မြေနှင့်အိမ် အပေါင်ခံမှာလား ဂရန်/ပါမစ်တွေ အတုအစစ် ခွဲခြားသိဖို့ အလျင်ကြိုးစား

မြေနှင့်အိမ် အပေါင်ခံမှာလား ဂရန်/ပါမစ်တွေ အတုအစစ် ခွဲခြားသိဖို့ အလျင်ကြိုးစား - Property Knowledge in Myanmar from iMyanmarHouse.com
20 Apr 2018 12:17 pm တွင် တင်ခဲ့သည်
12028 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ခြံမြေများ လယ်ယာမြေများ ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်းဓလေ့သည် ယခုခေတ်သမယ၌ ပိုမို ထွန်းကားလာသည်ကိုမြင်တွေ့ရသည်။

ရောင်းဝယ် ပေါင်နှံကြရာတွင်လည်း နှစ်ဦးသဘောတူကတိစာချုပ် ချုပ်ဆို၍ တိုးတိုးတိတ်တိတ် ပေါင်နှံခြင်းနှင့်ဘဏ်များတွင် တရားဝင်ပေါင်နှံ၍ ငွေချေးခြင်းများလည်းရှိကြသည်။

+++ အိမ်ခြံမြေ ပေါင်နှံလျှင် စာချုပ်ရုံးမှာလည်း မှတ်ပုံတင် +++

ယင်းသို့ ပေါင်နှံခြင်းပြုလုပ်ရာတွင် စာချုပ်စာတမ်းရုံးသို့သွားရောက်၍ တရားဝင် ပေါင်နှံခြင်း စာချုပ်ချုပ်ဆိုကာမှတ်ပုံတင်ကြသူ နည်းပါးသေးသည်ကို တွေ့ရသည်။

မရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် မြေကိုရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊စွန့်လွှတ်ခြင်း စသည်တို့ ပြုလုပ်ရာ၍ အိမ်မြေ၊ လယ်မြေ၊ဥယျာဉ်ခြံမြေတို့၏ တန်ဖိုးမှာ အခွန်ဦးစီးဌာန ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့ ဆုံးဖြတ်ချက်အရ ကျပ်တစ်ရာအထက်(ယခုပြင်ဆင်ပြဋ္ဌာန်းရန် ပြင်ဆင်ဆဲ ဥပဒေအရကျပ်တစ်သိန်း အထက်) ဖြစ်လျှင် မှတ်ပုံတင်ရန်
စာချုပ်စာတမ်းဥပဒေတွင် ပြဌာန်းထားသည်ကိုတွေ့ရသည်။

+++ ဘဏ်ငွေချေးရန် မြေပုံ/မြေရာဇဝင် အရေးပါ +++

သို့သော် မရွှေ့မပြောင်းနိုင်သော မြေ တရားဝင် မှတ်ပုံတင်၍ပေါင်နှံမည်ဆိုပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မှလွဲ၍အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဘဏ်ငွေချေးရန်
အတွက် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန) နှင့်
ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့တွင်မြေပုံ/ မြေရာဇဝင်(ပုံစံ-၁၀၅/ပုံစံ-၁၀၆) ထုတ်ပေးရန်လျှောက်ထားရသည်။

ယင်းသို့ လျှောက်ထားရခြင်းမှာ ဘဏ်တစ်ခုခုတွင် ငွေချေးရာ၌ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံမှသာလျှင်ငွေချေး၍ ရပါသည်။

+++ အမည်ပေါက် မြေဂရန်ရှိသူကိုသာ ဘဏ်က ငွေချေးမှာ +++

ဘဏ်ငွေချေးလျှောက်ထားသူမှာ မြေနှင့်အိမ်ကိုအမှန်တကယ် ပိုင်ဆိုင်ပြီး အရှုပ်အရှင်း တစ်စုံတစ်ရာမရှိကြောင်း ကန့်ကွက်ချက် ကင်းရှင်းကြောင်း တွေ့ရှိမှသာ
မြေစာရင်းဌာနမှ ထောက်ခံသည့် မြေပုံ၊ မြေရာဇဝင်ထုတ်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် ငွေချေးတော့မည်ဆိုလျှင် ပုံစံ-၁၀၅/ပုံစံ-၁၀၆ဟု ခေါ်သော မြေပုံ၊ မြေရာဇဝင်သည် အရေးအကြီးဆုံးဖြစ်သည်။

ယင်းမြေပုံ၊ မြေရာဇဝင်မရှိလျှင် ဘဏ်ငွေချေး၍ မရနိုင်ပါ။မြေပုံ၊ မြေရာဇဝင် ထုတ်ယူနိုင်ရန်မှာ ဘဏ်ငွေချေးလိုသူ၏
အမည်ပေါက် မြေငှားဂရန် တင်ပြနိုင်ရန်လည်းလိုအပ်သည်။

+++ ဘဏ်ငွေချေးသူ မလှုပ်နိုင်အောင်အော်ဒီမံစာချုပ်/ SP ပါဝါတို့နှင့် ချည်နှောင်ထား+++

