လက်လွှဲလက်ပြောင်း ဂရန်မြေ သတိထားဝယ်ပါ

လက်လွှဲလက်ပြောင်း ဂရန်မြေ သတိထားဝယ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
20 Mar 2018 12:40 pm တွင် တင်ခဲ့သည်
3996 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ခြံမြေဝယ်သူနဲ့ရောင်းသူဟာ တိုက်ရိုက်တွေ့ဆုံဖို့ ခက်ခဲပြီး လက်လွှဲလက်ပြောင်းနဲ့ ရောင်းနေတဲ့ ဂရန်မြေဝယ်ရင် သတိထားသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ချို့က ပြောပါတယ်။

+++ လက်လွှဲဂရန်မြေ +++

ဂရန်မြေမှာ ပါမစ်မြေလို စစ်ဆေးရ မလွယ်ကူတာကြောင့် သတိထားသင့်ပါတယ်။ များသောအားဖြင့် ရန်ကုန်မြို့ရဲ့ တိုးချဲ့မြို့သစ်တွေမှာ နှစ် (၆၀)ဂရန်တွေကို လွန်ခဲ့တဲ့ (၂၅)နှစ်ကျော်လောက်က ထုတ်ပေးခဲ့ပြီး အခုချိန်မှာ မြေငှားဂရန်စာချုပ်တွေဖြစ်တာကြောင့် မြေငှားဂရန်တော်တော်များများက မူလအမည်ပေါက် ပိုင်ရှင်လက်ထဲမှာ မရှိကြတာတွေ ရှိနေပါတယ်။

မြို့သစ်တိုးချဲ့ပြီးနောက်ပိုင်း ပြောင်းရွှေ့လာရောက်နေထိုင်ကြတဲ့ သူတွေကြောင့် ဈေးကောင်းရလာတဲ့အခါ မူလဂရန်အမည်ပေါက်ပိုင်ရှင်တွေက ပြန်ရောင်းပြီး ရွှေ့ပြောင်းကြတယ်။ အရောင်းအဝယ်လုပ်ပြီး ငွေအကျေချေပြီးတာနဲ့ ရောင်းသူက ဝယ်သူကို ရန်ကုန်မြို့စာချုပ်စာတန်း မှတ်ပုံတင်ရုံးမှာ အထူးကိုယ်စားလှယ် လွှဲစာပေးပြီး ဝယ်ထားတဲ့ဂရန်ကို နောက်တစ်ဦးကို ထပ်ပြီး ရောင်းချလေ့ရှိပါတယ်။ ဝယ်သူတွေအနေနဲ့ ဝယ်ခဲ့ချိန်က အထူးကိုယ်စားလှယ်လွှဲစာနဲ့ ဝယ်ယူထားတာကြောင့် မြေအမည်ပေါက်ပြန်ရှာရ၊ အထူးကိုယ်စားလှယ် ပြန်ရှာရနဲ့ စာချုပ်အဆက်အစပ်နဲ့ နောက်က ပြန်လိုက်ရှာနေရတာတွေ ရှိနေပါတယ်။

အမည်ပေါက်သူ ဒါမှဟုတ် အထူးကိုယ်စားလှယ်လွှဲစာတွေရတဲ့အခါမှာလည်း အရောင်းမြေပုံကူးပေးဖို့ မြို့တော်စည်ပင်သာယာကို ခေါ်ရတာတွေ၊ ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မြေကွက်အရောင်းအဝယ် စာချုပ်အတွက် ရောင်းသူအဖြစ်လိုက်ပါပြီး စာချုပ်လက်မှတ်ထိုးပေးဖို့ ရောင်းသူတွေက လက်မှတ်ထိုးခတွေ တောင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် မြေကွက်တွေကို ဝယ်တဲ့အခါ မြေနဲ့တိုက်ခန်းပဲဖြစ်ဖြစ်၊ နောက်ဆုံးဂရန်အမည်ပေါက်ပိုင်ရှင်ဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနမှာ အမည်ပေါက်သူမှန်ကန်လား ဒါမှမဟုတ် အရှုတ်အရှင်းကင်းရဲ့လား၊ ဘဏ်ချေးငွေထားလို့ ဘဏ်တွေကကန့်သတ်ချက်တွေရှိနေလား၊ အမှုအခင်းရှိနေလားကို စရန်မချမီ ကြိုတင်စစ်ဆေးသင့်ပါတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

အမည်ပေါက်မှန်ကန်ပြီး ကန့်ကွက်ချက်ကင်းမှ စရန်ပေးသင့်ပြီး သတင်းစာမှာ ကြော်ငြာကာ စရန်ငွေပေးချေသင့်ပါတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service