အပျောက်စနစ်နှင့် အပျောက်တိုက်ခန်းများ အကြောင်း

အပျောက်စနစ်နှင့် အပျောက်တိုက်ခန်းများ အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Apr 2018 12:41 pm တွင် တင်ခဲ့သည်
28529 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

+++ အပျောက်စနစ် +++

ယခုအခါ နေအိမ် တိုက်ခန်းများကို အပျောက်စနစ်ဖြင့် ဝယ်ယူနေထိုင်လျက် ရှိကြသည်။

အပျောက်စနစ်ဖြင့် ဝယ်ယူသူသည် အပျောက်ငွေကို အခန်းလက်ရှိနေသူသို့ ပေးချေကာ အခန်းကို လက်ပြောင်း လက်လွှဲ ရယူနိုင်သည် ။

နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို လွှဲပြောင်းရယူသည့် စနစ် ဖြစ်သည်။ တိုက်ခန်းကို လုံးဝပိုင်ဆိုင်ခြင်း မဟုတ်ဘဲ တိုက်ခန်းပိုင်ရှင် ရှိပေသည်။

တိုက်ခန်းကို ရောင်းမည်ဆိုလျှင် တိုက်ခန်းပိုင်ရှင်ကို အသိပေးပြီး ရောင်းခွင့်ရှိသည်။ ထိုသို့ အခန်းကိုလက်ပြောင်း လက်လွှဲပြုရာတွင်
အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန် လိုအပ်သည်။ သတ်မှတ်သည့် အိမ်လခ ရှိ၍ အဆိုပါ အိမ်လခကို တိုက်ရှင်သို့ ပေးဆောင်ရသည်။

ထိုကဲ့သို့ တိုက်ခန်းကို အပျောက်စနစ်ဖြင့် ရောင်းချရာတွင် အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန်အတွက် ရောင်းသူက အမည်ပြောင်းခ အဖြစ် အိမ်ရှင်သို့ ပေးရသည်။

ထိုအခါတွင်မှ အိမ်ရှင်က နောက်ဝယ်သူကို အသိအမှတ်ပြုသည်။ အပျောက်စနစ်ဖြင့် ဝယ်ယူသော်လည်း ဝယ်သူသည် အိမ်ဌားသာလျှင် ဖြစ်သည်။

အပျောက်တိုက်ခန်း ပိုင်ဆိုင်သူမှာ နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်းဌားရမ်းပိုင်ခွင့် ရှိသော အိမ်ဌားတစ်ဦးပင် ဖြစ်သည်။ အပျောက်တိုက်ခန်း ဝယ်ယူရာတွင် မြေပိုင်ဆိုင်မှုမပါဝင်သဖြင့် ဝယ်ယူသူသည် မြေပိုင်ရှင် ( တိုက်ပိုင်ရှင်) အား အိမ်လခပေးရသော အိမ်ဌားတစ်ဦးသာ ဖြစ်သည်။

အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူရာတွင် မြေပိုင်ရှင် (တိုက်ပိုင်ရှင်) ၏ လက်မှတ်ပါဝင် ရေးထိုးပေးရန် အရေးကြီးသည်ဖြစ်ရာ မြေပိုင်ရှင် ၊ တိုက်ပိုင်ရှင်ဖြစ်ကြောင်း ၊ ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် အတူ ပြသ စိစစ် စုံစမ်းနိုင်ရန်နှင့် အရောင်းအဝယ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး
ပေးနိုင်ရန် ရောင်းချသူအနေဖြင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရန် လိုအပ်ပါသည်။

+++ အပျောက်တိုက်ခန်းများ အကြောင်း +++

၁။ အပျောက်တိုက်ခန်း

အပျောက်တိုက်ခန်းဆိုသည်မှာယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်း၊ ဌားရမ်းပိုင်ခွင့်ရှိသောအိမ်ဌား (Tenant) တစ်ဦးဖြစ်ပါသည်။

၁၉၆၀ ပြည့်နှစ်၊ မြို.ပြဆိုင်ရာဌားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သဖြင့်ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့်ယင်းဥပဒေကို လိုက်နာရပါမည်။