ယင်းသို့ မိမိအမည်ပေါက် မြေငှားဂရန်နှင့် မြေပုံ/မြေရာဇဝင်တင်ပြမှသာ ဘဏ်များက ငွေချေးလိုသူ၏ မြေနှင့်အိမ်သို့သွားရောက်စစ်ဆေးကြည့်ရှုပြီး အမှန်တကယ် တန်ဖိုး၏ထက်ဝက်ခန့်သာ ငွေချေးငှားလေ့ ရှိကြသည်။

ယင်းသို့ ချေးငှားရာတွင်လည်း လွယ်လွယ်ကူကူ ချေးငှားခြင်းမပြုကြပါ။

ဘဏ်မန်နေဂျာသို့ ငွေချေးသူမှ ဝန်ခံကတိပြုသည့်"အော်ဒီမန် စာချုပ်" ချုပ်ဆိုပေးရခြင်း၊ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် ပေါင်နှံသည့်မြေကွက်နှင့်ပတ်သတ်၍ပြန်လည် မရုတ်သိမ်းနိုင်သည့် "အထူးကိုယ်စားလှယ်လွှဲစာ"လွှဲပေးရခြင်းတို့ ပြုလုပ်ပေးကြရသည်။

အကယ်၍ ပေါင်နှံထားသည့် မြေနှင့်အိမ် (သို့) လယ်ယာမြေတို့ကို ပြန်လည် ရွေးယူနိုင်ခြင်း မပြုပါက ပေါင်နှံထားသည့်မြေနှင့်အိမ်ကို တရားစွဲယူ၍ လေလံတင်ရောင်းချခြင်းခံရသည်။

ဘဏ်မှ ရရန်ရှိသည့် အတိုးနှင့် အရင်းပေါင်းငွေ အားလုံးကိုနှုတ်ယူပြီး ကျန်ငွေကိုသာ ပေါင်နှံသူသို့ ပြန်ပေးသည်။

ဘဏ်များအနေဖြင့် ဤသို့ စေ့စပ်သေချာစွာဆောင်ရွက်သည့် ကြားမှ လွှဲချော်မှု ရှိခဲ့သည်သာမကတစ်ခုကို (၁၉.၇.၂၀၁၇ - အာဇာနည်နေ့) ၌မြန်မာ့အလင်း သတင်းစာတွင် ဖတ်လိုက်ရသည်။

+++ ကမ္ဘာ့ရတနာဘဏ်မှာ ပိုင်ဆိုင်မှုပြ ငွေချေးသည့်ဇနီးမောင်နှံ +++

ပုံစံတူ ဂရန်များဖြင့် ဘဏ်အသီးသီးတွင် ချေးငွေ ရယူသူလင်မယားနှစ်ဦးကို အမှုဖွင့်တိုင်ကြားသူမှာကမ္ဘာ့ရတနာဘဏ်(မကွေးဘဏ်ခွဲ)မှ အကြီးတန်းမန်နေဂျာဦးလေးမြင့် ဖြစ်သည်။

(၁၀.၉.၂၀၁၄) နေ့ကတည်းက မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ရွာသစ်(၁၉)လမ်းနေ ဦးဇော်မျိုးနိုင်+ဒေါ်သူဇာတင်တို့သည် ကမ္ဘာ့ရတနာဘဏ်(မကွေးဘဏ်ခွဲ)သို့ ရောက်ရှိလာပြီး ဘဏ်မှ ငွေကျပ် (ကျပ်သိန်းနှစ်ထောင်) ချေးယူခဲ့ရာ၊ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အော်ဒီမန်စာချုပ်တွင်
လက်မှတ်ရေးထိုးစေပြီး ၎င်းတို့အား ချေးငွေများထုတ်ချေးခဲ့ပါသည်။

+++ မြေဂရန်(၂) ကွက်နှင့် တိုက်(၄)လုံး၊ ဂိုဒေါင်တစ်လုံး အပေါင်ထား၍ လုပ်ငန်းသုံး +++

ယင်းသို့ ထုတ်ချေးရာတွင် အပေါင်ပစ္စည်းအဖြစ်
- မကွေးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကွင်းအမှတ်နှင့်အမည်[၁၃-ရန်အောင်(တောင်)] ဦးပိုင်အမှတ်/ မြေကွက်
အမှတ်-၁၀၀/၂၆၆ ဂရန်မြေ ၀.၀၆၀ ဧကနှင့်ယင်းမြေကွက်ပေါ်ရှိ ဘီအန်နှစ်ထပ်တိုက်တစ်လုံးနှင့်
ဘီအန်(ဂိုဒေါင်) တစ်လုံးနှင့်
- မကွေးမြို့ အောင်စေတနာ(အေ) ရပ်ကွက်၊တောင်တွင်းကြီးလမ်း၊ ကွင်း/အကွက် အမှတ်နှင့်
အမည်(၁၆၄၇ အလယ်ရပ်)၊ ဦးပိုင်အမှတ်(အေ-၂၀)၊ဂရန်မြေ ၀.၀၆၀ ဧကနှင့် ယင်းမြေကွက်ပေါ်ရှိ ဘီအန်နှစ်ထပ်တိုက်တစ်လုံးနှင့် ဘီအန်တစ်ထပ်တိုက်နှစ်လုံးတို့အား အပ်နှံထားပါသည်။

