့ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါ တယ်’’ ဟု ရန်ကုန်တိုင်းဝန်ကြီး ချုပ်က ပြောသည်။

CCCC သည် ကမ္ဘာ့တတိယ နိုင်ငံတကာဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး နိုင်ငံ ၁၄၈ နိုင်ငံတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာ အတွေ့အကြုံရှိကြောင်း ၎င်းကုမ္ပ ဏီဥက္ကဋ္ဌက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက် စတင် ခဲ့သည့် မြေနေရာရှိ မြေဧက၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဖြစ် သည်။

ထိုစီမံကိန်းတွင် အနည်းဆုံး လူဦးရေသုံးသန်းကျော် နေထိုင် နိုင်မည့်အပြင် အလုပ်အကိုင်အ ခွင့်အလမ်း နှစ်သန်းကျော် ဖန် တီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရက သတင်းထုတ်ပြန် ထားသည်။

အဆိုပါမြို့သစ်အကောင် အထည်ဖော်ရာတွင် ရွာမြို့ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ ရှည်သည့် ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ် စစ်ဓာတ်အားစက်ရုံ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည် ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း သည် အခြေခံတည်ဆောက်ရေး လုပ်ငန်းများပြီးစီးပါက ကန်ဒေါ် လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျ မည်ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက စင်ကာ ပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည် ဟု တိုင်းအစိုးရပိုင်ကုမ္ပဏီသစ်က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအ ကောင်အထည်ဖော်ရန် တိုင်းအစိုး ရက ကျပ် ၁၀ ဘီလီယံအသုံးပြု ကာ NYDC ကုမ္ပဏီကို ထူထောင် ပြီး လုပ်ငန်းရှင် ဦးသိမ်းဝေအား ကုမ္ပဏီဒုတိယဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ်အဖြစ် ခန့်အပ် ခဲ့သည်။

ထိုကုမ္ပဏီတွင် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ဥက္ကဋ္ဌဖြစ်ပြီး တိုင်း ဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးဟံထွန်း၊ စင်ကာပူဝန်ကြီး ဟောင်း George Yeo၊ ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအရာရှိဟောင်း ဦးထွန်းမြတ်တို့က ဒါရိုက်တာအ ဖြစ် ပါဝင်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service