၂။ အပျောက်တိုက်ခန်းအမျိုးအစားများ

(က) ပုဂ္ဂလိကတိုက်ခန်း
- ပုဂ္ဂလိကပိုင်မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင် ငွေဖြင့်ဖြစ်စေ၊ကန်ထရိုက်တာနှင့် အခန်းပေး အခန်းယူဆောက်လုပ်သည့်တိုက်ခန်းများဖြစ်ပြီး၊
- မြေရှင်အား အိမ်လခပေးနေရသော အခန်းများ ဖြစ်ပါသည်။
- အိုးအိမ်မှ ပုဂ္ဂလိကသို့ အပြီးအပြတ်ရောင်းချသောအခန်းများလည်း ပါဝင်ပါသည်။
- ယင်းတိုက်ခန်းများကိုမူ အိမ်လခ တောင်းခံခြင်း မပြုပါ။

(ခ) ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း

- ပြည်သူပိုင် သိမ်းယူသောတိုက်ခန်းများအနက်နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့် အခန်းများအားပြန်လည်စိစစ်၍ မူလပိုင်ရှင်များအား ပြန်လည်လွှဲပြောင်းပေးအပ်လိုက်သည့် အခန်းအမျိုးအစား ဖြစ်ပါသည်။

(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုက်ခန်း

- တိုက်ခန်းနေထိုင်သူမှ ကြွေးမဆပ်နိုင်သဖြင့်စည်ပင်က ယာယီထိန်းသိမ်းထားသည့် အခန်းဖြစ်ပြီး၊
- စည်ပင်ကြွေးကို အိမ်ဌား (တိုက်ခန်းအပျောက်ဝယ်သူ) မှပေးဆပ်ရပြီး
- တိုက်ပိုင်ရှင်သို့ အိမ်လခပေးရန် မလိုဘဲ
- စည်ပင်ခွန်များကိုသာ ပေးဆောင်နေရသည့်အခန်းအမျိုးအစား ဖြစ်ပါသည်။

(ဃ) ဘာသာရေးပိုင်အခန်းများ

- ဗလီဝကဖ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင် အခန်းများ၊တရုတ်ဘုံကျောင်းပိုင်အခန်းများအားအပျောက်စနစ်ဖြင့်ရောင်းချပြီး
- ရရှိသည့်ငွေများ၊ အိမ်လခများကို ဘာသာရေးရန်ပုံငွေအဖြစ် အသုံးပြုသည့်အခန်းများ ဖြစ်ပါသည်။
- အဆိုပါအခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ပိုင်ဆိုင်မှု အမည်ပြောင်းခြင်းများကို သက်ဆိုင်ရာဂေါပကအဖွဲ့ လူကြီးများက စီမံခန့်ခွဲကြပါသည်။

(င) ပြည်သူပိုင် (သို့) အစိုးရပိုင်အခန်းများ

1. အိုးအိမ်ခန်း

- နို်င်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့်ဆောက်လုပ်ပြီး
- ဝန်ထမ်းများအား နေထိုင်ခွင့် အဌားချထားသောအခန်းမျိုးဖြစ်သည်။
(ဥပမာ- ဦးဝိစာရအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာ)
- ၎င်းအပြင် ယခင်တိုင်းပြည်သူ့ ကောင်စီမှထိန်းသိမ်းထားသော ပြည်သူပိုင် အခန်းများအားအိုးအိမ်သို့ လွှဲအပ်ပေးလိုက်သော အခန်းများ ပါဝင်ပါသည်။

2. ဌာနဆိုင်ရာအခန်းများ

- အစိုးရဌာနဆိုင်ရာ အဖွဲ.အစည်းအသီးသီးတို့မှမိမိတို့ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက်နိုင်ငံတော်မှ စီစဉ်ဆောက်လုပ်ပေးသောအဆောက်အဦးတိုက်ခန်းများ ဖြစ်ပါသည်။
- ပြည်သူပိုင်အဖြစ် ပြုလုပ်ထားသော အခန်းများပါဝင်ပါသည်။

3. တိုင်းချခန်း

- ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊တစ်ဖန် တိုင်းပြည်သူ့ကောင်စီသည် တိုင်းအဆင့်စီမံခန့်ခွဲမှု၊အုပ်ချုပ်မှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအားချပေးသောအခန်း ဖြစ်ပါသည်။

4. နိုင်ငံခြားပြန် အခန်း

- နိုင်ငံခြားသားပိုင် အခန်းဖြစ်ပြီး မိမိတို့၏နိုင်ငံသို့အပြီးအပိုင် ပြန်ကြရာတွင် ယင်းအခန်းများကိုနိုင်ငံတော်သို့ အပ်နှံခြင်း(သို့) နိုင်ငံတော်မှ သိမ်းယူထားသော အခန်း ဖြစ်သည်။