+++ ပရိယာယ်ကြွယ်ကြွယ်ဖြင့် ဘဏ်(၅)ခုကို လိမ်သွားသူ +++

သို့သော် ယခုအခါ ဘဏ်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုအရ
- သမဝါယမ(CB ဘဏ်)၊
- ကမ္ဘောဇဘဏ်၊
- အင်းဝဘဏ်နှင့်
- အသေးစား စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်စသည်ဖြင့် ဘဏ်(၄)ဘဏ်တို့တွင်လည်း
- ကမ္ဘာ့ရတနာဘဏ်တွင် အပ်နှံထားသောမြေနှင့်အဆောက်အအုံစာချုပ်စာတမ်းများနှင့် ဆင်တူနေ
သောကြောင့် မရိုးမဖြောင့်သော သဘောဖြင့် ငွေကျပ်သိန်းနှစ်ထောင်အားလိမ်လည်ရယူသွားသူဇော်မျိုးနိုင်နှင့်ဇနီး ဒေါ်သူဇာတင်တို့အား အရေးယူပေးပါရန်
ဘဏ်မန်နေဂျာမှ တိုင်ကြားခဲ့သဖြင့် မကွေးမြို့မ ရဲစခန်းကအမှုဖွင့်စစ်ဆေးနေရသည်ဟု သိရသည်။

ဇော်မျိုးနိုင်တို့ဇနီးမောင်နှံအနေဖြင့် မြေပိုင်ဆိုင်မှုပြ၍ဘဏ်(၅)ခုတွင် ငွေချေးယူပုံ ချေးယူနည်းကလည်းပရိယယ် ကြွယ်လှသည်ဟု ဆိုရပေမည်။

အမှန်ဆိုရလျှင် ဂရန်စာချုပ်မူရင်းနှင့် မြေပုံ/မြေရာဇဝင်မူရင်းတစ်စုံစီသာ ရှိရမည် ဖြစ်သော်လည်း၊ယခုမူ ဂရန်(၅)ခု၊ မြေပုံ(၅)စုံ ဖြစ်နေခြင်းကအံ့ဩစရာကောင်းလှသည်။

+++ အိမ်ခြံမြေ ဂရန် အတုအစစ် သက်ဆိုင်ရာဌာနမှာ ပြ၍စစ် +++

မည်သို့ဖြစ်စေ၊ ယနေ့ သိပ္ပံခေတ်တွင် နည်းပညာများမှာလိုက်မမီအောင် တိုးတက်နေသဖြင့် ဆင်တူရိုးမှားအတုအပများမှာလည်း လွန်စွာပေါများလျှက်ရှိသည်။

ယခင်က ငွေကြေးများကိုသာ အတုအပ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါတွင် အဖိုးထိုက်တန်သော အိမ်ခြံမြေ နှင့်သက်ဆိုင်သော မြေချပါမစ် စာရွက်စာတမ်းများနှင့် မြေငှားဂရန်စာချုပ်စာတမ်းများကိုလည်း ဆင်တူရိုးမှား တုပ
ပြုလုပ်၍ ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်းများပြုလုပ်လာနေကြပြီ ဖြစ်သည်။

ထို့ကြောင့်ဘဏ်များ၊ အပေါင်ဆိုင်များ၊ ငွေတိုးချစားသူများနှင့်အမှန်တကယ်နေထိုင်ရန် မြေနှင့်အိမ် ဝယ်လိုသူများအနေဖြင့်မြေဂရန်များကို ရောင်းဝယ်ပေါင်နှံခြင်း ပြုလုပ်ရာတွင်သက်ဆိုင်ရာ မြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၌ဖြစ်စေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတို့၌ဖြစ်စေသွားရောက်စစ်ဆေးပြီးမှသာလျှင် ရောင်းဝယ် ပေါင်နှံခြင်းကို ပြုလုပ်သင့်ကြပါကြောင်း စေတနာကောင်းဖြင့်တင်ပြလိုက်ရပါသည်။

+++ ကိုယ်ကကျူးသော်၊ ကိုယ့်ဒူးကိုယ်မျှ မယုံရ"ကြတာပေါ့။
ဒါဟာ "ဘယ်သူမပြု မိမိအမှုပဲလေ +++

ဒါကြောင့် အိမ်ခြံမြေများ ဝယ်ယူကြတော့မယ်ဆိုရင်ကိုယ်ဝယ်ယူနေထိုင်မယ့်မြေဟာ
- လူနေထိုင်ခွင့်ရှိတဲ့ မြေမျိုးလား၊
- ပုဂ္ဂလိကပိုင်မြေလား၊
- အစိုးရပိုင်မြေမျိုးလား စသည်ဖြင့် ခွဲခွဲခြားခြား၊
ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး
ဒါမှမဟုတ် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
(ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန) တို့မှာ
မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူကြပါလို့သာ
တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။

Credit: အိမ်ခြံမြေလမ်းဆုံ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service