ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များ၊သဘာဝအရင်းအမြစ်များအပေါ် အခြေခံသည့်ခရီးသွား အပန်းဖြေစခန်းတစ်ခုကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင် ၇၆ မိုင်အနီးရှိမြေ ၂၂ဧက ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ခရီးသွားအပန်းဖြေစခန်းကို Chindwin River Project Co.,Ltd မှ လုပ်ဆောင်မည်ဖြစ်ကာ ဧရိယာအတွင်းဒေသထွက် ပန်းချီ၊ပန်းပုကဲ့သို့ အလှဆင်ပစ္စည်းများ၊ပရိဘောဂများ၊အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့်အခြားဒေသထွက်ကုန်များရောင်းချသည့် အဓိက နေရာဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ထို့ပြင် စိုက်ပျိုးသီးနှံများနှင့် မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်ရောင်းချသည့်နေရာဖြစ်လာစေရန်စိုက်ခင်းတွင် မှီခိုအားထားလျက်ရှိသော ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်သစ်တောသယံဇာတ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးအပြင်ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ပညာရေး၊ကျန်းမာရေး၊ကဏ္ဍများ တွင် ပါအထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။
နိုင်ငံခြား ဝင်ငွေ ရရှိနိုင်မည့် သဘာဝ ခရီးသွား လုပ်ငန်းလည်း ပါဝင်သည့်အတွက် အစိုးရအဖွဲ့မှ ဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးမှ ပြောကြားကြောင်း သိရသည်။
Credit :Pyi Myanmar