5. စည်ပင်ယာယီထိန်းအခန်း

- စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း
- ညွှန်ကြားချက်များအားမလိုက်နာခြင်းတို.ကြောင့် စည်ပင်သာယာရေးကော်မတီမှယာယီထိန်းသိမ်းထားသောအခန်း ဖြစ်ပါသည်။

(စ) အခြားအခန်းများ

- ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ(မူးယစ်ဆေးဝါး၊ ချဲထီစသည်)အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ်သိမ်းခြင်းခံရသည့်အခန်းများ ဖြစ်ပါသည်။

(ဆ) DB တိုက်ခန်းများ

အန္တရယ်ရှိ အဆောက်အဦ DB(Dangerous Building)မှာအချိန်မရွေး ပြိုကျနိုင်ပြီး နေထိုင်သူနှင့်အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သည့် အဆောက်အဦကို ခေါ်ပါသည်။

အန္တရာယ်ရှိအဆောက်အဦကို အိမ်ရှင်ဖြစ်စေ၊ နေထိုင်သူဖြစ်စေ၊ပတ်ဝန်းကျင်မှဖြစ်စေ မြို.တော်စည်ပင်သာယာရေးကော်မတီသို့လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမှုအပေါ် ရှေးဦးစွာ ပဏာမအဖွဲ့ဖြင့်စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို့)အကြီးစားပြင်ဆင်ရန်ဆုံးဖြတ်ပါသည်။

ထိုသို့ မဟုတ်ဘဲ အန္တရာယ်ရှိ အဆောက်အဦဖြစ်ကအဖွဲ.ဝင်(၁၂) ဦး ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကြီးဖြင့်ထပ်မံစစ်ဆေး ဆောက်ရွက်ပါသည်။

ထိုအဖွဲ.၏ စစ်ဆေးချက်ကို မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီးနောက်မြို့တော်သတင်းစာ(သို့) အခြားနည်းဖြင့် မြေရှင်မှလာရောက်၍ပိုင်ဆိုင်မှုတင်ပြရန် အကြောင်းကြားပါသည်။

ပိုင်ဆိုင်မှုမှန်က မြေရှင်မှ မိမိကြိုက်ရာစည်ပင်အသိအမှတ်ပြုလိုင်စင်ရကန်ထရိုက်တာဖြင့် အန္တရာယ်ရှိအဆောက်အဦးကို
ဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်အဖွဲ့ မှနေထိုင်သူများအားခေါ်၍ နေရာချထားပေးပြီးဆောက်လုပ်စေပါသည်။

အိမ်ရှင်မြေရှင်နှင့် နေထိုင်သူများ၊ စပေါ်ဖြင့်နေသူ (သို့)အခြားနည်းဖြင့်နေသူများ၏ အခွင့်အရေးမှာ-

1 - နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်းအတိုင်း ပြန်လည်နေရာ ချထားပေးပါသည်။
2 - အခန်းရသူများမှ ကန်ထရိုက်တာကို(၃)ရစ်ခွဲ၍အလိုက်ငွေပေးရပါမည်။ ပျက်ကွက်လျှင် အခန်းရယူသူစာရင်းမှ ပယ်ဖျက်ပါသည်။
3 - စည်ပင်၏ သတ်မှတ်အခွင့်အရေးမှအပအခြားမည်သည့်အခွင့်အရေးမျှ မရရှိပါ။

အန္တရာယ်ရှိအဆောက်အဦးမှ ဖယ်ရှားမပေးသူကိုတည်ဆဲဥပဒေအရ အရေးယူပါသည်။

၃။ နိုင်ငံတော်ပိုင် (ပြည်သူပိုင်/အစိုးရပိုင်) အခန်းများကိုရောင်းဝယ် လွှဲပြောင်းပိုင်ခွင့် မရှိပါ။

၎။ ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့်အိုးအိမ်နှင့် ဆောက်လုပ်ရေးကုမ္ဗဏီတို့အကျိုးတူဆောက်လုပ်ပြီးပုဂ္ဂလိကများသို. အပြီးအပိုင် ရောင်းချသည့်တိုက်ခန်းများကို
ပုဂ္ဂလိကအချင်းချင်း ရောင်းပိုင်၊ ဝယ်ပိုင်၊လွှဲပြောင်းပိုင်ခွင့်ရှိပါသည်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service